အေးချမ်းသော ပေါင်းသင်းဆက်ဆံရေးသည် သစ္စာတရား၊ အမှန်တရားပေါ်တွင် တည်ပါသည်။ | Peaceful Relationships Are Built on Truth
Unicode Version
အေးချမ်းသော ပေါင်းသင်းဆက်ဆံရေးသည် သစ္စာတရား၊ အမှန်တရားပေါ်တွင်
တည်ပါသည်။

ရှင်ယာကုပ် ဩဝါဒစာ ၃:၁၇ “အထက်မှ သက်ရောက်သောပညာမူကား၊ ရှေ့ဦးစွာစင်ကြယ်၏။ ထိုမှတပါး၊ အသင့်အတင့်နေ တတ်ကြ၏။ ဖြည်းညှင်းသောသဘောရှိ၏။ သွေးဆောင်လွယ်၏။ ကရုဏာနှင့်၎င်း၊ ကောင်းကျိုး နှင့်၎င်း ပြည့်စုံ၏။ လျစ်လျူသောစိတ်ရှိ၏။ လျှို့ဝှက်ခြင်းနှင့်ကင်းစင်၏။”
ဤကမ္ဘာလောကကြီးသည်
သင့်အား ငြိမ်ချမ်းရေး တမန်အဖြစ် ၊ ရင်ကြားစေ့ပေးသူအဖြစ် အရင်ကထက် များစွာ အလိုရှိပါတယ်။
တောင်ပေါ်ဒေသနာ
ကြားပြောစဉ်ခါက သခင်ယေရှုဆိုခဲ့သည်မှာ “သူတပါးချင်း ခိုက်ရန်ပြုခြင်းကို
ငြိမ်းစေတတ် သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်၏သားတော်ဟု
ခေါ်ဝေါ်ခြင်းကို ခံရကြလတံ့။” ရှင်မဿဲခရစ်ကျမ်း ၅:၉
ရင်ကြားစေ့ပေးသူ
၊ ငြိမ်းချမ်းရေး တမန်ဖြစ်ဖို့ရန် ဘုရားသခင်၏ ဉာဏ်ပညာရယူဖို့လိုပါတယ်။ အမှန်တရားကို
အပေးအယူလုပ်ယူလို့မရဘူးဆိုတာကို သိနားလည်တဲ့သူ ဖြစ်ရပါမယ်။ ဉာဏ်ပညာကို ရှင်ယာကုပ် ညွှန်းထားသည်မှာ
“အထက်မှ
သက်ရောက်သောပညာမူကား၊ ရှေ့ဦးစွာစင်ကြယ်၏။” ရှင်ယာကုပ်ဩဝါဒစာ ၃:၁၇
“မတရားသောသူ၏ အကြံအစည်တို့ကို ထာဝရ ဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ စင်ကြယ်သောသူ၏
စကားတို့ကိုကား၊ နှစ်သက်တော်မူ၏။” သုတ္တံကျမ်း ၁၅:၂၆
ဘုရားသခင်၏ ဉာဏ်ပညာတော် ၊ တွေးခေါ်မှုတို့ကို သင်၏ ပေါင်းသင်းဆက်ဆံရေးတွင်
ကျင့်သုံးပါလျှင် သင့်ကိုယ်သင် ယုံကြည်ရသောသူတစ်ဉီး ဖြစ်လာစေပါမည်။ လူတွေကို သင်မလိမ်ညာပါ။
မလှည့်ဖြားပါ။ မတရားမပြုပါ (သို့) အခွင့်အရေးမယူပါ။ အဲဒီအရာအားလုံးထက် အမှန်တရားကိုသာ
သင်ပြုပါလိမ့်မည်။ အမျှော်အမြင်ရှိတဲ့သူသည် သန့်ရှင်းပြီး ယုံကြည်ရတဲ့ စကားတို့ကိုသာ
သူတို့၏ ပေါင်းသင်းဆက်ဆံရေးတို့တွင် ကျင့်သုံးပါသည်။
ရှင်ယာကုပ်
၃:၁၇ တွင် ဉီးစွာ စင်ကြည်ခြင်းကို ဘာကြောင့် ဘုရားဖော်ပြရသလဲလို့ သင်တွေးထင်ဖူးပါသလား။
ဘာကြောင့်လဲဆိုတော့ ပေါင်းသင်းဆက်ဆံရေးတို့သည် အမှန်တရားပေါ်တွင် တည်နေလို့ဖြစ်ပါတယ်။
