ပြီးပြည့်စုံသော အသက်ရှင်ခြင်းအရာ၌ နေထိုင်လိုပါလျှင် အသက်တာကို ပေးကမ်းလိုက်ပါ။ | If You Want to Live, Give Your Life Away
 Unicode Version
ပြီးပြည့်စုံသော အသက်ရှင်ခြင်းအရာ၌ နေထိုင်လိုပါလျှင် အသက်တာကို ပေးကမ်းလိုက်ပါ။
ဟေဗြဲဩဝါဒစာ ၆:၁၀ “အကြောင်းမူကား၊ သင်တို့သည် သန့်ရှင်းသူတို့ကို အထက်က လုပ်ကျွေးသည်သာမက၊ ယခုပင် လုပ် ကျွေးခြင်းအမှုကို၎င်း၊ ထိုသို့ပြုသောအားဖြင့် နာမတော်ကိုထောက်၍ ပြသောမေတ္တာကို၎င်း၊ ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကို ပြုတော်မူသည်မဟုတ်။
တစ်ရက်တွင် တူညီသော စက္ကန့်၊ မိနစ်တွေကို လူတိုင်းရရှိခံစားကြရပါတယ်။ သခင်ယေရှုနည်းတူ ဖြစ်လာစေဖို့ရန် တူညီသော ပန်းတိုင်တို့ကိုလည်း ပေးထားပြီးဖြစ်ပါတယ်။
သခင်ယေရှုကို စကားလုံးတစ်လုံးတည်းဖြင့် သတ်မှတ်ဖော်ပြရပါလျှင် ထိုစကားလုံးသည်ကိုယ်ကျိုးမငဲ့ဆိုတဲ့စကားလုံး ဖြစ်ပါမည်။ ဒါကြောင့် သင့်နှင့်ကျွန်ုပ်အတွက် အသက်တာ၏ ပန်းတိုင်သည် ကိုယ်ကျိုးမငဲ့မှုကို ပွားများလာအောင် သင်ယူခြင်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတဲ့ ကိုယ်ကျိုးမငဲ့ခြင်းသည် သခင်ယေရှု၌ရှိသော ချစ်ခြင်းမေတ္တာ ဖြစ်ပါတယ်။
ဘုရားသခင်သည် မျှတပါတယ်။ လူတွေအပေါ် သင်၏ကူညီမှု၊ သင်၏လုပ်ဆောင်မှု တွေ ၊ မေတ္တာပြမှုတွေကို ဘုရားရှင် မေ့ထားမှာ မဟုတ်ပါဘူး။ သူ၏ ကူညီမစမှုတွေကို ဘုရားရှင် အမှတ်ရနေပါလိမ့်မည်။ ဟေဗြဲဩဝါဒစာ ၆:၁၀ “အကြောင်းမူကား၊ သင်တို့သည် သန့်ရှင်းသူတို့ကို အထက်က လုပ်ကျွေးသည်သာမက၊ ယခုပင် လုပ် ကျွေးခြင်းအမှုကို၎င်း၊ ထိုသို့ပြုသောအားဖြင့် နာမတော်ကိုထောက်၍ ပြသောမေတ္တာကို၎င်း၊ ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကို ပြုတော်မူသည်မဟုတ်။
ကျွန်ုပ်တို့၏ ကောင်းကင်ဘုံရှိဆုလဒ်သည် ဤလောကတွင် လုပ်ဆောင်ခဲ့သော အရာတွေပေါ် မူတည်ပါတယ်။ တစ်နေ့တွင် ဘုရားသခင်ရှေ့ မတ်တပ်ရပ်ရဖို့ရှိပြီးပေးသနားတော်မူသော ဆုကျေးဇူးတို့ဖြင့် သင်ဘာကို လုပ်ဆောင်ခဲ့သနည်း လို့ ဘုရားကမေးပါလျှင် “ကျွန်ုပ်များစွာသော ငွေတွေ ရယူ နိုင်ခဲ့တယ်။ အငြိမ်းစား ယူခဲ့ပြီး သေခဲ့ပါတယ်” လို့ သင်ဖြေချင်ပါသလား။
