ကပ်ရောဂါကာလအတွင်း သင်၏ အစီအစဉ် ၊ အကြံအစည်တွေကို ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။ | You Can Still Make Plans in a Pandemic

 Unicode Version

ကပ်ရောဂါကာလအတွင်း သင်၏ အစီအစဉ် ၊ အကြံအစည်တွေကို ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။


ရှင်ယာကုပ်ဩဝါဒစာ ၁:၅ “သင်တို့တွင် တစုံတယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသော သူတို့အား စေတနာစိတ်နှင့်ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ၊ တောင်းလျှင် ရလိမ့်မည်။”

မသေချာ မရေရာတဲ့ ကပ်ရောဂါကာလအတွင်းမှာပင်လျှင် အစီအစဉ်တွေရေးဆွဲခြင်းက မှားစရာ မရှိပါဘူး။ သို့ပေမဲ့ သင်၏ အစီအစဉ်တွေမှာ ဘုရားသခင်၏ ကောင်းချီး လိုချင်ပါလျှင် ဘုရားသခင်အား ပါဝင်စေဖို့ရန် အရေးကြီးပါသည်။

 

အစီအစဉ်ရေးဆွဲခြင်းဆိုင်ရာ ကတိတော်ကို ရှင်ယာကုပ်ကျမ်းတွင် ပေးထားပါတယ်။ ရှင်ယာကုပ်ဩဝါဒစာ ၁:၅ “သင်တို့တွင် တစုံတယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသော သူတို့အား စေတနာစိတ်နှင့်ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ၊ တောင်းလျှင် ရလိမ့်မည်။”

 

သင်၏ အစီအစဉ်အတိုင်း ဉာဏ်ပညာပေးမည်ဟု ဘုရားသခင် ကတိပေးထားပါတယ်။ သင်တောင်းလျှောက်ဖို့သာ လိုပါတယ်။

 

ဤအရာသည် ဘုရားသခင်ရှေ့ မိမိကိုယ်ကို နှိမ့်ချခြင်း အပိုင်းဖြစ်ပါတယ်။ သင်၏အသက်တာဖြင့် ဘုရားပြုမည့် အရာကို သင်တွေးဖို့ရန် မလိုပါ။ ထိုအရာနှင့် ပတ်သက်ပြီးတော့သာ သင်ဆုတောင်းရန်သာ လိုပါသည်။ ကောင်း သော အကြံအစည် အစီအစဉ်တွေပြုဖို့ရန် လိုအပ်သော ဉာဏ်ပညာကို ဘုရားသခင် သင့်အား ပေးဖို့ရန် အမြဲတမ်း အဆင်သင့်ရှိပါသည်။

 

ကျွန်ုပ်တို့သည် ထူးခြားတဲ့ အချိန်အခါမှာ အသက်ရှင်နေတာဖြစ်ပြီး အသက်တာရှိ ကဏ္ဍအများစုတွေသည် မပြီးပြတ်နိုင် မရေရာသော အခြေအနေမှာ ရောက်ရှိနေတယ်လို့ ကျွန်ုပ်တို့ ခံစားရကောင်း ခံစားရနိုင်မည်။ မည်သည့်အစီအစဉ်တွေကိုမှ မစီစဉ်နိုင်ခြင်း (သို့) ယာယီအခြေအနေမှာ အကျပ်ရိုက်နေခြင်းများလည်း ခံစားရနိုင်ပါမည်။ သင်၏ လက်ရှိပန်းတိုင်က ဤကပ်ရောဂါကြီးကို ကျော်ဖြတ်သွားဖို့ဘဲ ဖြစ်နေတဲ့အတွက် ကြောင့်လည်း ဘယ်အစီအစဉ်ကိုမျှ မလုပ်နိုင်ခြင်းတွေ ဖြစ်ကောင်းဖြစ်ပါမည်။

 

သို့ပေမဲ့ ကပ်ရောဂါကြီး ကူးစက်ပျံ့နှံ့သွားသည်နှင့်အမျှ ဤရက်သတ္တပတ်များနှင့် နေ့ရက် ကာလများကို သင်မဖြုန်းတီးချင်ပါ။ အချိန်တွေက ဖြစ်တည်နေဆဲလို့ သင်ခံစားရနိုင်ပေမဲ့ ဘုရားသခင်၏ ရည်ရွယ်ချက်တို့က အမြဲတမ်း ရွေ့လျားနေပါတယ်။ ၎င်းတို့၏ အစိတ်အပိုင်းတစ်ခုအဖြစ် သင်လက်မလွှတ်ချင်ပါဘူး။

