Unicode Version
ဘုရားသခင်အား သင်မရက်ရောနိုင်ပါ။
သခင်ယေရှုအတွက် သင်၏စိတ်နှလုံးကို ပေးအပ်လိုက်တဲ့အခါမှာ သင်၏ ပန်းတိုင်ကို ကောင်းချီးဖြစ်စေတာ မဟုတ်ပါဘူး။ သို့ပေမဲ့ ဘုရားသခင် သင့်ကို ကောင်းချီးမေးမယ်ဆိုတာက သမ္မာတရား ၊ အမှန်တရား ဖြစ်ပါတယ်။
ဘုရားသခင်ကို
ပိုလျှံစွာ မပေးစွမ်းနိုင်ပါဘူး။ ဘုရားသခင် ရက်ရောသလိုမျိုး သင်လည်းရက်ရောဖို့ရန် လေ့လာတဲ့အခါမှာ
သင့်အသက်တာကို များပြားစွာ ဖြစ်စေမည်လို့ ကတိတော်ပေးထားပါတယ်။ ၎င်းသည် ဘုရားသခင်၏ အရင်းအမြစ်တို့ကို
ဂရုတစိုက် စီမံခြင်းဖြစ်ပါတယ်။
တစ်ခါတစ်ရံတွင် ဘုရားသခင်က “တခြားသူတွေဆီ မည်သူရက်ရော ပေးစွမ်းနိုင်သလဲဆိုတာ
ကြည့်ရအောင်။ သင် ငါ့အားပေးတယ်၊ တခြားသူတွေကိုလည်းပေးတယ်။ ငါ သင့်အား ပေးမည်။ မည်သူ
အောင်မြင်နိုင်မလဲ ကြည့်ရ အောင်” လို့ပြောနေသလိုမျိုး ထင်ရပါတယ်။
ဘုရားကတော့ အမြဲတမ်း အောင်မြင်ပါမည်။ သင်က ပေးကမ်းရက်ရောခြင်းကိုဖြစ်စေဖို့
လေ့လာပါလျှင် အဆုံးတွင်များပြားသော အသက်တာရှိလိမ့်မည်ဟု သမ္မာကျမ်းစာတွင် ကြိမ်ဖန်များစွာ
ဆိုထားပါတယ်။ တစ်ခါတစ်ရံတွင် ထိုကောင်းချီးတွေက အရာဝတ္တုတွေ ဖြစ်ပါလိမ့်မည်။ သို့ပေမဲ့
တခါတရံ၌ ပေးကမ်းရက် ရောခြင်းမှလာသော ဝိညာဉ်ဆုကျေးဇူးတွေ ဖြစ်ပါလိမ့်မည်။
သခင်ယေရှုဆိုထားသည်မှာ “သူတပါးအားပေးကြလော့။ ပေးလျှင် သူတပါးသည် သင်တို့အားပေးကြလိမ့်မည်။
အမှန်ခြင်းရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌
ပေးကြလိမ့်မည်။ အကြောင်းမူ ကား၊ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအားပေး၏၊
ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။” ရှင်လုကာ ခရစ်ဝင်ကျမ်း ၆:၃၈
ဤကျမ်းပိုဒ်တွင်
သခင်ယေရှု ဘာကို ပြောဆိုပါသနည်း။ ဂျုံဝယ်ဖို့ရန် သင် ဈေးသွားတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။
ဂုန်နီအိတ်မျိုး ယူဆောင်သွားပြီး အပြည့်ရဖို့ ပေးချေမည်ဆိုပါစို့။ ဆိုင်ရှင်က ဂျုံတွေကို
လောင်းထည့်တဲ့အခါ သင်က အိတ်ကို ခါရမ်းလိုက်ပြီး ဂျုံတွေ အများဆုံး ပမာဏဆံ့ဖို့ရန် သင်လုပ်ဆောင်ပါတယ်။
သခင်ယေရှုဆိုထားသည်မှာ
ဘုရားသခင်၏ ကောင်းချီးတို့သည် တူညီစွာရှိကြသည်။ သင်က ရက်ရောမှုရှိတဲ့ အခါမှာ နောက်ထပ်ဆံ့မည့်
အိတ်ပေါင်းများစွာကို ပြုရလိမ့်မည်ထိ ဘုရားရှင် သင့်အား ရက်ရောစွာ ပေးအပ်ပါ လိမ့်မည်။
ဘုရားသခင်ကဲ့သို့
ရက်ရောဖို့ရန် သင်လေ့လာသင်ယူတဲ့အခါမှာ တစ်ချို့တစ်ဝက်ထက် အပြည့်အဝ ပမာဏကို ပေးပါမည်။
သူတစ်ပါးကို သင်ပေးကမ်းသည့်အတိုင်း ဘုရားသခင် သင့်ကို ပေးပါလိမ့်မည်။ သူနှင့် တူဖို့ရန်အတွက်
သင့်အား ရက်ရောစေလိုပါသည်။ ရက်ရောပေးကမ်းဖို့ရန် သင်မလေ့လာသရွေ့ သခင်ယေရှုနှင့် သဏ္ဍတူ
မဖြစ်လာနိုင်ပါ။
“သင့်အား
ဘုရားသခင် ကောင်းချီးပေးထားသော အရာတို့ဖြင့် သင်ပေးကမ်းသော အသက်တာ ဖြစ်စေမလား။” ဆိုတဲ့အရာက
အရေးကြီးဆုံးသော ဆုံးဖြတ်ချက် တစ်ခုဖြစ်ပါတယ်။ ဤလောကရှိ အရာတွေကို သင်လက် လွှတ်သည်နည်းတူ
၎င်းသည် ဘုရားသခင်၏ ကတိတော်ကို ဆုပ်ကိုင်ပြီး ဝမ်းမြောက်သော အလိုဆန္ဒအားဖြင့် အသိအမှတ်ပြုခံရမည်လား။
သင်ပေးကမ်းသော ပမာဏသည် သင်ရရှိသော ပမာဏကို ဖော်ညွှန်းနေပါတယ်။
သင့်အသက်တာကို ဘုရားမည်မျှ ကောင်းချီးပေးကြောင်း အဆုံးအဖြတ်ပေးပါတယ်။
ဆင်ခြင်ရန်
-
အသင်းတော်နှင့် လိုအပ်သောသူတို့အား ပေးကမ်းခြင်းက သင့်အား ဘုရားသခင်ကောင်းချီးပေးမည်ဟု
ကတိတော်များကို ယုံကြည်ကြောင်း မည်သို့ဆိုမည်နည်း။
-
ခရစ်ယာန်တစ်ဉီးအနေဖြင့် သင်၏ငွေးကြေးတို့ကို သုံးဖြုန်းခြင်းထက် စုဆောင်းဖို့က ပိုပြီးကောင်းပါသလား။
ဘာကြောင့်နည်း (သို့) ဘာကြောင့် မဟုတ်သနည်း။
-
သင့်အသက်တာကို ကောင်းချီးပေးဖို့ရန် ဘုရားသခင်အား သင်မည်သို့ တောင်းလျှောက်ခဲ့ပါသနည်း။
ဘုရားသခင်ကဲ့သို့ သင်သည်လည်း ရက်ရောဖို့ရန် အလိုရှိကြောင်းကို မည်သို့သော နည်းလမ်းဖြင့်
ဖော်ပြသနည်း။
--------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်