အောင်မြင်ခြင်းကို ခရစ်ယာန်တို့ မည်ကဲ့သို့ တိုင်းတာသင့်ပါသနည်း။ | How Should Christians Measure Success?
Unicode Version
အောင်မြင်ခြင်းကို ခရစ်ယာန်တို့ မည်ကဲ့သို့ တိုင်းတာသင့်ပါသနည်း။
ဟေဗြဲဩဝါဒစာ ၁၁:၆ “ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည်ကို၎င်း၊ ယုံကြည်ရမည်။ ”
အသက်တာ
ဘာမှလုပ်ဆောင်မှု မပြုဘဲ အောင်မြင်သွားခြင်းထက် အသက်တာဖြင့် ကြီးမြတ်တဲ့ တစ်စုံတစ်ခုကို လုပ်ပြီး ကျရုံးသွားနိုင်ခြင်းမျိုးကို
လုပ်ဆောင်ဖို့ရန် ကျွန်ုပ်ကြိုးစား အားထုတ်ပါမည်။ ၎င်းသည် လူတိုင်းနီးပါး ရှိကြပါတယ်။
အသက်တာ တရွတ်တိုက်ဆွဲနေကြရပါတယ်။ ပန်းတိုင်မရှိကြပါ။ လကို မချိန်ရွယ် မရည်မှန်းကြပါဘူး။
ဘာကြောင့်လဲဆိုတော့ သူတို့၏ ခြံစည်းရိုးကို ထိခိုက်မိမှာ ကြောက်နေလို့ ဖြစ်ပါတယ်။ ကျရှုံးခြင်းဆိုတာ
တစ်စုံတစ်ခုကို မလုပ်ဆောင်နိုင်ခြင်းနှင့် မတူဘူးဆိုတာကို လူတွေ မေ့ကြတယ် (သို့) ဘယ်တော့မှ
နားမလည်ကြပါ။ ကျရှုံးခြင်းဆိုတာ ကြိုးစားဖို့ ဆန္ဒမရှိခြင်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့
နှစ်ပေါင်း ၄၀ အချိန် ကျွန်တော်နှင့် Kay တို့ Saddleback အသင်းတော်ကို စတင်ခဲ့စဉ်က
“At least he tried” ဆိုတဲ့ စကားလုံး (၄) လုံးကို ကျွန်တော့၏ သင်္ချိုင်းဂူ ကဗည်းကျောက်တိုင်မှာ
ရေးသားဖို့ရန် အလိုရှိကြောင်းကို အကြိမ်ပေါင်းများစွာ မိသားစုကို ကျွန်တော် ပြောခဲ့ပါတယ်။
ကျွန်ုပ်တို့၏ အသင်းတော် လေးသည် ဆက်လက်တည်ရှိမည် ၊ မရှိမည်ကို အကဲဖြတ်အဖွဲ့တွေ ထုတ်ဖော်ပြောကြားခြင်း
မရှိခဲ့ပါ။
ကျွန်ုပ်တွင်
ကြီးမားတဲ့ ရည်မှန်းချက်နဲ့ ပန်းတိုင်ရှိပါတယ်။ ၎င်းကို ကျွန်ုပ်ဘယ်တော့မှ မရောက်ရှိခဲ့ပါလျှင် အနည်းဆုံးတော့ ကျွန်ုပ် ကြိုးစားခဲ့တယ်ဆိုတာကို သိစေချင်ပါသည်။ ယနေ့ ကျွန်ုပ်၏ ကဗည်းကျောက်တိုင်
ပေါ်မှာ မရေးသားနိုင်ခြင်းသည်
အစီအစဉ်တွေက ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကြောင့် ဖြစ်မြောက်ခဲ့ တာဖြစ်ပါတယ်။ သို့ပေမဲ့
စီမံကိန်း ၊ စီးပွားရေး (သို့) သာသနာပြုခြင်းအမှု အစောပိုင်းကာလတွေမှာ “At least
he tried” လို့ သင်ပြောဆိုဖို့တော့ အဆင်ပြေပါတယ်။
၎င်းသည်
ယုံကြည်ခြင်းဖြစ်ပါတယ်။
သင်၏ ကြောက်ရွံ့မှုများကြားမှ ရှေ့သို့ ဆက်သွားနေသည်။ သမ္မာကျမ်းစာ တွင် ဆိုထားသည်မှာ ရှင်မဿဲခရစ်ဝင် ၉:၂၉ “ထိုအခါ သူတို့၏ မျက်စိကို တို့တော်မူ၍၊ သင်တို့ ယုံခြင်းရှိသည် အတိုင်း သင်တို့၌ဖြစ်စေဟု မိန့်တော် မူလျှင်၊ သူတို့သည် မျက်စိပွင့်လင်းလေ၏။” မသိရှိခြင်းနှင့်အတူ ဘုရားသခင် ကိုသာ
