ခရစ္စမတ်၏ သတင်းကောင်း | The Good News of Christmas

Unicode Version

ခရစ္စမတ်၏ သတင်းကောင်း


တိမောသေဩဝါဒစာ ပဌမစောင် ၂:၅ “ဘုရားသခင် တဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့် လူတို့၏ စပ်ကြား မှာ၊ လူဖြစ်သော ယေရှုခရစ် တည်းဟူသော အာမခံတဦးတည်းရှိ၏။”

 

ခရစ္စမတ်ဆိုသည်မှာ သတင်းကောင်းဖြစ်ပါတယ်။ သို့ပေမဲ့ အထူးလက်ဆောင်တွေ ၊ စားကောင်းသောက် ကောင်းတွေ ၊ လှပတဲ့ မီးရောင်စုံအလှတွေ နှင့် ရွှင်ပျစေတဲ့ သီးချင်းတွေ မဟုတ်ပါဘူး။ ခရစ္စမတ်ဆိုတာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဆိုင်ရာ သတင်းကောင်းဖြစ်ပါတယ်။

 

လူသားတိုင်း ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လိုအပ်ကြတယ်လို့ သမ္မာကျမ်းစာက ဆိုပါတယ်။ တကယ်တော့ ဘုရားသခင် မပါရှိတဲ့အတွက်ကြောင့် သင်၏ အသက်တာတွင် လမ်းညွှန်မှုတွေ ၊ ကာကွယ်မှုတွေ နှင့် ဝမ်းမြောက်မှုတွေ ပျောက်ဆုံးနေတာ ဖြစ်ပြီး သင်၏ နိစ္စထာဝရကို ဤလောကပေါ် သက်ရောက်စေခြင်းက အရာမရောက်ပါဘူး။ သင်၏ ကောင်းကင်နိုင်ငံ ဝင်ရောက်ခွင့် အာမခံချက်လည်း မရှိတော့ပါဘူး။

 

ပျောက်ဆုံးနေတဲ့ သူတွေကို ဘုရားသခင် ရှာဖွေဖို့ရန် နှင့် ကယ်တင်ဖို့ရန် သခင်ယေရှုကို ဤလောကသို့ စေလွှတ်ခဲ့ခြင်းသည် ခရစ္စမတ်သတင်းကောင်း ဖြစ်ပါတယ်။ သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ “ဘုရားသခင် တဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့် လူတို့၏ စပ်ကြားမှာ၊ လူဖြစ်သော ယေရှုခရစ် တည်းဟူသော အာမခံတဦးတည်းရှိ၏။ ” တိမောသေဩဝါဒစာ ပဌမစောင် ၂:၅

 

အသင်းတော်သို့ သင်သွားရောက်နေကျဖြစ်တဲ့သူဆိုလျှင် ကယ်တင်ခြင်းအကြောင်းကို သင်ကြိမ်ဖန်များစွာ ကြားရဖို့ရှိပါတယ်။ သို့ပေမဲ့ ထိုအဓိပ္ပါယ်ကို သင်သိချင်မှသိပါမည်။ ထိုစကားလုံးက စိန်ပွင့်ပမာ မတူညီတဲ့ ဒေါင့်နေရာတွေကနေ အသစ်သော ရှုထောင့်တွေကို ရှာဖွေနိုင်စဲဖြစ်ပါတယ်။ ကယ်တင်ခြင်းဆိုသည်မှာ

(၁) သင့်အား ကယ်တင်ဖို့ရန် သခင်ယေရှု ကြွဆင်းလာသည်။

သင်၏ ပြသနာအားလုံးတို့ကို သင်မဖြေရှင်းနိုင်ပါ။ သခင်ယေရှု မပါလျှင် တခြားသော မျှော်လင့်စရာများစွာတို့၏ အနှောင်အဖွဲ့ ၊ လှည့်ကွက်တွေထဲကို သင်ရောက်ရှိသွားပါမည်။ သင်၏ ကြိုးစားအားထုတ်မှုဆိုင်ရာ ထောက်ခံမှုအတွက် အသက်ရှင်ခြင်းအသက်တာ ကျရောက်သွားပါမည်။ စွဲလမ်းမှုတွေထဲကို ကျရောက်သွား စေပါမည်။ ပြောင်းလဲသွားဖို့ရန် သင်ကြိုးစားပါမည်။ သို့ပေမဲ့ လွှတ်မြောက်ဖို့ရန် တန်ခိုးသည် သင်၌ မရှိပါ။ ထိုတန်ခိုးကို သင့်အား ပေးဖို့ရန် သခင်ယေရှု ကြွဆင်းလာခဲ့ပါတယ်။

