နာကျင်မှုတွေကို ဘုရားသခင်ထံ သင်ပိုပြီးချဉ်းကပ်စေဖို့ရန် ဖြစ်စေပါ။ | Let Your Pain Draw You Nearer to God
 Unicode Version
နာကျင်မှုတွေကို ဘုရားသခင်ထံ သင်ပိုပြီးချဉ်းကပ်စေဖို့ရန် ဖြစ်စေပါ။
ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၁:၈-၁၀ “ညီအစ်ကိုတို့၊ အာရှိပြည်၌ငါတို့ခံရသော ဆင်းရဲခြင်းတည်းဟူသော အသက်မလွတ်နိုင်ဟု ထင်ရ၍၊ မခံနိုင်အောင်အတိုင်းထက် အလွန်လေးသော ဆင်းရဲခံရကြောင်းကို သင်တို့မသိဘဲ နေစေခြင်းငှါ ငါတို့ အလိုမရှိ။ ငါတို့သည်မိမိကိုယ်ကိုအစဉ်မကိုးစားဘဲ၊ သေသောသူတို့ကို ထမြောက်စေ တော်မူသော ဘုရား သခင်ကို ကိုးစားမည်အကြောင်း သေစေဟုစီရင်ခြင်းကို ကိုယ်တိုင်ခံရသကဲ့ သို့ဖြစ် ၏။ ထို ဘုရားသခင်သည် ငါတို့ကိုထိုမျှလောက် ကြီးစွာသော သေဘေးမှ ကယ်လွှတ်တော်မူပြီ။ ယခု၌ လည်း ကယ်လွှတ် တော်မူသေး၏။”
သင့်၌ နာကျင်မှုတစ်စုံတစ်ရာ ဖြစ်ပျက်လာတဲ့အခါတွင် ရွေးချယ်စရာ ရှိပါတယ်။ ဘုရားထံတော်သို့ တိုးဝင်ချဉ်းကပ်နိုင်ပါ တယ် (သို့) ဘုရားထံမှ ထွက်ပြေးနိုင်ပါတယ်။
ဘုရားသခင်ထံမှ သင်ထွက်ပြေးပါလျှင် ဘယ်ဆီကို ပြေးမည်နည်း။ ဘုရားထက် မည်သူက သင်၏နာကျင်မှု တွေကို ပိုပြီး အကူအညီ ပေးနိုင်မည်နည်း။
ကျွန်ုပ်၏သား “Matthew” ဆုံးသွားတဲ့နှစ်ထဲတွင် ဘုရားသခင်ထံသို့ တိုးဝင်ဖို့ရန်သာ ထပ်ခါထပ်ခါ ရွေးချယ်ခဲ့ ရပါတယ်။ တကယ်တော့ အရင်နှစ်တွေကထက် ထိုနှစ်ကာလတွေမှာ ဘုရားနှင့် တစ်ဉီးတည်း ပိုပြီး အချိန်ပေးခဲ့ ပါတယ်။ ဘာကြောင့်လဲ။ ဘုရားနှင့် နီးကပ်စွာ ရှိနေခြင်းသည် နာကျင်မှုကို အဝေးသို့ တွန်းပို့ပါတယ်။
နာကျင်ခြင်းများထဲမှ ဘုရားနှင့် မည်ကဲ့သို့ နီးကပ်နိုင်မည်နည်း။ ပထမဉီးဆုံးအရာက သင်မည်သို့ ခံစားရသည်ကို အတိအကျ ဘုရားသခင်အား ပြောကြားပါ။ ၎င်းသည် မုန်တိုင်း (သို့) ငလျင် ဘေးအန္တရာယ် သင်ကြုံရတဲ့အခါ သဘာဝအလျောက် “ အို.. အဖဘုရား ..” လို့သင်ငိုကြွေး ခြင်းအရာတွေပါ။
“အဖုဘုရား … ဤအရာကို ကျွန်ုပ်မနှစ်သက်ပါ။ ရူးတော့မှာဖြစ်တယ်။ စိတ်ဓါတ်တွေလည်း ကျပါတယ်” လို့ သင်ငိုကြွေးသည့်အခါမှာ ဘုရားသခင်ထံ ဆုတောင်းခြင်းအားဖြင့် နီးကပ်စေပါတယ်။ ၎င်းကို ကြေးကွဲဝမ်းနည်း ခြင်းလို့ ခေါ်ပါတယ်။
