Unicode Version
အသက်တာရှိ စိတ်ပျက်စရာတွေဖြင့် ဘာကို လုပ်ဆောင်မည်နည်း။
ရှင်လုကာခရစ်ဝင်ကျမ်း ၂:၃၇ “အသက်ကြီးရင့်၍ အနှစ်ရှစ်ဆယ်လေးနှစ်ခန့်မျှ တိုင်တိုင်မုတ်ဆိုးမဖြစ်လျက်၊ ဆုတောင်းခြင်းနှင့် အစာ ရှောင်ခြင်းအားဖြင့် နေ့ညဉ့်မပြတ် ဘုရားဝတ်ကိုပြု၍ ဗိမာန်တော်နှင့် မခွါဘဲနေ၏။ ”
ပြီးခဲ့တဲ့
ရက်တွေမှာ ခရစ္စမတ်၏ ဇာတ်ကြောင်းထဲမှ ပညာအမြော်အမြင်ရှိသော အမျိူးသမီး (၃) ဉီးကို ကျွန်ုပ်တို့
လေ့လာကြပါတယ်။ ယနေ့မှာတော့ တတိယမြောက် ဖြစ်တဲ့ အန္န အမည်ရှိတဲ့ အမျိုးသမီးအကြောင်း
ဖြစ်ပါတယ်။ သူမ၏ အခြေအနေတွေက တခြားသောအရာတို့ကို လုပ်ဆောင်ဖို့ရန် လွယ်ကူနေစေသော်လည်း
သူမသည် ဘုရားသခင်၏ တည်ရှိခြင်းကို (မျက်မှောက်တော်) ဗဟိုပြုဖို့ရန် နှင့် သခင်ယေရှုအကြောင်းကို
လူတိုင်းကို ပြောဆိုနိုင်ဖို့ရန် ရွေးချယ်ခဲ့ပါတယ်။
လုကာ
အခန်းကြီး (၂) တွင် အန္နသည် ၈၄ နှစ်ကြာ မုဆိုးမ ဖြစ်ခဲ့ပါတယ်။ သူမ အလွန်ငယ်ရွယ်တဲ့အချိန်မှာပဲ
သူမကို ချစ်တဲ့သူက သေဆုံးသွားခဲ့ပါတယ်။ ထိုအရာက သူမအတွက် သူမစီစဉ်မှုတွေ မဟုတ်ခဲ့ပါ။
စိတ်ပျက်စရာတွေက သူမကို ခါးသီးစေနိုင်ပါတယ်။ သို့ပေမဲ့ ထူးခြားတဲ့ အသွင်အဖြစ် သမ္မာကျမ်းစာက
ဖော်ပြပေးပါတယ်။ ရှင်လုကာခရစ်ဝင်ကျမ်း ၂:၃၇ “အသက်ကြီးရင့်၍
အနှစ်ရှစ်ဆယ်လေးနှစ်ခန့်မျှ တိုင်တိုင်မုတ်ဆိုးမဖြစ်လျက်၊ ဆုတောင်းခြင်းနှင့် အစာ ရှောင်ခြင်းအားဖြင့်
နေ့ညဉ့်မပြတ် ဘုရားဝတ်ကိုပြု၍ ဗိမာန်တော်နှင့် မခွါဘဲနေ၏။”
အန္န၏
ခင်ပွန်းဆုံးပါးခဲ့စဉ်အချိန်က သူမ ကိုယ်သူမ သေဖို့ရန် ရွေးချယ်မှု ပြုနိုင်ပါမည်။ ၎င်းအစား
အမြော်အမြင်ကြီးစွာဖြင့် သူမ၏ ချစ်ခြင်းကို ဘုရားရှင်ထံ လှည့်လိုက်ပါတယ်။ သူမ၏ စိတ်ပျက်စရာတွေအစား
ဘုရားသခင်၏ တည်ရှိခြင်း (မျက်မှောက်တော်) ကို မျက်မှောက်ပြုလျက် နေ့ရော ညရော ကုန်လွန်စေခဲ့ပါတယ်။
သင်မပြုရသေးပါလျှင်