 

(၂) သင့်အား ပြန်လည် တည့်မတ်စေဖို့ရန် သခင်ယေရှု ကြွဆင်းလာပါသည်။

အသက်တာရှိ ပျောက်ဆုံးနေတဲ့ အစိတ်အပိုင်းတွေကို ပြန်လည်တည့်မတ်ဖို့ရာ လူတွေ လိုလားကြပါတယ်။ သခင်ယေရှု မပါဘဲ သင်၏ခွန်အား ၊ သင်၏ ကိုယ့်ကိုကိုယ် ယုံကြည်မှု နှင့် ကျော်ဇောမှု ၊ အပြစ်ကင်းမှု နှင့် ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်ခြင်းတွေကို တည့်မတ်ဖို့ရန် ဆန္ဒရှိကြပေမည်။ သို့ပေမဲ့ သခင်ယေရှု သာလျှင် ထိုအရာတို့ကို လုပ်ဆောင်နိုင်ပါသည်။

 

(၃) သင်နှင့် ပြန်လည် ဆက်သွယ်မှုရဖို့ရန် သခင်ယေရှု ကြွဆင်းလာပါသည်။

ဘုရားသခင်ဆီ ပြန်လှည့်လာပါလျှင် အဆူခံရမည်ဟု လူတော်တော်များများ တွေးမြင်ကြပါတယ်။ သို့ပေမဲ့ ဘုရားသခင်က သင့်ကို အရူးမလုပ်ပါဘူး။ သင်နှင့် ပတ်သက်ပြီးတော့သာ ရူးသွပ်ရပါတယ်။ တနည်းအားဖြင့် သင့်အတွက် သူ၏ချစ်ခြင်းမေတ္တာသည် တိုင်းတာလို့ မရနိုင်ပါ။ သင့်အား ဘုရားသခင်နှင့် ပြန်လည် စေ့စပ်ညှိနှိုင်း ပေးဖို့ရန် နှင့် ဘုရားသခင်နှင့် တစ်ဖန် တစ်စိတ်တစ်သဘောတည်း ဖြစ်ဖို့ရန် ပထမဉီးဆုံး သော ခရစ္စမတ်တွင် သခင်ယေရှု လောကကြီးဆီကြွဆင်းလာခြင်းဖြစ်ပါတယ်။

 

ဤခရစ္စမတ် အချိန်သမယမှာ သင်၏ ဝန်းကျင်ကို ကြည့်လိုက်ပါ။ ကောင်းသောအရာတွေကို ဤကာလမှာ များစွာ တွေ့မြင်ပါလိမ့်မည်။ သို့ပေမဲ့ အကောင်းဆုံးဆိုတာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသတင်း ကောင်းဖြစ်တယ် ဆိုတာကိုတော့ သတိရပါ။ သခင်ယေရှုအားဖြင့် ကယ်တင်ခြင်း၊ ပြန်လည် နာလန်ထူခြင်းနှင့် ဘုရားသခင်နှင့် ပြန်လည် ပေါင်းစည်းခြင်းကို သင်တွေ့ကြုံနိုင်ပါသည်။ ဘယ်လို တွေ့ကြုံရမှာလဲ။ ဘုရားသခင်၏ ချစ်ခြင်းကို ရယူဖို့ရန် နှင့် ကောင်းကင်ဘုံ ဝင်ရဖို့ရန် လုပ်ဆောင်ဖို့ မလိုအပ်ပါ။

 