ယုံကြည်ရမှုသည်လည်း အမှန်တရားပေါ်တွင် တည်ပါတယ်။ အမှန်တရားမရှိပါလျှင် သင်၌
ယုံကြည်ရခြင်း မရှိနိုင်ပါ။ ခိုင်မြဲတဲ့ ပေါင်းသင်းဆက်ဆံရေးကို ရရှိဖို့ရန် အမှန်တရားရှိဖို့
လိုပါတယ်။ ယုံကြည်မှုရရှိဖို့ရန်လည်း အမှန်တရား လိုပါတယ်။ အမှန်တရားကို သင်ပြောဖို့လိုပါတယ်။
ဘုရားသခင်၏ ဉာဏ်ပညာ၊ အတွေးအခေါ်တို့ သည် စင်ကြယ်သည် ၊ သမ္မာတရားဖြစ်သည် ၊ သိက္ခာ သမာသမတ်ရှိသည်။
Dr. Leonarde Keeler ဆိုသောသူကို သင်သိချင်မှ သိပါမည်။ သိုပေမဲ့ သူ
မုသားရှာဖွေထောက်လှမ်းသောစက်ကို ပါဝင် တီထွင်ခဲ့တဲ့သူဖြစ်ပါတယ်။ လူပေါင်း ၂၅၀၀၀ ကျော်ကို
လိမ်လှည်မှုပေါ်မှာ စမ်းသပ်ပြီးနောက် ရှာဖွေတွေ့ရှိမှုက လူသားတွေအားလုံးတို့သည် သဘာဝ
မရိုးဖြောင့်ခြင်းတွေ ရှိကြတယ်လို့ Dr. Leonarde Keeler က ကောက်ချက် ချခဲ့ပါတယ်။ ဟုတ်ပါတယ်။
ဤအချင်းအရာကို ခရစ်ယာန်တို့ သိနှင့်ပြီးဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုတာ့ အပြစ်တရားက ကျွန်ုပ်တို့လူသားသဘာဝတို့ကို
အကျင့်ပျက်စေ ၊ ဖောက်ပြန်စေပါတယ်။
ဤဂြိုလ်ပေါ်ရှိ
လူသားတိုင်း သင်အပါအဝင် သဘာဝအားဖြင့် မရိုးဖြောင့်ပါဘူး။ သို့ပေမဲ့ ထိုကဲ့သို့ အသက်ရှင်ခြင်း
ကိုလည်း ဘုရားသခင် အလိုတော်မရှိပါဘူး။ “မေတ္တာစိတ်နှင့်သမ္မာတရားကို
ဟောပြောသဖြင့်၊ ဦးခေါင်းတည်း ဟူသောခရစ်တော်မှာ အရာရာတို့၌ ကြီးပွားကြမည် အကြောင်းတည်း။ ”
ဧဖက်ဩဝါဒစာ ၄:၁၅
တစ်ကြိမ်မက
ဖတ်ရှုပါ။ သင့်အား သမ္မာတရားကို သိရှိပြီး နှင့် ထိုသမ္မာတရား ၊ အမှန်တရားကို ချစ်ခြင်း
မေတ္တာဖြင့် ကြားပြောဖို့ရန် ဘုရားသခင် အလိုတော်ရှိပါသည်။ သမ္မာတရား ၊ အမှန်တရားတို့ကို
မေတ္တာဖြင့် ပြောဆိုခြင်းကို သင် လေ့ကျင့်တဲ့အခါမှာ ဤကမ္ဘာကြီးအတွက် အေးချမ်းသော ပုံဆောင်မှု
နှင့် သင်၏ ပေါင်းသင်းဆက်ဆံရေးတွင် ငြိမ်သက်ခြင်း ရရှိလာပါလိမ့်မည်။
ဆင်ခြင်ရန်
-
သင်နှင့် အရင်းနှီးဆုံးသော လူတွေကို တွေးကြည့်လိုက်ပါ။
ဘာလို့ သူတို့တွေကို သင်ယုံကြည်ရပါသနည်း။
-
ယုံကြည်ရမှုမရှိ (သို့) ကြမ်းတမ်းသော စကားလုံး တို့အစား စင်ကြယ်သော စကားလုံးတို့ကို
သင်ကျင့်သုံးတဲ့အခါမှာ လူတွေက သင့်ကို မည်ကဲ့သို့ ကွဲပြားစွာဖြင့် တုံ့ပြန်ပါသနည်း။
-
ဧဖက်ဩဝါဒစာ ၄:၁၅ ကျမ်းပိုဒ်အရ “မေတ္တာစိတ်နှင့်သမ္မာတရားကိုကို သိရှိခြင်း” ပေါ် မည်သို့သော