ထိုအရာထက် ပိုသောအကြောင်းတရားအတွက် သင့်ကို ဤလောကတွင် ထားရှိခြင်းဖြစ်ပါတယ်။ အဲဒီအစား ကိုယ်ကျိုးမငဲ့ဘဲ အသက်တာကို သူတစ်ပါးအတွက် နှင့် ဘုရားသခင်၏ နိုင်ငံတော်အတွက် သင်ပေးအပ်ပါ။ ဤသို့ပေးအပ်ပါလျှင် “အရာအားလုံး ကျွန်ုပ်ပေးအပ်လိုက်ပြီ၊ ကျွန်ုပ် ဗလာ ဖြစ်ခဲ့ပြီး ကျွန်ုပ်ပိုင်ဆိုင်သော ကျွန်ုပ်နှင့် ရှိသော အရာတို့ကို ဧဝံဂေလိတရားအတွက် ပေးအပ်ပါပြီ” လို့ သင်ဘုရားသခင်ကို ဆိုနိုင်စွမ်းရှိပါမည်။
သင်၏ အသက်တာဖြင့် သင်လုပ်ဆောင်နိုင်သော ထူခြားတဲ့အရာတစ်ခုမှာ ပေးသနားတော်မူသော အရာတို့ကို ပေးကမ်းရက်ရောခြင်းဖြစ်ပါတယ်။ သင်၏ငွေ၊ အချိန် ၊ စွမ်းရည်တို့ဖြစ်ပါတယ်။ လုပ်ဆောင်မှု (သို့) ရက်ရောမှု တို့မရှိသရွေ့ ကောင်းကင်ဆုလဒ်မရှိဘူးလို့ ဘုရားသခင် ရှင်းလင်းစွာ ဖော်ပြပါတယ်။ အဲဒီလိုမျိုး သင့်အသက်တာ ကို ဤလောကတွင် ကုန်ဆုံးစေမည်လား။
ဤကမ္ဘာလောကတွင် သင်၏ အချိန်ကို ရယူပြီး နိစ္စထာဝရအတွက် ရေတွက်ပါ။ သခင်ယေရှုကို သိဖို့ရန် လာသော သူတို့ကို ကူညီပါ။ သင့်အသက်တာ၏ ရည်ရွယ်ရာကို ရှာဖွေပါ။ ရင့်ကျက်မှုတွေဖြင့် ကြီးထွားစေပါ။ သာသနာအတွက် ရှာဖွေပြီး အလိုတော်ရှိသော ဤလောကထမ်းရွက်စရာအမှုတွေကို ထမ်းရွက်ပါ။
သင့်အသက်တာကို ပေးအပ်ပါလျှင် အသစ်သော ဝမ်းမြောက်ခြင်း နှင့် အသစ်သော စိတ်လှုပ်ရှားမှုတို့ကို ရရှိပါမည်။
အသက်တာကို ပေးအပ်လိုက်တဲ့အခါမှာ ပြည့်ဝစုံလင်သော အသက်ရှင်ခြင်းကို သင်စတင်ပါပြီ။
ဆင်ခြင်ရန်
- သင်၏ စွမ်းရည်တို့ဖြင့် ရက်ရောတတ်ဖို့ရန် ဆိုသည့်အဓိပ္ပါယ်ကား မည်သို့နည်း။
- မည်သို့သော နည်းလမ်းဖြင့် သူတစ်ပါးတို့ကို ကူညီဖို့ရန် သင့်ပေးအပ်နေပါသနည်း။ သခင်ယေရှုကို သူတစ်ပါးတို့ သိစေဖို့ရန် အကူအညီဖြစ်စေမဲ့ မည်သို့သောအရာကို သင်ယနေ့တွင် စတင်နိုင်ပါမည်နည်း။
- သင်၏ ငွေကြေး နှင့်အချိန်တွေပေါ် ကိုယ်ကျိုးမငဲ့ခြင်း နှင့် တစ်ပါးသူတို့အတွက် ဝန်ထမ်းဖို့ရန် သင်ကြိုးစားတဲ့အခါတွင် ဘုရားသခင်၏ ကတိတော်တို့ကို အမှတ်ရဖို့ရန် ဘာကြောင့် အရေးကြီးပါသနည်း။
-----------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်