သမ္မာကျမ်းစာက ဆိုထားသည်မှာ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။” ဧဖက်ဩဝါဒစာ ၂: ၈-၉

 

ဆင်ခြင်ရန်

- ကယ်တင်ခြင်း ၊ ပြန်လည်ထူထောင်ခြင်းနှင့် ပေါင်းစည်းခြင်း၏ အသွင်များထဲမှ မည်သည့်အရာသည် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးတွင် အရေးပါဆုံးဖြစ်သနည်း။

- သခင်ယေရှုက ဤခရစ္စမတ်အတွက် မည်ကဲသို့သော သတင်းကောင်းဖြစ်ပါသနည်း။ တခြားသော သူတွေကို လည်း သတင်းကောင်းကို မည်ကဲ့သို့ ပြောပြနိုင်မည်နည်း။

- သခင်ယေရှု၏ မွေးနေ့ပွဲကို ပိုမိုကောင်းမွန်အောင် သင်မည်သို့ လုပ်ဆောင်နိုင်မည်နည်း။


------------------------------------------------------------------------

Zawgyi Version

ခရစၥမတ္၏ သတင္းေကာင္း


တိေမာေသဩဝါဒစာ ပဌမေစာင္ ၂:၅ “ဘုရားသခင္ တဆူတည္းရွိေတာ္မူ၏။ ဘုရားသခင္ႏွင့္ လူတို႔၏ စပ္ၾကား မွာ၊ လူျဖစ္ေသာ ေယရႈခရစ္ တည္းဟူေသာ အာမခံတဦးတည္းရွိ၏။”


ခရစၥမတ္ဆိုသည္မွာ သတင္းေကာင္းျဖစ္ပါတယ္။ သို႔ေပမဲ့ အထူးလက္ေဆာင္ေတြ ၊ စားေကာင္းေသာက္ ေကာင္းေတြ ၊ လွပတဲ့ မီးေရာင္စုံအလွေတြ ႏွင့္ ႐ႊင္ပ်ေစတဲ့ သီးခ်င္းေတြ မဟုတ္ပါဘူး။ ခရစၥမတ္ဆိုတာ ဘုရားသခင္၏ ခ်စ္ျခင္းေမတၱာဆိုင္ရာ သတင္းေကာင္းျဖစ္ပါတယ္။


လူသားတိုင္း ဘုရားသခင္၏ ခ်စ္ျခင္းေမတၱာကို လိုအပ္ၾကတယ္လို႔ သမၼာက်မ္းစာက ဆိုပါတယ္။ တကယ္ေတာ့ ဘုရားသခင္ မပါရွိတဲ့အတြက္ေၾကာင့္ သင္၏ အသက္တာတြင္ လမ္းၫႊန္မႈေတြ ၊ ကာကြယ္မႈေတြ ႏွင့္ ဝမ္းေျမာက္မႈေတြ ေပ်ာက္ဆုံးေနတာ ျဖစ္ၿပီး သင္၏ နိစၥထာဝရကို ဤေလာကေပၚ သက္ေရာက္ေစျခင္းက အရာမေရာက္ပါဘူး။ သင္၏ ေကာင္းကင္ႏိုင္ငံ ဝင္ေရာက္ခြင့္ အာမခံခ်က္လည္း မရွိေတာ့ပါဘူး။ 


ေပ်ာက္ဆုံးေနတဲ့ သူေတြကို ဘုရားသခင္ ရွာေဖြဖို႔ရန္ ႏွင့္ ကယ္တင္ဖို႔ရန္ သခင္ေယရႈကို ဤေလာကသို႔ ေစလႊတ္ခဲ့ျခင္းသည္ ခရစၥမတ္သတင္းေကာင္း ျဖစ္ပါတယ္။ သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “ဘုရားသခင္ တဆူတည္းရွိေတာ္မူ၏။ ဘုရားသခင္ႏွင့္ လူတို႔၏ စပ္ၾကားမွာ၊ လူျဖစ္ေသာ ေယရႈခရစ္ တည္းဟူေသာ အာမခံတဦးတည္းရွိ၏။ ” တိေမာေသဩဝါဒစာ ပဌမေစာင္ ၂:၅ 


