သင်၏ အားနည်းချက်သည် သင်၏ သက်သေခံမှုကို ကမ္ဘာကြီးဆီ ပုံဖော်စေပါတယ်။ | Your Weaknesses Shape Your Witness to the World
 Unicode Version
သင်၏ အားနည်းချက်သည် သင်၏ သက်သေခံမှုကို ကမ္ဘာကြီးဆီ ပုံဖော်စေပါတယ်။
ဖိလိပ္ပိဩဝါဒစာ ၁:၁၂ “ညီအစ်ကိုတို့၊ ငါ၌ရောက်သော အမှုအရာတို့သည် ဧဝံဂေလိတရားကို မမြစ်တား သည်သာမက၊ ပြုစု ရာဖြစ်သည်ဟု သင်တို့ သိစေခြင်းငှါ ငါအလိုရှိ၏။
ကမ္ဘာကြီးဆီ ပုံဖော်သော သင်၏ သက်သေခံမှုသည် သင်၏ စွမ်းပကားတွေမှ ထွက်လာမည် မဟုတ်၊ အားနည်းချက်များမှ ထွက်ပေါ်လာပါလိမ့်မည်။
လူတွေအများကြီး နောက်ပြန်လှည့်နေကြပါတယ်။ သူတို့က ခရစ်ယာန်တွေက ကြွယ်ဝမှုတွေက ကမ္ဘာကြီးအ တွက် အထင်ကြီးလေးစားစရာ ဖြစ်တယ်လို့ ထင်မြင်ကြပါတယ်။ ၎င်းက ကမ္ဘာကြီးကို အထင်မကြီးစေပါ။ ထိုအရာကို သူတို့ နေရာတိုင်းမှာ မြင်ကြပါတယ်။ မယုံကြည်သူတို့ အထင်ကြီးလေးစားတဲ့ အရာက ယုံကြည်သူ တို့၏ ကြွယ်ဝမှု မဟုတ်ပါဘူး။ အခက်အခဲကို ယုံကြည်သူတွေ မည်သို့ ကိုင်တွယ်ခြင်းကိုသာ လေးစားကြတာ ဖြစ်ပါတယ်။
သင်၏ အောင်မြင်ခြင်းက မဟုတ် သင်၏ ဒုက္ခဝေဒနာတွေက သင့်ကိုလူအများ ယုံကြည်လက်ခံနိုင်မှုကို  ပေးပါ တယ်။  သင်၏ ယုံကြည်မှုသည် သင်၏ကျော်ကြားမှု မဟုတ်ဘဲ လေးစားမှုကို ရရှိစေပါသည်။
တမန်တော် ရှင်ပေါလုသည် မိမိ၏ နာကျင်မှုကို သက်သေအဖြစ် အသုံးပြုခြင်းကို ထောက်ခံခဲ့ပါတယ်။ သူက ရောမမြို့ရှိ မြေအောက်အကျဉ်းထောင်တွင် ရေးသားခဲ့ပါတယ်။ ဖိလိပ္ပိဩဝါဒစာ ၁:၁၂ “ညီအစ်ကိုတို့၊ ငါ၌ရောက် သော အမှုအရာတို့သည် ဧဝံဂေလိတရားကို မမြစ်တား သည်သာမက၊ ပြုစုရာဖြစ်သည်ဟု သင်တို့ သိစေခြင်းငှါ ငါအလိုရှိ၏။
တမန်တော်ရှင်ပေါလုသည် ဘုရားသခင်သူ့အား ပေးတော်မူသော သတင်းကို သူ၏နာကျင်မှုတို့ကို အသုံးပြုပြီး ဖော်ညွှန်းထားပါတယ်။ ထောင်ထဲတွင် သံကွင်းကြိုးဖြင့် ချည်နှောင်ခံရချိန် အသင်းတော်ဆီ ရေးသားခဲ့သော စာတို့သည် ဓမ္မသစ်ကျမ်း အစိတ်အပိုင်းတစ်ချို့ ဖြစ်လာခဲ့ပါတယ်။
တမန်တော်ရှင်ပေါလုက ကောရိန္သု ဩဝါဒစာ ဒုတိယစောင် ၆:၄ တွင်ဆိုထားသည်မှာ ““In everything we do, we show that we are true ministers of God” (2 Corinthians 6:4 NLT)”  ၎င်းတွင် သင်၏ နာကျင်ခြင်းများ ၊ ကျရှုံးခြင်း ၊ ခုခံခြင်း ၊ ပြသနာများ ၊ မှားယွင်းမှု ၊ အပြစ် နှင့် သင့်အသက်တာရှိ ဆိုးသောအရာအားလုံးတို့ကို ကိုင်တွယ်ခြင်းတို့ ပါဝင်ပါတယ်။
