ဘုရားသခင်၏ အချိန်ကိုက်မှုသည် အံမဝင်သည့်အခါမှာပင် သူ၏ အစီအစဉ်ကို ယုံကြည်ပါ။ | Trust God’s Plan, Even When His Timing Doesn’t Make Sense

 Unicode Version

ဘုရားသခင်၏ အချိန်ကိုက်မှုသည် အံမဝင်သည့်အခါမှာပင် သူ၏ အစီအစဉ်ကို ယုံကြည်ပါ။


ရှင်လုကာခရစ်ဝင်ကျမ်း ၁:၂၀ “သင်သည် ငါ့စကားကိုမယုံသောကြောင့် ဤအကြောင်းအရာမဖြစ်မှီနေ့တိုင်အောင် စကားမပြော နိုင်ဘဲ၊ အလျက်နေလိမ့်မည်။ ငါ့စကားသည်ကား၊ အချိန်တန်လျှင် ပြည့်စုံလိမ့်မည်ဟု ပြောဆို၏။

 

ပညာအမြော်အမြင်ရှိတဲ့သူတွေနှင့် ပတ်သက်ပြီး သင်သိပါမည်။ သို့ပေမဲ့ ခရစ္စမတ် အကြောင်းတွင်လည်း ပညာရှိ အမျိုးသမီး (၃) ဉီးပါဝင်ပါတယ်။ ဧလိရှဗက် ၊ မာရိ နှင့် အန္န တို့ဖြစ်ပါတယ်။

မတူညီသော အသက်တာကိုယ်စီဖြင့် ရှိနေကြပြီး တစ်ဉီးက အိမ်ထောင်ရှိအမျိုးသမီး ၊ တစ်ဉီးက တစ်ကိုယ်ရေ တကာယ နှင့် ကျန်တစ်ဉီးမှာ မုဆိုးမ ဖြစ်ကြပါတယ်။ တစ်ဉီးတစ်ယောက်ချင်းစီတို့သည် အမြော်အမြင်ရှိသော ဆုံးဖြတ်ချက် တွေကို ချခဲ့ကြပါတယ်။ ထိုဆုံးဖြတ်ချက်တွေကို ယနေ့ ကျွန်ုပ်တို့ လေ့လာသင် ယူနိုင်ပါတယ်။

 

သူတို့၏ ဆုံးဖြတ်ချက်တွေသည် ကျွန်ုပ်တို့အားလုံး လုပ်ဆောင်ဖို့ရန် လိုအပ်သော တူညီမှုတွေ ရှိကြပါတယ်။ ကျွန်ုပ်တို့၏ ခါးသီးမှုတွေအစား ဘုရားသခင်၏ အကြံအစည်တော်ကို ယုံကြည်ဖို့ရန် ၊ ကျွန်ုပ်တို့၏ မျက်ရည်များအစား ဘုရားသခင်ကို ယုံကြည်ဖို့ရန် နှင့် ကျွန်ုပ်တို့၏ စိတ်ပျက်စရာများအစား ဘုရားသခင်၏ တည်ရှိခြင်းပေါ် မျက်မှောက်ပြုဖို့ရန် ဖြစ်ပါတယ်။

 

ထိုအမျိုးသမီး (၃) ဉီးတို့၏ ယုံကြည်ခြင်းပေါ်တည်ပြီး ပြုခဲ့တဲ့ ဆုံးဖြတ်တွေနှင့် ပတ်သက်၍ လာမည့် ရက်တွေမှာ လေ့လာရဖို့ ရှိပါတယ်။

 

ယနေ့တွင် ဧလိရှဗက် အကြောင်းပေါ့။ ဘုရားသခင် လုပ်ဆောင်နေသော အရာကို သင်မမြင်သည့်တိုင် သင်၏ စိတ်ပျက်စရာတွေ ၊ ခေါင်းကိုက်စရာတွေကို ဧလိရှဗက်၏ ဇာတ်ကြောင်းကနေ ဘုရားသခင် ဖော်ပြပေးပါတယ်။

 

