အမြော်အမြင်ရှိတဲ့သူတွေသည် အငြင်းအခုံတွေကို ရှောင်ကျဉ်ပါတယ်။ | Wise People Avoid Arguments
 Unicode Version
အမြော်အမြင်ရှိတဲ့သူတွေသည် အငြင်းအခုံတွေကို ရှောင်ကျဉ်ပါတယ်။
ရှင်ယာကုပ်ဩဝါဒစာ ၃:၁၇ “အထက်မှ သက်ရောက်သောပညာမူကား၊ ရှေ့ဦးစွာစင်ကြယ်၏။ ထိုမှတပါး၊ အသင့်အတင့်နေ တတ်ကြ၏။ ဖြည်းညှင်းသောသဘောရှိ၏။ သွေးဆောင်လွယ်၏။ ကရုဏာနှင့်၎င်း၊ ကောင်းကျိုး နှင့်၎င်း ပြည့်စုံ၏။ လျစ်လျူသောစိတ်ရှိ၏။ လျှို့ဝှက်ခြင်းနှင့်ကင်းစင်၏။
သင် အလွယ်တကူ စိတ်အနှောင့်အယှက်ဖြစ်တတ်ပါသလား။ တိုက်ခိုက်ဆန့်ကျင်ဖို့အတွက် သင်အမြဲတမ်း ရှာဖွေနေသလား။ တခြားသော ပြောဆိုမှုတွေတိုင်းတွင် သင်၏ ခုခံကာကွယ်ရေး ယန္တရားသည်ကို ပြင်းပြစေ သလား။
သမ္မာကျမ်းစာက ဆိုထားသည်မှာ သင်က ဉာဏ်ပညာအမြော်အမြင်ရှိပါလျှင် တစ်ဉီးတစ်ယောက်၏ အမျက်ဒေါသကို သင်ရန်မူမည် မဟုတ်ပါ။ “အထက်မှ သက်ရောက်သောပညာမူကား၊ ရှေ့ဦးစွာစင်ကြယ်၏။ ထိုမှတပါး၊ အသင့်အတင့်နေ တတ်ကြ၏။ ဖြည်းညှင်းသောသဘောရှိ၏။ သွေးဆောင်လွယ်၏။ ကရုဏာနှင့်၎င်း၊ ကောင်းကျိုး နှင့်၎င်း ပြည့်စုံ၏။ လျစ်လျူသောစိတ်ရှိ၏။ လျှို့ဝှက်ခြင်းနှင့်ကင်းစင်၏။” ရှင်ယာကုပ်ဩဝါဒစာ ၃:၁၇
ဉာဏ်ပညာရှိတဲ့သူတွေသည် ငြိမ်းချမ်းမှုနှင့် သဟဇာတဖြစ်မှုတွေကို ထိန်းသိမ်းခြင်းတွေမှာ လုပ်ဆောင်မှုပြု ပါတယ်။ သူတို့၏ ပခုံထက်တွင် အနာပေါ်တုတ်ကျခြင်းတွေကို မသယ်ဆောင်ပါ။ အလွယ်တကူ မထိခိုက်လွယ်ပါ။ သူတစ်ပါးတို့၏ အမျက်ဒေါသပေါ်တွင် မွှေနှောက်ခြင်း လုပ်ဆောင်ခြင်း ၊ ပြောဆိုခြင်းမျိုးကို သူတို့မလုပ်ဆောင်ပါ။
သုတ္တံကျမ်း ၂၀:၃ “ရန်တွေ့ခြင်းကို ငြိမ်းစေသောသူသည် ဂုဏ် အသရေရှိ၏။ မိုက်သောသူမူကား၊ အမှုနှင့်ရောနှော တတ်၏။
သင်၏ ပေါင်းသင်းဆက်ဆံရေးတွင် အမြော်အမြင်ရှိခြင်းသည် အငြင်းအခုံကို ရှောင်ကျဉ်ခြင်း ဖြစ်ပါတယ်။ အငြင်းအခုံဖြစ်စေတဲ့ အကြောင်းရင်းများစွာရှိပါတယ်။ ပေါင်းသင်းဆက်ဆံရေးကို ချစ်မြတ်နိုးပြီး ပို၍ အေးချမ်းမှု တည်ဆောက်ပြီး လူတွေပေါ် ရိုးသားဖို့ သင်ကြိုးစားသည့်နည်းတူ အောက်ဖော်ပြထားသော (၃) မျိုးသော အရာကို သင်ရှောင် ကျဉ်နိုင်ပါတယ်။
(၁) နှိုင်းယှဉ်ခြင်း မပြုပါနှင့်။
