Unicode Version
ဘုရားသခင် သင့်အား ဘယ်တော့မှ လက်မလွှတ်ပါ။
ရောမဩဝါဒစာ ၈:၃၈-၃၉ “အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင် ခြင်းဖြစ်စေ၊ ကောင်းကင် တမန်ဖြစ်စေ၊ အထွဋ်အမြတ် ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သော အရာဖြစ် စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ် အားဖြင့် ခံရသောဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။”
အသက်တာမှာ
ဘယ်လိုဆိုးဝါးတဲ့ အရာတွေ တွေ့ကြုံရပါစေ အရေးကြီးသော အမှန်တရား တစ်ခုဖြစ်တဲ့ “သင့်ပေါ်မှာ
ထားတဲ့ ချစ်ခြင်းမေတ္တာကို ဘုရားသခင် ဘယ်တော့မှ မရပ်တန့်ပါ” ဆိုတဲ့ စကားကို သင်ယုံကြည်
စိတ်ချနိုင်ပါတယ်။
သင်၌
လမ်းကြောင်းမှန်သော အရာတွေရှိပါမည်။ လမ်းကြောင်းမှားနေတဲ့ အရာတွေလည်း ရှိပါလိမ့်မည်။
သို့ပေမဲ့ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက ဘယ်တော့မှ မကုန်ဆုံးတဲ့အတွက် သင်အမြဲတမ်းရေးတွက်
နေနိုင်ပါတယ်။
ထိုအမှန်တရားသည်
သင်၏ အသက်တာတွင် ဝမ်းမြောက်မှု၏ အရေးကြီးဆုံး ရင်းမြစ်တစ်ခု ဖြစ်သင့်သည်။
ရောမဩဝါဒစာ ၈:၃၈-၃၉ တွင် သမ္မာကျမ်းစာက ဆိုထားသည်မှာ “အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊
အသက်ရှင် ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ် ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊
မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သော အရာဖြစ် စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊
ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ် အားဖြင့် ခံရသောဘုရားသခင်၏ မေတ္တာတော်နှင့်
ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။”
၎င်းသည်
သတင်းကောင်းဖြစ်ပါတယ်။ ဘုရားသခင်၏ လက်တော်တွင် သင့်၏ အသက်တာကို အပ်နှံတဲ့အခါမှာ သင်၏
လက်တို့ကို ဆုပ်ကိုင်မည်ဖြစ်ပြီး သင့်အား မလွှတ်ထွက်စေတော့ပါ။ ဘုရားသခင်သည် သူနှင့်
ရှိသမျှအရာတို့ဖြင့် သင့်ကို စွဲကိုင်တော်မူမည်။
ကျွန်ုပ်၏ ကလေးတို့ ငယ်စဉ်အခါတုန်းက
Grand Canyon ကို သွားခဲ့ပါတယ်။ အစွန်းပိုင်းဆီ လမ်းလျှောက်သွား ခဲ့တဲ့အခါမှာ ကျွန်ုပ်၏
ကလေးငယ် (၂) ဉီးဖြစ်တဲ့ Josh and Matthew တို့၏ လက်ကို ဆုပ်ကိုင်ခဲ့ပါတယ်။ ပြီးတော့
အစွန်းပိုင်းဆီ နီးကပ်အောင် သွားရောက်ခဲ့ပြီး သူတို့ကို ရောက်ရှိစေခဲ့ပါတယ်။ သူတို့လေးတွေ
လူးလွန့်လာပြီး လွှတ်လွှတ်လပ်လပ်နေချင်ကြပေမဲ့ ကျွန်ုပ် သူတို့လက်တွေကို မလွှတ်ပါ။
သူတို့၏ အဖေဖြစ်သည့် နည်းတူ သူတို့ကို ချစ်လို့ ဖြစ်ပါတယ်။
သင့်အသက်တာတွင်လည်း
ဘုရားသခင်၏ လက်တော်မှ လွှတ်ထွက်ချင်တဲ့ အချိန်အခါတွေ ရှိပါလိမ့်မည်။ ခက်ခဲကြမ်းတမ်းတဲ့
ကာလတွေမှာ သခင်ခရစ်တော်ဆီ သင်၏ ကတိသစ္စာကို လက်လွှတ်လိုက်ချင်သည်။
သို့ပေမဲ့
ဘုရားသခင်သည် သင့်အား အစဉ်ခွင့်ပြုလိမ့်မည် မဟုတ်ပါ။ သင်၏ လက်အား အပ်နှံလိုက်သည်နှင့်
တစ်ပြိုင်နက် ဘုရားသင်နှင့်ရှိပြီဖြစ်သည်။
အကယ်၍
သင်၏ကယ်တင်ခြင်းကို လုပ်ဆောင်ခြင်းအားဖြင့် ရယူနိုင်မယ်ဆိုလျှင် ၎င်းအတွက် လုပ်ဆောင်ခြင်းကို
ရပ်တန့်လိုက်တဲ့အခါမှာ သင်ကယ်တင်ခြင်းကို ဆုံးရှုံးသွားနိုင်သည်။
သို့ပေမဲ့
ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်ဖို့ အတွက် သင်လုပ်ယူစရာ မရှိပါ။
၎င်းသည်
အခမဲ့ လက်ဆောင်ဖြစ်ပါတယ်။ ၎င်းကို ပေးထားပြီးသည်နှင့် ပြန်ယူခြင်းမျိုးလည်း မရှိပါ။
၎င်းသည်
ယုံကြည်သူတွေအတွက် မတွေးတတ်လောက်အောင် ဝမ်းမြောက်ခြင်း အရင်းအမြစ် ဖြစ်ပါတယ်။
ဆင်ခြင်ရန်
-
ဘုရားသခင်၏ မေတ္တာတော်သည် ဘယ်တော့မှ အဆုံးမသတ်ခြင်း ၊ တစ်စုံတစ်ယောက်ကို ပေးသော ဝမ်းမြောက်ခြင်းက
ဘယ်တော့မှ မရပ်တန့်ခြင်းစသော သမ္မာတရားတွေက ဘာကြောင့် မှန်ကန်ရပါသနည်း။
-
ဘုရားသခင်၏ အဆုံးမဲ့မေတ္တာကို ယုံကြည်ရန် အဘယ်ကြောင့် ဤမျှ ခက်ခဲပါသနည်း။
-
သင်အပေါ်မှာ ထားသော ဘုရားသခင်၏ ကြီးမားသော မေတ္တာတော်ကြောင့် မည်သို့သော စိုးရိမ်မှု
နှင့် ကြောက်ရွံ့မှုတို့ကို အဆုံးသတ်ဖို့ရန် လိုအပ်မည်နည်း။
--------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်