Unicode Version
လက်သီး ဝှေ့ယမ်းခြင်းအစား မွန်မြတ်သော လက်တို့ ဖြစ်စေပါ။
ရှင်မဿဲခရစ်ဝင်ကျမ်း ၁၁:၂၅ “ထိုအခါ ယေရှုက၊ ကောင်းကင်နှင့်မြေကြီးကို
အစိုးရတော်မူသောအဘ၊ ကိုယ် တော်သည် ပညာ အလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကို
ထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့ အား ဘော်ပြတော် မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။”
တစ်စုံတစ်ခုကို လွှတ်ချဖို့ရန် စွမ်းအင်မည်မျှ လိုအပ်သနည်း။ လုံးဝ မလိုအပ်ပါ။ လွှတ်လိုက်ရုံလေးပါ။ ၎င်းသည် ဘာစွမ်းအင်မှ မလိုအပ်ပေ။”
သခင်ယေရှုပြောထားသည်မှာ “ထိုအခါ ယေရှုက၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသောအဘ၊ ကိုယ် တော်သည် ပညာ အလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့ အား ဘော်ပြတော် မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။” ရှင်မဿဲခရစ်ဝင်ကျမ်း ၁၁:၂၅
တစ်စုံတစ်ခုကို
လွှတ်ချဖို့ရန် စွမ်းအင်မည်မျှ လိုအပ်သနည်း။ လုံးဝ မလိုအပ်ပါ။ လွှတ်လိုက်ရုံလေးပါ။
၎င်းသည် ဘာစွမ်းအင်မှ မလိုအပ်ပေ။
သင်၏ နာကျင်မှုတွေကို လက်လွှတ်လိုက်တဲ့အခါ အမုန်းပွားခြင်း ၊ မကျေမချမ်းဖြစ်ခြင်း ၊ အငြိုးထားခြင်းတွေပေါ် သင်ဖြန်းတီးခဲ့သော စွမ်းအင်အားလုံးကို လွှတ်ခြင်းရရှိပါလိမ့်မည်။ ပြီးနောက် သင်၏ စွမ်းအင်တွေကို ပိုမို အရေးကြီးသော ၊ အပြုသဘောဆောင်သော အစီအစဉ်တို့တွင် သင်အသုံးပြုနိုင်ပါသည်။
သင်၏ နာကျင်မှုတို့ကို ဘုရားသခင်ထံ ပေးအပ်ရပါမည်။ လွှတ်ချပြီး သင့်အတွက် ဝန်ထမ်းဖို့ရန် ခွင့်ပြုလိုက်ပါ။ ၎င်းတို့ကို ကိုင်တွယ်ဖို့ရန် ဘုရားသခင်သည် စေတနာဝန်ထမ်းဖြစ်ပါတယ်။
ဘုရားသခင်အား ပြောလိုက်ပါ “ဤနာကျင်မှုတွေက ကျွန်ုပ်အတွက် အင်မတန်ကြီးမားတဲ့ ဝန်ထုပ်ဖြစ်ပါတယ်။ ၎င်းနှင့်ပတ်သက်ပြီး မှန်ကန်သော လုပ်ဆောင်မှုပြုဖို့ရန် ကျွန်ုပ်မသိပါ။ ထိုအရာအပေါ်မှာ စိတ်ရှုပ်ထွေးရပါ၏။ ဒါကြောင့် အဖဘုရား ဤနာကျင်မှုကို အဖဆီ အပ်နှံပါ၏။ ကျွန်ုပ်အား နာကျင်စေသောသူကို ကျွန်ုပ်ခွင့်လွှတ် ပါသည်။ ပြီးတော့ ထိုအရာကို အဖဘုရားရှင် ကိုင်တွယ်ပေးစေချင်ပါသည်။ ကျွန်ုပ်၏ လက်၌ ကျော်လွန်လျက် ယခုတွင် အဖဘုရား၏ လက်တော်တွင် ရှိပါသည်။ ကျေးဇူးတင်ပါသည်။”
တိမောသေဩဝါဒစာ ပဌမစောင် ၂:၈ တွင် ဆိုထားသည်မှာ “သို့ဖြစ်၍၊ အရပ်ရပ်တို့၌ ယောက်ျားတို့သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်းမရှိဘဲ၊ သန့်ရှင်းသောလက် ကိုချီ၍ ဆုတောင်းစေခြင်းငှါ ငါအလိုရှိ၏။”
သင်နာကျင်ရတဲ့အခါ (သို) မတရား ဆက်ဆံခံရတဲ့အခါ သူတစ်ပါးတို့ကို မကျေမနပ်ပြောဆိုမည့်အစား ဘုရားနှင့် ဆက်သွယ်ပြောဆိုပါ။ ဒေါသထွက်ခြင်း ၊ မကျေမနပ်ဖြစ်ခြင်း တွေအစား သင့်အသက်တာအတွက် ဘုရား၏ ခန့်ခွဲထားခြင်းနှင့် ဘုရား၏ရှိခြင်းဖြင့် ဝတ်ပြုကိုးကွယ်ပါ။ ဆုတောင်းခြင်းအားဖြင့် သင်၏ ဒေါသလက်သီးတွေကို ဝှေ့ယမ်းခြင်းကို ရပ်တန့်ပစ်ပြီး မွန်မြတ်သန့်ရှင်းသော လက်တို့ဖြင့် ဘုရားသခင်ထံ တိုးဝင်ပါ။
သင်၏ရန်သူ
တို့ဆီ ပုန်းအောင်းနေသော ဒေါသနှင့် မကျေမချမ်းဖြစ်မှုတွေဖြင့် သင်၏အသက်တာကို မဖြုန်းတီးပါနှင့်။
သခင်ယေရှု၏ ခြေတော်ရင်းတွင် သင်၏နာကျင်မှုတို့ကို လွှတ်ချလိုက်ပါ။ သင်အရင်က မသိခဲ့ဖူးသော
လွှတ်မြောက်ခြင်း နှင့် ကယ်မခြင်းကို တွေ့ကြုံရပါလိမ့်မည်။
ဆင်ခြင်ရန်
-
မည်သည့်အရာက သင်၏ နာကျင်မှုတွေနှင့် ဒေါသတွေကို ဘုရားသခင်ထံ လွှတ်ချခြင်းမပြုစေဘဲ ချုပ်ကိုင်ထားစေပါသနည်း။
-
သင်စိတ်ထိခိုက်နာကျင်ရတဲ့အခါ ထိုအကြောင်းအရာကို သင်မည်သူနှင့် ပထမဉီးဆုံး ပြောဆိုပါသနည်း။
အကယ်၍ ထိုအကြောင်းကို ဘုရားသခင်နှင့် ဉီးဆုံးပြောဆိုပါက ဘာတွေ ပြောလဲမလဲလို့ သင်ထင်မြင်ပါသနည်း။
- သင်၏ နာကျင်မှုတွေကို ဘုရားသခင်ထံ အပ်နှံခြင်းမှရရှိလာသော လွှတ်မြောက်ခြင်းတွေက သင်၏အသက်တာ ရည်ရွယ်ရာတို့ကို လိုက်လျှောက်အသက်ရှင်ရေးတွင် မည်သို့ အကူအညီ ဖြစ်စေပါသနည်း။
-----------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်