အသင္းေတာ္သို႔ သင္သြားေရာက္ေနက်ျဖစ္တဲ့သူဆိုလွ်င္ ကယ္တင္ျခင္းအေၾကာင္းကို သင္ႀကိမ္ဖန္မ်ားစြာ ၾကားရဖို႔ရွိပါတယ္။ သို႔ေပမဲ့ ထိုအဓိပၸါယ္ကို သင္သိခ်င္မွသိပါမည္။ ထိုစကားလုံးက စိန္ပြင့္ပမာ မတူညီတဲ့ ေဒါင့္ေနရာေတြကေန အသစ္ေသာ ရႈေထာင့္ေတြကို ရွာေဖြႏိုင္စဲျဖစ္ပါတယ္။ ကယ္တင္ျခင္းဆိုသည္မွာ

(၁) သင့္အား ကယ္တင္ဖို႔ရန္ သခင္ေယရႈ ႂကြဆင္းလာသည္။

သင္၏ ျပသနာအားလုံးတို႔ကို သင္မေျဖရွင္းႏိုင္ပါ။ သခင္ေယရႈ မပါလွ်င္ တျခားေသာ ေမွ်ာ္လင့္စရာမ်ားစြာတို႔၏ အေႏွာင္အဖြဲ႕ ၊ လွည့္ကြက္ေတြထဲကို သင္ေရာက္ရွိသြားပါမည္။ သင္၏ ႀကိဳးစားအားထုတ္မႈဆိုင္ရာ ေထာက္ခံမႈအတြက္ အသက္ရွင္ျခင္းအသက္တာ က်ေရာက္သြားပါမည္။ စြဲလမ္းမႈေတြထဲကို က်ေရာက္သြား ေစပါမည္။ ေျပာင္းလဲသြားဖို႔ရန္ သင္ႀကိဳးစားပါမည္။ သို႔ေပမဲ့ လႊတ္ေျမာက္ဖို႔ရန္ တန္ခိုးသည္ သင္၌ မရွိပါ။ ထိုတန္ခိုးကို သင့္အား ေပးဖို႔ရန္ သခင္ေယရႈ ႂကြဆင္းလာခဲ့ပါတယ္။


(၂) သင့္အား ျပန္လည္ တည့္မတ္ေစဖို႔ရန္ သခင္ေယရႈ ႂကြဆင္းလာပါသည္။

အသက္တာရွိ ေပ်ာက္ဆုံးေနတဲ့ အစိတ္အပိုင္းေတြကို ျပန္လည္တည့္မတ္ဖို႔ရာ လူေတြ လိုလားၾကပါတယ္။ သခင္ေယရႈ မပါဘဲ သင္၏ခြန္အား ၊ သင္၏ ကိုယ့္ကိုကိုယ္ ယုံၾကည္မႈ ႏွင့္ ေက်ာ္ေဇာမႈ ၊ အျပစ္ကင္းမႈ ႏွင့္ ဘုရားသခင္ႏွင့္ ရင္းႏွီးကြၽမ္းဝင္ျခင္းေတြကို တည့္မတ္ဖို႔ရန္ ဆႏၵရွိၾကေပမည္။ သို႔ေပမဲ့ သခင္ေယရႈ သာလွ်င္ ထိုအရာတို႔ကို လုပ္ေဆာင္ႏိုင္ပါသည္။


