သင်အလျင်လိုကောင်း လိုနေမည်။ သို့သော် … ဘုရားသခင်က အလျင်မလိုပါ။ | You May Be in a Hurry, but God Isn’t
Unicode Version
သင်အလျင်လိုကောင်း လိုနေမည်။ သို့သော် … ဘုရားသခင်က အလျင်မလိုပါ။
ဒေသနာကျမ်း ၃:၁၁ “ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ။ လူစိတ် နုလုံးကို လည်း အနန္တကာလ၌ စွဲလန်းစေတော်မူပြီ။ သို့ရာတွင်၊ ဘုရားသခင်စီရင်တော်မူသောအမှုကို၊ အစမှအဆုံး တိုင်အောင်၊ လူသည် စစ်၍မကုန်နိုင်။”
ယနေ့များစွာသော
ယဉ်ကျေးမှု တို့တွင် အစာရှောင်ခြင်းအရာက ပိုပြီးကောင်းပါတယ်။ သို့ပေမဲ့ ၎င်းအရာက ဘုရားသခင်
လုပ်ဆောင်သော နည်းလမ်းအတိုင်းမဟုတ်ပါ။
သမ္မာကျမ်းစာက
ဒေသနာကျမ်းတွင် ဆိုထားသည်မှာ “ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ၊
လျောက် ပတ်စွာ ဖန်ဆင်းတော်မူပြီ။ လူစိတ် နုလုံးကို လည်း အနန္တကာလ၌ စွဲလန်းစေတော်မူပြီ။
သို့ရာတွင်၊ ဘုရားသခင် စီရင်တော်မူသောအမှုကို၊ အစမှအဆုံး တိုင်အောင်၊ လူသည် စစ်၍မကုန်နိုင်။”
ဒေသနာကျမ်း ၃:၁၁
အသက်တာတွင်
အနာကျင်ရဆုံးသော တစ်ခုသောအရာက သင်အလျင်လိုနေတဲ့အချိန်မှာ ဘုရားသခင်က အလျင် မလိုနေပါ။
ဤအရာက အများအားဖြင့် သည်းမခံနိုင်ခြင်းဆီ တွန်းပို့ပါတယ်။
သည်းမခံနိုင်ခြင်း
သည် အခြေခံအားဖြင့် ယုံကြည်ခြင်း ကင်းမဲ့နေလို့ဖြစ်ပါတယ်။ ပြီးတော့ သင်က သုတ်သုတ် ပျာပျာ
စတင်ဖြစ်နေခြင်းသည် ဘုရားသခင်က ထိုအရာပေါ်မှာ မှန်ကန်သောနည်းလမ်းဖြင့် မှန်ကန်သော အချိန်တွင်
လုပ်ဆောင်မှုပြုမည်ကို သင်မယုံကြည်သောကြောင့် ဖြစ်ပါတယ်။
ကလေးတွေ
ကြီးပြင်းလာတဲ့အလျှောက် ရင့်ကျက်မှု၏ အစိတ်အပိုင်းတစ်ချို့ကလည်း “ငြင်းပယ်ခြင်း” နှင့်
“မဖြစ်သေး” ကြားက ခြားနားချက်ကို လေ့လာခြင်း ဖြစ်ပါတယ်။ ကြန့်ကြာနေခြင်းသည် ငြင်းပယ်ခြင်း
မဟုတ်ပါ။
သခင်ယေရှု
နောက်လိုက်သော သူတို့ဖြစ်သည့်အလျှောက် တူညီသောအရာတို့ကို ဘုရားသခင်နှင့်အတူ လေ့လာဖို့
လိုအပ်ပါတယ်။ ဘုရားသခင်၏ ကြန့်ကြာနေခြင်းသည် ငြင်းပယ်နေခြင်းမဟုတ်ပါဘူး။ မှန်ကန်သော
အချိန် နှင့် နည်းလမ်းကို ဘုရားသခင် သိပါတယ်။ သူ၌ အစီအစဉ်တွေနှင့် အချိန်ဇယားတွေ ရှိပါတယ်။
ဘုရား၏ အချိန်က အပြည့်စုံဆုံး ၊ အကောင်းဆုံးဖြစ်ပါတယ်။
အဆောက်အအုံမပါရှိဘဲ
Saddleback အသင်းတော် သည် ၁၅ နှစ်ကြာကြီးပြင်းလာတဲ့အခါမှာ
၎င်းနှစ်တွေ အတွက် ဤကျမ်းပိုဒ်ကို ကျွန်ုပ်အား အားပေးမှုဖြစ်စေရန်အတွက် ဘုရားသခင်အသုံးပြုခဲ့ပါတယ်။
ဟဗက္ကုတ် အနာဂတ္တိကျမ်း ၂:၃ “ထိုရူပါရုံသည် ချိန်းချက်သော အချိန်နှင့်ဆိုင်၍
အမှုကုန်ရသော ကာလကို ဆိုလို၏။ မုသာနှင့် ကင်းလွတ် ၏။ ဆိုင်းသော်လည်း မြော်လင့်လော့။
နောက်မကျဘဲ ဧကန်အမှန် ရောက်လိမ့်မည်။”
မဖြစ်လာသေးသော
အမြင်တစ်ခုကို သင့်အား ဘုရားသခင် ပေးပါသလား။ ဘုရားသခင်၏ အချိန်ဇယား - ကျရောက်လာမည်ကို
သင်ယုံကြည်နိုင်ပါတယ်။
ဆင်ခြင်ရန်
-
ဘုရားသခင်၏ “No” နှင့် “Not Yet” ကြားက ခြားနားမှုကို လေ့လာဖို့ရန် မည်သည့်အချိန်တွင်
သင်လိုအပ်ခဲ့ပါသနည်း။
-
ဘုရား၏ အလိုတော်ကို သင်ဖြည့်ဆည်းဖို့ရန် သင်စောင်ဆိုင်းနေကြသော ဘုရားသခင်ပေးထားသော
ရူပါရုံကား မည်သို့နည်း။
-
ဘုရားသခင် နှင့် သူ၏အချိန်ကိုက်မှုကို သင်စောင့်ဆိုင်းစဉ်တွင် ဘုရားသင့်အား ဘာကို လုပ်ဆောင်စေလိုသည်ကို
သင်ထင်မြင်ပါသနည်း။
---------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်