ဧလိရှဗက်နှင့် ခင်ပွန်း ဇာခရိတို့သည် ဖြောင့်မတ်ပြီး ဘုရားတရား ကြည်ညိုသူများဖြစ်ကြောင်း သမ္မာကျမ်းစာက ဆိုပါတယ်။ သို့ပေမဲ့ သားသမီး မရရှိနိုင်ကြသောကြောင့် စိတ်နှလုံး ကျိုးပဲ့ နေခဲ့ကြပါတယ်။ သားသမီးရရှိဖို့ရန် ဧလိရှဗက် သည် နှစ်ပေါင်းများစွာ ဆုတောင်းခဲ့ပါတယ်။ သို့ပေမဲ့ ကလေးရနိုင်မည့် အသက်အပိုင်းအခြားတစ်ခုကို ကျော်လွန်ခဲ့ပြီး သူ၏ အကြီးမားဆုံးနှင့် နှစ်ကာလရှည်စွာ ကြာခဲ့သော ဆုတောင်းသည် အဖြေမရရှိခဲ့ပါ။

 

အရာရာကို မှန်ကန်စွာ သူမ လုပ်ဆောင်ခဲ့ပါတယ်။ သို့ပေမဲ့ သူ အလိုချင်ဆုံးအရာကို ဘုရားသခင် မပေးအပ်စဲပါ။ ဘုရားသခင်ကို နားကြည်းစေဖို့ရန် စုံစမ်းခြင်းကို ကြုံတွေ့ခဲ့ရပါတယ်။

 

သို့ပေမဲ့ သူမ၏ အမြော်အမြင် ဉာဏ်ပညာဖြင့် ဘုရားသခင်ကို စိတ်ဆိုးဖို့ရန် မရွေးချယ်ခဲ့ပါ။ ၎င်းအစား ဆက်လက်ဆုတောင်းခြင်းနှင့် ဘုရားသခင်အား ယုံကြည်ဖို့ရန်သာ သူမ ရွေးချယ်ပါတယ်။ ထို့နောက် အချိန်ကျရောက်လာတဲ့အခါမှာ သူမကို ဘုရားသခင် အဖြေပေးခဲ့ပါတယ်။ သားတစ်ဉီးဖြစ်တဲ့ နှစ်ခြင်းဆရာ ယောဟန် ကို ပေးခဲ့ပါတယ်။ သူသည် ကယ်တင်ရှင် ယေရှုအတွက် လမ်းပြင်ဆင်ပေးမည့် သူဖြစ်ပါတယ်။

 

အကယ်၍ ယောဟန်သည် တခြားသော အချိန်ကာလ၌ မွေးဖွားလာပါလျှင် သခင်ယေရှုအတွက် ပြင်ဆင်ခြင်းဆိုတဲ့ သူ၏ ရည်ရွယ်ချက်တို့ကို ပြီးပြည့်စုံ စေနိုင်မှာ မဟုတ်ပါဘူး။ သခင်ယေရှု နှင့် အချိန်ကာလ တစ်ခုတည်းတွင် မွေးဖွားဖို့ရန် လိုအပ်ခဲ့ပါတယ်။

ဧလိရှဗက်သည် ဘုရားသခင် သူမ၏ ဆုတောင်းကို ကြားသည်ဖြစ်စေ ၊ မကြားသည်ဖြစ်စေ တစ်ချိန်တည်းမှာပင် ဆုတောင်းခြင်းကို ပြုနေခဲ့ပါတယ်။ သို့ပေမဲ့ ဘုရားသခင်၏ အကြံအစည်တော်ကို သူမယုံကြည်နေခဲ့ပါတယ်။ ဘုရားသခင်၏ အချိန်ကိုက်မှုသည် သူမထက် ပိုပြီး ကောင်းမွန်တယ်ဆိုတာကို ယုံကြည်ခဲ့ပါတယ်။

 

ဧလိရှဗက် နည်းတူ သင်၌လည်း ဖြစ်ပါတယ်။ ဘုရားသခင်၏ ကြန့်ကြာမှုသည် ငြင်းပယ်နေခြင်း မဟုတ်ပါ။ ပညာအမြော်အမြင်ရှိတဲ့သူသည် “ငြင်းပယ်ခြင်း” နှင့် “မဖြစ်သေး” ကြားက ခြားနားမှုကို သိပါတယ်။ စိတ်ပျက်ဖွယ်ရာ ၊ အားမလိုအားမရဖြစ်ခြင်းနှင့် ကြန့်ကြာမှုတွေ ဖြစ်လာတဲ့အခါမှာ ပညာအမြော်အမြင်ရှိတဲ့ သူသည် ခါးသီးမှုဖြစ်မည့်အစား ဘုရားသခင်ကို ယုံကြည်နေပါလိမ့်မည်။

