Unicode Version
သင်၏ မျက်မနိုင်ခြင်းအရာတွေကို မည်ကဲ့သို့ မြင်နိုင်စေမည်နည်း။

ရှင်မဿဲခရစ်ဝင်ကျမ်း ၇:၃ “ကိုယ်မျက်စိ၌ရှိသော တံကျင်ကို မအောက်မေ့ဘဲ
ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို အဘယ် ကြောင့် ကြည့်ရှုသနည်း။”
တစ်စုံတစ်ယောက်ကို သင်မဝေဖန်ခင်မှာ သင့်အသက်တာတွင်လည်း သင်မမြင်တဲ့အရာတွေ (တံကျင်) ရှိနေတယ်ဆိုတာကို သတိရပါ။ ထိုတံကျင်တွေသည် သင်မမြင်နိုင်သော (သို့) မြင်ဖို့ရန် ငြင်းပယ်ထားသော သင့်အသက်တာရှိ အမူအကျင့်တွေ ၊ အားနည်းချက်တွေဖြစ်ပါတယ်။ တခြားသူတို့နှင့် ဖြစ်သော တစ်ချို့ ပဋိက္ခတွေ ဖြစ်ပါတယ်။
ဉပမာအားဖြင့် ရိုးစင်းတဲ့ စကားလေးတွေကို ငြင်းခံစရာအဖြစ် သင်ဖြစ်ပွားစေတယ်ဆိုတာကို သင်နား မလည်လိုက်ခြင်း နှင့် အစဉ်မပြတ် အငြင်းပွားဖွယ်တွေ ဖြစ်နေနိုင်ပါတယ်။ သခင်ယေရှုက သင်သည် သူတပါး တို့၌ရှိသော တံကျင်တွေကို စစ်ကြောစီရင်ရန် ဖြစ်လာပါလျှင် မိမိတံကျင်ကို ဖွင့်ဟရန် ၊ သူတို့နှင့် ဖြေရှင်းရန် အခွင့်အရေးအဖြစ် မှတ်ယူဖို့ရန် ဖြစ်ပါတယ်။
သခင်ယေရှု တောင်ပေါ်တရားတော်တွင် ဤအကြောင်းကို ပြောခဲ့ပါတယ်။ ရှင်မသဲခရစ်ဝင်ကျမ်း ၇:၃-၅ “ကိုယ်မျက်စိ၌ရှိသော တံကျင်ကို မအောက်မေ့ဘဲ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို အဘယ် ကြောင့် ကြည့်ရှုသနည်း။ ကိုယ်မျက်စိ၌ တံကျင်ရှိလျက်ပင် ညီအစ်ကိုအား သင်၏မျက်စိ၌ရှိသောငြောင့်ငယ်ကို ထုတ်ပါရ စေ ဟု အဘယ်သို့ဆိုသနည်း။ လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ရှိသောတံကျင်ကိုရှေးဦးစွာထုတ်ပစ်လော့။ နောက်မှ ညီအစ်ကို မျက်စိ၌ ရှိသော ငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှါ ရှင်းလင်းစွာမြင်လိမ့်မည်။”
