သင်၏ ကြောက်ရွံ့ခြင်းတွေအစား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်ပါ။ | Trust God’s Word, Not Your Fears
Unicode Version
သင်၏ ကြောက်ရွံ့ခြင်းတွေအစား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို
ယုံကြည်ပါ။
ဆာလံကျမ်း ၄၀:၈ “အကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်၏အလိုကို ဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်း မြောက်ပါ၏။ ကိုယ်တော်၏တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာ ရှိပါ၏။”
ခရစ္စမတ်၏
ပညာရှိ အမျိုးသမီး (၃) ဉီးအကြောင်းကို ဆက်လက်လေ့လာရအောင်။ ယနေ့တွင် မာရိအကြောင်း ဖြစ်ပါတယ်။
သခင်ယေရှု၏ မိခင် ဖြစ်လာတဲ့ ငယ်ရွယ်သော အမျိုးသမီးဖြစ်ပါတယ်။ သူမ၏ ကြောက်ရွံ့ခြင်းတွေအစား
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်ဖို့ရန် ရွေးချယ်ခဲ့တဲ့ အချိန်ကာလတွေ ကျော်လွန်ကာ
သူမ၏ ဉာဏ်ပညာ အမြော်အမြင်ကို ဖော်ပြခဲ့ပါတယ်။
မာရိ၏
ရင်တွင်းခံစားချက်တွေဖြင့် သင့်ကိုယ်သင် ထည့်သွင်းပါ။ ဘယ်ယောကျ်ားနှင့်မျှ ပတ်သက်ခြင်းမျိုး
မရှိသော်ငြားလည်း ကောင်းကင်တမန်က သူမကို သားတစ်ဉီး မွေးဖွားရလိမ့်လည်ဟု ပြောတဲ့အချိန်မှာ
သူမသည် ၁၆ နှစ်ထက် မကြီးပါ။
သူမ ကလေး၏ ဖခင်
- ဘုရားသခင်။
မာရိ၏ အတွေးတွေထဲရှိ
ကြောက်ရွံ့မှု အားလုံးတို့ကို ခံစားမြင်ယောင်ကြည့်လိုက်ပါ။
ပထမဉီးစွာ
“အမေကို မည်ကဲ့သို့ ပြောပြရမည်နည်း” ဆိုတဲ့ ဝေဖန်မှုဆိုင်ရာ ကြောက်ရွံ့မှု ရှိပါမယ်။ “ဘုရားသခင် သားတော်၏ မိခင်တစ်ဉီး ဖြစ်ဖို့ရန် ကမ္ဘာက မည်သို့ယူဆမှုရှိမည်နည်း” ဆိုတဲ့ မတူညီသော ကြောက်ရွံ့မှု ရှိပါမယ်။ ပြီးတော့ “ဘယ်လို အကြောင်းတွေက အသက်တာကို
ပြောင်းလဲဖို့ ဖြစ်စေမည်နည်း” ဆိုတဲ့ ပြောင်းလဲမှုဆိုင်ရာ ကြောက်ရွံ့ခြင်းတွေကို သူမရင်ဆိုင်ခဲ့ရပါတယ်။
ကြောက်စိတ်ဝင်နေတဲ့
မာရိပေါ် သင်အပြစ်တင်လို့ မရနိုင်ပါ။
သို့ပေမဲ့
မာရိကို ကောင်းကင်တမန်က “ဘုရားသခင်တတ်နိုင်တော်မမူသော
အမှုမရှိ” ဟု ဆိုခဲ့ပါတယ်။ ရှင်လုကာခရစ်ဝင်ကျမ်း ၁:၃၇
ဘုရားသခင်၏
နှုတ်ကပတ်တော်ကို မာရိသိခဲ့ပါတယ်။ လုကာခရစ်ဝင်ကျမ်း နောက်ပိုင်းတွေမှာ ဓမ္မဟောင်း အခန်းငယ်
၁၀ ခုပါသော သီချင်းတစ်ပုဒ်ကို သီဆိုခဲ့ပါတယ်။ သမ္မာကျမ်းစာကို ရင်းနှီးကျွမ်းဝင်စွာ
သိရှိတဲ့အတွက် ထိုသီချင်းကို တကြိမ်တည်း ရေးသားနိုင်ခဲ့ပါတယ်။