 

ဧလိရှဗက်လိုပင် သင်သည်လည်း ဤနှစ်တွင် အစီအစဉ်တွေ ဆွဲဖို့ ရှိကောင်းရှိပါမည်။ Covid-19 သည် ကျောင်းများနှင့် စီးပွားရေး လုပ်ငန်းတို့ကို ပိတ်ထားစေခဲ့ပါတယ်။ ဤအရာက မင်္ဂလာဆောင်နှင့် အသုဘ လုပ်ဆောင်မှုပုံစံကိုပါ ပြောင်းလဲစေခဲ့ပါတယ်။ ဤနှစ်မှာ ကျွန်ုပ်တို့ ကျင်းပတဲ့ ခရစ္စမတ်ကိုပင် ပြောင်းလဲ ခဲ့ပါတယ်။

 

သို့ပေမဲ့ ဧလိရှဗက်နှင့် ဇာခရိလိုပင် အခြေအနေတွေက စိန်ခေါ်နေသည့်တိုင် ဘုရားသခင်ကို ယုံကြည်ဖို့ရန် သင်ရွေးချယ်နိုင်ပါတယ်။

ကောင်းကင်တမန်သည် ဇာခရိထံ ရောက်လာပြီး “ဇာခရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်ပြုသော ပဌနာကိုနာ ခံတော်မူပြီ။ သင်၏ခင်ပွန်းဧလိရှဗက်သည် သားယောက်ျားကိုဘွားမြင်လိမ့်မည်။ ထိုသားကို ယောဟန်အမည်ဖြင့် မှည့်ရမည်။” ရှင်လုကာခရစ်ဝင်ကျမ်း ၁:၁၃

 

သင့်ထံ ကောင်းကင်တမန် လာရောက်ခြင်း ရှိမည်မဟုတ်သော်လည်း သင်၏ဆုတောင်းကို ဘုရားသခင် ကြားရတယ်ဆိုတာကို သင်သိနိုင်ပါတယ်။ ကြန့်ကြာနေသော ဆုတောင်းက ငြင်းပယ်နေခြင်း မဟုတ်ပါ။ မြဲမြံသော ဆုတောင်းကို ဘုရားသခင် နားညောင်းတော်မူမည်ကို ဘုရားသခင် ကတိပေးထားပါတယ်။

 

ဤခရစ္စမတ် ရာသီသည် ဧလိရှဗက်လို အမြော်အမြင်ရှဖို့ရန် ရွေးချယ်ပါတယ်။ ဘုရားသခင် ဘာကို လုပ်ဆောင်နေသည်ကို သင်မမြင်ရသည့်တိုင် ဘုရားသခင်သည် သင်၏ဆုတောင်းကို ကြားရပြီး သင်၏ အခြေအနေပေါ်တွင် လုပ်ဆောင်မှုပြုနေတယ်ဆိုတာကို ယုံကြည်ဖို့ရန် ရွေးချယ်ပါ။

 

ဆင်ခြင်ရန်

- သင်၏ ကြာမြင့်စွာ ဘုရားထံ တောင်းလျှောက်သော အရာက မည်သို့နည်း။ ကြန့်ကြာမှုကို သင်မည်သို့ လက်ခံထားပါသနည်း။

- သင်၏ ဆုတောင်းချက်ကို ဖြေကြားသည့် ဘုရား၏အချိန်သည် သင်၏အချိန်ထက် မည်ကဲ့သို့ ပိုကောင်းပါသနည်း။

- မခြားမလပ်ဆုတောင်းခြင်းဖြင့် ဘုရားသခင်ကို သင်ယုံကြည်ကိုးစားပါလျှင် လာမည့ ၂၀၂၁ သည် မည်သို့ ထူးခြားမှု ဖြစ်စေပါမည်နည်း။


-------------------------------------------------------------------------

Zawgyi Version

ဘုရားသခင္၏ အခ်ိန္ကိုက္မႈသည္ အံမဝင္သည့္အခါမွာပင္ သူ၏ အစီအစဥ္ကို ယုံၾကည္ပါ။


ရွင္လုကာခရစ္ဝင္က်မ္း ၁:၂၀ “သင္သည္ ငါ့စကားကိုမယုံေသာေၾကာင့္ ဤအေၾကာင္းအရာမျဖစ္မွီေန႔တိုင္ေအာင္ စကားမေျပာ ႏိုင္ဘဲ၊ အလ်က္ေနလိမ့္မည္။ ငါ့စကားသည္ကား၊ အခ်ိန္တန္လွ်င္ ျပည့္စုံလိမ့္မည္ဟု ေျပာဆို၏။”