 

ကပ်ဘေးကာလအတွင်းမှာ သင်ထိန်းချုပ်မှု မပြုနိုင်တဲ့ အရာတွေရှိနေပေမဲ့ သင်ထိန်းချုပ်ရနိုင်တဲ့ အရာတွေ များစွာ ရှိပါတယ်။ ဤနှစ်အတွင်း ကျန်ရှိသော အချိန်ကာလအတွက် ဤတစ်ပတ်တွင် အချိန်ယူလျက် ဆုတောင်းမှုပြုဖို့ရန် ကျွန်ုပ်သင့်အား စိန်ခေါ်ပါတယ်။ ၎င်းသည် သင်၏ ဝိညာဉ်ရေးရာ ၊ မိသားစု ၊ သာသနာ ၊ ဘဏ္ဍာရေး (သို့) လုပ်ငန်းတွေ ကြီးထွားဖွံ့ဖြိုးနေရန်အတွက် အစီအစဉ် ဖြစ်နိုင်ပါတယ်။ ဘုရားသခင်ထံ သင်ပြော ချင်သော အကြောင်းအရာ တွေ ပြောချင်တဲ့အခါတိုင်းတွင် ဘုရား၏ ဉာဏ်ပညာကို ရှာဖွေဖို့ရန် အချိန်ယူပြီး တစ်ချို့သော ပန်းတိုင်ကို တည်စေလိုက်ပါ။

ဆုတောင်းခြင်းအားဖြင့် သင်စတင်နိုင်ပါတယ်။ “အဖဘုရား ဤနှစ်အတွင်း ကျန်ရှိသော အချိန်ကာလတို့တွင် ကျွန်ုပ်ဘာကို လုပ်ဆောင်ဖို့ရန် သခင်အလိုတော်ရှိပါသနည်း။ ကျွန်ုပ်၏ အသက်တာဖြင့် မည်သည့်အရာကို လုပ်ဆောင်စေချင်ပါသနည်း။ အဖဘုရား၏ အလိုတော်ကား မည်သို့နည်း။ ကျွန်ုပ်အား ဉာဏ်ပညာ ပေးတော်မူပါ။ သို့မှသာ ကျွန်ုပ်၌ထားရှိသော ဘုရား၏ ရည်ရွယ်ချက်တို့ကို ဖြည့်ဆည်းပြီး အမှုတော်ကို ထမ်းရွက်နိုင်ပါမည်။”

 

ဆင်ခြင်ရန်

- သင်အောင်မြင်မယ်ဆိုတာ သိပါလျှင် ယုံကြည်ခြင်းဖြင့် မည်သည့်အရာကို ကတိပေးဖို့ ပြုပါမည်နည်း။

- ကူးစက်ရောဂါသည် သင်၏ အကြံအစည် ၊ အစီအစဉ်တို့ကို မည်ကဲ့သို့ လွှဲချော်စေပါသနည်း။ ထိုအစီအစဉ်ကို ပြန်လည်ရယူဖို့ရန် ယနေ့တွင် မည်သည့် ခြေလှမ်းကို သင်စတင်နိုင်ပါမည်နည်း။

- ဤရောဂါပျံ့နှံ့မှုအလယ်တွင် ဘုရားသခင်က မည်သည့်အရာကို စပြီး ပြီးမြောက်စေချင်သလဲလို့ သင်ထင်မြင်ပါသနည်း။

--------------------------------------------------------------------------------

Zawgyi Version

ကပ္ေရာဂါကာလအတြင္း သင္၏ အစီအစဥ္ ၊ အႀကံအစည္ေတြကို ဆက္လက္လုပ္ေဆာင္ႏိုင္ပါတယ္။ 

ရွင္ယာကုပ္ဩဝါဒစာ ၁:၅ “သင္တို႔တြင္ တစုံတေယာက္ေသာသူသည္ ပညာကိုလိုလွ်င္၊ ကဲ့ရဲ႕ျပစ္တင္ျခင္းကို ျပဳေတာ္မမူဘဲ၊ ခပ္သိမ္းေသာ သူတို႔အား ေစတနာစိတ္ႏွင့္ေပးသနားေတာ္မူေသာ ဘုရားသခင္ကို ေတာင္းေစ၊ ေတာင္းလွ်င္ ရလိမ့္မည္။”