ဒါကြောင့်
ကောင်းကင်တမန် သူမထံ လာရောက်ခဲ့တဲ့အချိန်တွင် နှုတ်ကပတ်တော်မှ သူမ သိရှိခဲ့သော ဘုရားသခင်၏
စစ်မှန်မှု အရာအားလုံးတို့ကို စိတ်နှလုံးထဲတွင် ထည့်သွင်းထားခဲ့ပါတယ်။ “ဘုရားသခင် ကျွန်မကို ချစ်တယ်။ ရွေးချယ်ခဲ့တယ်။ အတူရှိတော်မူသည်။
ဘုရားသခင် တတ်နိုင်တော် မမူသော အမှုမရှိပါ။ ဤအရာကို ကျွန်မ ကိုင်တွယ်နိုင်ခြင်းသည်
ကျွန်မ၏ ခွန်အားကြောင့်မဟုတ် ဘုရားသခင်၏ တည်ရှိခြင်းကြောင်းဖြစ်ပါတယ်”
ပြီးတော့
သူမ၏ ကြောက်ရွံ့ခြင်းတွေထက် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုသာ ယုံကြည်ဖို့ရန် ရွေးချယ်ခဲ့
ပါတယ်။ သူမ က “အကျွန်ုပ်သည် ထာဝရဘုရား၏ကျွန်မဖြစ်ပါ၏၊
ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ ဖြစ် ပါစေသောဟု ဝန်ခံပြီးမှ၊ ကောင်းကင်တမန်သည် မာရိထံမှသွားလေ၏။”
ရှင်လုကာ ခရစ်ဝင်ကျမ်း ၁:၃၈
မာရိသည်
ဘုရားသခင်၏ အလိုတော်ကို အမြော်အမြင်ရှိရှိ အပ်နှံခဲ့ပါတယ်။ ဒါဝိလ်မင်းကြီးပြောခဲ့သလိုမျိုး
သူမ ဖြစ်ခဲ့ပါတယ်။ “အကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်၏အလိုကို
ဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်း မြောက်ပါ၏။ ကိုယ်တော်၏တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာ
ရှိပါ၏။” ဆာလံကျမ်း ၄၀:၈
ပညာအမြော်အမြင်ရှိတဲ့သူတွေ
ပြောကြတာက “ကျွန်ုပ်အသက်တာအတွက် ဘုရားသခင် ဘယ်လိုအလိုတော်ရှိရှိ ၊ ကျွန်ုပ်နားမလည်သည့်တိုင်
အလိုတော်၌ရှိပြီး လုပ်ဆောင်ပါမည်”
သမ္မာကျမ်းစာတွင် “မာရိသည်ထိုအကြောင်းအရာအလုံးစုံတို့ကို မှတ်ကျုံး၍ စဉ်းစားဆင်ခြင်လျက်နေ၏”
ရှင်လုကာ ခရစ်ဝင်ကျမ်း ၂:၁၉
သူမ၏
ကြောက်စိတ်တွေအစား ဘုရားသခင်၏ စကားတော်ကို ယုံကြည်ဖို့ရန် ရွေးချယ်ခဲ့ခြင်းကြောင့် မာရိကို ဘုရားသခင် ကောင်းချီးပေးခဲ့ပါတယ်။ သင့်ကိုလည်း ထိုအတိုင်း လုပ်ဆောင်ဖို့ရန် အလိုတော်ရှိပါတယ်။
ဤခရစ္စမတ်ကာလသည်
အရင်ကထက် မသေချာ မရေရာမှုတွေ ပိုပြီး မြင်ရနိုင်ပါတယ်။ သို့ပေမဲ့ သင်၏ ကြောက်ရွံ့မှုတွေအစား
ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ယုံကြည်ခြင်းအားဖြင့် အမြော်အမြင်ရှိဖို့ရန် ဘုရားအလိုတော်ရှိပါတယ်။
ဆင်ခြင်ရန်
-
သင်၏ အသက်တာတွင် မည်သို့သော ပျက်စီးစေတဲ့ နည်းလမ်းတစ်ချို့တို့ဖြင့် ကြောက်ရွံ့မှုကို
ဖြေရှင်းပါသနည်း။
-
ယခုတွင် မည်သို့သော ကြောက်ရွံ့မှုတစ်ချို့ကို ရင်ဆိုင်နေရပါသနည်း။
