သင်၏ လိုအပ်ချက်အားလုံးတို့ကို ဘုရားသခင် ဖြည့်ဆည်းပေးဖို့ရန် ကတိပေးပါသည်။ | God Promises to Meet All Your Needs

 Unicode Version

သင်၏ လိုအပ်ချက်အားလုံးတို့ကို ဘုရားသခင် ဖြည့်ဆည်းပေးဖို့ရန် ကတိပေးပါသည်။


ဖိလိပ္ပိဩဝါဒစာ ၄:၁၇ ၊ ၁၉ “ထိုသို့ငါဆိုသော်၊ အလှူကို ရှာသည်မဟုတ်၊ သင်တို့၌ ကြွယ်ဝသောအကျိုးကို ရှာ၏။ ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း၊ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။”

 

သမ္မာကျမ်းစာတွင် ဘုရားသခင် နည်းတူ ပေးကမ်းဖို့ရန် သင်ယူလုပ်ဆောင်ပါလျှင် သင်၏ လိုအပ်ချက်အားလုံး တို့ကို ဘုရားရှင်က ဖြည့်ဆည်းမည်ဟု ကတိပေးထားပါသည်။

 

ထိုအရာက မှန်ကန်တယ်လို့ ယူဆဖို့ ကောင်းလွန်းနေပါသလား။ ဖြစ်နိုင်ပါတယ်။ သို့ပေမဲ့ သမ္မာကျမ်းစာက ထိုအရာကကို ဆိုထားပါလျှင် သင်ယုံကြည်လို့ရပါတယ်။ ဘုရားသခင်က ပြောထားသည်မှာ သင်၏ ငွေကြေးတွေ ပေါ်တွင် သူ့အား ပထမနေရာထားပြီး ပေးကမ်းရက်ရောဖို့ရန် ၊ ပွင့်လင်းမြင်သာသော စိတ်သဘော ထားဖို့ရန် ပြုပါလျှင် သင်၏ လိုအပ်ချက်အားလုံးကို သူဖြည့်ဆည်းပေးပါလိမ့်မည်။

 

ဖိလိပ္ပိ ဩဝါဒစာ ၄:၁၇ ၊ ၁၉ တွင် တမန်တော်ရှင်ပေါလု ဆိုထားသည်မှာ “ထိုသို့ငါဆိုသော်၊ အလှူကို ရှာသည်မဟုတ်၊ သင်တို့၌ ကြွယ်ဝသောအကျိုးကို ရှာ၏။ ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော် မူသော စည်းစိမ်ရှိသည်အတိုင်း၊ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေ တော်မူလိမ့်မည်။”

 

သင်၏ လိုအင်တွေအားလုံးကို မဟုတ်ဘဲ သင်၏ လိုအပ်ချက်အားလုံးတို့ကို ဖြည့်ဆည်းဖို့ရန် ဘုရားသခင် ကတိပေးထားပါတယ်။ သင်အမှန်တကယ် လိုအပ်သောအရာနှင့် လိုအပ်သည်ဟု သင်ထင်မြင်သောအရာတို့ ကြားတွင် ခြားနားချက်ရှိပါတယ်။ ထိုခြားနားချက်တွေကို  ဘုရားသခင် သိထားပါတယ်။ ကျေးဇူးတင်ရပါတယ်။ သင့်အား ဘုရားမေတ္တာတော်ထားရှိတယ်။ ဘယ်အရာကိုမှလည်း မလစ်ဟင်းရလေအောင် သေချာဖို့ရန်လည်း သူအလိုတော်ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ ၊ ခန္ဓာပိုင်းဆိုင်ရာ ၊ ဝိညာဉ်ပိုင်းဆိုင်ရာ အားလုံးကိုပေါ့။ သို့ပေမဲ့ ဘုရားသခင်သည် ရက်ရောပေးကမ်းသူ ဖြစ်သည်အလျှောက် သင့်ကိုလည်း ထိုနည်းတူ ဖြစ်ဖို့ သေချာသင် ယူဖို့ရန်လည် အလိုတော်ရှိပါတယ်။

 

ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၉:၇ တွင် ဆိုထားသည်မှာ “လူတိုင်း ကိုယ်အလိုအလျှောက်လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ၊ မလှူဘဲ မနေရဟု စိတ်ထင်နှင့် မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့်လှူသော သူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။

 

မည်သည့်အရာကို ပေးဖို့ရန် ဘယ်သူကမှ သင်ကို ပြောဖို့မသင့်ပါ။ ဘယ်လို ရက်ရောမလဲဆိုတာက သင်၏ ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်။ သင်ပေးကမ်းချင်သော စိတ်ဆန္ဒကို ဘုရားသခင် နှစ်သက်ပါသည်။

“ရင်ထဲ ထိရှတဲ့အထိ ပေးကမ်းပါ”လို့ လူတွေ ပြောဆိုကြပါတယ်။ မဟုတ်ပါ။ စိတ်ထဲမှာ ကောင်းသော ခံစားချက်မျိုးရှိသည်အထိ ပေးပါ။ ဝမ်းမြောက်ခြင်းတွေ ရရှိလာသည်ထိ ပေးကမ်းပါ။ ဝန်လေးနေလျှင် မပေးပါ နှင့်။ ဖိအားပေးမှုကြောင့်လည်း မပေးပါနှင့်။ ဘုရားသခင်က စေတနာစိတ်နှင့် ပေးလှူသောသူကို ချစ်ပါတယ်။

