ချစ်ခြင်းမေတ္တာက သင်၏ လှုံ့ဆော်မှုဖြစ်တဲ့အခါမှာ ကြောက်ရွံ့မှုတွေ မရှိတော့ပါ။ | When Love Is Your Motivation, There Is No Fear

 Unicode Version

ချစ်ခြင်းမေတ္တာက သင်၏ လှုံ့ဆော်မှုဖြစ်တဲ့အခါမှာ ကြောက်ရွံ့မှုတွေ မရှိတော့ပါ။


ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၄:၁၈ “ချစ်ခြင်းမေတ္တာသည် ကြောက်ခြင်းသံဝေဂနှင့် မပေါင်းနိုင်ရာ။ သံဝေဂသည် ပူပန်ခြင်းဝေဒနာကို ဖြစ်စေသောကြောင့်၊ စုံလင်သောမေတ္တာသည် သံဝေဂကို ပယ်ရှားတတ်၏။ သံဝေဂရှိသောသူသည် မေတ္တာနှင့် မပြည့်စုံသေး။

ကြောက်ရွံ့ခြင်း၏ ဆန့်ကျင်ဘက်သည် ယုံကြည်ခြင်းဖြစ်တယ်လို့ လူတော်တော်များများ ယူဆကြပါတယ်။ မဟုတ်ပါဘူး။ ကြောက်ရွံ့ခြင်း၏ ဆန့်ကျင်ဘက်သည် ချစ်ခြင်းမေတ္တာဖြစ်ပါတယ်။

ချစ်ခြင်းမေတ္တာသည် ကြောက်ရွံ့ခြင်းကို ဆန့်ကျင်တွန်းလှန်ပါတယ်။ သင်၏ စိတ်နှလုံးတံခါးရှေ့သို့ ချစ်ခြင်း မေတ္တာ ရောက်လာတဲ့အခါမှာ ကြောက်ရွံ့ခြင်းက နောက်ဖေးတံခါးကနေ ထွက်သွားပါမည်။ ကြောက်ရွံ့ ခြင်းနှင့် တကယ့်စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာသည် တစ်ချိန်တည်းမှာ မရှိနေနိုင်ပါ။ စစ်မှန်တဲ့ ဘုရားသခင်၏ ချစ်ခြင်း မေတ္တာကို သင်ရရှိတဲ့အခါမှာ သင်ကြောက်ရွံ့နေဖို့ မရှိတော့ပါ။

 

မီးလောင်နေတဲ့ အဆောက်အအုံထဲက ကလေးကို ကယ်တင်ဖို့ရန် ယုံကြည်ခြင်းကြောင့် လူတွေသည် ပြေးဝင်သွားတာ မဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာကြောင့်သာ လုပ်ဆောင်ကြတာပါ။ မိဘတွေသည်လည်း သားသမီးတို့ကို ချစ်တဲ့အတွက်ကြောင့် ကာကွယ်ပေးဖို့ရန် သူတို့အသက်တာကို စွန့်စားမှုဖြင့် တည်ဆောက် ပါလိမ့်မည်။

သင်၏လုပ်ဆောင်သမျှအရာတိုင်းကို ချစ်ခြင်းမေတ္တာက လှုံ့ဆော်ပါလျှင် ကြောက်ရွံ့ခြင်းတွေက ကွယ်ပျောက် သွားပါမည်။

ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၄:၁၈ “ချစ်ခြင်းမေတ္တာသည် ကြောက်ခြင်းသံဝေဂနှင့် မပေါင်းနိုင်ရာ။ သံဝေဂသည် ပူပန်ခြင်းဝေဒနာကို ဖြစ်စေသောကြောင့်၊ စုံလင်သောမေတ္တာသည် သံဝေဂကို ပယ်ရှားတတ်၏။ သံဝေဂရှိသောသူသည် မေတ္တာနှင့် မပြည့်စုံသေး။

 