သခင်ယေရှုက “သင်မည်သို့ ရဲရင့်ပါသနည်း”။ သင့်အသက်တာရှိ ကြီးမားတဲ့ အပြစ်တရားဖြင့် တည်ရှိနေချိန်မှာ သူတစ်ပါးအသက်တာ၌ရှိသော အပြစ်နှင့် ပတ်သက်ပြီး ဘာကြောင့်များ သက်ဆိုင်နေရပါသနည်း။ သူတစ်ပါးကို ရှင်းလင်းသော စိတ်ဖြင့် အကူအညီပေးနိုင်ဖို့ရန် မိမိ၌ရှိသော တံကျင်ကို ဂရုစိုက်ကြည့်လိုက်ပါ။
သင်၌ရှိသော မနှစ်မြို့ဖွယ်အရာဖြင့် သူတပါးကို ဝေဖန်စီရင်ဖို့ရန် ရည်ရွယ်လေ့ရှိကြောင်းကို သင်သတိပြုမိ ပါသလား။ အကယ်၍ သင်ပျင်းရိနေတာကို သင်သိပါတယ်။ ထိုပျင်းရိခြင်းကို သင်မနှစ်မြို့ပါဘူး။ ပြီးတော့ ထိုအရာကို သူတစ်ပါးတို့၌ သင်ပိုမိုရှာဖွေပြီး စီရင်ဖို့ရန် ရည်ရွယ်ပါတယ်။ လောက နှင့် မာန်မာန သင်၌ရှိလျှင် လည်း သူတစ်ပါးကို ထိုအရာတို့အားဖြင့် အလျင်အမြန် စီရင်လေ့ရှိပါတယ်။ သင်ရင်ဆိုင်နေရ တဲ့အရာတွေကို သူတစ်ပါး၌လည်း သင်အလွယ်တကူ တွေ့မြင်နိုင်တယ်လို့ သတိပြုမိပါလိမ့်မည်။
ကောရိန္သုဩဝါဒစာ ပဌမစောင် ၁၁:၃၁ “ငါတို့သည် ကိုယ်ကိုကိုယ် စစ်ကြောစီရင်လျှင်၊ စစ်ကြော စီရင်တော်မူခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။”
ကျမ်းပိုဒ်က ပြောသောအရာကို စဉ်းစားကြည့်ပါ။ မိမိအသက်တာကို အလေးအနက်ထား လေ့လာပြီး အားနည်းချက် ၊ မှားယွင်းမှု နှင့် ရှုံးနိမ့်မှုများကို ကိုယ်တိုင် အကဲဖြတ်မည်ဆိုလျှင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို တရားစီရင်ရန် မလိုအပ်ပေ။
ဘုရားသခင်သည်
သင့်အတွက် ဖြစ်ပါတယ်။ သင့်ကို ဆန့်ကျင်သူမဟုတ်ပါ။ သင်၏ အားနည်းချက်တွေကို သိနှင့်နေပြီး
သင်၏ယုံကြည်ခြင်း၌ ရင့်ကျက်လာစေရန် ထိုအားနည်းချက်တို့ကို သင်သိရှိဖို့ရန် အကူအညီ ပေးချင်ပါသည်။
-
သူတစ်ပါး၌ရှိသော မည်သည့်အပြစ်တို့ကို သင်ရှင်းလင်းစွာ နှင့် အလွယ်တကူ မြင်တွေ့လေ့ရှိပါသနည်း။
ထိုအရာတွေက သင့်အသက်တာတွင်ရှိသော အပြစ်နှင့်ပတ်သက်ပြီး မည်သည့်အရာကို ပြောနေပါသနည်း။
-
မိမိကိုယ်ကို အကဲဖြတ်ခြင်းက ဘာကိုဆိုလိုပါသနည်း။
-
တစ်စုံတစ်ယောက်ကို ဝေဖန်စီရင်ဖို့ရန် အငြင်းပွားချင်စိတ်ဖြစ်ပေါ်တဲ့အခါ ၎င်းအရာအစား
