နက်ဖြန်အတွက် ပြင်ဆင်ပါ။ သို့ပေမဲ့ ယနေ့အတွက် အသက်ရှင်ပါ။ | Plan for Tomorrow but Live for Today
 Unicode Version
နက်ဖြန်အတွက် ပြင်ဆင်ပါ။ သို့ပေမဲ့ ယနေ့အတွက် အသက်ရှင်ပါ။
ရှင်မဿဲခရစ်ဝင်ကျမ်း ၆:၃၄ “ထို့ကြောင့် နက်ဖြန်အဘို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဘို့စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သောအရာသည် ယခုနေ့ဘို့ လောက်ပေ၏။
အနာဂတ်နှင့် ပတ်သက်ပြီး ကောင်းသောအရာတွေသည် သင်တို့အားလုံးပေါ် မသက်ရောက်နိုင်ပါ။ တစ်ကြိမ် တစ်ခါ သင်စွန့်ပစ်ခြင်းခံရက သင့်အသက်တာတစ်ခုလုံးကို ထိခိုက်စေဖို့ရန် သံသယဖြစ်စရာမရှိပါ။ ဒါကြောင့် ဘုရားသခင်က သင့်အား ၂၄ နာရီ အပိုင်းအကန့် လေးကို ပေးထားခြင်း ဖြစ်ပါတယ်။
ဘုရားသခင် သင့်အား တစ်ရက်လျှင် တစ်ရက်အချိန် အသက်တာကို ပေးသည်နှင့်အမျှ သင်၏ အသက်တာကို မည်ကဲ့သို့ ချဉ်းကပ်မလဲဆိုတာကို သူမျှော်လင့်ပါတယ်။ တစ်ရက်တာအတွက် အသက်ရှင်သန်နေထိုင်းရင် ရေတွက်နေလိုက်ပါ။
သခင်ယေရှု သွန်သင်ထားသည်မှာ ရှင်မဿဲခရစ်ဝင်ကျမ်း ၆:၃၄ “ထို့ကြောင့် နက်ဖြန်အဘို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဘို့စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သောအရာသည် ယခုနေ့ဘို့ လောက်ပေ၏။
ပြသနာတွေ သယ်ယူနေခြင်းကို ရပ်တန့်ဖို့ရန် သခင်ယေရှုသည် ပြောနေပါတယ်။ နောက်တစ်ပတ်တွင် တစ်စုံတစ် ခု ဖြစ်လာပါလျှင် ထိုနေ့ရက်အတွက် ယနေ့တွင် ဘာကြောင့် စိုးရိမ်နေပြီး ဘာကြောင့် စိတ်ပျက် နေမှာလဲ။
စိုးရိမ်ခြင်းက ဖြစ်ပျက်မှု အတိတ်ကာလတွေကို မပြောင်းလဲစေနိုင်ပါ။ အနာဂတ်ကိုလည်း ထိန်းချုပ်ခြင်း မပြုနိုင်ပါ။ စိုးရိမ်ခြင်းက သင့်ကို ယနေ့တွင် စိတ်ဆင်းရဲစေပါတယ်။
သင်လိုအပ်သော ကောင်းချီးအားလုံးကို ဘုရားသခင်ပေးပါတယ်။ သို့ပေမဲ့ ယနေ့အတွက် ၊ နေ့ရက်တိုင်းအတွက် လုံလောက်ပါတယ်။ သင့်အသက်တာအတွက် သူ၏တန်းခိုးတော်တွေကို နောက်တစ်ပတ် (သို့) နောက်လတွေ အတွက် ပေးဖို့ရန်  သိုလှောင်ထားခြင်းမဟုတ်ပါ။ “နေ့စဉ်စားစရာကို ယနေ့တွင်ပေးသနားတော်မူပါ” လို့ ဆု တောင်းဖို့ရန် သခင်ယေရှုဆိုပါတယ်။ အသက်တာကို တစ်ရက်တာအချိန်တွေဖြင့် ယူဆောင်ဖို့ရန် အလိုတော်ရှိ ပါသည်။
အနာဂတ်ကို မည်သည့်အရာက ထိန်းချုပ်သည်ကို သင်မသိတဲ့အခါ တစ်ရက်တာအချိန်လေးကို အသက်တာ တစ်လျှောက် ယူဆောင်နိုင်ပါတယ်။ ၎င်းသည် သင့်အား လုပ်ဆောင်စေလိုသော ရည်ရွယ်ရာ ဖြစ်ပါတယ်။