သင်လုပ်ဆောင်ရမည့်အရာက သင့်ကို စိတ်လှုပ်ရှားစေတဲ့ ကြောက်ရွံ့မှုမျိုး သင်၌ မြှင့်တက်နေတယ်လို့ သင်စတင် ခံစားရတဲ့အခါမှာ သင်ခဏ ရပ်တန့်ဖို့ လိုအပ်ပါတယ်။ ပြီးနောက် ဘုရားသခင်သည် သင့်အား မည်မျှ ချစ်ကြောင်းကို အာရုံစိုက်ပါ။ “အဖဘုရားသခင် …. ကျွန်ုပ်အားတကယ်ချစ်တယ်။ ကျွန်ုပ်ဘက်မှာ ရှိတယ်။ ဤအရာ၌ ကျွန်ုပ်အား အောင်မြင်စေချင်တယ်။ သခင့်၏ ချစ်ခြင်းနှင့် ခွန်အားပေးမှုတွေဖြင့် ထိုအရာကို ကျွန်ုပ်လုပ်ဆောင်ပါမည်” လို့သင်ကိုယ့်သင် ကျယ်လောင်စွာဖြင့် သတိပေးဖို့ လိုကောင်း လိုပါမည်။

 

သင့်အား ကျရှုံးဖို့ ဘုရားသခင် အလိုတော်မရှိပါ။ အသက်တာတွင် သင် လုပ်ဆောင်သမျှသောအရာ နှင့် ရည်ရွယ်ချက်တို့ကို ဖြည့်ဆည်းခြင်းအရာတွေမှာ အောင်မြင်ဖို့ရန် ဘုရား အလိုတော်ရှိပါတယ်။ ဘုရားသခင်၏ ချစ်ခြင်း၌ သင်အာရုံစိုက်နေတဲ့အခါမှာ သင်ကြောက်ရွံ့နေဖို့မရှိတော့ပါ။ ပြီးပြည့်စုံတဲ့ ချစ်ခြင်းမေတ္တာသည် အားလုံးသော ကြောက်ရွံ့မှုတွေကို ဖယ်ရှင်းပါတယ်။

 

အပတ်စဉ်တိုင်း ထောင်ပေါင်းများစွာသော လူတွေရှေ့မှာ ကျွန်ုပ်စကားပြောတဲ့အခါမှာ ကျွန်ုပ်မကြောက်ပါဘူး။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ လုပ်ဆောင်မှု (၂) ခုကို ကျွန်ုပ်ပြုပါတယ်။ ဘုရားသခင် ကျွန်ုပ်အပေါ်မှာ ထားတဲ့ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်အာရုံစိုက်ပါတယ်။ ပြီးတော့ ကျွန်ုပ်၏ အသင်းတော်မိသားစုပေါ်ထားတဲ့ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာပေါ်မှာ အာရုံစိုက်ပါတယ်။ သူတို့တွေသည် ကြောက်ရမည့် ပရိတ်သတ်တွေ မဟုတ်ကြပါဘူး။ ချစ်ခြင်းမေတ္တာ ထားရှိရမည့် မိသားစုတွေ ဖြစ်ပါတယ်။ သူတို့နှင့် သခင်ယေရှုပေါ်မှာ ထားတဲ့ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဒေသနာ ဟောကြားတဲ့အခါမှာ ဖြစ်စေနိုင်တဲ့ ကြောက်ရွံ့ခြင်းမှန်သမျှကို အနိုင်ယူ ကျော်လွှားပါတယ်။

 

သင် စိုးရိမ်ကြောက်လန့်နေတဲ့အချိန်အခါသည် သင့်ကိုယ်သင် လုံးဝ အာရုံစိုက်နေလို့ ဖြစ်ပါတယ်။ ချစ်ခြင်း မေတ္တာပေါ်မှာ သင်တည်ရှိတဲ့အခါမှာ သင့်ကိုယ်သင် အာရုံစိုက်နေခြင်းထက် သူတစ်ပါးတို့၏ လိုအင်တွေကို အာရုံစိုက်မိပါလိမ့်မည်။

 

သင်၌ ချစ်ခြင်းမေတ္တာ ပွားများလေလေ ကြောက်ရွံ့ခြင်းတွေက လျော့နည်းသွားလေ ဖြစ်ပါတယ်။ ဒါကြောင့် သင်လုပ်ဆောင်သမျှတို့တွင် ချစ်ခြင်းမေတ္တာကို သင်လှုံ့ဆောင်မှု ပြုပါလျှင် ၎င်းကို လုပ်ဆောင်ဖို့ရန် သင်၌ကြောက်ရွံ့မှုတွေ ရှိတော့မည် မဟုတ်ပါ။