တစ်နေ့တွင် သင်ချစ်ချင်သော သူသည် ကြာရှည်မတည်ဘူးဆိုတာကို သင်မြင်ရ ပါလိမ့်မည်။ ထိုအခြေအနေတွင်
သင်၏ချစ်ခြင်းမေတ္တာဖြင့် မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ သင်က အမြော်အမြင်ရှိတယ်ဆိုလျှင်
ဘုရားသခင်၏ တည်ရှိခြင်း( မျက်မှောက်တော်) ကို မျက်မှောက်ပြုပြီး သင်၏ မေတ္တာကို သူ့ထံ
လှည့်စေပါမည်။
သားသမီးကို
မျှော်ကိုးပေမဲ့ မရရှိနိုင်တဲ့ အိမ်ထောင်သည် များစွာ ဤဆုံးဖြတ်ချက်ကို ပြုကြတာကို ကျွန်ုပ်တွေ့မြင်
ရပါတယ်။ တစ်ချို့က မွေးစား မိဘတွေ ဖြစ်ကြပါတယ်။ သူတို့၏ ချစ်ခြင်းမေတ္တာတွေကို တဖက်သို့
လှည့်ကြပါတယ်။ သူတို့၏ ချစ်ခြင်းမေတ္တာတွေကို လိုအပ်နေသော ကမ္ဘာပေါ်ရှိ ကလေးတွေထံသို့
ပေးခြင်းအား ဖြင့် ဘုရားသခင်၏ တည်ရှိခြင်း (မျက်မှောက်တော်) ပေါ် သူတို့ မျက်မှောက်ပြုကြပါတယ်။
အန္န
သည်လည်း အမြော်အမြင်ရှိတဲ့ ဒုတိယဆုံးဖြတ်ချက်ကို (သူမ၏ခင်ပွန်းသည် သူမ၏ ချစ်ခြင်းမေတ္တာကို
မခံယူနိုင်တော့တဲ့ အချိန်မှာ) ဆုံးဖြတ်ခဲ့ပါတယ်။ ဗိမာန်တော်တွင် ဘုရားသခင်၏ တည်ရှိခြင်းပေါ်
နှစ်ပေါင်းများ စွာ ကုန်လွန်ခဲ့ပြီး နောက်ဆုံးတွင် သခင်ယေရှုကို သူမ တွေ့ဆုံခဲ့ပါတယ်။
ထိုမှစတင်ပြီး သခင်ယေရှုနှင့် ပတ်သက်သော သတင်းစကားတို့ကို ချက်ချင်း စတင်ဝေပါတယ်။
မာရိနှင့်
ယောသပ်သည် သခင်ယေရှု (၈) ရက်သား အရွယ်တွင် ဗိမာန်တော်သို့ ခေါ်ဆောင်လာခဲ့ပါတယ်။ အန္နသည်လည်း
ထိုနေရာတွင် ရှိနေပါတယ်။ သမ္မာကျမ်းစာက ဆိုထားသည်မှာ ရှင်လုကာခရစ်ဝင်ကျမ်း
၂:၃၈ “သူသည်လည်း ထိုခဏခြင်းတွင်ဝင်၍ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ယေရုရှလင်မြို့
၌ ရွေးနှုတ်ခြင်းအရာကို မြော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏ အကြောင်းကို ပြောလေ၏။ ”
သခင်ယေရှုကို
သူမ မြင်တွေ့လိုက်ရတဲ့ အခိုက်အတန့်လေးကနေစပြီး သခင်ယေရှုအကြောင်းကို တခြားသူများကို
