ကျေးဇူးတော်အားဖြင့် သင်၏နာကျင်ခြင်းကို ပျောက်စေလော့။ | Heal Your Hurt with Grace
 Unicode Version
ကျေးဇူးတော်အားဖြင့် သင်၏နာကျင်ခြင်းကို ပျောက်စေလော့။
ဧဖက်ဩဝါဒစာ ၄:၃၂ “အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။
 သင့်အသက်တာရှိ နာကျင်မှုတို့ကို မည်ကဲ့သို့ လက်လွှတ်မည်နည်း။ ကျေးဇူးတော်အားဖြင့် ပျောက်ကင်းစေပါ။
သင်၏ နာကျင်မှုတို့ကို ကျေးဇူးတော်အားဖြင့် ပျောက်ကင်းစေခြင်းသည် တစ်စုံတစ်ယောက်ကို ချိတ်ဆွဲထား ခြင်းမှ လွှတ်လိုက်ခြင်းကိုသာ မဆိုလိုပါ။ သင့်အား နာကျင်အောင် လုပ်ဆောင်သောသူကို သင်ခွင့်လွှတ်တယ်။ သို့ပေမဲ့ သူတို့အား ပြောဆိုသော စကားတို့ကိုလည်း သင်ပြောင်းလဲလိုက်ခြင်း ဖြစ်ပါတယ်။ သင်၏ စကားလုံး တို့တွင် ဝေဖန်စီရင်ခြင်းကို ရပ်တန့်လိုက်ပြီး စေတနာပိုခြင်းတွေဖြင့် စတင်ခြင်း ဖြစ်ပါတယ်။
ယုံကြည်သူ ခရစ်ယာန်ဖြစ်သည်နည်းတူ သင်ပြောသမျှသော စကားတို့သည် နှစ်လိုဖွယ်ဖြစ်သင့်ပါသည်။ ယနေ့ တွင် ကျွန်ုပ်တို့နေထိုင်သော ကမ္ဘာကြီးသည် ပိုပြီး ခက်ခဲမှုတွေ ဖြစ်လာပါတယ်။ သို့ပေမဲ့ ၎င်းသည် လူတိုင်းကို သက်ရောက်ပါတယ်။
ကောလောသဲ ဩဝါဒစာ ၄:၆ “လူအသီးအသီးတို့အား အဘယ်သို့ ပြန်ပြောရမည်ကို သိနိုင်မည်အကြောင်း၊ သင်တို့စကားသည် ဆားအားဖြင့်ငန်သော အရသာနှင့်ပြည့်စုံလျက်၊ အစဉ်မပြတ်တင့်တယ်လျောက်ပတ်ပါစေ။
များသောအားဖြင့် သင့်အား နာကျင်အောင်ပြုသောသူတွင် များစွာသော အပြစ်တွေကို သယ်ဆောင်သူဖြစ် ပါတယ်။ နာကျင်ခံစားရသော သူသည် လူတွေကို နာကျင်စေပါတယ်။ ၎င်းနာကျင်မှု သံသရာကို သင်ရပ်တန့်ပစ်ချင်ပါလျှင် ကျေးဇူးတော်တစ်ချို့ကို ဖော်ပြဖို့ရန် ဖြစ်ပါတယ်။ ကောလောသဲ ဩဝါဒစာ ၄:၆ “လူအသီးအသီးတို့အား အဘယ်သို့ ပြန်ပြောရမည်ကို သိနိုင်မည်အကြောင်း၊ သင်တို့စကားသည် ဆားအား ဖြင့်ငန်သော အရသာနှင့်ပြည့်စုံလျက်၊ အစဉ်မပြတ်တင့်တယ်လျောက်ပတ်ပါစေ။
ဘုရားသခင်သင့်အား ခွင့်လွှတ်ခဲ့ပြီးသည်ထက်ပိုပြီး လူတိုင်းကို သင်ဘယ်တော့မှ ခွင့်လွှတ်ဖို့ မလိုပါ။ သင့်အား ဘုရားသခင် ခွင့်လွှတ်ပြီးဖြစ်ပါတယ်။ လက်လွှတ်ရဖို့ရန် နှင့် ခွင့်လွှတ်ဖို့ရန် လူတွေအတွက် ခက်ခဲနေခြင်း အကြောင်းရင်းတစ်ချို့မှာ သူတို့ကိုယ်သူတို့ အပြည့်အဝ ခွင့်လွှတ်ခြင်းခံရတယ်လို့ ဘယ်တော့မှ မခံစားလို့ဖြစ်ပါတယ်။