 

ချစ်ခြင်းမေတ္တာကို သင်၏ လှုံ့ဆော်မှု ဖြစ်စေပြီး ကြောက်ရွံ့မှုတွေကို ဆန့်ကျင်တွန်းလှန်လိုက်ပါ။

 

ဆင်ခြင်ရန်

- တခြားသော သူတွေထက် မိမိကိုယ်မိမိ ဘာကြောင့် အာရုံစိုက်ဖို့ရန် ပို၍ လွယ်ကူပါသနည်း။

- အသက်တာရှိ ထမ်းရွက်စရာ အမှုကို ဖြည့်ဆည်းခြင်းတွင် အကြီးမားဆုံးသော သင်၏ကြောက်ရွံ့မှု တစ်ခုက ဘာဖြစ်မည်နည်း။ ၎င်းကြောက်ရွံ့မှုက သင်၏ လှုံ့ဆော်မှုနှင့် ပတ်သက်ပြီး ဘာကို ထုတ်ဖော်ပါသနည်း။

- သင့်ကိုယ်သင် အာရုံစိုက်မိတဲ့အခါမှာ သူတစ်ပါးကို မေတ္တာထားနိုင်ပါသလား။ ဘာကြောင့်နည်း (သို့) ဘာကြောင့် မဟုတ်သနည်း။


---------------------------------------------------------------------

Zawgyi Version

ခ်စ္ျခင္းေမတၱာက သင္၏ လႈံ႕ေဆာ္မႈျဖစ္တဲ့အခါမွာ ေၾကာက္႐ြံ႕မႈေတြ မရွိေတာ့ပါ။


ရွင္ေယာဟန္ဩဝါဒစာ ပဌမေစာင္ ၄:၁၈ “ခ်စ္ျခင္းေမတၱာသည္ ေၾကာက္ျခင္းသံေဝဂႏွင့္ မေပါင္းႏိုင္ရာ။ သံေဝဂသည္ ပူပန္ျခင္းေဝဒနာကို ျဖစ္ေစေသာေၾကာင့္၊ စုံလင္ေသာေမတၱာသည္ သံေဝဂကို ပယ္ရွားတတ္၏။ သံေဝဂရွိေသာသူသည္ ေမတၱာႏွင့္ မျပည့္စုံေသး။”


ေၾကာက္႐ြံ႕ျခင္း၏ ဆန႔္က်င္ဘက္သည္ ယုံၾကည္ျခင္းျဖစ္တယ္လို႔ လူေတာ္ေတာ္မ်ားမ်ား ယူဆၾကပါတယ္။ မဟုတ္ပါဘူး။ ေၾကာက္႐ြံ႕ျခင္း၏ ဆန႔္က်င္ဘက္သည္ ခ်စ္ျခင္းေမတၱာျဖစ္ပါတယ္။

ခ်စ္ျခင္းေမတၱာသည္ ေၾကာက္႐ြံ႕ျခင္းကို ဆန႔္က်င္တြန္းလွန္ပါတယ္။ သင္၏ စိတ္ႏွလုံးတံခါးေရွ႕သို႔ ခ်စ္ျခင္း ေမတၱာ ေရာက္လာတဲ့အခါမွာ ေၾကာက္႐ြံ႕ျခင္းက ေနာက္ေဖးတံခါးကေန ထြက္သြားပါမည္။ ေၾကာက္႐ြံ႕ ျခင္းႏွင့္ တကယ့္စစ္မွန္တဲ့ ခ်စ္ျခင္းေမတၱာသည္ တစ္ခ်ိန္တည္းမွာ မရွိေနႏိုင္ပါ။ စစ္မွန္တဲ့ ဘုရားသခင္၏ ခ်စ္ျခင္း ေမတၱာကို သင္ရရွိတဲ့အခါမွာ သင္ေၾကာက္႐ြံ႕ေနဖို႔ မရွိေတာ့ပါ။


