သနားကြင်နာမှု ပြခဲ့ဖူးသူတစ်ယောက်ကဲ့သို့ သနားကြင်နာပါ။ | Be Merciful, as One Who Has Been Shown Mercy

 Unicode Version

သနားကြင်နာမှု ပြခဲ့ဖူးသူတစ်ယောက်ကဲ့သို့ သနားကြင်နာပါ။


ရှင်မဿဲခရစ်ဝင်ကျမ်း ၅:၇ “သနားစုံမက်တတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် သနားစုံမက်ခြင်း ကို ခံကြလတံ့။”

သင် နှစ်သက်သော သူတို့ကိုသာ (သို့) သနားစရာ ကောင်းသောသူတို့ကိုသာ သနားကြင်နာမှု ပြဖို့ရန် ဘုရားအ လိုတော်မရှိပါ။ လူတိုင်းကို သနားကြင်နာဖို့ရန် အလိုတော်ရှိပါတယ်။

ဘာကြောင့်လဲဆိုတော့ ကောင်းကင်ဘုံဝင်ရဖို့ရန် သနားကြင်နာခြင်း သင်လိုအပ်လို့ ဖြစ်ပါတယ်။ သခင်ယေရှု ဆိုထားသည်မှာ “သင်တို့သည် သူတပါးတို့၏အပြစ်ကိုမလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော် မမူ။” ရှင်မဿဲခရစ်ဝင်ကျမ်း ၆:၁၅

 

ပြီးပြည့်စုံသော ကောင်းကင်ဘုံသို့ သင်ဝင်ရောက်နိုင်သော တစ်ခုတည်းသော နည်းလမ်းမှာ သခင်ယေရှု၏ အသေခံခြင်းမှ တစ်ဆင့် ဘုရားသခင်၏ သနားခြင်းဂရုဏာတော်အားဖြင့်သာ ဖြစ်ပါတယ်။ သို့ပေမဲ့ သင်ကိုယ်တိုင် ပေးလိုသောဆန္ဒမရှိသော အရာကို သင်မရရှိနိုင်ပါ။

 

ကောင်းကင်ဘုံ ဝင်ရဖို့ရန် ဖြတ်လျှောက်ရမည့်တံတားကို လုပ်ယူကြိုးစားလို့မရနိုင်ပါ။ သနားခြင်းဂရုဏာကို တခြားသူတို့အား သင်မပြနိုင်ပါလျှင် သင့်အား ဂရုဏာထားဖို့ရန် ဘုရားသခင်ထံ ဘာကြောင့် မျှော်လင့် နေမည်နည်း။

 

အခြေအနေတစ်ခုတွင် တစ်ယောက်သောသူသည် သင်၏ ခွင့်လွှတ်ခြင်းကို ရယူဖို့ လိုအပ်ပါမည်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်ုပ်တို့အားလုံး အပြစ်ပြုမိကြသောကြောင့် ဖြစ်ပါတယ်။ ထိုသူသည် သင့်ထံသို့ ခွင့်လွှတ်မှု တောင်းခံဖို့ရန် အတွက် ရောက်လာတဲ့အခါမှာ ထိုသူပေါ် သင်၏တုံ့ပြန်မှုသည် ဘုရားသခင်၏ ဝိသေသလက္ခဏာ နှင့်ပတ်သက်ပြီး သင်ယုံကြည်သောအရာကို ဖော်ပြပါလိမ့်မည်။

 

တရားစီရင်ရာနေ့ ရှိပါမည်။ ကြောက်ရွံ့ခြင်းဖြင့် သင်အသက်ရှင်ဖို့မလိုပါ။ သို့ပေမဲ့ သင်ပြောသည့်အတိုင်း လုပ်ဆောင်သောသူအဖြစ် အသက်ရှင်သင့်ပါတယ်။ သင်၏ အပြောအဆိုနှင့် လုပ်ရပ်နှစ်ခုလုံးတို့သည် ဤလောက ၌လည်းကောင်း ၊ အသက်တာကုန်ဆုံးပြီး နောက်ပိုင်းတွင်လည်းကောင်း ရေတွက်ပါသည်။ သမ္မာကျမ်းစာက ဆိုထားသည်မှာ - ရှင်ယာကုပဩဝါဒစာ ၂:၁၃ “ကရုဏာမရှိသောသူသည်၊ ကရုဏာကိုမရဘဲ၊ တရားစီရင် ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရား စီရင်ခြင်းကိုအောင်၍ ဝါကြွားတတ်၏။