အရာအားလုံး မသေချာတဲ့အခါမှာ အနာဂတ်အတွက် အမြော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်ကို ပြုဖို့ရန် သင်မသိပါ။ ယနေ့အတွက်သာ ဂရုပြုလိုက်ပါ။ ဘုရားသခင်ကလည်း သင့်ကို နက်ဖြန်အတွက် မစိုးရိမ်စေချင်ပါ။ သို့ပေမဲ့ ထိုအရာနှင့်ပတ်သက်ပြီးလည်း သင့်ကို ယူဆမှုပြုဖို့ရန်လည်း မဖြစ်စေချင်ပါ။ အနာဂတ်အတွက် ဘုရားခင်ကို ယုံကြည်ပြီး အကြံအစည်တွေ ၊ ဆုတောင်းမှုတွေ ပြုဖို့ အရေးကြီပါတယ်။ သို့ပေမဲ့ သင်၏ ယနေ့ခွန်အားတို့ကို ယနေ့တွင် ရေတွက်ဖို့ရန် ဘုရားသခင် မျှော်လင့်ပါတယ်။
အထူးသဖြင့် ကပ်ဘေးကာလအတွင်း ဤအရာကို လုပ်ဆောင်ဖို့ အကောင်းဆုံး နည်းလမ်းက သင်၏ လူမှုကွန်ယက် အသုံးပြုခြင်းတွေကို လျော့ချဖို့ ဖြစ်ပါတယ်။ သင်၏ ဝိညာဉ်ရေးရာကြီးထွားခြင်း နှင့် ယခုတွင် သင့်၏ အကူအညီ လိုအပ်နေသူတို့ကို ပြုစုစောင့်ရှောက်ခြင်းစသော ဘုရားသခင် ဂရုစိုက်ပြီး မေတ္တာထား တဲ့အရာ တွေပေါ် အာရုံထားပါ။ ဤအရာကတော့ သင်၏တစ်နေ့တာ ရေတွက်စေတဲ့ ပုံစံဖြစ်ပါတယ်။
သုတ္တံ ၂၇:၁ “နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တရက် အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်။
အသက်တာရှိ အရာအားလုံး မရှင်းလင်းနေတဲ့ ပုံစံဖြစ်နေတဲ့အခါမှာ ၎င်းသည် သင်ရရှိနိုင်သမျှ အရှင်းလင်းဆုံး အကြောင်းတရား ဖြစ်ပါတယ်။
မနက်ဖြန် အတွက် ကြံစည်ပါ။ သို့ပေမဲ့ ယနေ့အတွက် အသက်ရှင်နေထိုင်ပါ။ ဘုရားသခင်က ၎င်းနေ့ရက် တို့အ တွက် သင်လိုအပ်တဲ့ နာခံမှုအရာမှန်သမျှကို ပေးပါလိမ့်မည်။
ဆင်ခြင်ရန်
- သင်မထိန်းချုပ်နိုင်တဲ့ မည်သည့်အရာပေါ် သင်စိတ်ဖိစီးမှု ခံစားနေရပါသနည်း။ စိုးရိမ်ခြင်းက စွမ်းအင်ပေါင်းများစွာကို ကုန်လွန်စေပါတယ်။ ထိုစွမ်းအင်တို့ဖြင့် ယနေ့တွင် တစ်စုံတစ်ခုကို ပြီးမြောက်ဖို့ရန် (သို့) ဆက်လက် လုပ်ဆောင်ဖို့ရန် မည်ကဲ့သို့ပြန်လည် စတင်နိုင်ပါမည်နည်း။
- ယနေ့ သင်ရင်ဆိုင်ရတဲ့အရာပေါ် အကူအညီဖြစ်စေရန် ဘုရားသခင်၏ ကျေးဇူးတော်ကို မည်ကဲ့သို့ သင်ရယူနိုင် ပါမည်နည်း။
- အဓိပ္ပါယ်ရှိသာ အစီအစဉ်တွေက ယနေ့တွင် သင်၏အချိန်အများစုကိုအသုံးချနိုင်ရန် မည်သည့်နည်းလမ်းဖြင့် အကူအညီဖြစ်စေပါသနည်း။
------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်