ပြောပြပါတော့တယ်။ သမ္မာကျမ်းစာက ဆိုထားသည်မှာ “ဖြောင့်မတ်သောသူ သီးသော အသီးသည် အသက်ပင်အသီးဖြစ်၏။
သူတပါးတို့၏ စိတ်ဝိညာဉ်ကို ရသောသူသည်လည်း ပညာရှိဖြစ်၏။ ” သုတ္တံကျမ်း ၁၁:၃၀
အန္နသည်
သခင်ယေရှု၏ ရောက်ရှိလာသော သတင်းကောင်းနှင့် ပတ်သက်ပြီး တခြားသော သူများကို ပြောပြဖို့ရန်
ရွေးချယ်ခဲ့ခြင်းသည် ဉာဏ်အမြော်အမြင်ရှိလို့ ဖြစ်ပါတယ်။
ဤခရစ္စမတ် ကာလအတွင်းတွင် သင်သည်လည်း တူညီသော ဆုံးဖြတ်ချက်ကို ချနိုင်ပါတယ်။
သင့်အနီးအနားရှိ လူတွေသည် ယခုနှစ်၏ တခြားသောအချိန်တွေမှာထက် ဝိညာဉ်ရေးဆိုင်ရာ သမ္မာတရားတို့ကို
ပိုမိုဖွင့်ဟ ပါလိမ့်မည်။ ဤနှစ်အတွင်း ဘယ်လိုစိတ်ပျက်စရာတွေကို သင်ရင်ဆိုင်ကြုံတွေ့ရပါစေ
အန္န လိုမျိုး ရွေးချယ်မှု ပြုပါ။ သင်၏ ချစ်ခြင်းမေတ္တာကို ဘုရားသခင်ထံလှည့်ပြီး သခင်ယေရှုအကြောင်းကို
လူအများသို့ ပြောကြား လိုက်ပါ။
၎င်းသည်
ဉာဏ်ပညာအမြော်အမြင်ရှိသော ဆုံးဖြတ်ချက် ဖြစ်ပါတယ်။
ဆုတောင်းရန်
ဉာဏ်ပညာရှိသော အမျိုးအသီး (၃) ဉီးအကြောင်းကို သင်လေ့လာပြီးတဲ့အချိန်ဖြစ်သည့်နည်းတူ
အချိန်အနည်း ငယ်ယူလျက် ထိုအမျိုးသမီး (၃) ဉီးတို့၏ အကြောင်းမှ လေ့လာခဲ့ရမှုတွေကို ဤဆုတောင်းအားဖြင့်
သတိရ အောက်မေ့ဆို့ရန် ဆုတောင်းမှုပြုပါ။
“အဖဘုရားသခင် .. အကြီးမြတ်ဆုံးသော လက်ဆောင်ဖြစ်သော သားတော် သခင်ယေရှု အတွက် ခက်ခဲသော တစ်နှစ်တာ၏ အဆုံးပိုင်း
ခရစ္စမတ်ရာသီအချိန်တွင် ကျွန်ုပ်ကျေးဇူးတင်ပါ၏။ ကျွန်ုပ်၏ အပြစ်များအတွက် ပေးဆပ်ဖို့ရန်
သခင်ယေရှုအား ပို့ဆောင်ခြင်း နှင့် ထိုလက်ဆောင်ကို လက်ခံသမျှသော သူတို့ကို ထာဝရအသက်
ရရှိမည်ဆိုတဲ့ ကတိတော် ပေးခြင်းအတွက် ကျေးဇူးတင်ပါတယ်။
ဧလိရှဗက် ၊ မာရိနှင့် အန္န တို့အားပေးသော ကတိတော် တို့ကို ကျွန်ုပ်ယုံကြည်ဖို့ရန်
အကျွန်ုပ်၏ စိတ်နှလုံးကို သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ပြည့်ဝစေပါ။ နာကြည်းခါးသီးမှုတွေအစား