ရည်ရွယ်ချက်ရှိရှိ နည်းလမ်းကို သင်အသုံးပြုနိုင်ပါမည်နည်း။
--------------------------------------------------------------------
Zawgyi Version
ေအးခ်မ္းေသာ ေပါင္းသင္းဆက္ဆံေရးသည္ သစၥာတရား၊ အမွန္တရားေပၚတြင္ တည္ပါသည္။

ရွင္ယာကုပ္ ဩဝါဒစာ ၃:၁၇ “အထက္မွ သက္ေရာက္ေသာပညာမူကား၊ ေရွ႕ဦးစြာစင္ၾကယ္၏။ ထိုမွတပါး၊ အသင့္အတင့္ေန တတ္ၾက၏။ ျဖည္းညႇင္းေသာသေဘာရွိ၏။ ေသြးေဆာင္လြယ္၏။ က႐ုဏာႏွင့္၎၊ ေကာင္းက်ိဳး ႏွင့္၎ ျပည့္စုံ၏။ လ်စ္လ်ဴေသာစိတ္ရွိ၏။ လွ်ိဳ႕ဝွက္ျခင္းႏွင့္ကင္းစင္၏။”
ဤကမာၻေလာကႀကီးသည္ သင့္အား ၿငိမ္ခ်မ္းေရး တမန္အျဖစ္ ၊ ရင္ၾကားေစ့ေပးသူအျဖစ္ အရင္ကထက္ မ်ားစြာ အလိုရွိပါတယ္။
ေတာင္ေပၚေဒသနာ ၾကားေျပာစဥ္ခါက သခင္ေယရႈဆိုခဲ့သည္မွာ “သူတပါးခ်င္း ခိုက္ရန္ျပဳျခင္းကို ၿငိမ္းေစတတ္ ေသာသူတို႔သည္ မဂၤလာရွိၾက၏။ အေၾကာင္းမူကား ထိုသူတို႔သည္ ဘုရားသခင္၏သားေတာ္ဟု ေခၚေဝၚျခင္းကို ခံရၾကလတံ့။” ရွင္မႆဲခရစ္က်မ္း ၅:၉
ရင္ၾကားေစ့ေပးသူ ၊ ၿငိမ္းခ်မ္းေရး တမန္ျဖစ္ဖို႔ရန္ ဘုရားသခင္၏ ဉာဏ္ပညာရယူဖို႔လိုပါတယ္။ အမွန္တရားကို အေပးအယူလုပ္ယူလို႔မရဘူးဆိုတာကို သိနားလည္တဲ့သူ ျဖစ္ရပါမယ္။ ဉာဏ္ပညာကို ရွင္ယာကုပ္ ၫႊန္းထားသည္မွာ “အထက္မွ သက္ေရာက္ေသာပညာမူကား၊ ေရွ႕ဦးစြာစင္ၾကယ္၏။” ရွင္ယာကုပ္ဩဝါဒစာ ၃:၁၇
“မတရားေသာသူ၏ အႀကံအစည္တို႔ကို ထာဝရ ဘုရား စက္ဆုပ္႐ြံရွာေတာ္မူ၏။ စင္ၾကယ္ေသာသူ၏ စကားတို႔ကိုကား၊ ႏွစ္သက္ေတာ္မူ၏။” သုတၱံက်မ္း ၁၅:၂၆
ဘုရားသခင္၏ ဉာဏ္ပညာေတာ္ ၊ ေတြးေခၚမႈတို႔ကို သင္၏ ေပါင္းသင္းဆက္ဆံေရးတြင္ က်င့္သုံးပါလွ်င္ သင့္ကိုယ္သင္ ယုံၾကည္ရေသာသူတစ္ဉီး ျဖစ္လာေစပါမည္။ လူေတြကို သင္မလိမ္ညာပါ။ မလွည့္ျဖားပါ။ မတရားမျပဳပါ (သို႔) အခြင့္အေရးမယူပါ။ အဲဒီအရာအားလုံးထက္ အမွန္တရားကိုသာ သင္ျပဳပါလိမ့္မည္။ အေမွ်ာ္အျမင္ရွိတဲ့သူသည္ သန႔္ရွင္းၿပီး ယုံၾကည္ရတဲ့ စကားတို႔ကိုသာ သူတို႔၏ ေပါင္းသင္းဆက္ဆံေရးတို႔တြင္ က်င့္သုံးပါသည္။