မည်သည့်အရာက သင့်ကို သတိပေးသင့်ပါသနည်း။
Zawgyi Version
သင္၏ မ်က္မႏိုင္ျခင္းအရာေတြကို မည္ကဲ့သို႔ ျမင္ႏိုင္ေစမည္နည္း။

ရွင္မႆဲခရစ္ဝင္က်မ္း ၇:၃ “ကိုယ္မ်က္စိ၌ရွိေသာ တံက်င္ကို မေအာက္ေမ့ဘဲ ညီအစ္ကိုမ်က္စိ၌ရွိေသာ ေျငာင့္ငယ္ကို အဘယ္ ေၾကာင့္ ၾကည့္ရႈသနည္း။”
တစ္စုံတစ္ေယာက္ကို သင္မေဝဖန္ခင္မွာ သင့္အသက္တာတြင္လည္း သင္မျမင္တဲ့အရာေတြ (တံက်င္) ရွိေနတယ္ဆိုတာကို သတိရပါ။ ထိုတံက်င္ေတြသည္ သင္မျမင္ႏိုင္ေသာ (သို႔) ျမင္ဖို႔ရန္ ျငင္းပယ္ထားေသာ သင့္အသက္တာရွိ အမူအက်င့္ေတြ ၊ အားနည္းခ်က္ေတြျဖစ္ပါတယ္။ တျခားသူတို႔ႏွင့္ ျဖစ္ေသာ တစ္ခ်ိဳ႕ ပဋိကၡေတြ ျဖစ္ပါတယ္။
ဉပမာအားျဖင့္ ႐ိုးစင္းတဲ့ စကားေလးေတြကို ျငင္းခံစရာအျဖစ္ သင္ျဖစ္ပြားေစတယ္ဆိုတာကို သင္နား မလည္လိုက္ျခင္း ႏွင့္ အစဥ္မျပတ္ အျငင္းပြားဖြယ္ေတြ ျဖစ္ေနႏိုင္ပါတယ္။ သခင္ေယရႈက သင္သည္ သူတပါး တို႔၌ရွိေသာ တံက်င္ေတြကို စစ္ေၾကာစီရင္ရန္ ျဖစ္လာပါလွ်င္ မိမိတံက်င္ကို ဖြင့္ဟရန္ ၊ သူတို႔ႏွင့္ ေျဖရွင္းရန္ အခြင့္အေရးအျဖစ္ မွတ္ယူဖို႔ရန္ ျဖစ္ပါတယ္။
သခင္ေယရႈ ေတာင္ေပၚတရားေတာ္တြင္ ဤအေၾကာင္းကို ေျပာခဲ့ပါတယ္။ ရွင္မသဲခရစ္ဝင္က်မ္း ၇:၃-၅ “ကိုယ္မ်က္စိ၌ရွိေသာ တံက်င္ကို မေအာက္ေမ့ဘဲ ညီအစ္ကိုမ်က္စိ၌ရွိေသာ ေျငာင့္ငယ္ကို အဘယ္ ေၾကာင့္ ၾကည့္ရႈသနည္း။ ကိုယ္မ်က္စိ၌ တံက်င္ရွိလ်က္ပင္ ညီအစ္ကိုအား သင္၏မ်က္စိ၌ရွိေသာေျငာင့္ငယ္ကို ထုတ္ပါရ ေစ ဟု အဘယ္သို႔ဆိုသနည္း။ လွ်ိဳ႕ဝွက္ေသာသူ၊ ကိုယ္မ်က္စိ၌ရွိေသာတံက်င္ကိုေရွးဦးစြာထုတ္ပစ္ေလာ့။ ေနာက္မွ ညီအစ္ကို မ်က္စိ၌ ရွိေသာ ေျငာင့္ငယ္ကို ထုတ္ပစ္ျခင္းငွါ ရွင္းလင္းစြာျမင္လိမ့္မည္။”
သခင္ေယရႈက “သင္မည္သို႔ ရဲရင့္ပါသနည္း”။ သင့္အသက္တာရွိ ႀကီးမားတဲ့ အျပစ္တရားျဖင့္ တည္ရွိေနခ်ိန္မွာ သူတစ္ပါးအသက္တာ၌ရွိေသာ အျပစ္ႏွင့္ ပတ္သက္ၿပီး ဘာေၾကာင့္မ်ား သက္ဆိုင္ေနရပါသနည္း။ သူတစ္ပါးကို ရွင္းလင္းေသာ စိတ္ျဖင့္ အကူအညီေပးႏိုင္ဖို႔ရန္ မိမိ၌ရွိေသာ တံက်င္ကို ဂ႐ုစိုက္ၾကည့္လိုက္ပါ။
