Unicode Version
ယနေ့အတွက် သင်လိုအပ်သော အကူအညီကို မည်ကဲ့သို့ ရယူမည်နည်း။
ဟေရှာယအနာဂတ္တိကျမ်း ၄၃:၂-၃ “သင်သည် ရေကို ရှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို ရှောက်သွားသောအခါ၊ မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်း မလောင်ရ။ မီးလျှံလည်း မညိရ။ အကြောင်း မူကား၊ ငါသည် သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင့်ကို ရွေးသောသခင်၊ ဣသရေလအမျိုး၏ သန့်ရှင်း သောဘုရားဖြစ်၏။ သင့်ကို ရွေးဘို့၊ အဲဂုတ္တုပြည်ကို၎င်း၊ သင့်အတွက် ကုရှပြည်နှင့် သေဘပြည်ကို၎င်း ငါပေး၏။”
သင်ယုံကြည်သူခရစ်ယာန် တစ်ယောက်ဖြစ်လာတဲ့အခါမှာ အသက်တာကို ချက်ချင်းပြည့်စုံဖို့ရန် မျှော်လင့်ပါ သလား။
ထိုသို့ မျှော်လင့်ပါလျှင် ခရစ်ယာန်တွေအတွက် - ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ၊ ငွေးကြေးဆိုင်ရာ ၊ ခန္ဓာပိုင်းဆိုင် ရာ နှင့် စိတ်ပိုင်းဆိုင်ရာတို့အပါအဝင် အမျိုးမျိုးသော စမ်းသပ်စစ်ဆေးခြင်းမှုတွေကို သင်အလျင် အမြန် ရှာဖွေ တွေ့ရှိမယ် ဆိုတာကို ကျွန်ုပ်ပြောရဲပါတယ်။ တစ်ချို့သောသူတွေက ကောင်းကင်ဘုံမှာ ပြည့်စုံခြင်းရှိ သကဲ့သို့ မြေကြီးပေါ်မှာလည်း ပြည့်စုံဖို့သောအသက်ကို မျှော်လင့်ကြပါတယ်။ သို့ပေမဲ့ ကျွန်ုပ်တို့ရှိ နေတဲ့နေရာက ကောင်းကင်ဘုံမဟုတ်ပါ။
ဘုရားသခင်၏ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော်လို့ ကျွန်ုပ်တို့ ဆုတောင်းကြခြင်းသည် ပြီးပြည့်စုံခြင်းကို ပြုမည့်အတွက်ကြောင့် ဖြစ်ပါတယ်။
သို့ပေမဲ့
ဤမြေကြီးတွင် ဘုရားသခင်၏ အလိုတော်သည် ဖြစ်ခဲပါတယ်။ ဤကမ္ဘာပေါ်ရှိ အရာအားလုံးတို့သည်
ကျိုးပဲ့နေပါတယ်။ ရာသီဉတု ၊ စီးပွားရေး ၊ ကျွန်ုပ်တို့၏ ခန္ဓာ ၊ ပေါင်းသင်းဆက်ဆံရေးတို့သည်
အမြဲတမ်း အဆင်မချောပါ။ အပြစ်တရားကြောင့် ဆိုးသောအရာတွေ ဖြစ်ပျက်လာလိမ့်မည် ဆိုတဲ့အကြောင်းတရားကတော့
သေချာနေပါတယ်။
ဤလောကမှာ
ကျွန်ုပ်တို့ ရင်ဆိုင်ရမည့် ပြသနာအားလုံးတို့တွင် ဘုရားသခင်၏ ကတိတော်တွေက အထောက်အမ ပေးသည်ကိုတော့ ကျွန်ုပ်တို့ စိတ်ချနိုင်ပါတယ်။