 

‌မွန်မြတ်တဲ့ တခြားနည်းလမ်းဖြင့်လည်း သခင်ယေရှု ပြောပါတယ် ။ “သနားစုံမက်တတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် သနားစုံမက်ခြင်း ကို ခံကြလတံ့။” မဿဲ ၅:၇

 

‌သနားခြင်းဂရုဏာကို ဘုရားသခင်သည် သူ့အားခေါ်သောသူအားလုံးတို့ကို ပေးပါသည်။ ပြီးပြည့်စုံသော ဘုရားသခင်သည် မကောင်းမှုဒုစရိုက်အပြစ်ရှိသော ဤကမ္ဘာကြီးအတွက် လုပ်ဆောင်နိုင်တယ်ဆိုလျှင် သင့်အား မကောင်းမှုတစ်စုံတစ်ရာ ပြုသောသူအတွက် သင်လုပ်ဆောင်နိုင်ပါတယ်။

 

ဆင်ခြင်ရန်

- သင့်အား ဘုရားသခင် ဂရုဏာထားသကဲ့သို့ သင်သည်လည်း ဂရုဏာကို ထားဖို့ရန် ဘုရားအလိုရှိတယ်လို့ ဘာကြောင့် ထင်မြင်ပါသနည်း။

- သင့်အား နာကျင်စေသောသူကို ခွင့်လွှတ်ပေးခြင်းအတွက် မည်သည့်အရာက တားဆီးနေပါသနည်း။

- သနားခြင်းဂရုဏာကို သင်ဖော်ပြသည့်အခါတွင် ဘုရားသခင်သည် သင့်အား မည်သို့သော နည်းလမ်းဖြင့် ကောင်းချီးပေးပါသနည်း။ 

-------------------------------------------------------------------------------------------

Zawgyi Version

သနားၾကင္နာမႈ ျပခဲ့ဖူးသူတစ္ေယာက္ကဲ့သို႔ သနားၾကင္နာပါ။


ရွင္မႆဲခရစ္ဝင္က်မ္း ၅:၇ “သနားစုံမက္တတ္ေသာသူတို႔သည္ မဂၤလာရွိၾက၏။ အေၾကာင္းမူကား၊ ထိုသူတို႔သည္ သနားစုံမက္ျခင္း ကို ခံၾကလတံ့။”


သင္ ႏွစ္သက္ေသာ သူတို႔ကိုသာ (သို႔) သနားစရာ ေကာင္းေသာသူတို႔ကိုသာ သနားၾကင္နာမႈ ျပဖို႔ရန္ ဘုရားအ လိုေတာ္မရွိပါ။ လူတိုင္းကို သနားၾကင္နာဖို႔ရန္ အလိုေတာ္ရွိပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ ေကာင္းကင္ဘုံဝင္ရဖို႔ရန္ သနားၾကင္နာျခင္း သင္လိုအပ္လို႔ ျဖစ္ပါတယ္။ သခင္ေယရႈ ဆိုထားသည္မွာ “သင္တို႔သည္ သူတပါးတို႔၏အျပစ္ကိုမလႊတ္လွ်င္၊ သင္တို႔အဘသည္ သင္တို႔၏အျပစ္ကို လႊတ္ေတာ္ မမူ။” ရွင္မႆဲခရစ္ဝင္က်မ္း ၆:၁၅


ၿပီးျပည့္စုံေသာ ေကာင္းကင္ဘုံသို႔ သင္ဝင္ေရာက္ႏိုင္ေသာ တစ္ခုတည္းေသာ နည္းလမ္းမွာ သခင္ေယရႈ၏ အေသခံျခင္းမွ တစ္ဆင့္ ဘုရားသခင္၏ သနားျခင္းဂ႐ုဏာေတာ္အားျဖင့္သာ ျဖစ္ပါတယ္။ သို႔ေပမဲ့ သင္ကိုယ္တိုင္ ေပးလိုေသာဆႏၵမရွိေသာ အရာကို သင္မရရွိႏိုင္ပါ။ 


ေကာင္းကင္ဘုံ ဝင္ရဖို႔ရန္ ျဖတ္ေလွ်ာက္ရမည့္တံတားကို လုပ္ယူႀကိဳးစားလို႔မရႏိုင္ပါ။ သနားျခင္းဂ႐ုဏာကို တျခားသူတို႔အား သင္မျပႏိုင္ပါလွ်င္ သင့္အား ဂ႐ုဏာထားဖို႔ရန္ ဘုရားသခင္ထံ ဘာေၾကာင့္ ေမွ်ာ္လင့္ ေနမည္နည္း။