ပညာအေျမာ္အျမင္ရွိတဲ့သူေတြႏွင့္ ပတ္သက္ၿပီး သင္သိပါမည္။ သို႔ေပမဲ့ ခရစၥမတ္ အေၾကာင္းတြင္လည္း ပညာရွိ အမ်ိဳးသမီး (၃) ဉီးပါဝင္ပါတယ္။ ဧလိရွဗက္ ၊ မာရိ ႏွင့္ အႏၷ တို႔ျဖစ္ပါတယ္။

မတူညီေသာ အသက္တာကိုယ္စီျဖင့္ ရွိေနၾကၿပီး တစ္ဉီးက အိမ္ေထာင္ရွိအမ်ိဳးသမီး ၊ တစ္ဉီးက တစ္ကိုယ္ေရ တကာယ ႏွင့္ က်န္တစ္ဉီးမွာ မုဆိုးမ ျဖစ္ၾကပါတယ္။ တစ္ဉီးတစ္ေယာက္ခ်င္းစီတို႔သည္ အေျမာ္အျမင္ရွိေသာ ဆုံးျဖတ္ခ်က္ ေတြကို ခ်ခဲ့ၾကပါတယ္။ ထိုဆုံးျဖတ္ခ်က္ေတြကို ယေန႔ ကြၽႏ္ုပ္တို႔ ေလ့လာသင္ ယူႏိုင္ပါတယ္။


သူတို႔၏ ဆုံးျဖတ္ခ်က္ေတြသည္ ကြၽႏ္ုပ္တို႔အားလုံး လုပ္ေဆာင္ဖို႔ရန္ လိုအပ္ေသာ တူညီမႈေတြ ရွိၾကပါတယ္။ ကြၽႏ္ုပ္တို႔၏ ခါးသီးမႈေတြအစား ဘုရားသခင္၏ အႀကံအစည္ေတာ္ကို ယုံၾကည္ဖို႔ရန္ ၊ ကြၽႏ္ုပ္တို႔၏ မ်က္ရည္မ်ားအစား ဘုရားသခင္ကို ယုံၾကည္ဖို႔ရန္ ႏွင့္ ကြၽႏ္ုပ္တို႔၏ စိတ္ပ်က္စရာမ်ားအစား ဘုရားသခင္၏ တည္ရွိျခင္းေပၚ မ်က္ေမွာက္ျပဳဖို႔ရန္ ျဖစ္ပါတယ္။


ထိုအမ်ိဳးသမီး (၃) ဉီးတို႔၏ ယုံၾကည္ျခင္းေပၚတည္ၿပီး ျပဳခဲ့တဲ့ ဆုံးျဖတ္ေတြႏွင့္ ပတ္သက္၍ လာမည့္ ရက္ေတြမွာ ေလ့လာရဖို႔ ရွိပါတယ္။


ယေန႔တြင္ ဧလိရွဗက္ အေၾကာင္းေပါ့။ ဘုရားသခင္ လုပ္ေဆာင္ေနေသာ အရာကို သင္မျမင္သည့္တိုင္ သင္၏ စိတ္ပ်က္စရာေတြ ၊ ေခါင္းကိုက္စရာေတြကို ဧလိရွဗက္၏ ဇာတ္ေၾကာင္းကေန ဘုရားသခင္ ေဖာ္ျပေပးပါတယ္။ 


ဧလိရွဗက္ႏွင့္ ခင္ပြန္း ဇာခရိတို႔သည္ ေျဖာင့္မတ္ၿပီး ဘုရားတရား ၾကည္ညိဳသူမ်ားျဖစ္ေၾကာင္း သမၼာက်မ္းစာက ဆိုပါတယ္။ သို႔ေပမဲ့ သားသမီး မရရွိႏိုင္ၾကေသာေၾကာင့္ စိတ္ႏွလုံး က်ိဳးပဲ့ ေနခဲ့ၾကပါတယ္။ သားသမီးရရွိဖို႔ရန္ ဧလိရွဗက္ သည္ ႏွစ္ေပါင္းမ်ားစြာ ဆုေတာင္းခဲ့ပါတယ္။ သို႔ေပမဲ့ ကေလးရႏိုင္မည့္ အသက္အပိုင္းအျခားတစ္ခုကို ေက်ာ္လြန္ခဲ့ၿပီး သူ၏ အႀကီးမားဆုံးႏွင့္ ႏွစ္ကာလရွည္စြာ ၾကာခဲ့ေသာ ဆုေတာင္းသည္ အေျဖမရရွိခဲ့ပါ။