ရွင္ယာကုပ္ ၃:၁၇ တြင္ ဉီးစြာ စင္ၾကည္ျခင္းကို ဘာေၾကာင့္ ဘုရားေဖာ္ျပရသလဲလို႔ သင္ေတြးထင္ဖူးပါသလား။ ဘာေၾကာင့္လဲဆိုေတာ့ ေပါင္းသင္းဆက္ဆံေရးတို႔သည္ အမွန္တရားေပၚတြင္ တည္ေနလို႔ျဖစ္ပါတယ္။ း အမွန္တရားေပၚတြင္ တည္ပါတယ္။ အမွန္တရားမရွိပါလွ်င္ သင္၌ ယုံၾကည္ရျခင္း မရွိႏိုင္ပါ။ ခိုင္ၿမဲတဲ့ ေပါင္းသင္းဆက္ဆံေရးကို ရရွိဖို႔ရန္ အမွန္တရားရွိဖို႔ လိုပါတယ္။ ယုံၾကည္မႈရရွိဖို႔ရန္လည္း အမွန္တရား လိုပါတယ္။ အမွန္တရားကို သင္ေျပာဖို႔လိုပါတယ္။ ဘုရားသခင္၏ ဉာဏ္ပညာ၊ အေတြးအေခၚတို႔ သည္ စင္ၾကယ္သည္ ၊ သမၼာတရားျဖစ္သည္ ၊ သိကၡာ သမာသမတ္ရွိသည္။
Dr. Leonarde Keeler ဆိုေသာသူကို သင္သိခ်င္မွ သိပါမည္။ သိုေပမဲ့ သူ မုသားရွာေဖြေထာက္လွမ္းေသာစက္ကို ပါဝင္ တီထြင္ခဲ့တဲ့သူျဖစ္ပါတယ္။ လူေပါင္း ၂၅၀၀၀ ေက်ာ္ကို လိမ္လွည္မႈေပၚမွာ စမ္းသပ္ၿပီးေနာက္ ရွာေဖြေတြ႕ရွိမႈက လူသားေတြအားလုံးတို႔သည္ သဘာဝ မ႐ိုးေျဖာင့္ျခင္းေတြ ရွိၾကတယ္လို႔ Dr. Leonarde Keeler က ေကာက္ခ်က္ ခ်ခဲ့ပါတယ္။ ဟုတ္ပါတယ္။ ဤအခ်င္းအရာကို ခရစ္ယာန္တို႔ သိႏွင့္ၿပီးျဖစ္ပါတယ္။ ဘာေၾကာင့္ လဲဆိုတာ့ အျပစ္တရားက ကြၽႏ္ုပ္တို႔လူသားသဘာဝတို႔ကို အက်င့္ပ်က္ေစ ၊ ေဖာက္ျပန္ေစပါတယ္။
ဤၿဂိဳလ္ေပၚရွိ လူသားတိုင္း သင္အပါအဝင္ သဘာဝအားျဖင့္ မ႐ိုးေျဖာင့္ပါဘူး။ သို႔ေပမဲ့ ထိုကဲ့သို႔ အသက္ရွင္ျခင္း ကိုလည္း ဘုရားသခင္ အလိုေတာ္မရွိပါဘူး။ “ေမတၱာစိတ္ႏွင့္သမၼာတရားကို ေဟာေျပာသျဖင့္၊ ဦးေခါင္းတည္း ဟူေသာခရစ္ေတာ္မွာ အရာရာတို႔၌ ႀကီးပြားၾကမည္ အေၾကာင္းတည္း။ ” ဧဖက္ဩဝါဒစာ ၄:၁၅
တစ္ႀကိမ္မက ဖတ္ရႈပါ။ သင့္အား သမၼာတရားကို သိရွိၿပီး ႏွင့္ ထိုသမၼာတရား ၊ အမွန္တရားကို ခ်စ္ျခင္း ေမတၱာျဖင့္ ၾကားေျပာဖို႔ရန္ ဘုရားသခင္ အလိုေတာ္ရွိပါသည္။ သမၼာတရား ၊ အမွန္တရားတို႔ကို ေမတၱာျဖင့္ ေျပာဆိုျခင္းကို သင္ ေလ့က်င့္တဲ့အခါမွာ ဤကမာၻႀကီးအတြက္ ေအးခ်မ္းေသာ ပုံေဆာင္မႈ ႏွင့္ သင္၏ ေပါင္းသင္းဆက္ဆံေရးတြင္ ၿငိမ္သက္ျခင္း ရရွိလာပါလိမ့္မည္။
ဆင္ျခင္ရန္
- သင္ႏွင့္ အရင္းႏွီးဆုံးေသာ လူေတြကို ေတြးၾကည့္လိုက္ပါ။ ဘာလို႔ သူတို႔ေတြကို သင္ယုံၾကည္ရပါသနည္း။
- ယုံၾကည္ရမႈမရွိ (သို႔) ၾကမ္းတမ္းေသာ စကားလုံး တို႔အစား စင္ၾကယ္ေသာ စကားလုံးတို႔ကို သင္က်င့္သုံးတဲ့အခါမွာ လူေတြက သင့္ကို မည္ကဲ့သို႔ ကြဲျပားစြာျဖင့္ တုံ႔ျပန္ပါသနည္း။
- ဧဖက္ဩဝါဒစာ ၄:၁၅ က်မ္းပိုဒ္အရ “ေမတၱာစိတ္ႏွင့္သမၼာတရားကိုကို သိရွိျခင္း” ေပၚ မည္သို႔ေသာ ရည္႐ြယ္ခ်က္ရွိရွိ နည္းလမ္းကို သင္အသုံးျပဳႏိုင္ပါမည္နည္း။