မေသခ်ာ မေရရာတဲ့ ကပ္ေရာဂါကာလအတြင္းမွာပင္လွ်င္ အစီအစဥ္ေတြေရးဆြဲျခင္းက မွားစရာ မရွိပါဘူး။ သို႔ေပမဲ့ သင္၏ အစီအစဥ္ေတြမွာ ဘုရားသခင္၏ ေကာင္းခ်ီး လိုခ်င္ပါလွ်င္ ဘုရားသခင္အား ပါဝင္ေစဖို႔ရန္ အေရးႀကီးပါသည္။ 


အစီအစဥ္ေရးဆြဲျခင္းဆိုင္ရာ ကတိေတာ္ကို ရွင္ယာကုပ္က်မ္းတြင္ ေပးထားပါတယ္။ ရွင္ယာကုပ္ဩဝါဒစာ ၁:၅ “သင္တို႔တြင္ တစုံတေယာက္ေသာသူသည္ ပညာကိုလိုလွ်င္၊ ကဲ့ရဲ႕ျပစ္တင္ျခင္းကို ျပဳေတာ္မမူဘဲ၊ ခပ္သိမ္းေသာ သူတို႔အား ေစတနာစိတ္ႏွင့္ေပးသနားေတာ္မူေသာ ဘုရားသခင္ကို ေတာင္းေစ၊ ေတာင္းလွ်င္ ရလိမ့္မည္။”

သင္၏ အစီအစဥ္အတိုင္း ဉာဏ္ပညာေပးမည္ဟု ဘုရားသခင္ ကတိေပးထားပါတယ္။ သင္ေတာင္းေလွ်ာက္ဖို႔သာ လိုပါတယ္။ 

ဤအရာသည္ ဘုရားသခင္ေရွ႕ မိမိကိုယ္ကို ႏွိမ့္ခ်ျခင္း အပိုင္းျဖစ္ပါတယ္။ သင္၏အသက္တာျဖင့္ ဘုရားျပဳမည့္ အရာကို သင္ေတြးဖို႔ရန္ မလိုပါ။ ထိုအရာႏွင့္ ပတ္သက္ၿပီးေတာ့သာ သင္ဆုေတာင္းရန္သာ လိုပါသည္။ ေကာင္း ေသာ အႀကံအစည္ အစီအစဥ္ေတြျပဳဖို႔ရန္ လိုအပ္ေသာ ဉာဏ္ပညာကို ဘုရားသခင္ သင့္အား ေပးဖို႔ရန္ အၿမဲတမ္း အဆင္သင့္ရွိပါသည္။ 

ကြၽႏ္ုပ္တို႔သည္ ထူးျခားတဲ့ အခ်ိန္အခါမွာ အသက္ရွင္ေနတာျဖစ္ၿပီး အသက္တာရွိ က႑အမ်ားစုေတြသည္ မၿပီးျပတ္ႏိုင္ မေရရာေသာ အေျခအေနမွာ ေရာက္ရွိေနတယ္လို႔ ကြၽႏ္ုပ္တို႔ ခံစားရေကာင္း ခံစားရႏိုင္မည္။ မည္သည့္အစီအစဥ္ေတြကိုမွ မစီစဥ္ႏိုင္ျခင္း (သို႔) ယာယီအေျခအေနမွာ အက်ပ္႐ိုက္ေနျခင္းမ်ားလည္း ခံစားရႏိုင္ပါမည္။ သင္၏ လက္ရွိပန္းတိုင္က ဤကပ္ေရာဂါႀကီးကို ေက်ာ္ျဖတ္သြားဖို႔ဘဲ ျဖစ္ေနတဲ့အတြက္ ေၾကာင့္လည္း ဘယ္အစီအစဥ္ကိုမွ် မလုပ္ႏိုင္ျခင္းေတြ ျဖစ္ေကာင္းျဖစ္ပါမည္။ 