ယုံကြည်ဖို့ရန် စိတ်ဆန္ဒရှိကြောင်း ဖော်ပြလျက် ရှေ့ဆက်သွားတဲ့အခါမှာ သင့်အသက်တာကို
ဘုရားသခင် မည်မျှကောင်းချီးပေးမလဲဆိုတာကို သင်ရွေးချယ်နေခြင်း ဖြစ်ပါတယ်။
အသက်တာက
မာရသွန်ပြေးပွဲလို ဖြစ်ပါတယ်။ ပထမနေရာရဖို့ လူတွေ ပြေးကြတာ မဟုတ်ပါဘူး။ လူထောင် ပေါင်းများစွာထဲမှ
တစ်ဉီးကသာ ပထမနေရာ ရမှာဖြစ်ပါတယ်။ ပြေးသောလူတွေသည် မာရသွန်ပြေးပွဲတွင် ပြေးရခြင်းကို
ပြီးမြောက်အောင်မြင်ဖို့နှင့် “ငါ ပြေးခဲ့တယ်။ ငါကြိုးစားခဲ့တယ်” ဆိုတဲ့ စကားကို
ပြောနိုင်ဖို့ ဖြစ်ပါတယ်။
အသက်တာရှိ
နေရာတိုင်းတွင် နံပါတ် (၁) နေရာ ရှိဖို့ဆိုတာ သင်မဖြစ်လာနိုင်သလို ကျွန်ုပ်တွင်လည်း
မဖြစ်ပါ။ အဓိကအရေးကြီးတဲ့အချက်က ပြိုင်ပွဲတွင် ပြေးခြင်းအရာကို သင်ပြီးဆုံးစေခဲ့သလား
(သို့) အစောကြီးထွက်လာ သလား ၊ အဆုံးပိုင်းမှာ သက်တောင့်သက်သာ ဖြစ်စေခဲ့သလား။ သင့်အား
ထာဝရအိမ်တော်သို့ ယူဆောင်ခြင်းနေ့ရက်ထိတိုင် သခင်ယေရှုအတွက် သင် အပြင်းအထန် ၊ အလျင်အမြန်
ပြေးပါသလား။
ဟေဗြဲဩဝါဒစာ ၁၁:၆ “ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊
ကိုယ်တော်ကို ရှာသော သူအား အကျိုးပေးတော်မူသည်ကို၎င်း၊ ယုံကြည်ရမည်။”
တစ်စုံတစ်ခုကို ဘုရားသခင် ဘုန်းတော်ထင်ရှားစေဖို့အတွက် အားထုတ်တဲ့အခါမှာ
ဘာတွေဘဲ ဖြစ်လာပါစေ အရေးမကြီးပါ။ ကျရှုံးခြင်းကို သင်မစဉ်းစားနိုင်တော့ပါ။ တစ်စုံတစ်ခုကို
ယုံကြည်ခြင်းဖြင့် လုပ်ဆောင်ပါလျှင် သင်အောင်မြင်နေပြီ
ဖြစ်ပါတယ်။
ဆင်ခြင်ရန်
-
တစ်စုံတစ်ခုကို အနိုင်ယူသည်ဟု ပြောနိုင်ဖို့ရန် (သို့) ၎င်းအတွက် ထမြောက်စေပြီး အားထုတ်ကြိုးပမ်းခဲ့ကြောင်း
ပြောဖို့ရန် သင့်အတွက် ပိုပြီး အရေးကြီးပါသလား။
-
ဘုရားသခင်၏ ဘုန်းတော်ထင်ရှားဖို့အတွက် တစ်ခုခုကို ကြိုးပမ်းစေဖို့ဆိုသည့် အဓိပ္ပါယ်ကား
မည်သို့နည်း။
-
အများစုသော ရည်မှန်းချက်ပန်းတိုင်တို့သည် ကြီးမားတဲ့ လုပ်ဆောင်မှုကြောင့် ပြီးမြောက်လာတာ
မဟုတ်ဘဲ သေးငယ်သောအရာ ၊ နေ့စဉ်ပြုမူမှု ညီညွှတ်ကိုက်ညီသော လုပ်ဆောင်မှုဆိုင်ရာ နာခံခြင်းတို့အားဖြင့်
ပြီးမြောက်ပါတယ်။ ရည်မှန်းချက်ပန်းတိုင်တစ်ခုဆီ သင်လုပ်ဆောင်နေသည်အလျှောက် နာခံခြင်းကို
မည်ကဲ့သို့ လိုက်လျှောက်ပါသနည်း။
-------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်