အားလုံးသော ပူးဆွေးမှု အခန်းကဏ္ဍဆိုင်ရာ ဆုတောင်းခြင်းပြုဖို့ရန် သင်လေ့လာဖို့ လိုအပ်ပါတယ်။ တနည်း အားဖြင့် သင်၏ ဝမ်းနည်းပူဆွေးမှု အန်ထုတ်သောဆုတောင်း နှင့် သင်၏ ထိတ်လန့်ခြင်းတွေကို ဖော်ပြ စေသော ဆုတောင်း နှင့် သင်၏စိတ်ခံစားမှုတို့ကို ရုန်းကန်ရသော ဆုတောင်းတို့ကို အသုံးပြုခြင်းဖြစ်ပါတယ်။ ဘယ်လမ်းသို့ လှည့်ရမည်ကို သင်မသိတဲ့အခါမှာ သင့်အသက်တာကို ဘုရားသခင်ထံ အပ်နှံလိုက်ပါ။ သင့်အသက်တာရှိ နာကျင်မှုတွေကို အကျိုးအတွက် အသုံးပြုဖို့ရန် ဘုရားသခင်ထံ တောင်းလျှောက်လိုက်ပါ။ မည်သည့် ခံစားမှုကို မချုပ်ထိန်းပါနှင့်။  မဖိနှိပ်ပါနှင့်။ ဘုရားသခင်ထံ သင့်ခံစားချက်တွေကို အတိအကျပြောပြီး သူ့ထံ တိုးဝင်ချဉ်း ကပ် လိုက်ပါ။
တမန်တော် ရှင်ပေါလု ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၁:၈-၁၀ တွင် ပြောထားတဲ့အတိုင်း လုပ်ဆောင်ပါ။ “ညီအစ်ကိုတို့၊ အာရှိပြည်၌ငါတို့ခံရသော ဆင်းရဲခြင်းတည်းဟူသော အသက်မလွတ်နိုင်ဟု ထင်ရ၍၊ မခံနိုင်အောင် အတိုင်းထက် အလွန်လေးသော ဆင်းရဲခံရကြောင်းကို သင်တို့မသိဘဲ နေစေခြင်းငှါ ငါတို့ အလိုမရှိ။ ငါတို့ သည်မိမိ ကိုယ်ကိုအစဉ်မကိုးစားဘဲ၊ သေသောသူတို့ကို ထမြောက်စေ တော်မူသော ဘုရား သခင်ကို ကိုးစားမည်အကြောင်း သေစေဟုစီရင်ခြင်းကို ကိုယ်တိုင်ခံရသကဲ့ သို့ဖြစ် ၏။ ထိုဘုရားသခင်သည် ငါတို့ကို ထိုမျှလောက် ကြီးစွာသော သေဘေးမှ ကယ်လွှတ်တော်မူပြီ။ ယခု၌ လည်း ကယ်လွှတ်တော်မူသေး၏။ ”
နာကျင်ခြင်းများထဲမှ ဘုရားသခင်ထံ ချဉ်းကပ်ဖို့ ဝတ်ပြုဆုတောင်းမှုပြုရန် ၊ ယုံကြည်ဖို့ရန် လေ့လာခြင်းဆိုင်ရာ ဆောင်ရွက်မှုတွေအားဖြင့် များစွာသော လူတို့ ပြောင်းလဲသွားခဲ့တာကို ကျွန်ုပ်တွေ့ဖူးပါတယ်။ သင်၏စိတ်နှလုံး ကျိုးပဲ့ကြွေမွသော အချိန်တွေထက် ဘုရားဘယ်တော့မှ သင်နှင့်မနီးကပ်ပါလို့ သူတို့ လေ့လာခဲ့ရပါတယ်။
သင်၏ နာကျင်မှုတွေကို အလဟဿ မဖြစ်ပါစေနှင့်။ ၎င်းကို ဘုရားသခင်ထံ ပြန်လှည့်ဖို့ရန် ဖြစ်စေပါ။ ဘုရား၏ သင့်အပေါ်၌ရှိသော ကတိတော်ကို အမှတ်ရစေပါ။ ဘုရားသခင်နှင့် သူ၏ နှုတ်ကပတ်တော်ပေါ် အချိန်ပိုပေး လိုက်ပါ။
ဆင်ခြင်ရန်
- တစ်စုံတစ်ရာသော နာကျင်ရခြင်းကို သင်တွေ့ကြုံရသည့်အခါတွင် မည်သည့်အရာ (သို့) မည်သူ့ဆီ သင်တိုးဝင် ချဉ်းကပ်ပါသနည်း။
- သင်၏ နာကျင်မှုများကို ဘုရားသခင်၏ နှုတ်ကပတ်တော်က မည်ကဲ့သို့ အကူအညီ ဖြစ်စေပါသနည်း။
- သင်၏ နာကျင်မှုတွေကို သင့်အသက်တာအကျိုးအတွက် (သို့) တစ်စုံတစ်ယောက်အသက်တာအတွက် မည်သည့်နည်းလမ်းဖြင့် ဘုရားသခင် ပြောင်းလဲပေးပါသနည်း။ ဤကဲ့သို့ ဘုရားလုပ်ဆောင်ခဲ့ကြောင်းကို သင့် အသက်တာတွင် တွေ့မြင်ခဲ့ပြီလား။
-----------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်