ဘုရား၏ အကြံအစည်တော်ကို ယုံကြည်ဖို့ ရွေးချယ်မှုပြုဖို့ရန် ကူညီမစတော်မူပါ။ ကျွန်ုပ်၏
ကြောက်ရွံ့မှုများအစား နှုတ်ကပတ်တော်ကို ယုံကြည်ဖို့ရန် ကူညီတော်မူပါ။ ကျွန်ုပ်၏ စိတ်ပျက်စရာများအကြောင်းမဟုတ်ဘဲ
သခင်ယေရှုအကြောင်းကိုသာ လူတိုင်းကို ပြောပြဖို့ရန် အဖဘုရား၏ တည်ရှိခြင်း (မျက်မှောက်တော်)
ကို အာရုံပြုနိုင်ဖို့ရန် ကျွန်ုပ်အား ကူညီမစ တော်မူပါမည့်အကြောင်း ယေရှုနာမတော်အားဖြင့်
တောင်းလျှောက်ပါ၏။ …အာမင်
ဆင်ခြင်ရန်
-
အန္နသည် ခင်ပွန်းသေဆုံးပြီးနောက်တွင် ကြီးမားသော စိတ်ဆင်းရဲမှုကို ကြုံတွေ့ခဲ့ရပါတယ်။
သင်ရော စိတ်ဆင်းရဲမှုတွေကို မည်သို့ ကိုင်တွယ်ပါသနည်း။
-
ဤသတင်းတစ်ပတ်တွင် သင်၏ စိတ်ပျက်စရာများထက် ဘုရားသခင် တည်ရှိခြင်းကို အာရုံစူးစိုက်နိုင်မည့်
လက်တွေ့ကျသော နည်းလမ်းကား မည်သို့နည်း။
-
သခင်ယေရှု၏ အကြောင်းနှင့် ပတ်သက်ပြီး သတင်းစကား ဝေဌဖို့ရန် မည်သို့သော ကြီးမားတဲ့ အတားအဆီးကို
သင်ရင်ဆိုင်ရပါသနည်း။
----------------------------------------------------------------------------
Zawgyi Version
အသက္တာရွိ စိတ္ပ်က္စရာေတြျဖင့္ ဘာကို လုပ္ေဆာင္မည္နည္း။
ရွင္လုကာခရစ္ဝင္က်မ္း ၂:၃၇ “အသက္ႀကီးရင့္၍ အႏွစ္ရွစ္ဆယ္ေလးႏွစ္ခန္႔မွ် တိုင္တိုင္မုတ္ဆိုးမျဖစ္လ်က္၊ ဆုေတာင္းျခင္းႏွင့္ အစာ ေရွာင္ျခင္းအားျဖင့္ ေန႔ညဥ့္မျပတ္ ဘုရားဝတ္ကိုျပဳ၍ ဗိမာန္ေတာ္ႏွင့္ မခြါဘဲေန၏။ ”
ၿပီးခဲ့တဲ့ ရက္ေတြမွာ ခရစၥမတ္၏ ဇာတ္ေၾကာင္းထဲမွ ပညာအေျမာ္အျမင္ရွိေသာ အမ်ိဴးသမီး (၃) ဉီးကို ကြၽႏ္ုပ္တို႔ ေလ့လာၾကပါတယ္။ ယေန႔မွာေတာ့ တတိယေျမာက္ ျဖစ္တဲ့ အႏၷ အမည္ရွိတဲ့ အမ်ိဳးသမီးအေၾကာင္း ျဖစ္ပါတယ္။ သူမ၏ အေျခအေနေတြက တျခားေသာအရာတို႔ကို လုပ္ေဆာင္ဖို႔ရန္ လြယ္ကူေနေစေသာ္လည္း သူမသည္ ဘုရားသခင္၏ တည္ရွိျခင္းကို (မ်က္ေမွာက္ေတာ္) ဗဟိုျပဳဖို႔ရန္ ႏွင့္ သခင္ေယရႈအေၾကာင္းကို လူတိုင္းကို ေျပာဆိုႏိုင္ဖို႔ရန္ ေ႐ြးခ်ယ္ခဲ့ပါတယ္။