-
ကြောက်ရွံ့မှုနှင့် ပတ်သက်ပြီး သမ္မာကျမ်းစာတွင် မည်သို့ ဆိုထားပါသနည်း။
-----------------------------------------------------------------------------
Zawgyi Version
သင္၏ ေၾကာက္႐ြံ႕ျခင္းေတြအစား ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ကို ယုံၾကည္ပါ။
ဆာလံက်မ္း ၄၀:၈ “အကြၽႏ္ုပ္၏ ဘုရားသခင္၊ ကိုယ္ေတာ္၏အလိုကို ေဆာင္ရာ၌ အကြၽႏ္ုပ္သည္ အားရဝမ္း ေျမာက္ပါ၏။ ကိုယ္ေတာ္၏တရားသည္လည္း အကြၽႏ္ုပ္ႏွလုံးထဲမွာ ရွိပါ၏။”
ခရစၥမတ္၏ ပညာရွိ အမ်ိဳးသမီး (၃) ဉီးအေၾကာင္းကို ဆက္လက္ေလ့လာရေအာင္။ ယေန႔တြင္ မာရိအေၾကာင္း ျဖစ္ပါတယ္။ သခင္ေယရႈ၏ မိခင္ ျဖစ္လာတဲ့ ငယ္႐ြယ္ေသာ အမ်ိဳးသမီးျဖစ္ပါတယ္။ သူမ၏ ေၾကာက္႐ြံ႕ျခင္းေတြအစား ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ကို ယုံၾကည္ဖို႔ရန္ ေ႐ြးခ်ယ္ခဲ့တဲ့ အခ်ိန္ကာလေတြ ေက်ာ္လြန္ကာ သူမ၏ ဉာဏ္ပညာ အေျမာ္အျမင္ကို ေဖာ္ျပခဲ့ပါတယ္။
မာရိ၏ ရင္တြင္းခံစားခ်က္ေတြျဖင့္ သင့္ကိုယ္သင္ ထည့္သြင္းပါ။ ဘယ္ေယာက်္ားႏွင့္မွ် ပတ္သက္ျခင္းမ်ိဳး မရွိေသာ္ျငားလည္း ေကာင္းကင္တမန္က သူမကို သားတစ္ဉီး ေမြးဖြားရလိမ့္လည္ဟု ေျပာတဲ့အခ်ိန္မွာ သူမသည္ ၁၆ ႏွစ္ထက္ မႀကီးပါ။
သူမ ကေလး၏ ဖခင္ - ဘုရားသခင္။
မာရိ၏ အေတြးေတြထဲရွိ ေၾကာက္႐ြံ႕မႈ အားလုံးတို႔ကို ခံစားျမင္ေယာင္ၾကည့္လိုက္ပါ။
ပထမဉီးစြာ “အေမကို မည္ကဲ့သို႔ ေျပာျပရမည္နည္း” ဆိုတဲ့ ေဝဖန္မႈဆိုင္ရာ ေၾကာက္႐ြံ႕မႈ ရွိပါမယ္။ “ဘုရားသခင္ သားေတာ္၏ မိခင္တစ္ဉီး ျဖစ္ဖို႔ရန္ ကမာၻက မည္သို႔ယူဆမႈရွိမည္နည္း” ဆိုတဲ့ မတူညီေသာ ေၾကာက္႐ြံ႕မႈ ရွိပါမယ္။ ၿပီးေတာ့ “ဘယ္လို အေၾကာင္းေတြက အသက္တာကို ေျပာင္းလဲဖို႔ ျဖစ္ေစမည္နည္း” ဆိုတဲ့ ေျပာင္းလဲမႈဆိုင္ရာ ေၾကာက္႐ြံ႕ျခင္းေတြကို သူမရင္ဆိုင္ခဲ့ရပါတယ္။
ေၾကာက္စိတ္ဝင္ေနတဲ့ မာရိေပၚ သင္အျပစ္တင္လို႔ မရႏိုင္ပါ။
သို႔ေပမဲ့ မာရိကို ေကာင္းကင္တမန္က “ဘုရားသခင္တတ္ႏိုင္ေတာ္မမူေသာ အမႈမရွိ” ဟု ဆိုခဲ့ပါတယ္။ ရွင္လုကာခရစ္ဝင္က်မ္း ၁:၃၇
ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ကို မာရိသိခဲ့ပါတယ္။ လုကာခရစ္ဝင္က်မ္း ေနာက္ပိုင္းေတြမွာ ဓမၼေဟာင္း အခန္းငယ္ ၁၀ ခုပါေသာ သီခ်င္းတစ္ပုဒ္ကို သီဆိုခဲ့ပါတယ္။ သမၼာက်မ္းစာကို ရင္းႏွီးကြၽမ္းဝင္စြာ သိရွိတဲ့အတြက္ ထိုသီခ်င္းကို တႀကိမ္တည္း ေရးသားႏိုင္ခဲ့ပါတယ္။
