နာကျင်မှုတွေကို သူတစ်ပါးတို့နှင့် နီးကပ်စေဖို့ရန် ဖြစ်စေပါ။ | Let Your Pain Draw You Closer to Others
Unicode Version
နာကျင်မှုတွေကို သူတစ်ပါးတို့နှင့် နီးကပ်စေဖို့ရန် ဖြစ်စေပါ။
ဂလာတိဩဝါဒစာ ၆:၂ “ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏ တရားကို ကျင့်ကြလော့။”
ဒုက္ခဆင်းရဲခြင်းက သင့်ကို ပြောင်းလဲစေပါတယ်။ မိမိကိုယ်ကို ဗဟိုပြုခြင်းကနေ တခြားသူတို့၏ နာကျင်ရခြင်း တွေနှင့် ပတ်သက်ပြီး ပိုပြီး ဂရုပြုစောင့်ရှောက်မှုဆီ ပြောင်းလဲပေးနိုင်ပါတယ်။
သင်၏
နာကျင်မှုတွေကို အကျိုးအတွက် သင်အသုံးပြုနိုင်သည့် အရေးကြီးသော နည်းလမ်းတစ်ခုမှာ တခြားသောသူတို့နှင့်
ပိုပြီးရင်နှီးမှုရှိစေခြင်း ဖြစ်ပါတယ်။ သင်အား နာကျင်မှု ဖြစ်စေတဲ့အရာတွေအတွက်
ရိုးသားတယ်ဆိုလျှင် သင်၏ ချစ်ခြင်းမေတ္တာကို နက်ရှိုင်းစေပြီး သင်၏ လူမှု ဆက်ဆံရေးကို
နှင့် လူမှု အဖွဲ့အစည်း ဆိုင်ရာ ခံစားချက်တို့ကို ရင့်ကျက်စေပါလိမ့်မည်။
ဝမ်းနည်းစရာ ဇယားတစ်ခုရှိပါတယ်။ သုံးပုံ တစ်ပုံသော အိမ်ထောင်သည်တွေမှာ ကလေးဆုံးရှုံးပြီးနောက်တွင် ကွားရှင်းပြတ်စဲမှုတွေ ရှိနေခြင်းဖြစ်ပါတယ်။ လူသားအားလုံး ကွဲပြားခြားနားစွာ ဝမ်းနည်းပူးဆွေးကြပါတယ်။ ၎င်းက ကွဲကွာစေနိုင်သော အကြောင်းရင်းဖြစ်ပါတယ်။
ကျွန်ုပ်တို့၏ သား သေဆုံးပြီးတဲ့အခါမှာ ကျွန်ုပ်တို့ ဇနီးမောင်နှံတို့သည် ကွဲကွာခြင်းထက် အတူတကွ ရင်းနှီးမှု ကြီးထွားဖို့ရန် ထိုနာကျင်မှုတွေကို အသုံးချဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကျွန်ုပ်တို့၏ နာကျင်မှုမှ တစ်ဉီးနှင့် တစ်ဉီး စကားပြောခြင်း မဖြစ်ဖို့ရန် မကြိုးစားခဲ့ပါဘူး။ ကျွန်ုပ်၏ ဇနီး တကယ့်ကို ပူဆွေးမှု (ကင်ဆာ) လှိုင်းလုံးကြီးကို ဖြတ်သန်းရချိန်တွေမှာ ကျွန်ုပ်၏ လက်ဖြင့် သူမကို ပွေ့ဖက်ထားလျက်ဖြစ်စေ (သို့) သူ့အနားမှာရှိနေပေးလျက် ဖြစ်စေ (သို့) တိတ်ဆိတ်နေလျက်ဖြစ်စေ ကျွန်ုပ်လုပ်ဆောင်ပါတယ်။ ပြောစရာ စကားလုံး မရှိပါ။
နာကျင်မှုတွေ နက်ရှိုင်းလေလေ ၊ စကားနည်းခြင်းကို ပြုပါ။
ကျွန်ုပ်တို့၏ သား“Matthew” ဆုံးပြီးနောက် ကျွန်ုပ်တို့၏ အဖွဲ့ငယ်လေးတို့ ရောက်လာခဲ့ပါတယ်။ သူတို့က “ကျွန်တော်တို့ သင့်အိမ်မှာ တစ်ညလုံးရှိပါမယ်။ သင့်ကို အထီးကျန်ဖို့ရန် မစွန့်ခွာပါ။ သင့်နှင့်အတူရှိမည်” လို့ပြောခဲ့ပါတယ်။ အမြော်အမြင်ရှိတဲ့ စကားလုံးတစ်ခွန်းကိုမှ ကျွန်ုပ်တို့ကို ပြောဆိုဖို့ သူတို့ မကြိုးစားကြပါဘူး။ သူတို့၏ တည်ရှိခြင်းကိုသာ သူတို့အချိန်ပေးခဲ့ကြပါတယ်။ ကျွန်ုပ်တို့၏ ကွပ်ပျစ်နှင့် ကြမ်းခင်းတွေမှာ သူတို့ အိပ်ခဲ့ကြပါတယ်။ ဤအရာကို ကျွန်ုပ်ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ပါ။
သမ္မာကျမ်းစာက ဆိုထားသည်မှာ “ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏ တရားကို ကျင့်ကြလော့။ ” ဂလာတိဩဝါဒစာ ၆:၂
လူတွေ ပူးဆွေးနေတဲ့အခါမှာ သူတို့ကို အားတက်စေဖို့ရန် ကြိုးစားဖို့ မလိုပါ။ အဲဒီအစား သူတို့၏ ပူဆွေးမှုတွေကို သူတို့နှင့်အတူ ခံစားမျှဝေပါ။ တစ်စုံတစ်ဉီး၏ နာကျင်မှုတွေကို မျှဝေခြင်းသည် မိတ်ဿဟာရဖွဲ့ခြင်း၊ အခြားသူများနှင့် ပိုမို ရင်းနှီးလာခြင်း နှင့် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေပါသည်။
ဆင်ခြင်ရန်
-
လူတို့ ပူဆွေးဝမ်းနည်းနေတဲ့အချိန်တွေမှာ သူတို့အား အသိပညာစကားတို့ထက် သူတို့နှင့်အတူရှိခြင်းက
ပိုပြီး လိုအပ်တယ်လို့ သင်ဘာကြောင့် ထင်မြင်ပါသနည်း။
-
စိတ်ဆင်းရဲခြင်းက သင်၏ ပေါင်းသင်းဆက်ဆံရေးကို မည်သို့ ပြောင်းလဲစေပါသနည်း။ ၎င်းအရာက
သင့်ကို လူတွေနှင့် ပိုမို နီးကပ်စေဖို့ရန် ဖြစ်စေပါသနည်း။
- ဝမ်းနည်းနေချိန်၌ သင်၏ ပေါင်းသင်းဆက်ဆံရေးတွင် သင့်ကိုယ်သင် အားငယ်မှုကိုခွင့်ပြုမည့်အစား ကိုယ့်ကိုယ်ကို ပိတ်ဆို့ထားခြင်းက တစ်ခါတစ်ရံတွင် ဘာကြောင့် ပိုပြီးလွယ်ပါသနည်း။
-----------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်