အရာရာကို မွန္ကန္စြာ သူမ လုပ္ေဆာင္ခဲ့ပါတယ္။ သို႔ေပမဲ့ သူ အလိုခ်င္ဆုံးအရာကို ဘုရားသခင္ မေပးအပ္စဲပါ။ ဘုရားသခင္ကို နားၾကည္းေစဖို႔ရန္ စုံစမ္းျခင္းကို ႀကဳံေတြ႕ခဲ့ရပါတယ္။


သို႔ေပမဲ့ သူမ၏ အေျမာ္အျမင္ ဉာဏ္ပညာျဖင့္ ဘုရားသခင္ကို စိတ္ဆိုးဖို႔ရန္ မေ႐ြးခ်ယ္ခဲ့ပါ။ ၎အစား ဆက္လက္ဆုေတာင္းျခင္းႏွင့္ ဘုရားသခင္အား ယုံၾကည္ဖို႔ရန္သာ သူမ ေ႐ြးခ်ယ္ပါတယ္။ ထို႔ေနာက္ အခ်ိန္က်ေရာက္လာတဲ့အခါမွာ သူမကို ဘုရားသခင္ အေျဖေပးခဲ့ပါတယ္။ သားတစ္ဉီးျဖစ္တဲ့ ႏွစ္ျခင္းဆရာ ေယာဟန္ ကို ေပးခဲ့ပါတယ္။ သူသည္ ကယ္တင္ရွင္ ေယရႈအတြက္ လမ္းျပင္ဆင္ေပးမည့္ သူျဖစ္ပါတယ္။ 


အကယ္၍ ေယာဟန္သည္ တျခားေသာ အခ်ိန္ကာလ၌ ေမြးဖြားလာပါလွ်င္ သခင္ေယရႈအတြက္ ျပင္ဆင္ျခင္းဆိုတဲ့ သူ၏ ရည္႐ြယ္ခ်က္တို႔ကို ၿပီးျပည့္စုံ ေစႏိုင္မွာ မဟုတ္ပါဘူး။ သခင္ေယရႈ ႏွင့္ အခ်ိန္ကာလ တစ္ခုတည္းတြင္ ေမြးဖြားဖို႔ရန္ လိုအပ္ခဲ့ပါတယ္။

ဧလိရွဗက္သည္ ဘုရားသခင္ သူမ၏ ဆုေတာင္းကို ၾကားသည္ျဖစ္ေစ ၊ မၾကားသည္ျဖစ္ေစ တစ္ခ်ိန္တည္းမွာပင္ ဆုေတာင္းျခင္းကို ျပဳေနခဲ့ပါတယ္။ သို႔ေပမဲ့ ဘုရားသခင္၏ အႀကံအစည္ေတာ္ကို သူမယုံၾကည္ေနခဲ့ပါတယ္။ ဘုရားသခင္၏ အခ်ိန္ကိုက္မႈသည္ သူမထက္ ပိုၿပီး ေကာင္းမြန္တယ္ဆိုတာကို ယုံၾကည္ခဲ့ပါတယ္။ 


ဧလိရွဗက္ နည္းတူ သင္၌လည္း ျဖစ္ပါတယ္။ ဘုရားသခင္၏ ၾကန႔္ၾကာမႈသည္ ျငင္းပယ္ေနျခင္း မဟုတ္ပါ။ ပညာအေျမာ္အျမင္ရွိတဲ့သူသည္ “ျငင္းပယ္ျခင္း” ႏွင့္ “မျဖစ္ေသး” ၾကားက ျခားနားမႈကို သိပါတယ္။ စိတ္ပ်က္ဖြယ္ရာ ၊ အားမလိုအားမရျဖစ္ျခင္းႏွင့္ ၾကန႔္ၾကာမႈေတြ ျဖစ္လာတဲ့အခါမွာ ပညာအေျမာ္အျမင္ရွိတဲ့ သူသည္ ခါးသီးမႈျဖစ္မည့္အစား ဘုရားသခင္ကို ယုံၾကည္ေနပါလိမ့္မည္။