သင္၌ရွိေသာ မႏွစ္ၿမိဳ႕ဖြယ္အရာျဖင့္ သူတပါးကို ေဝဖန္စီရင္ဖို႔ရန္ ရည္႐ြယ္ေလ့ရွိေၾကာင္းကို သင္သတိျပဳမိ ပါသလား။ အကယ္၍ သင္ပ်င္းရိေနတာကို သင္သိပါတယ္။ ထိုပ်င္းရိျခင္းကို သင္မႏွစ္ၿမိဳ႕ပါဘူး။ ၿပီးေတာ့ ထိုအရာကို သူတစ္ပါးတို႔၌ သင္ပိုမိုရွာေဖြၿပီး စီရင္ဖို႔ရန္ ရည္႐ြယ္ပါတယ္။ ေလာက ႏွင့္ မာန္မာန သင္၌ရွိလွ်င္ လည္း သူတစ္ပါးကို ထိုအရာတို႔အားျဖင့္ အလ်င္အျမန္ စီရင္ေလ့ရွိပါတယ္။ သင္ရင္ဆိုင္ေနရ တဲ့အရာေတြကို သူတစ္ပါး၌လည္း သင္အလြယ္တကူ ေတြ႕ျမင္ႏိုင္တယ္လို႔ သတိျပဳမိပါလိမ့္မည္။
ေကာရိႏ္သဳဩဝါဒစာ ပဌမေစာင္ ၁၁:၃၁ “ငါတို႔သည္ ကိုယ္ကိုကိုယ္ စစ္ေၾကာစီရင္လွ်င္၊ စစ္ေၾကာ စီရင္ေတာ္မူျခင္းႏွင့္ ကင္းလြတ္ၾကလိမ့္မည္။”
က်မ္းပိုဒ္က ေျပာေသာအရာကို စဥ္းစားၾကည့္ပါ။ မိမိအသက္တာကို အေလးအနက္ထား ေလ့လာၿပီး အားနည္းခ်က္ ၊ မွားယြင္းမႈ ႏွင့္ ရႈံးနိမ့္မႈမ်ားကို ကိုယ္တိုင္ အကဲျဖတ္မည္ဆိုလွ်င္ ဘုရားသခင္သည္ ကြၽႏ္ုပ္တို႔ကို တရားစီရင္ရန္ မလိုအပ္ေပ။
ဘုရားသခင္သည္ သင့္အတြက္ ျဖစ္ပါတယ္။ သင့္ကို ဆန႔္က်င္သူမဟုတ္ပါ။ သင္၏ အားနည္းခ်က္ေတြကို သိႏွင့္ေနၿပီး သင္၏ယုံၾကည္ျခင္း၌ ရင့္က်က္လာေစရန္ ထိုအားနည္းခ်က္တို႔ကို သင္သိရွိဖို႔ရန္ အကူအညီ ေပးခ်င္ပါသည္။
ဆင္ျခင္ရန္
- သူတစ္ပါး၌ရွိေသာ မည္သည့္အျပစ္တို႔ကို သင္ရွင္းလင္းစြာ ႏွင့္ အလြယ္တကူ ျမင္ေတြ႕ေလ့ရွိပါသနည္း။ ထိုအရာေတြက သင့္အသက္တာတြင္ရွိေသာ အျပစ္ႏွင့္ပတ္သက္ၿပီး မည္သည့္အရာကို ေျပာေနပါသနည္း။
- မိမိကိုယ္ကို အကဲျဖတ္ျခင္းက ဘာကိုဆိုလိုပါသနည္း။
- တစ္စုံတစ္ေယာက္ကို ေဝဖန္စီရင္ဖို႔ရန္ အျငင္းပြားခ်င္စိတ္ျဖစ္ေပၚတဲ့အခါ ၎အရာအစား မည္သည့္အရာက သင့္ကို သတိေပးသင့္ပါသနည္း။