ကောင်းသောအရာ လုပ်ဆောင်ကိုင်တွယ်ဖို့ ဘုရား၏ တန်ခိုးတော်မလိုပါ။ လူတိုင်း ကောင်းမှု ပြုနိုင်ကြပါတယ်။ စိတ်ရှည်စွာဖြင့် ခံနိုင်ရည်ရှိဖို့အတွက် ဘုရားသခင်၏ တန်ခိုးတော် လိုပါတယ်။
မည်သို့ ခံနိုင်ရည်ရှိဖို့လိုမလဲဆိုတဲ့ မေးခွန်းအတွက် ကမ္ဘာကြီးမှ ကောင်းသောအဖြေမရှိပါဘူး။ သို့ပေမဲ့ သခင်ခရစ်တော်နောက်လိုက်သော သူတို့အဖို့ ဆင်းရဲဒုက္ခ ၊ အခက်အခဲများအမျိုးမျိုးကို သည်းခံနိုင်ခြင်းက သခင်ခရစ်တော်၏ သတင်းကောင်းကို သက်သေခံဖို့ရာ ဖော်ပြတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
သင်၏ အနက်ရှိုင်းဆုံး နာကျင်မှုမှ သင်၏ နက်ရှိုင်းသော သာသနာပြုမှု ဖြစ်စေပါလိမ့်မည်။ သင်၏ အနက်ရှိုင်းသော အသက်တာ သက်သေခံချက်သည် သင်၏ နက်ရှိုင်းသော နာကျင်မှုမှ ဖြစ်ပေါ်လာပါလိမ့်မည်။
သင့်အသက်တာ၌ နာကျင်မှုဝေဒနာ ခံစားရသည့် ကဏ္ဍတိုင်းတွင် သင်၏ သက်သေခံချက်ရှိပါတယ်။ သင်၏ စိတ်ကုန် စိတ်ပျက်ရသော အရာတွေမှ သခင်ခရစ်တော်၌ရှိသော ပြည့်ဝစုံလင်သော အသက်တာဆီ ယူဆောင်နိုင်ရန် အကူအညီဖြစ်စေဖို့ ထိုသက်သေကို မည်ကဲ့သို့ သင်အသုံးပြုမည်နည်း။
ဆင်ခြင်ရန်
- မကောင်းမှုတွေကို ယုံကြည်သူများ၌ ဖြစ်ပျက်ခြင်းကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုတယ်လို့ ထင်မြင်ပါသနည်း။ ဤ devotional ကို ဖတ်ရှု ဆင်ခြင်းပြီးနောက်တွင် သင်၏ အဖြေက ပြောင်းလဲသွား ပါသလား။
- ဘုရားသခင်၏ ခွန်အားပေးမှုက သင်၏ မည်သို့သောနာကျင်စရာ တွေ့ကြုံရမှုတွေကို စိတ်ရှည်စွာဖြင့် ခံနိုင်ရည်ရှိဖို့ရန် အကူအညီဖြစ်စေပါသလား။
-----------------------------------------------------------------------
Zawgyi Version
တမန်တော်ရှင်ပေါလုက ကောရိန်သု ဩဝါဒစာ ဒုတိယစောင် ၆:၄ တွင်ဆိုထားသည်မှာ ““In everything we do, we show that we are true ministers of God” (2 Corinthians 6:4 NLT)”  ၎င်းတွင် သင်၏ နာကျင်ခြင်းများ ၊ ကျရှုံးခြင်း ၊ ခုခံခြင်း ၊ ပြသနာများ ၊ မှားယွင်းမှု ၊ အပြစ် နှ
ဆင်ခြင်ရန်