လုကာ အခန္းႀကီး (၂) တြင္ အႏၷသည္ ၈၄ ႏွစ္ၾကာ မုဆိုးမ ျဖစ္ခဲ့ပါတယ္။ သူမ အလြန္ငယ္႐ြယ္တဲ့အခ်ိန္မွာပဲ သူမကို ခ်စ္တဲ့သူက ေသဆုံးသြားခဲ့ပါတယ္။ ထိုအရာက သူမအတြက္ သူမစီစဥ္မႈေတြ မဟုတ္ခဲ့ပါ။ စိတ္ပ်က္စရာေတြက သူမကို ခါးသီးေစႏိုင္ပါတယ္။ သို႔ေပမဲ့ ထူးျခားတဲ့ အသြင္အျဖစ္ သမၼာက်မ္းစာက ေဖာ္ျပေပးပါတယ္။ ရွင္လုကာခရစ္ဝင္က်မ္း ၂:၃၇ “အသက္ႀကီးရင့္၍ အႏွစ္ရွစ္ဆယ္ေလးႏွစ္ခန္႔မွ် တိုင္တိုင္မုတ္ဆိုးမျဖစ္လ်က္၊ ဆုေတာင္းျခင္းႏွင့္ အစာ ေရွာင္ျခင္းအားျဖင့္ ေန႔ညဥ့္မျပတ္ ဘုရားဝတ္ကိုျပဳ၍ ဗိမာန္ေတာ္ႏွင့္ မခြါဘဲေန၏။”
အႏၷ၏ ခင္ပြန္းဆုံးပါးခဲ့စဥ္အခ်ိန္က သူမ ကိုယ္သူမ ေသဖို႔ရန္ ေ႐ြးခ်ယ္မႈ ျပဳႏိုင္ပါမည္။ ၎အစား အေျမာ္အျမင္ႀကီးစြာျဖင့္ သူမ၏ ခ်စ္ျခင္းကို ဘုရားရွင္ထံ လွည့္လိုက္ပါတယ္။ သူမ၏ စိတ္ပ်က္စရာေတြအစား ဘုရားသခင္၏ တည္ရွိျခင္း (မ်က္ေမွာက္ေတာ္) ကို မ်က္ေမွာက္ျပဳလ်က္ ေန႔ေရာ ညေရာ ကုန္လြန္ေစခဲ့ပါတယ္။
သင္မျပဳရေသးပါလွ်င္ တစ္ေန႔တြင္ သင္ခ်စ္ခ်င္ေသာ သူသည္ ၾကာရွည္မတည္ဘူးဆိုတာကို သင္ျမင္ရ ပါလိမ့္မည္။ ထိုအေျခအေနတြင္ သင္၏ခ်စ္ျခင္းေမတၱာျဖင့္ မည္သည့္အရာကို လုပ္ေဆာင္မည္နည္း။ သင္က အေျမာ္အျမင္ရွိတယ္ဆိုလွ်င္ ဘုရားသခင္၏ တည္ရွိျခင္း( မ်က္ေမွာက္ေတာ္) ကို မ်က္ေမွာက္ျပဳၿပီး သင္၏ ေမတၱာကို သူ႔ထံ လွည့္ေစပါမည္။
သားသမီးကို ေမွ်ာ္ကိုးေပမဲ့ မရရွိႏိုင္တဲ့ အိမ္ေထာင္သည္ မ်ားစြာ ဤဆုံးျဖတ္ခ်က္ကို ျပဳၾကတာကို ကြၽႏ္ုပ္ေတြ႕ျမင္ ရပါတယ္။ တစ္ခ်ိဳ႕က ေမြးစား မိဘေတြ ျဖစ္ၾကပါတယ္။ သူတို႔၏ ခ်စ္ျခင္းေမတၱာေတြကို တဖက္သို႔ လွည့္ၾကပါတယ္။ သူတို႔၏ ခ်စ္ျခင္းေမတၱာေတြကို လိုအပ္ေနေသာ ကမာၻေပၚရွိ ကေလးေတြထံသို႔ ေပးျခင္းအား ျဖင့္ ဘုရားသခင္၏ တည္ရွိျခင္း (မ်က္ေမွာက္ေတာ္) ေပၚ သူတို႔ မ်က္ေမွာက္ျပဳၾကပါတယ္။