ဟေရှာယအနာဂတ္တိကျမ်း ၄၃:၂-၃ “သင်သည် ရေကို ရှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို ရှောက်သွားသောအခါ၊ မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်း မလောင်ရ။ မီးလျှံလည်း မညိရ။ အကြောင်း မူကား၊ ငါသည် သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင့်ကို ရွေးသောသခင်၊ ဣသရေလအမျိုး၏ သန့်ရှင်း သောဘုရားဖြစ်၏။ သင့်ကို ရွေးဘို့၊ အဲဂုတ္တုပြည်ကို၎င်း၊ သင့်အတွက် ကုရှပြည်နှင့် သေဘပြည်ကို၎င်း ငါပေး၏။”
ရေနက်ရာနေရာ နှင့် ခက်ခဲသော မြစ်များကြား လျှောက်လမ်းသွားရတဲ့အခါမှာ သင်ရေမစိုစေရဘူးလို့ ဘုရားသခင် ကတိမပေးပါ။ နာကျင်ခြင်းဝေဒနာ များရှိသော ပြသနာတစ်ချို့အား သင်ဖြတ်သန်းသွားရဖို့ ရှိပါတယ်။ ရေစိုရမှုတွေလည်း ရှိမည်။ သို့ပေမဲ့ သင် ရေမနှစ်မွန်းစေရဘူး လို့ ကတိတော်ပေးထားပါတယ်။ မီးထဲဖြတ်လျှောက် ရချိန်တွင် အပူမီးကို သင်ရရှိပါမည်။ သို့ပေမဲ့ မီးလောင်ခြင်းကို သင်မခံရပါလို့ ကတိတော်ပေး ပါတယ်။ ၎င်းတို့ကို သင်ဖြတ်ကျော်ရပါမည်။
ဖိလိပ္ပိ ဩဝါဒစာ ၄:၁၃ “ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။” ဤကျမ်းပိုဒ်တွင် ခပ်သိမ်းသောအမှု တို့ကို ငါတတ်စွမ်းနိုင်ခြင်းသည် (ဘုရားသခင် လုပ်ဆောင်စေသော အမှုဖြစ်ပါတယ်) ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသော (ဘုရားသခင်၏ ရည်ရွယ်ချက် တို့ကို ပြည့်စုံစေဖို့ရန် - ကျွန်ုပ်သည် သခင်ခရစ်တော်၏ ပြည့်စုံခြင်း၌ မိမိကိုယ်ကို ပြည့်စုံသောသူ ဖြစ်စေပြီး ပေးသနားတော်မူသော အတွင်းရှိ ခွန်းအားနှင့် ယုံကြည်စိတ်ချရသော ငြိမ်သက်ခြင်းအားဖြင့် ဖြည့်သွင်း ပေးသော သခင်ခရစ်တော်အားဖြင့် အရာရာတိုင်းအတွက် ကျွန်ုပ်အဆင်သင့် ဖြစ်ပါပြီ”။
ဤကျမ်းပိုဒ်က သင်ဖြစ်သည်အတိုင်း သင်လုပ်ဆောင်နိုင်ခြင်းကို မဆိုလိုပါ။ သင်၌ သခင်ခရစ်တော်၏ တန်ခိုးအာနုဘော်အားဖြင့် အသက်တာရှိ ဘယ်လိုပြသနာတွေကို မဆို ရင်ဆိုင်ဖို့ရန် ယုံကြည်ချက်ရှိကြောင်းကို ဆိုလိုခြင်းဖြစ်ပါသည်။