အေျခအေနတစ္ခုတြင္ တစ္ေယာက္ေသာသူသည္ သင္၏ ခြင့္လႊတ္ျခင္းကို ရယူဖို႔ လိုအပ္ပါမည္။ ဘာေၾကာင့္လဲ ဆိုေတာ့ ကြၽႏ္ုပ္တို႔အားလုံး အျပစ္ျပဳမိၾကေသာေၾကာင့္ ျဖစ္ပါတယ္။ ထိုသူသည္ သင့္ထံသို႔ ခြင့္လႊတ္မႈ ေတာင္းခံဖို႔ရန္ အတြက္ ေရာက္လာတဲ့အခါမွာ ထိုသူေပၚ သင္၏တုံ႔ျပန္မႈသည္ ဘုရားသခင္၏ ဝိေသသလကၡဏာ ႏွင့္ပတ္သက္ၿပီး သင္ယုံၾကည္ေသာအရာကို ေဖာ္ျပပါလိမ့္မည္။ 


တရားစီရင္ရာေန႔ ရွိပါမည္။ ေၾကာက္႐ြံ႕ျခင္းျဖင့္ သင္အသက္ရွင္ဖို႔မလိုပါ။ သို႔ေပမဲ့ သင္ေျပာသည့္အတိုင္း လုပ္ေဆာင္ေသာသူအျဖစ္ အသက္ရွင္သင့္ပါတယ္။ သင္၏ အေျပာအဆိုႏွင့္ လုပ္ရပ္ႏွစ္ခုလုံးတို႔သည္ ဤေလာက ၌လည္းေကာင္း ၊ အသက္တာကုန္ဆုံးၿပီး ေနာက္ပိုင္းတြင္လည္းေကာင္း ေရတြက္ပါသည္။ သမၼာက်မ္းစာက ဆိုထားသည္မွာ - ရွင္ယာကုပဩဝါဒစာ ၂:၁၃ “က႐ုဏာမရွိေသာသူသည္၊ က႐ုဏာကိုမရဘဲ၊ တရားစီရင္ ျခင္းကိုခံရလိမ့္မည္။ က႐ုဏာသည္ တရား စီရင္ျခင္းကိုေအာင္၍ ဝါႂကြားတတ္၏။”


မြန္ျမတ္တဲ့ တျခားနည္းလမ္းျဖင့္လည္း သခင္ေယရႈ ေျပာပါတယ္ ။ “သနားစုံမက္တတ္ေသာသူတို႔သည္ မဂၤလာရွိၾက၏။ အေၾကာင္းမူကား၊ ထိုသူတို႔သည္ သနားစုံမက္ျခင္း ကို ခံၾကလတံ့။” မႆဲ ၅:၇


သနားျခင္းဂ႐ုဏာကို ဘုရားသခင္သည္ သူ႔အားေခၚေသာသူအားလုံးတို႔ကို ေပးပါသည္။ ၿပီးျပည့္စုံေသာ ဘုရားသခင္သည္ မေကာင္းမႈဒုစ႐ိုက္အျပစ္ရွိေသာ ဤကမာၻႀကီးအတြက္ လုပ္ေဆာင္ႏိုင္တယ္ဆိုလွ်င္ သင့္အား မေကာင္းမႈတစ္စုံတစ္ရာ ျပဳေသာသူအတြက္ သင္လုပ္ေဆာင္ႏိုင္ပါတယ္။


ဆင္ျခင္ရန္

- သင့္အား ဘုရားသခင္ ဂ႐ုဏာထားသကဲ့သို႔ သင္သည္လည္း ဂ႐ုဏာကို ထားဖို႔ရန္ ဘုရားအလိုရွိတယ္လို႔ ဘာေၾကာင့္ ထင္ျမင္ပါသနည္း။ 

- သင့္အား နာက်င္ေစေသာသူကို ခြင့္လႊတ္ေပးျခင္းအတြက္ မည္သည့္အရာက တားဆီးေနပါသနည္း။

- သနားျခင္းဂ႐ုဏာကို သင္ေဖာ္ျပသည့္အခါတြင္ ဘုရားသခင္သည္ သင့္အား မည္သို႔ေသာ နည္းလမ္းျဖင့္ ေကာင္းခ်ီးေပးပါသနည္း။