အႏၷ သည္လည္း အေျမာ္အျမင္ရွိတဲ့ ဒုတိယဆုံးျဖတ္ခ်က္ကို (သူမ၏ခင္ပြန္းသည္ သူမ၏ ခ်စ္ျခင္းေမတၱာကို မခံယူႏိုင္ေတာ့တဲ့ အခ်ိန္မွာ) ဆုံးျဖတ္ခဲ့ပါတယ္။ ဗိမာန္ေတာ္တြင္ ဘုရားသခင္၏ တည္ရွိျခင္းေပၚ ႏွစ္ေပါင္းမ်ား စြာ ကုန္လြန္ခဲ့ၿပီး ေနာက္ဆုံးတြင္ သခင္ေယရႈကို သူမ ေတြ႕ဆုံခဲ့ပါတယ္။ ထိုမွစတင္ၿပီး သခင္ေယရႈႏွင့္ ပတ္သက္ေသာ သတင္းစကားတို႔ကို ခ်က္ခ်င္း စတင္ေဝပါတယ္။
မာရိႏွင့္ ေယာသပ္သည္ သခင္ေယရႈ (၈) ရက္သား အ႐ြယ္တြင္ ဗိမာန္ေတာ္သို႔ ေခၚေဆာင္လာခဲ့ပါတယ္။ အႏၷသည္လည္း ထိုေနရာတြင္ ရွိေနပါတယ္။ သမၼာက်မ္းစာက ဆိုထားသည္မွာ ရွင္လုကာခရစ္ဝင္က်မ္း ၂:၃၈ “သူသည္လည္း ထိုခဏျခင္းတြင္ဝင္၍ ထာဝရဘုရား၏ေက်းဇူးေတာ္ကို ခ်ီးမြမ္းေလ၏။ ေယ႐ုရွလင္ၿမိဳ႕ ၌ ေ႐ြးႏႈတ္ျခင္းအရာကို ေျမာ္လင့္ေသာသူအေပါင္းတို႔အား ထိုသူငယ္၏ အေၾကာင္းကို ေျပာေလ၏။ ”
သခင္ေယရႈကို သူမ ျမင္ေတြ႕လိုက္ရတဲ့ အခိုက္အတန႔္ေလးကေနစၿပီး သခင္ေယရႈအေၾကာင္းကို တျခားသူမ်ားကို ေျပာျပပါေတာ့တယ္။ သမၼာက်မ္းစာက ဆိုထားသည္မွာ “ေျဖာင့္မတ္ေသာသူ သီးေသာ အသီးသည္ အသက္ပင္အသီးျဖစ္၏။ သူတပါးတို႔၏ စိတ္ဝိညာဥ္ကို ရေသာသူသည္လည္း ပညာရွိျဖစ္၏။ ” သုတၱံက်မ္း ၁၁:၃၀
အႏၷသည္ သခင္ေယရႈ၏ ေရာက္ရွိလာေသာ သတင္းေကာင္းႏွင့္ ပတ္သက္ၿပီး တျခားေသာ သူမ်ားကို ေျပာျပဖို႔ရန္ ေ႐ြးခ်ယ္ခဲ့ျခင္းသည္ ဉာဏ္အေျမာ္အျမင္ရွိလို႔ ျဖစ္ပါတယ္။
ဤခရစၥမတ္ ကာလအတြင္းတြင္ သင္သည္လည္း တူညီေသာ ဆုံးျဖတ္ခ်က္ကို ခ်ႏိုင္ပါတယ္။ သင့္အနီးအနားရွိ လူေတြသည္ ယခုႏွစ္၏ တျခားေသာအခ်ိန္ေတြမွာထက္ ဝိညာဥ္ေရးဆိုင္ရာ သမၼာတရားတို႔ကို ပိုမိုဖြင့္ဟ ပါလိမ့္မည္။ ဤႏွစ္အတြင္း ဘယ္လိုစိတ္ပ်က္စရာေတြကို သင္ရင္ဆိုင္ႀကဳံေတြ႕ရပါေစ အႏၷ လိုမ်ိဳး ေ႐ြးခ်ယ္မႈ ျပဳပါ။ သင္၏ ခ်စ္ျခင္းေမတၱာကို ဘုရားသခင္ထံလွည့္ၿပီး သခင္ေယရႈအေၾကာင္းကို လူအမ်ားသို႔ ေျပာၾကား လိုက္ပါ။
၎သည္ ဉာဏ္ပညာအေျမာ္အျမင္ရွိေသာ ဆုံးျဖတ္ခ်က္ ျဖစ္ပါတယ္။
