သွေးဆောင်မှုဖြစ်သွားစေရန် မည်သည့်အရာက သင့်ကို အားနည်းခြင်း ဖြစ်စေပါသနည်း။ | What Makes You Vulnerable to Temptation?
 Unicode Version
သုတ္တံကျမ်း :၂၃နှလုံးသည်အသက်၏အခြေအမြစ် ဖြစ်သော ကြောင့်၊ သင်၏နှလုံးကို အထူးသဖြင့် စောင့်ရှောက် လော့။
သင့်အသက်တာတွင် အမြဲတမ်းသွေးဆောင်မှုများကို တွန်းလှန်ဖို့ရန် တတ်စွမ်းနိုင်ချင်ပါလျှင် စာတန်၏ အားထုတ်မှုကြောင့် အားနည်းစေသည့်အရာများကို သင်သိရှိဖို့ရန် လိုအပ်ပါတယ်။
ဧဖက် ၄:၂၇ တွင် ဖော်ပြထားသည်မှာ “အမျက်မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။ သင်၏ အားနည်းချက်တွေကို စတင် အသုံးချပြီး သင့်ကို ရှုပ်ထွေးသွားအောင် လုပ်ဆောင်နေတဲ့ စာတန်ကို သင့်အသက် တာထဲသို့ နေရာမပေးပါနှင့်။
ဤသွေးဆောင်မှုအားလုံးတို့ကို ဖြစ်ပေါ်စေရန် စာတန်အား သင်ပေးနိုင်သည့် အကောင်းဆုံး ခြေကုပ် (သို့) ပေါက်ပွားရှင်သန်နိုင်သည့် အခြေအနေက ဘာဖြစ်မလဲ။  အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေ ဖြစ်ပါ တယ်။ ထိုခံစားချက်တွေရှိသည့်အချိန်တိုင်းတွင် စာတန်ကို သင့်အသက်တာ၏ အခြေအနေတွေကို ပေးအပ် လိုက်ခြင်းဖြစ်ပါတယ်။ ပြီးတော့ သင်သည် တခြားသော အချိန်တွေထက် စုံစမ်းခံရဖို့ရန် ပိုပြီး အားနည်း လာပါလိမ့်မည်။ ဒါကြောင့် သမ္မာကျမ်းစာက သုတ္တံကျမ်း :၂၃ တွင် ဖော်ပြထားသည်မှာနှလုံးသည် အသက်၏ အခြေအမြစ် ဖြစ်သော ကြောင့်၊ သင်၏နှလုံးကို အထူးသဖြင့် စောင့်ရှောက် လော့။
သင်၏ နှလုံးသည် သင်၏စိတ်ခံစားမှု၏ အလယ်ဗဟိုတွင် ရှိပါတယ်။ သို့ပေမဲ့ စုံစမ်းခြင်းကို နှိမ်နင်းဖို့ရန် သင့်၏ အမူအကျင့်နှင့် သင်လုပ်ဆောင်ရမည့်အရာတွေပေါ် အာရုံမထားပါနှင့်။ ၎င်းအစား သင်၌ရှိသော စိတ်ကူးနှင့် ထိုစိတ်ကူးမှ ထွက်လာသော ခံစားချက်တွေကို ဆန်းစစ်ဖော်ထုတ်ပါ။
သင်၏ အပြုအမူကြောင့်မဟုတ်ဘဲ သင်၏ စိတ်ခံစားချက်တွေပေါ်မှာ စာတန်က သင့်အား ချိတ်ဆက်ပါတယ်။ သင့်အသက်တာ၏ နေ့ရက်တိုင်းရှိ စိတ်ခံစားချက်တို့ကို သူလုပ်ဆောင်မှုတွေပြုပါတယ်။ ချိတ်ဆက်မိအောင် လုပ်ဆောင်ပါတယ်။ စာတန်က သင့်စိတ်ခံစားချက်၏ ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်တဲ့ အရှင်သခင် ဖြစ်ပါတယ်။ သင်၏ အတွေးတွေကို လွှမ်းမိုးခြင်းနှင့် ဘုရား၏ နှုတ်ကပတ်တော်တို့ကို သင်သံသယစိတ် ဖြစ်စေခြင်းအားဖြင့် စာတန်သည် သင့်ဆီကနေ လှုပ်ရှားမှုတစ်ချို့ကို ရရှိပါတယ်။
သင်၏ စိတ်ပိုင်းဆိုင်ရာ ပါဝင်ပတ်သက်မှုတွေကို စာတန်ရရှိတာနဲ့ တစ်ပြိုင်နက် သူစတင် လုပ်ဆောင်မှုတွေ ပြုပါတယ်။ သင်၏ ခံစားချက်တွေ အစပြုလိုက်ပြီဆိုလျှင် အမူအကျင့်တွေက ဖြစ်လာပါမည်။ သင်၏ အပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေက အပြစ်သွေးဆောင်ခြင်းဆီ ဉီးတည်သွားစေတယ်ဆိုတာကို စာတန် သိထားပါတယ်။
အပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုတို့ သင်၌ရှိသည့်အခါတွင် စုံစမ်းခြင်းတွေကို ခုခံဖို့ရန် ပိုပြီးအားနည်း ပါတယ်။ သင်၏ ပျက်စီးရာ ပျက်စီးကြောင်းတွေနှင့် ထိုအားနည်းသောအရာတွေ ကို စာတန်သိပါတယ်။ ထိုအရာတွေ ကိုရော သင်မသိသင့်ဘူးလား။
 အသက်တာတွင် အစဉ်မပြတ်ဖြစ်တတ်သော စုံစမ်းခြင်းတွေကို တွန်းလှန်နိုင်ဖို့ရန် တစ်ခုတည်းသော နည်းလမ်း မှာ သင့်ကို အားနည်းစေတဲ့ စိတ်ခံစားချက်တွေကို ဆန်းစစ်ဖော်ထုတ်ဖို့ ဖြစ်ပါတယ်။ ပြီးတော့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အာရုံထဲ ထားလျက် အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေကို ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြင့် အစားထိုးလိုက်ပါ။
ဆင်ခြင်ရန်
- သင့်အား စာတန် တိုက်ခိုက်နိုင်သည့် အပျက်သဘောဆောင်သော ခံစားချက်တစ်ချို့ကား မည်သို့နည်း။
- သင့်ကိုယ်သင် စိတ်ခံစားမှုရှိတဲ့ ပုဂ္ဂိုလ်တစ်ဉီးအဖြစ် မြင်နေသည့်တိုင် ထိုခံစားမှုတွေက သင့်ကို မှားယွင်းသော လမ်းသို့ မည့်သို့ ပို့ဆောင်ပေးသည်ဟု မြင်ပါသနည်း။ သင့်အား ငြင်းပယ်ခြင်း (သို့) သံသယရှိခြင်း ဖြစ်ပေါ်စေပါသနည်း။
- စုံစမ်းခြင်းကို တွန်းလှန်ချင်ပါလျှင် သင်၏ စိတ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် ဖြည့်ဆည်းဖို့ရန် ဘာကြောင့် လိုအပ်ပါသနည်း။
---------------------------------------------------------------------------
Zawgyi Version
သုတ္တံကျမ်း ၄:၂၃ “နှလုံးသည်အသက်၏အခြေအမြစ် ဖြစ်သော ကြောင့်၊ သင်၏နှလုံးကို အထူးသဖြင့် စောင့်ရှောက် လော့။”
ဆင်ခြင်ရန်