Unicode Version
ကျွန်ုပ်တို့
ဘာကြောင့် အရှုံးမပေးပါသနည်း။
ဂလာတိ ဩဝါဒစာ ၆:၉ “ငါတို့သည်အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။”
သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သော လူယောကျ်ား (သို့) လူမိန်းမ ဖြစ်ဖို့ရန် အလိုရှိပါလျှင် ခံနိုင်ရည်ရှိဖို့ရန် လေ့လာသင်ယူဖို့ လိုပါတယ်။ ဆိုလိုသည်မှာ သင်ထိခိုက်မိတဲ့အခါမှာ ပြန်လည် ရပ်တည်နိုင်ဖို့ရန် အာမခံချက် ဖြစ်ပါတယ်။
သင်၏
ထိန်းချုပ်မှုအောက်မှ လွှတ်ထွက်နေသော အကြောင်းကိစ္စများစွာတို့သည် သင့်ကို ကျရှုံးစေနိုင်ပါတယ်။
သို့ပေမဲ့ သင်အထောက်အပံ့ရယူပါလျှင် အပြုသဘောဆောင်တဲ့အရာတွေ ဖြစ်လာမည်ကို ဘယ်သူသိနိုင်မည်
နည်း။ သမိုင်းစာအုပ်တွေမှာ အကြိမ်ကြိမ်ကျရှုံးခဲ့တဲ့ လူတွေ၏ အကြောင်းတို့ဖြင့် ပြည့်နေ
ပါတယ်။ သို့ပေမဲ့ သူတို့ မအောင်မြင်မချင်း အရှုံးမပေးကြပါဘူး။
ဗိုလ်ချုပ် George Washington သည် အမေရိကန်တော်လှန်ရေးတွင် ဗြိတိသျှတို့ကို တိုက်ခိုက်ခဲ့သော
စစ်ပွဲ၏ သုံးပုံ နှစ်ပုံတွင် ကျရှုံးခဲ့ပါတယ်။ ဗြိတိသျှတို့ကို တွန်းလှန်ရန် သူ၌ အင်အားမလုံလောက်ခဲ့တဲ့အတွက်ကြောင့်
နောက်ဆုတ်နေခဲ့ပါတယ်။ သို့ပေမဲ့ သူအရှုံးမပေးခဲ့ပါ။ နောက်ဆုံးတွင် သူစစ်ပွဲကို အနိုင်ရခဲ့ပြီး
အမေရိကန် ပြည်ထောင်စု၏ ပထမဆုံး သမ္မတ ဖြစ်လာခဲ့ပြီး တိုင်းပြည်၏ ဖခင်အဖြစ် မှတ်ယူခြင်း
ခံရပါတယ်။
Napoleon
သည် ဉရောပတိုက်ကြီးက ပြင်သစ်ဧကရဇ်အဖြစ် လွှမ်းမိုးခဲ့ပါတယ်။ သို့ပေမဲ့ သူ၏ ကျောင်းသားဘဝ
အတန်းထဲတွင် လူဉီးရေ ၄၃ ယောက်တွင် နံပါတ် ၄၂ နေရာအဖြစ် ဘွဲ့ရခဲ့သူဖြစ်ပါတယ်။ ထက်မြက်တဲ့
ကျောင်းသား မဟုတ်ခဲ့ပေမဲ့ စစ်ဘက်ဆိုင်ရာ ပါရမီထူးသူအဖြစ် သတ်မှတ်ခံရပြီး သူ၏ နည်းလမ်းတို့သည်
ကျောင်းပေါင်းများစွာတို့တွင် လေ့လာသင်ယူနေကြဆဲ ဖြစ်ပါတယ်။
အချိန်ကာလတစ်လျှောက်တွင် အကြီးမြတ်ဆုံး သိပ္ပံပညာရှင်တစ်ဉီးဖြစ်တဲ့ Albert
Einstein သည် အသက်လေးနှစ်အရွယ်တွင် စကားတစ်ခွန်းမျှပင် မပြောခဲ့ပါ။ ကျောင်းတွင် အလွန်ညံ့ဖျင်းခဲ့သောကြောင့်