ဆုေတာင္းရန္
ဉာဏ္ပညာရွိေသာ အမ်ိဳးအသီး (၃) ဉီးအေၾကာင္းကို သင္ေလ့လာၿပီးတဲ့အခ်ိန္ျဖစ္သည့္နည္းတူ အခ်ိန္အနည္း ငယ္ယူလ်က္ ထိုအမ်ိဳးသမီး (၃) ဉီးတို႔၏ အေၾကာင္းမွ ေလ့လာခဲ့ရမႈေတြကို ဤဆုေတာင္းအားျဖင့္ သတိရ ေအာက္ေမ့ဆို႔ရန္ ဆုေတာင္းမႈျပဳပါ။
“အဖဘုရားသခင္ .. အႀကီးျမတ္ဆုံးေသာ လက္ေဆာင္ျဖစ္ေသာ သားေတာ္ သခင္ေယရႈ အတြက္ ခက္ခဲေသာ တစ္ႏွစ္တာ၏ အဆုံးပိုင္း ခရစၥမတ္ရာသီအခ်ိန္တြင္ ကြၽႏ္ုပ္ေက်းဇူးတင္ပါ၏။ ကြၽႏ္ုပ္၏ အျပစ္မ်ားအတြက္ ေပးဆပ္ဖို႔ရန္ သခင္ေယရႈအား ပို႔ေဆာင္ျခင္း ႏွင့္ ထိုလက္ေဆာင္ကို လက္ခံသမွ်ေသာ သူတို႔ကို ထာဝရအသက္ ရရွိမည္ဆိုတဲ့ ကတိေတာ္ ေပးျခင္းအတြက္ ေက်းဇူးတင္ပါတယ္။
ဧလိရွဗက္ ၊ မာရိႏွင့္ အႏၷ တို႔အားေပးေသာ ကတိေတာ္ တို႔ကို ကြၽႏ္ုပ္ယုံၾကည္ဖို႔ရန္ အကြၽႏ္ုပ္၏ စိတ္ႏွလုံးကို သန႔္ရွင္းေသာ ဝိညာဥ္ေတာ္ျဖင့္ ျပည့္ဝေစပါ။ နာၾကည္းခါးသီးမႈေတြအစား ဘုရား၏ အႀကံအစည္ေတာ္ကို ယုံၾကည္ဖို႔ ေ႐ြးခ်ယ္မႈျပဳဖို႔ရန္ ကူညီမစေတာ္မူပါ။ ကြၽႏ္ုပ္၏ ေၾကာက္႐ြံ႕မႈမ်ားအစား ႏႈတ္ကပတ္ေတာ္ကို ယုံၾကည္ဖို႔ရန္ ကူညီေတာ္မူပါ။ ကြၽႏ္ုပ္၏ စိတ္ပ်က္စရာမ်ားအေၾကာင္းမဟုတ္ဘဲ သခင္ေယရႈအေၾကာင္းကိုသာ လူတိုင္းကို ေျပာျပဖို႔ရန္ အဖဘုရား၏ တည္ရွိျခင္း (မ်က္ေမွာက္ေတာ္) ကို အာ႐ုံျပဳႏိုင္ဖို႔ရန္ ကြၽႏ္ုပ္အား ကူညီမစ ေတာ္မူပါမည့္အေၾကာင္း ေယရႈနာမေတာ္အားျဖင့္ ေတာင္းေလွ်ာက္ပါ၏။ …အာမင္
ဆင္ျခင္ရန္
- အႏၷသည္ ခင္ပြန္းေသဆုံးၿပီးေနာက္တြင္ ႀကီးမားေသာ စိတ္ဆင္းရဲမႈကို ႀကဳံေတြ႕ခဲ့ရပါတယ္။ သင္ေရာ စိတ္ဆင္းရဲမႈေတြကို မည္သို႔ ကိုင္တြယ္ပါသနည္း။
- ဤသတင္းတစ္ပတ္တြင္ သင္၏ စိတ္ပ်က္စရာမ်ားထက္ ဘုရားသခင္ တည္ရွိျခင္းကို အာ႐ုံစူးစိုက္ႏိုင္မည့္ လက္ေတြ႕က်ေသာ နည္းလမ္းကား မည္သို႔နည္း။
- သခင္ေယရႈ၏ အေၾကာင္းႏွင့္ ပတ္သက္ၿပီး သတင္းစကား ေဝဌဖို႔ရန္ မည္သို႔ေသာ ႀကီးမားတဲ့ အတားအဆီးကို သင္ရင္ဆိုင္ရပါသနည္း။