ယခုအချိန်မှာ သင်အလွန် ကျန်းမာသည်ဟု ခံစားရနိုင်သည်။ သို့ပေမဲ့ သင်လိုအပ်သောအချိန်၌ သင်လိုအပ်သော ခွန်အားကို ရရှိလာပါလိမ့်မည်။ သမ္မာကျမ်းစာတွင် နေ့ဖို့ အစာကိုသာ ဆိုထားပါတယ်။ သီတင်းတစ်ပတ် ၊ တစ်လစာလို့ မဆိုထားပါ။ “အဖဘုရား အသက်မွေးလောက်သော အစာကို အကျွန်ုပ်တို့အား ယနေ့ပေးသနား တော်မူပါ။ ယနေ့အတွက် လုံလောက်သော ခွန်အားကိုသာ ကျွန်ုပ်လိုအပ်ပါသည်” လို့ဆုတောင်းဖို့ရန် သမ္မာကျမ်း စာမှာ ပြောထားပါတယ်။
သင်၏ ပြသနာတွေထဲမှာ ဘုရားသခင် ကူညီမစပါလိမ့်မည်။ ယနေ့အတွက် သင်လိုအပ်သော
ခွန်အားတို့ကို သူအမြဲတမ်းပေးပါတယ်။
ဆင်ခြင်ရန်
-
ယနေ့အတွက် လုံလောက်သော ခွန်အားကိုသာ တောင်းလျှောက်ဖို့ရန် ဘုရားအလိုတော်ရှိတယ်လို့
သင်ဘာကြောင့် ထင်မြင်ပါသနည်း။
-
သင်၌ စိုးရိမ်စရာ အရှိဆုံးအရာက မည်သို့နည်း။ ၎င်းက ဘုရားသခင်၏ ကတိတော်ကို သင်ယုံကြည်ခြင်းပေါ်
မည်သို့ သက်ရောက်မှုရှိပါသနည်း။
-
သင်ရေနစ်မွန်းခြင်းကို ခွင့်ပြုလိမ့်မည် မဟုတ်ကြောင်းဆိုတဲ့ ကတိတော်ပေါ် ဘုရားသခင်သည်
သင့်အား လွန်ခဲ့သော ကာလတို့တွင် မည်သို့ ဖော်ပြခဲ့ပါသနည်း။
-------------------------------------------------------------------------------
Zawgyi Version
ယေန႔အတြက္ သင္လိုအပ္ေသာ အကူအညီကို မည္ကဲ့သို႔ ရယူမည္နည္း။
ေဟရွာယအနာဂတၱိက်မ္း ၄၃:၂-၃ “သင္သည္ ေရကို ေရွာက္သြားေသာအခါ၊ သင္ႏွင့္အတူ ငါရွိ၏။ ျမစ္တို႔ကို ေရွာက္သြားေသာအခါ၊ မနစ္မမြန္းရ။ မီးကို ခ်င္းနင္းေသာအခါလည္း မေလာင္ရ။ မီးလွ်ံလည္း မညိရ။ အေၾကာင္း မူကား၊ ငါသည္ သင္၏ဘုရားသခင္ ထာဝရဘုရားျဖစ္၏။ သင့္ကို ေ႐ြးေသာသခင္၊ ဣသေရလအမ်ိဳး၏ သန္႔ရွင္း ေသာဘုရားျဖစ္၏။ သင့္ကို ေ႐ြးဘို႔၊ အဲဂုတၱဳျပည္ကို၎၊ သင့္အတြက္ ကုရွျပည္ႏွင့္ ေသဘျပည္ကို၎ ငါေပး၏။”
သင္ယုံၾကည္သူခရစ္ယာန္ တစ္ေယာက္ျဖစ္လာတဲ့အခါမွာ အသက္တာကို ခ်က္ခ်င္းျပည့္စုံဖို႔ရန္ ေမွ်ာ္လင့္ပါ သလား။