(၃) သင္ႏွင့္ ျပန္လည္ ဆက္သြယ္မႈရဖို႔ရန္ သခင္ေယရႈ ႂကြဆင္းလာပါသည္။

ဘုရားသခင္ဆီ ျပန္လွည့္လာပါလွ်င္ အဆူခံရမည္ဟု လူေတာ္ေတာ္မ်ားမ်ား ေတြးျမင္ၾကပါတယ္။ သို႔ေပမဲ့ ဘုရားသခင္က သင့္ကို အ႐ူးမလုပ္ပါဘူး။ သင္ႏွင့္ ပတ္သက္ၿပီးေတာ့သာ ႐ူးသြပ္ရပါတယ္။ တနည္းအားျဖင့္ သင့္အတြက္ သူ၏ခ်စ္ျခင္းေမတၱာသည္ တိုင္းတာလို႔ မရႏိုင္ပါ။ သင့္အား ဘုရားသခင္ႏွင့္ ျပန္လည္ ေစ့စပ္ညႇိႏႈိင္း ေပးဖို႔ရန္ ႏွင့္ ဘုရားသခင္ႏွင့္ တစ္ဖန္ တစ္စိတ္တစ္သေဘာတည္း ျဖစ္ဖို႔ရန္ ပထမဉီးဆုံး ေသာ ခရစၥမတ္တြင္ သခင္ေယရႈ ေလာကႀကီးဆီႂကြဆင္းလာျခင္းျဖစ္ပါတယ္။


ဤခရစၥမတ္ အခ်ိန္သမယမွာ သင္၏ ဝန္းက်င္ကို ၾကည့္လိုက္ပါ။ ေကာင္းေသာအရာေတြကို ဤကာလမွာ မ်ားစြာ ေတြ႕ျမင္ပါလိမ့္မည္။ သို႔ေပမဲ့ အေကာင္းဆုံးဆိုတာ ဘုရားသခင္၏ ခ်စ္ျခင္းေမတၱာသတင္း ေကာင္းျဖစ္တယ္ ဆိုတာကိုေတာ့ သတိရပါ။ သခင္ေယရႈအားျဖင့္ ကယ္တင္ျခင္း၊ ျပန္လည္ နာလန္ထူျခင္းႏွင့္ ဘုရားသခင္ႏွင့္ ျပန္လည္ ေပါင္းစည္းျခင္းကို သင္ေတြ႕ႀကဳံႏိုင္ပါသည္။ ဘယ္လို ေတြ႕ႀကဳံရမွာလဲ။ ဘုရားသခင္၏ ခ်စ္ျခင္းကို ရယူဖို႔ရန္ ႏွင့္ ေကာင္းကင္ဘုံ ဝင္ရဖို႔ရန္ လုပ္ေဆာင္ဖို႔ မလိုအပ္ပါ။


သမၼာက်မ္းစာက ဆိုထားသည္မွာ “ယုံၾကည္ေသာအားျဖင့္ ေက်းဇူးေတာ္ေၾကာင့္ ကယ္တင္ျခင္းသို႔ ေရာက္ရ၏။ ကိုယ္အလိုအေလ်ာက္ ေရာက္သည္မဟုတ္။ ဘုရားသခင္ သနားေတာ္မူရာျဖစ္သတည္း။ ကိုယ္ကုသိုလ္ေၾကာင့္ ကယ္တင္ေတာ္မူျခင္းသို႔ ေရာက္သည္မဟုတ္။ သို႔ျဖစ္၍ အဘယ္သူမွ် ဝါႂကြားစရာ အခြင့္မရွိ။” ဧဖက္ဩဝါဒစာ ၂: ၈-၉


ဆင္ျခင္ရန္

- ကယ္တင္ျခင္း ၊ ျပန္လည္ထူေထာင္ျခင္းႏွင့္ ေပါင္းစည္းျခင္း၏ အသြင္မ်ားထဲမွ မည္သည့္အရာသည္ ဘုရားသခင္ႏွင့္ သင္၏ဆက္ဆံေရးတြင္ အေရးပါဆုံးျဖစ္သနည္း။

- သခင္ေယရႈက ဤခရစၥမတ္အတြက္ မည္ကဲသို႔ေသာ သတင္းေကာင္းျဖစ္ပါသနည္း။ တျခားေသာ သူေတြကို လည္း သတင္းေကာင္းကို မည္ကဲ့သို႔ ေျပာျပႏိုင္မည္နည္း။

- သခင္ေယရႈ၏ ေမြးေန႔ပြဲကို ပိုမိုေကာင္းမြန္ေအာင္ သင္မည္သို႔ လုပ္ေဆာင္ႏိုင္မည္နည္း။