ဧလိရွဗက္လိုပင္ သင္သည္လည္း ဤႏွစ္တြင္ အစီအစဥ္ေတြ ဆြဲဖို႔ ရွိေကာင္းရွိပါမည္။ Covid-19 သည္ ေက်ာင္းမ်ားႏွင့္ စီးပြားေရး လုပ္ငန္းတို႔ကို ပိတ္ထားေစခဲ့ပါတယ္။ ဤအရာက မဂၤလာေဆာင္ႏွင့္ အသုဘ လုပ္ေဆာင္မႈပုံစံကိုပါ ေျပာင္းလဲေစခဲ့ပါတယ္။ ဤႏွစ္မွာ ကြၽႏ္ုပ္တို႔ က်င္းပတဲ့ ခရစၥမတ္ကိုပင္ ေျပာင္းလဲ ခဲ့ပါတယ္။


သို႔ေပမဲ့ ဧလိရွဗက္ႏွင့္ ဇာခရိလိုပင္ အေျခအေနေတြက စိန္ေခၚေနသည့္တိုင္ ဘုရားသခင္ကို ယုံၾကည္ဖို႔ရန္ သင္ေ႐ြးခ်ယ္ႏိုင္ပါတယ္။

ေကာင္းကင္တမန္သည္ ဇာခရိထံ ေရာက္လာၿပီး “ဇာခရိ၊ ေၾကာက္႐ြံ႕ျခင္းမရွိႏွင့္။ သင္ျပဳေသာ ပဌနာကိုနာ ခံေတာ္မူၿပီ။ သင္၏ခင္ပြန္းဧလိရွဗက္သည္ သားေယာက္်ားကိုဘြားျမင္လိမ့္မည္။ ထိုသားကို ေယာဟန္အမည္ျဖင့္ မွည့္ရမည္။” ရွင္လုကာခရစ္ဝင္က်မ္း ၁:၁၃


သင့္ထံ ေကာင္းကင္တမန္ လာေရာက္ျခင္း ရွိမည္မဟုတ္ေသာ္လည္း သင္၏ဆုေတာင္းကို ဘုရားသခင္ ၾကားရတယ္ဆိုတာကို သင္သိႏိုင္ပါတယ္။ ၾကန႔္ၾကာေနေသာ ဆုေတာင္းက ျငင္းပယ္ေနျခင္း မဟုတ္ပါ။ ၿမဲၿမံေသာ ဆုေတာင္းကို ဘုရားသခင္ နားေညာင္းေတာ္မူမည္ကို ဘုရားသခင္ ကတိေပးထားပါတယ္။


ဤခရစၥမတ္ ရာသီသည္ ဧလိရွဗက္လို အေျမာ္အျမင္ရွဖို႔ရန္ ေ႐ြးခ်ယ္ပါတယ္။ ဘုရားသခင္ ဘာကို လုပ္ေဆာင္ေနသည္ကို သင္မျမင္ရသည့္တိုင္ ဘုရားသခင္သည္ သင္၏ဆုေတာင္းကို ၾကားရၿပီး သင္၏ အေျခအေနေပၚတြင္ လုပ္ေဆာင္မႈျပဳေနတယ္ဆိုတာကို ယုံၾကည္ဖို႔ရန္ ေ႐ြးခ်ယ္ပါ။ 


ဆင္ျခင္ရန္

- သင္၏ ၾကာျမင့္စြာ ဘုရားထံ ေတာင္းေလွ်ာက္ေသာ အရာက မည္သို႔နည္း။ ၾကန႔္ၾကာမႈကို သင္မည္သို႔ လက္ခံထားပါသနည္း။

- သင္၏ ဆုေတာင္းခ်က္ကို ေျဖၾကားသည့္ ဘုရား၏အခ်ိန္သည္ သင္၏အခ်ိန္ထက္ မည္ကဲ့သို႔ ပိုေကာင္းပါသနည္း။

- မျခားမလပ္ဆုေတာင္းျခင္းျဖင့္ ဘုရားသခင္ကို သင္ယုံၾကည္ကိုးစားပါလွ်င္ လာမည့ ၂၀၂၁ သည္ မည္သို႔ ထူးျခားမႈ ျဖစ္ေစပါမည္နည္း။