ဒါေၾကာင့္ ေကာင္းကင္တမန္ သူမထံ လာေရာက္ခဲ့တဲ့အခ်ိန္တြင္ ႏႈတ္ကပတ္ေတာ္မွ သူမ သိရွိခဲ့ေသာ ဘုရားသခင္၏ စစ္မွန္မႈ အရာအားလုံးတို႔ကို စိတ္ႏွလုံးထဲတြင္ ထည့္သြင္းထားခဲ့ပါတယ္။ “ဘုရားသခင္ ကြၽန္မကို ခ်စ္တယ္။ ေ႐ြးခ်ယ္ခဲ့တယ္။ အတူရွိေတာ္မူသည္။ ဘုရားသခင္ တတ္ႏိုင္ေတာ္ မမူေသာ အမႈမရွိပါ။ ဤအရာကို ကြၽန္မ ကိုင္တြယ္ႏိုင္ျခင္းသည္ ကြၽန္မ၏ ခြန္အားေၾကာင့္မဟုတ္ ဘုရားသခင္၏ တည္ရွိျခင္းေၾကာင္းျဖစ္ပါတယ္”
ၿပီးေတာ့ သူမ၏ ေၾကာက္႐ြံ႕ျခင္းေတြထက္ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ကိုသာ ယုံၾကည္ဖို႔ရန္ ေ႐ြးခ်ယ္ခဲ့ ပါတယ္။ သူမ က “အကြၽႏ္ုပ္သည္ ထာဝရဘုရား၏ကြၽန္မျဖစ္ပါ၏၊ ကိုယ္ေတာ္၏စကားအတိုင္း အကြၽႏ္ုပ္၌ ျဖစ္ ပါေစေသာဟု ဝန္ခံၿပီးမွ၊ ေကာင္းကင္တမန္သည္ မာရိထံမွသြားေလ၏။” ရွင္လုကာ ခရစ္ဝင္က်မ္း ၁:၃၈
မာရိသည္ ဘုရားသခင္၏ အလိုေတာ္ကို အေျမာ္အျမင္ရွိရွိ အပ္ႏွံခဲ့ပါတယ္။ ဒါဝိလ္မင္းႀကီးေျပာခဲ့သလိုမ်ိဳး သူမ ျဖစ္ခဲ့ပါတယ္။ “အကြၽႏ္ုပ္၏ ဘုရားသခင္၊ ကိုယ္ေတာ္၏အလိုကို ေဆာင္ရာ၌ အကြၽႏ္ုပ္သည္ အားရဝမ္း ေျမာက္ပါ၏။ ကိုယ္ေတာ္၏တရားသည္လည္း အကြၽႏ္ုပ္ႏွလုံးထဲမွာ ရွိပါ၏။” ဆာလံက်မ္း ၄၀:၈
ပညာအေျမာ္အျမင္ရွိတဲ့သူေတြ ေျပာၾကတာက “ကြၽႏ္ုပ္အသက္တာအတြက္ ဘုရားသခင္ ဘယ္လိုအလိုေတာ္ရွိရွိ ၊ ကြၽႏ္ုပ္နားမလည္သည့္တိုင္ အလိုေတာ္၌ရွိၿပီး လုပ္ေဆာင္ပါမည္”
သမၼာက်မ္းစာတြင္ “မာရိသည္ထိုအေၾကာင္းအရာအလုံးစုံတို႔ကို မွတ္က်ဳံး၍ စဥ္းစားဆင္ျခင္လ်က္ေန၏” ရွင္လုကာ ခရစ္ဝင္က်မ္း ၂:၁၉
သူမ၏ ေၾကာက္စိတ္ေတြအစား ဘုရားသခင္၏ စကားေတာ္ကို ယုံၾကည္ဖို႔ရန္ ေ႐ြးခ်ယ္ခဲ့ျခင္းေၾကာင့္ မာရိကို ဘုရားသခင္ ေကာင္းခ်ီးေပးခဲ့ပါတယ္။ သင့္ကိုလည္း ထိုအတိုင္း လုပ္ေဆာင္ဖို႔ရန္ အလိုေတာ္ရွိပါတယ္။
ဤခရစၥမတ္ကာလသည္ အရင္ကထက္ မေသခ်ာ မေရရာမႈေတြ ပိုၿပီး ျမင္ရႏိုင္ပါတယ္။ သို႔ေပမဲ့ သင္၏ ေၾကာက္႐ြံ႕မႈေတြအစား ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္တို႔ကို ယုံၾကည္ျခင္းအားျဖင့္ အေျမာ္အျမင္ရွိဖို႔ရန္ ဘုရားအလိုေတာ္ရွိပါတယ္။
ဆင္ျခင္ရန္
- သင္၏ အသက္တာတြင္ မည္သို႔ေသာ ပ်က္စီးေစတဲ့ နည္းလမ္းတစ္ခ်ိဳ႕တို႔ျဖင့္ ေၾကာက္႐ြံ႕မႈကို ေျဖရွင္းပါသနည္း။
- ယခုတြင္ မည္သို႔ေသာ ေၾကာက္႐ြံ႕မႈတစ္ခ်ိဳ႕ကို ရင္ဆိုင္ေနရပါသနည္း။
- ေၾကာက္႐ြံ႕မႈႏွင့္ ပတ္သက္ၿပီး သမၼာက်မ္းစာတြင္ မည္သို႔ ဆိုထားပါသနည္း။