သို႔ေပမဲ့ ကပ္ေရာဂါႀကီး ကူးစက္ပ်ံ႕ႏွံ႔သြားသည္ႏွင့္အမွ် ဤရက္သတၱပတ္မ်ားႏွင့္ ေန႔ရက္ ကာလမ်ားကို သင္မျဖဳန္းတီးခ်င္ပါ။ အခ်ိန္ေတြက ျဖစ္တည္ေနဆဲလို႔ သင္ခံစားရႏိုင္ေပမဲ့ ဘုရားသခင္၏ ရည္႐ြယ္ခ်က္တို႔က အၿမဲတမ္း ေ႐ြ႕လ်ားေနပါတယ္။ ၎တို႔၏ အစိတ္အပိုင္းတစ္ခုအျဖစ္ သင္လက္မလႊတ္ခ်င္ပါဘူး။

ကပ္ေဘးကာလအတြင္းမွာ သင္ထိန္းခ်ဳပ္မႈ မျပဳႏိုင္တဲ့ အရာေတြရွိေနေပမဲ့ သင္ထိန္းခ်ဳပ္ရႏိုင္တဲ့ အရာေတြ မ်ားစြာ ရွိပါတယ္။ ဤႏွစ္အတြင္း က်န္ရွိေသာ အခ်ိန္ကာလအတြက္ ဤတစ္ပတ္တြင္ အခ်ိန္ယူလ်က္ ဆုေတာင္းမႈျပဳဖို႔ရန္ ကြၽႏ္ုပ္သင့္အား စိန္ေခၚပါတယ္။ ၎သည္ သင္၏ ဝိညာဥ္ေရးရာ ၊ မိသားစု ၊ သာသနာ ၊ ဘ႑ာေရး (သို႔) လုပ္ငန္းေတြ ႀကီးထြားဖြံ႕ၿဖိဳးေနရန္အတြက္ အစီအစဥ္ ျဖစ္ႏိုင္ပါတယ္။ ဘုရားသခင္ထံ သင္ေျပာ ခ်င္ေသာ အေၾကာင္းအရာ ေတြ ေျပာခ်င္တဲ့အခါတိုင္းတြင္ ဘုရား၏ ဉာဏ္ပညာကို ရွာေဖြဖို႔ရန္ အခ်ိန္ယူၿပီး တစ္ခ်ိဳ႕ေသာ ပန္းတိုင္ကို တည္ေစလိုက္ပါ။

ဆုေတာင္းျခင္းအားျဖင့္ သင္စတင္ႏိုင္ပါတယ္။ “အဖဘုရား ဤႏွစ္အတြင္း က်န္ရွိေသာ အခ်ိန္ကာလတို႔တြင္ ကြၽႏ္ုပ္ဘာကို လုပ္ေဆာင္ဖို႔ရန္ သခင္အလိုေတာ္ရွိပါသနည္း။ ကြၽႏ္ုပ္၏ အသက္တာျဖင့္ မည္သည့္အရာကို လုပ္ေဆာင္ေစခ်င္ပါသနည္း။ အဖဘုရား၏ အလိုေတာ္ကား မည္သို႔နည္း။ ကြၽႏ္ုပ္အား ဉာဏ္ပညာ ေပးေတာ္မူပါ။ သို႔မွသာ ကြၽႏ္ုပ္၌ထားရွိေသာ ဘုရား၏ ရည္႐ြယ္ခ်က္တို႔ကို ျဖည့္ဆည္းၿပီး အမႈေတာ္ကို ထမ္း႐ြက္ႏိုင္ပါမည္။”


ဆင္ျခင္ရန္

- သင္ေအာင္ျမင္မယ္ဆိုတာ သိပါလွ်င္ ယုံၾကည္ျခင္းျဖင့္ မည္သည့္အရာကို ကတိေပးဖို႔ ျပဳပါမည္နည္း။

- ကူးစက္ေရာဂါသည္ သင္၏ အႀကံအစည္ ၊ အစီအစဥ္တို႔ကို မည္ကဲ့သို႔ လႊဲေခ်ာ္ေစပါသနည္း။ ထိုအစီအစဥ္ကို ျပန္လည္ရယူဖို႔ရန္ ယေန႔တြင္ မည္သည့္ ေျခလွမ္းကို သင္စတင္ႏိုင္ပါမည္နည္း။

- ဤေရာဂါပ်ံ႕ႏွံ႔မႈအလယ္တြင္ ဘုရားသခင္က မည္သည့္အရာကို စၿပီး ၿပီးေျမာက္ေစခ်င္သလဲလို႔ သင္ထင္ျမင္ပါသနည္း။