ဘုရားသခင် သင့်အား မည်မျှ ခွင့်လွှတ်သလဲဆိုတာကို သင်အမှတ်ရနေတဲ့အခါ တခြားသူတွေကို ခွင့်လွှတ်ပေးဖို့ရန် အလွန်တရား လွယ်ကူစေပါတယ်။ ၎င်းကို သင်အလွယ်တကူ မခံစားရဘူးလို့ ထင်ကောင်းထင်ပါမည်။ သင့်အား နက်ရှိုင်းစွာ ထိခိုက်စေသူတစ်ဉီးဉီးကို ခွင့်လွှတ်ဖို့ရန် သင်၌ ခွန်အား ၊ စွမ်းအင် မရှိဘူးလို့ ထင်ကောင်းထင်မည်။ သင့်ကိုယ်သင် အားနည်းတယ်လို့ ထင်ပါမည်။
သင်၏ အစွမ်းအစ ၊ ခွန်အားတို့ဖြင့် တစ်ခုခုကို ကြိုးစားလုပ်ဆောင်သမျှကာလပတ်လုံး သင်ကျရှုံးပါမည်။ သင်အားနည်းသည်ကို သင်ကိုယ်တိုင်သိရှိပြီးသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်အပေါ် သင်မှီခိုရပါမည်။ ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၁၂:၉ “ငါ့ကျေးဇူးသည် သင့်အဘို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်း အဖြစ်၌ စုံလင်တတ်သည် ဟု မိန့်တော်မူ၏။ ထိုကြောင့် ခရစ်တော်၏ တန်ခိုးသည် ငါ့အပေါ်၌ ကျိန်းဝပ်မည် အကြောင်း ငါကိုယ်၌ အား နည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့် ဝါကြွားခြင်းငှါ သာ၍ ငါအလိုရှိ၏။ 
တစ်စုံတစ်ခုကို လက်လွှတ်နိုင်သည် (သို့) ခွင့်လွှတ်နိုင်သည်ဟု မထင်ကြောင်းဝန်ခံခြင်းသည် အဆင်ပြေပါတယ်။ တစ်ခါတစ်ရံ သင်ကိုယ်တိုင် ခွင့်လွှတ်ရန် ခွန်အားမရှိပါ။ သင်လုပ်ဆောင်ရန်မှာ သင့်ကိုယ်သင် နှိမ့်ချလျက် ဘုရားသခင်၏ ကျေးဇူးတော်ကို တောင်းခံဖို့ရန်သာဖြစ်ပါတယ်။
ဆင်ခြင်ရန်
- သင် မနှစ်သက်သော အကြောင်းအရာတစ်ခုကို တစ်စုံတစ်ဉီးနှင့် ပြောဆိုတဲ့အခါ သင်၏ ရည်ရွယ်ချက်ကား မည်သို့နည်း။ သမ္မာကျမ်းစာက ဖော်ပြသော ကောလောသဲ ဩဝါဒစာ ၄:၆ တွင်ပြောသော ဖြစ်သင့်သော ပန်းတိုင်ကား မည်သို့နည်း။
- သင်၏ အားနည်းချက်ကို ဝန်ခံဖို့ရန် ခက်ခဲပါသလား။ ဘာကြောင့်နည်း (သို့) ဘာကြောင့် မဟုတ်သနည်း။
- အရာရာအားလုံးကို သင်၏အကြံအစည်ဖြင့် သင်မလုပ်ဆောင်နိုင်ကြောင်းကို လေ့လာဖို့ရန် ဘာကြောင့်များ ဘုရားအလိုတော်ရှိသည်ဟု သင်ထင်မြင်ပါသနည်း။
--------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်