ထိုသို႔ ေမွ်ာ္လင့္ပါလွ်င္ ခရစ္ယာန္ေတြအတြက္ - ေပါင္းသင္းဆက္ဆံေရးဆိုင္ရာ ၊ ေငြးေၾကးဆိုင္ရာ ၊ ခႏၶာပိုင္းဆိုင္ ရာ ႏွင့္ စိတ္ပိုင္းဆိုင္ရာတို႔အပါအဝင္ အမ်ိဳးမ်ိဳးေသာ စမ္းသပ္စစ္ေဆးျခင္းမႈေတြကို သင္အလ်င္ အျမန္ ရွာေဖြ ေတြ႕ရွိမယ္ ဆိုတာကို ကြၽႏ္ုပ္ေျပာရဲပါတယ္။ တစ္ခ်ိဳ႕ေသာသူေတြက ေကာင္းကင္ဘုံမွာ ျပည့္စုံျခင္းရွိ သကဲ့သို႔ ေျမႀကီးေပၚမွာလည္း ျပည့္စုံဖို႔ေသာအသက္ကို ေမွ်ာ္လင့္ၾကပါတယ္။ သို႔ေပမဲ့ ကြၽႏ္ုပ္တို႔ရွိ ေနတဲ့ေနရာက ေကာင္းကင္ဘုံမဟုတ္ပါ။
ဘုရားသခင္၏ အလိုေတာ္သည္ ေကာင္းကင္ဘုံ၌ ျပည့္စုံသကဲ့သို႔ ေျမႀကီးေပၚမွာ ျပည့္စုံပါေစေသာ္လို႔ ကြၽႏ္ုပ္တို႔ ဆုေတာင္းၾကျခင္းသည္ ၿပီးျပည့္စုံျခင္းကို ျပဳမည့္အတြက္ေၾကာင့္ ျဖစ္ပါတယ္။
သို႔ေပမဲ့ ဤေျမႀကီးတြင္ ဘုရားသခင္၏ အလိုေတာ္သည္ ျဖစ္ခဲပါတယ္။ ဤကမာၻေပၚရွိ အရာအားလုံးတို႔သည္ က်ိဳးပဲ့ေနပါတယ္။ ရာသီဉတု ၊ စီးပြားေရး ၊ ကြၽႏ္ုပ္တို႔၏ ခႏၶာ ၊ ေပါင္းသင္းဆက္ဆံေရးတို႔သည္ အၿမဲတမ္း အဆင္မေခ်ာပါ။ အျပစ္တရားေၾကာင့္ ဆိုးေသာအရာေတြ ျဖစ္ပ်က္လာလိမ့္မည္ ဆိုတဲ့အေၾကာင္းတရားကေတာ့ ေသခ်ာေနပါတယ္။
ဤေလာကမွာ ကြၽႏ္ုပ္တို႔ ရင္ဆိုင္ရမည့္ ျပသနာအားလုံးတို႔တြင္ ဘုရားသခင္၏ ကတိေတာ္ေတြက အေထာက္အမ ေပးသည္ကိုေတာ့ ကြၽႏ္ုပ္တို႔ စိတ္ခ်ႏိုင္ပါတယ္။
ေဟရွာယအနာဂတၱိက်မ္း ၄၃:၂-၃ “သင္သည္ ေရကို ေရွာက္သြားေသာအခါ၊ သင္ႏွင့္အတူ ငါရွိ၏။ ျမစ္တို႔ကို ေရွာက္သြားေသာအခါ၊ မနစ္မမြန္းရ။ မီးကို ခ်င္းနင္းေသာအခါလည္း မေလာင္ရ။ မီးလွ်ံလည္း မညိရ။ အေၾကာင္း မူကား၊ ငါသည္ သင္၏ဘုရားသခင္ ထာဝရဘုရားျဖစ္၏။ သင့္ကို ေ႐ြးေသာသခင္၊ ဣသေရလအမ်ိဳး၏ သန္႔ရွင္း ေသာဘုရားျဖစ္၏။ သင့္ကို ေ႐ြးဘို႔၊ အဲဂုတၱဳျပည္ကို၎၊ သင့္အတြက္ ကုရွျပည္ႏွင့္ ေသဘျပည္ကို၎ ငါေပး၏။”
ေရနက္ရာေနရာ ႏွင့္ ခက္ခဲေသာ ျမစ္မ်ားၾကား ေလွ်ာက္လမ္းသြားရတဲ့အခါမွာ သင္ေရမစိုေစရဘူးလို႔ ဘုရားသခင္ ကတိမေပးပါ။ နာက်င္ျခင္းေဝဒနာ မ်ားရွိေသာ ျပသနာတစ္ခ်ိဳ႕အား သင္ျဖတ္သန္းသြားရဖို႔ ရွိပါတယ္။ ေရစိုရမႈေတြလည္း ရွိမည္။ သို႔ေပမဲ့ သင္ ေရမႏွစ္မြန္းေစရဘူး လို႔ ကတိေတာ္ေပးထားပါတယ္။ မီးထဲျဖတ္ေလွ်ာက္ ရခ်ိန္တြင္ အပူမီးကို သင္ရရွိပါမည္။ သို႔ေပမဲ့ မီးေလာင္ျခင္းကို သင္မခံရပါလို႔ ကတိေတာ္ေပး ပါတယ္။ ၎တို႔ကို သင္ျဖတ္ေက်ာ္ရပါမည္။