၁၆ နှစ်အရွယ်တွင် ကျောင်းဝင်ခွင့် စားမေးပွဲကို ကျရှုံးခဲ့ရပါတယ်။ သို့ပေမဲ့ သူသည်
သင်္ချာနှင့် သိပ္ပံအတတ် ဆန်းသစ်တီတွင်မှုကို ပြုခဲ့ပါတယ်။
သည်
ဘေ့စ်ဘော အားကစားသမားတို့တွင် အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ သူ၏ အားကစား အသက်မွေးမှုတွင်
နှစ်ပေါင်း ၄၀ တိုင် ရိုက်ချက် ၇၁၄ ကြိမ် အောင်မြင်ခဲ့ပါတယ်။ သို့ပေမဲ့လည်း ရိုက်ချက်
၁၃၃၀ ကြိမ် ကျရှုံးဖူးပါတယ်။ ရိုက်ချက်တိုင်းကိုလည်း သူ မှတ်တမ်းတင်ထားပါတယ်။
ဘုရားသခင်
နှစ်သက်ဖွယ်သော အသက်တာအတွက် ထိုလူတွေကို ဉပမာ အနေဖြင့် ကျွန်ုပ်မစွဲကိုင်ပါဘူး။ သို့ပေမဲ့
လောကအမြင်နဲ့ကြည့်ရင် သူတို့၏ အရှုံးမပေးမှုကြောင့် များစွာသော ပြီးမြောက်အောင်မြင်မှုတွေရရှိကြပါတယ်။
ဤသို့ဆိုလျှင် ဘုရားသခင်၏ ခေါ်တော်မူခြင်းအတိုင်း လုပ်ဆောင်နေသော ဖြောင့်မတ်သော လူတို့တွင်
ဘုရားသခင် ဘာကို လုပ်ဆောင်နိုင်မလဲဆိုတာကို တွေးမြင်ကြည့်လိုက်ပါ။
ဂလာတိ ဩဝါဒစာ ၆:၉ “ငါတို့သည်အားမလျော့၊
စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌
အသီးအနှံကို ရိတ်ရကြလိမ့်မည်။”
ဆက်လက်လုပ်ဆောင်ပါ။
သင်၏ ကျရှုံးမှုတို့ကို အဆုံးသတ် မဖြစ်ပါစေနှင့်။ သင့်အားဖြင့် မည်သည့်အရာကို ဘုရားသခင်
လုပ်ဆောင်နိုင်သည်ကို သင်ဘယ်တော့မှ မသိနိုင်ပါ။
ဆင်ခြင်ရန်
-
ကျရှုံးမယ်လို့ သင်ထင်ထားခဲ့တဲ့ အရာပေါ် သင်လေ့လာလိုက်စားဖို့ရန် ကြောက်နေခဲ့သော သင်၏
ရည်မှန်းချက် ပန်းတိုင်က ဘာဖြစ်မည်နည်း။
-
သမ္မာကျမ်းစာတွင် ဖော်ပြဖားသော မအောင်မြင်ခင်မှာ ကျရှုံးခဲ့သော လူတို့၏ ဉပမာတို့ကို
စဉ်းစားကြည့်ပါ။ ၎င်းဉပမာတွေမှ သင်မည်သည့်အရာကို သင်လေ့လာသင်ယူနိုင်မည်နည်း။
-
ဖြောင့်မတ်ခြင်း ဟူသည်မှာ အဘယ်နည်း။ ဖြောင့်မတ်သူတစ်ဉီးအနေဖြင့် လူသိရှိအောင် အလိုရှိပါသလား။
ဘာကြောင့်နည်း (သို့) ဘာကြောင့် မဟုတ်သနည်း။
-------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်