နှုင်းယှဉ်ခြင်းက အငြင်းအခုံ ဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ၎င်းသည် သင်၌ရှိသောအရာတို့ဖြင့် သင်မတင်းတိမ်နိုင်ကြောင်း ၊ ဘုရား သင့်အား ဖြစ်စေလိုသောသူအတိုင်း သင် မကျေနပ်နိုင်ကြောင်းကို ဖော်ပြ ပါတယ်။ သင်၏ အသက်တာဖြင့် တင်းတိမ်ရောင့်ရဲပါလျှင် သင်၏ ပေါင်းသင်းဆက်ဆံရေးတို့တွင် ကောင်းမွန် သော အခြေအနေကို ဖော်ပြပါလိမ့်မည်။
(၂) ဝေဖန်ပြစ်တင်ခြင်း မပြုပါနှင့်။
ဝေဖန် ပြစ်တင်ခြင်း ဖြစ်တဲ့ “ဒါတွေအားလုံးဟာ နင့်အပြစ်ကြောင့်ဘဲ” (သို့) “ နင့်ကိုယ်နင် ရှက်သင့်တယ်” ဆိုတဲ့ စကားတွေကို အသုံးပြုခြင်းတွေသည် အငြင်းအခံဖြစ်ရခြင်းကို ဉီးတည်စေတယ်ဆိုတာ အံ့ဩစရာ မဟုတ်ပါ။ (သို့) “နင်ဖြစ်သင့်တယ်” “နင်မဖြစ်သင့်ဘူး” “ နင်က အမြဲတမ်း” “ နင် ဘယ်တော့မှ” စတဲ့ စကားစုတွေသည်လည်း ဝေဖန်ပြစ်တင်ခြင်းတွေ ဖြစ်လာပါတယ်။ ထိုကဲ့သို့သော စကားလုံးတွေကို အသုံးပြုပြီး လူတွေကို ဝေဖန်ပြစ်တင်ခြင်းတွေက သင့်ပေါ်မှာ တည်ရှိပါတယ်။ ဒါတွေက သခင်ယေရှု၏ နည်းလမ်းတွေ မဟုတ်ပါ။
(၃) ဆန့်ကျင်ပြောဆိုခြင်း မပြုပါနှင့်။
အငြင်းအခုံ ဖြစ်ပွားချိန်တွင် သေးငယ်တဲ့အမှုပေါ် အပင်းပန်းမခံပါနဲ့။ လူတစ်ဉီးတစ်ယောက်က မှားယွင်းမှု ရှိတဲ့အခါမှာ လက်လွှတ်လိုက်ပါ။ နာမည်ကျော် စိတ်ပညာရှင် William James ဆိုထားသည်မှာ “ဉာဏ်ပညာသည် ဘာကို လစ်လျူရှုရမည်ကို သိရှိခြင်း ပါရမီဖြစ်တယ်” လို့ဆိုပါတယ်။ လက်လွှတ်ခြင်းအရာကို သင်လေ့လာသင်ယူနိုင်ပါလျှင် ဘယ်လောက်တောင် ငြိမ်းချမ်းတဲ့ ပေါင်းသင်းဆက်ဆံရေး ရှိမည်ကို သင်သတိပြုမိပါလိမ့်မည်။
နှိုင်းယှဉ်ခြင်း ၊ ဝေဖန်ပြစ်တင်ခြင်း နှင့် ဆန့်ကျင်ပြောဆိုခြင်းသည် အမြဲတမ်း အငြင်းအခုံကို ဖြစ်စေပါတယ်။ သို့ပေမဲ့ အဲဒီအရာတွေအစား ဘုရားသခင်၏ ကျေးဇူးတော် ၊ ဘုန်းတော်ထင်ရှားဖို့ရန် ရွေးချယ်တဲ့အခါမှာ သင်၏ ပေါင်းသင်းဆက်ဆံရေးကို ဘုရားသခင် ပြောင်းလဲပေးနိုင်ပါသည်။
ဆင်ခြင်ရန်
- နှိုင်းယှဉ်ခြင်း ၊ ဝေဖန်ပြစ်တင်ခြင်း နှင့် ဆန့်ကျင်ပြောဆိုခြင်း ဤ (၃) မျိုးထဲမှ မည်သည့်အမျိုးအစားကို သင်၏စကားပြောဆိုမှုတွင် အများဆုံးအသုံးပြုတယ်လို့ သင်တွေ့ရှိပါသနည်း။ ဘာကြောင့်နည်း။
- တစ်ခုခုကို လက်လွှတ်ဖို့ရန် ကျွန်ုပ်တို့ သဘောမတွေ့သောအခါမှာ ဘာကြောင့်များ ခက်ခဲတယ်လို့ ထင်ရပါသနည်း။
- သခင်ယေရှုသည် မိမိ၏ ပေါင်းသင်းဆက်ဆံရေးတွင် ငြိမ်းချမ်းခြင်း တည်ဆောက်ရာ၌ မည်ကဲ့သို့သော နည်းလမ်းဖြင့် ပုံသက်သေ ပြခဲ့ပါသနည်း။
--------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်