ဖိလိပၸိ ဩဝါဒစာ ၄:၁၃ “ငါ့ကို ခြန္အားႏွင့္ျပည့္စုံေစေတာ္မူေသာ ခရစ္ေတာ္အားျဖင့္ ခပ္သိမ္းေသာအမႈတို႔ကို ငါတတ္စြမ္းႏိုင္၏။” ဤက်မ္းပိုဒ္တြင္ ခပ္သိမ္းေသာအမႈ တို႔ကို ငါတတ္စြမ္းႏိုင္ျခင္းသည္ (ဘုရားသခင္ လုပ္ေဆာင္ေစေသာ အမႈျဖစ္ပါတယ္) ငါ့ကို ခြန္အားႏွင့္ ျပည့္စုံေစေတာ္မူေသာ (ဘုရားသခင္၏ ရည္႐ြယ္ခ်က္ တို႔ကို ျပည့္စုံေစဖို႔ရန္ - ကြၽႏ္ုပ္သည္ သခင္ခရစ္ေတာ္၏ ျပည့္စုံျခင္း၌ မိမိကိုယ္ကို ျပည့္စုံေသာသူ ျဖစ္ေစၿပီး ေပးသနားေတာ္မူေသာ အတြင္းရွိ ခြန္းအားႏွင့္ ယုံၾကည္စိတ္ခ်ရေသာ ၿငိမ္သက္ျခင္းအားျဖင့္ ျဖည့္သြင္း ေပးေသာ သခင္ခရစ္ေတာ္အားျဖင့္ အရာရာတိုင္းအတြက္ ကြၽႏ္ုပ္အဆင္သင့္ ျဖစ္ပါၿပီ”။
ဤက်မ္းပိုဒ္က သင္ျဖစ္သည္အတိုင္း သင္လုပ္ေဆာင္ႏိုင္ျခင္းကို မဆိုလိုပါ။ သင္၌ သခင္ခရစ္ေတာ္၏ တန္ခိုးအာႏုေဘာ္အားျဖင့္ အသက္တာရွိ ဘယ္လိုျပသနာေတြကို မဆို ရင္ဆိုင္ဖို႔ရန္ ယုံၾကည္ခ်က္ရွိေၾကာင္းကို ဆိုလိုျခင္းျဖစ္ပါသည္။
ယခုအခ်ိန္မွာ သင္အလြန္ က်န္းမာသည္ဟု ခံစားရႏိုင္သည္။ သို႔ေပမဲ့ သင္လိုအပ္ေသာအခ်ိန္၌ သင္လိုအပ္ေသာ ခြန္အားကို ရရွိလာပါလိမ့္မည္။ သမၼာက်မ္းစာတြင္ ေန႔ဖို႔ အစာကိုသာ ဆိုထားပါတယ္။ သီတင္းတစ္ပတ္ ၊ တစ္လစာလို႔ မဆိုထားပါ။ “အဖဘုရား အသက္ေမြးေလာက္ေသာ အစာကို အကြၽႏ္ုပ္တို႔အား ယေန႔ေပးသနား ေတာ္မူပါ။ ယေန႔အတြက္ လုံေလာက္ေသာ ခြန္အားကိုသာ ကြၽႏ္ုပ္လိုအပ္ပါသည္” လို႔ဆုေတာင္းဖို႔ရန္ သမၼာက်မ္း စာမွာ ေျပာထားပါတယ္။
သင္၏ ျပသနာေတြထဲမွာ ဘုရားသခင္ ကူညီမစပါလိမ့္မည္။ ယေန႔အတြက္ သင္လိုအပ္ေသာ ခြန္အားတို႔ကို သူအၿမဲတမ္းေပးပါတယ္။
ဆင္ျခင္ရန္
- ယေန႔အတြက္ လုံေလာက္ေသာ ခြန္အားကိုသာ ေတာင္းေလွ်ာက္ဖို႔ရန္ ဘုရားအလိုေတာ္ရွိတယ္လို႔ သင္ဘာေၾကာင့္ ထင္ျမင္ပါသနည္း။
- သင္၌ စိုးရိမ္စရာ အရွိဆုံးအရာက မည္သို႔နည္း။ ၎က ဘုရားသခင္၏ ကတိေတာ္ကို သင္ယုံၾကည္ျခင္းေပၚ မည္သို႔ သက္ေရာက္မႈရွိပါသနည္း။
- သင္ေရနစ္မြန္းျခင္းကို ခြင့္ျပဳလိမ့္မည္ မဟုတ္ေၾကာင္းဆိုတဲ့ ကတိေတာ္ေပၚ ဘုရားသခင္သည္ သင့္အား လြန္ခဲ့ေသာ ကာလတို႔တြင္ မည္သို႔ ေဖာ္ျပခဲ့ပါသနည္း။