မီးေလာင္ေနတဲ့ အေဆာက္အအုံထဲက ကေလးကို ကယ္တင္ဖို႔ရန္ ယုံၾကည္ျခင္းေၾကာင့္ လူေတြသည္ ေျပးဝင္သြားတာ မဟုတ္ပါဘူး။ ခ်စ္ျခင္းေမတၱာေၾကာင့္သာ လုပ္ေဆာင္ၾကတာပါ။ မိဘေတြသည္လည္း သားသမီးတို႔ကို ခ်စ္တဲ့အတြက္ေၾကာင့္ ကာကြယ္ေပးဖို႔ရန္ သူတို႔အသက္တာကို စြန႔္စားမႈျဖင့္ တည္ေဆာက္ ပါလိမ့္မည္။

သင္၏လုပ္ေဆာင္သမွ်အရာတိုင္းကို ခ်စ္ျခင္းေမတၱာက လႈံ႕ေဆာ္ပါလွ်င္ ေၾကာက္႐ြံ႕ျခင္းေတြက ကြယ္ေပ်ာက္ သြားပါမည္။

ရွင္ေယာဟန္ဩဝါဒစာ ပဌမေစာင္ ၄:၁၈ “ခ်စ္ျခင္းေမတၱာသည္ ေၾကာက္ျခင္းသံေဝဂႏွင့္ မေပါင္းႏိုင္ရာ။ သံေဝဂသည္ ပူပန္ျခင္းေဝဒနာကို ျဖစ္ေစေသာေၾကာင့္၊ စုံလင္ေသာေမတၱာသည္ သံေဝဂကို ပယ္ရွားတတ္၏။ သံေဝဂရွိေသာသူသည္ ေမတၱာႏွင့္ မျပည့္စုံေသး။”


သင္လုပ္ေဆာင္ရမည့္အရာက သင့္ကို စိတ္လႈပ္ရွားေစတဲ့ ေၾကာက္႐ြံ႕မႈမ်ိဳး သင္၌ ျမႇင့္တက္ေနတယ္လို႔ သင္စတင္ ခံစားရတဲ့အခါမွာ သင္ခဏ ရပ္တန႔္ဖို႔ လိုအပ္ပါတယ္။ ၿပီးေနာက္ ဘုရားသခင္သည္ သင့္အား မည္မွ် ခ်စ္ေၾကာင္းကို အာ႐ုံစိုက္ပါ။ “အဖဘုရားသခင္ …. ကြၽႏ္ုပ္အားတကယ္ခ်စ္တယ္။ ကြၽႏ္ုပ္ဘက္မွာ ရွိတယ္။ ဤအရာ၌ ကြၽႏ္ုပ္အား ေအာင္ျမင္ေစခ်င္တယ္။ သခင့္၏ ခ်စ္ျခင္းႏွင့္ ခြန္အားေပးမႈေတြျဖင့္ ထိုအရာကို ကြၽႏ္ုပ္လုပ္ေဆာင္ပါမည္” လို႔သင္ကိုယ့္သင္ က်ယ္ေလာင္စြာျဖင့္ သတိေပးဖို႔ လိုေကာင္း လိုပါမည္။


သင့္အား က်ရႈံးဖို႔ ဘုရားသခင္ အလိုေတာ္မရွိပါ။ အသက္တာတြင္ သင္ လုပ္ေဆာင္သမွ်ေသာအရာ ႏွင့္ ရည္႐ြယ္ခ်က္တို႔ကို ျဖည့္ဆည္းျခင္းအရာေတြမွာ ေအာင္ျမင္ဖို႔ရန္ ဘုရား အလိုေတာ္ရွိပါတယ္။ ဘုရားသခင္၏ ခ်စ္ျခင္း၌ သင္အာ႐ုံစိုက္ေနတဲ့အခါမွာ သင္ေၾကာက္႐ြံ႕ေနဖို႔မရွိေတာ့ပါ။ ၿပီးျပည့္စုံတဲ့ ခ်စ္ျခင္းေမတၱာသည္ အားလုံးေသာ ေၾကာက္႐ြံ႕မႈေတြကို ဖယ္ရွင္းပါတယ္။


အပတ္စဥ္တိုင္း ေထာင္ေပါင္းမ်ားစြာေသာ လူေတြေရွ႕မွာ ကြၽႏ္ုပ္စကားေျပာတဲ့အခါမွာ ကြၽႏ္ုပ္မေၾကာက္ပါဘူး။ ဘာေၾကာင့္လဲ။ ဘာေၾကာင့္လဲဆိုေတာ့ လုပ္ေဆာင္မႈ (၂) ခုကို ကြၽႏ္ုပ္ျပဳပါတယ္။ ဘုရားသခင္ ကြၽႏ္ုပ္အေပၚမွာ ထားတဲ့ ခ်စ္ျခင္းေမတၱာကို ကြၽႏ္ုပ္အာ႐ုံစိုက္ပါတယ္။ ၿပီးေတာ့ ကြၽႏ္ုပ္၏ အသင္းေတာ္မိသားစုေပၚထားတဲ့ ကြၽႏ္ုပ္၏ ခ်စ္ျခင္းေမတၱာေပၚမွာ အာ႐ုံစိုက္ပါတယ္။ သူတို႔ေတြသည္ ေၾကာက္ရမည့္ ပရိတ္သတ္ေတြ မဟုတ္ၾကပါဘူး။ ခ်စ္ျခင္းေမတၱာ ထားရွိရမည့္ မိသားစုေတြ ျဖစ္ပါတယ္။ သူတို႔ႏွင့္ သခင္ေယရႈေပၚမွာ ထားတဲ့ ကြၽႏ္ုပ္၏ ခ်စ္ျခင္းေမတၱာသည္ ေဒသနာ ေဟာၾကားတဲ့အခါမွာ ျဖစ္ေစႏိုင္တဲ့ ေၾကာက္႐ြံ႕ျခင္းမွန္သမွ်ကို အႏိုင္ယူ ေက်ာ္လႊားပါတယ္။


သင္ စိုးရိမ္ေၾကာက္လန႔္ေနတဲ့အခ်ိန္အခါသည္ သင့္ကိုယ္သင္ လုံးဝ အာ႐ုံစိုက္ေနလို႔ ျဖစ္ပါတယ္။ ခ်စ္ျခင္း ေမတၱာေပၚမွာ သင္တည္ရွိတဲ့အခါမွာ သင့္ကိုယ္သင္ အာ႐ုံစိုက္ေနျခင္းထက္ သူတစ္ပါးတို႔၏ လိုအင္ေတြကို အာ႐ုံစိုက္မိပါလိမ့္မည္။


သင္၌ ခ်စ္ျခင္းေမတၱာ ပြားမ်ားေလေလ ေၾကာက္႐ြံ႕ျခင္းေတြက ေလ်ာ့နည္းသြားေလ ျဖစ္ပါတယ္။ ဒါေၾကာင့္ သင္လုပ္ေဆာင္သမွ်တို႔တြင္ ခ်စ္ျခင္းေမတၱာကို သင္လႈံ႕ေဆာင္မႈ ျပဳပါလွ်င္ ၎ကို လုပ္ေဆာင္ဖို႔ရန္ သင္၌ေၾကာက္႐ြံ႕မႈေတြ ရွိေတာ့မည္ မဟုတ္ပါ။


ခ်စ္ျခင္းေမတၱာကို သင္၏ လႈံ႕ေဆာ္မႈ ျဖစ္ေစၿပီး ေၾကာက္႐ြံ႕မႈေတြကို ဆန႔္က်င္တြန္းလွန္လိုက္ပါ။


ဆင္ျခင္ရန္

- တျခားေသာ သူေတြထက္ မိမိကိုယ္မိမိ ဘာေၾကာင့္ အာ႐ုံစိုက္ဖို႔ရန္ ပို၍ လြယ္ကူပါသနည္း။

- အသက္တာရွိ ထမ္း႐ြက္စရာ အမႈကို ျဖည့္ဆည္းျခင္းတြင္ အႀကီးမားဆုံးေသာ သင္၏ေၾကာက္႐ြံ႕မႈ တစ္ခုက ဘာျဖစ္မည္နည္း။ ၎ေၾကာက္႐ြံ႕မႈက သင္၏ လႈံ႕ေဆာ္မႈႏွင့္ ပတ္သက္ၿပီး ဘာကို ထုတ္ေဖာ္ပါသနည္း။

- သင့္ကိုယ္သင္ အာ႐ုံစိုက္မိတဲ့အခါမွာ သူတစ္ပါးကို ေမတၱာထားႏိုင္ပါသလား။ ဘာေၾကာင့္နည္း (သို႔) ဘာေၾကာင့္ မဟုတ္သနည္း။