၎င်းသည် အဆိုဖြစ်တယ်။ ယခုတွင် ကတိတော်ကို ကြည့်လိုက်ပါ။ ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၉:၈ “ကျမ်းစာလာသည်ကား၊ သူသည်စွန့်ကြဲပြီ၊ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ။ သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏ဟုလာသည်နှင့်အညီ၊ သင်တို့သည်အရာရာ၌ သုံးလောက်သောဥစ္စာအမျိုးမျိုးနှင့် အစဉ်ရှိ ၍၊ ကောင်းသော အကျင့်အမျိုးမျိုးနှင့်ထူးသဖြင့်ပြည့်စုံမည် အကြောင်း၊ အမျိုးစုံသောမင်္ဂလာကျေးဇူးနှင့် အထူး သဖြင့် ပြည့်စုံစေခြင်းငှါ ဘုရားသခင်တတ်နိုင်တော်မူ၏

 

ဘုရားသခင်သည် ဤကတိတော်တွင် သူ့အတွက် မည်သည့်အပေးအယူမျိုးကိုမှ ခွင့်မပြုထားပါ။ ထိုသို့ပြုဖို့ လည်းမရှိပါ။ သင်လိုအပ်သောအရာများစွာတို့ကို သူပေးစွမ်းနိုင်ပါသည်။ သင်၏ စိတ်နှလုံးကနေ ဝမ်းမြောက် စွာဖြင့် ပေးကမ်းဖို့ ၊ ရက်ရောဖို့ရန်နှင့် ပင်ကိုယ်သဘောဆောင်ခြင်းတွေကို မြင်ရဖို့ရန် စောင့်ဆိုင်း နေပါသည်။

 

ဆင်ခြင်ရန်

- ပေးကမ်းခြင်းတွင် ရက်ရောမှုနှင့် စွန့်လွှတ်အနစ်နာခံမှုတို့ဖြစ်စေခြင်းက သင့်အတွက် မည်သည့်မြင်မျိုး ဖြစ်မည်နည်း။

- ရက်ရောစွာ ပေးကမ်းခြင်းမှ သင်ရရှိသော ဝမ်းမြောက်မှုတစ်ချို့ကို ဖော်ပြပေးပါ။ ထိုအရာက ဘာကြောင့် ဝမ်းမြောက်မှုတွေ ယူဆောင်လာတယ်လို့ သင်ထင်မြင်ပါသနည်း။

- သင့်အားဘုရားသခင် ထောက်ပံ့ဖို့ရန် လိုအပ်သောအရာက မည်သို့နည်း။ ထိုအရာကို ဘုရားသခင် ပွားများစေနိုင်ဖို့ရန် သင်မည်သို့ ထိုအရာမျိုးကို ပိုပြီးပေးကမ်းနိုင်မည်နည်း။


------------------------------------------------------------------------

Zawgyi Version

သင္၏ လိုအပ္ခ်က္အားလုံးတို႔ကို ဘုရားသခင္ ျဖည့္ဆည္းေပးဖို႔ရန္ ကတိေပးပါသည္။


ဖိလိပၸိဩဝါဒစာ ၄:၁၇ ၊ ၁၉ “ထိုသို႔ငါဆိုေသာ္၊ အလႉကို ရွာသည္မဟုတ္၊ သင္တို႔၌ ႂကြယ္ဝေသာအက်ိဳးကို ရွာ၏။ ငါ၏ဘုရားသခင္သည္ ဘုန္းအာႏုေဘာ္၌ စံပယ္ေတာ္မူေသာ စည္းစိမ္ရွိသည္အတိုင္း၊ သင္တို႔အလို ရွိသမွ်တို႔ကို ေယရႈခရစ္အားျဖင့္ ျပည့္စုံေစေတာ္မူလိမ့္မည္။”


သမၼာက်မ္းစာတြင္ ဘုရားသခင္ နည္းတူ ေပးကမ္းဖို႔ရန္ သင္ယူလုပ္ေဆာင္ပါလွ်င္ သင္၏ လိုအပ္ခ်က္အားလုံး တို႔ကို ဘုရားရွင္က ျဖည့္ဆည္းမည္ဟု ကတိေပးထားပါသည္။ 


ထိုအရာက မွန္ကန္တယ္လို႔ ယူဆဖို႔ ေကာင္းလြန္းေနပါသလား။ ျဖစ္ႏိုင္ပါတယ္။ သို႔ေပမဲ့ သမၼာက်မ္းစာက ထိုအရာကကို ဆိုထားပါလွ်င္ သင္ယုံၾကည္လို႔ရပါတယ္။ ဘုရားသခင္က ေျပာထားသည္မွာ သင္၏ ေငြေၾကးေတြ ေပၚတြင္ သူ႔အား ပထမေနရာထားၿပီး ေပးကမ္းရက္ေရာဖို႔ရန္ ၊ ပြင့္လင္းျမင္သာေသာ စိတ္သေဘာ ထားဖို႔ရန္ ျပဳပါလွ်င္ သင္၏ လိုအပ္ခ်က္အားလုံးကို သူျဖည့္ဆည္းေပးပါလိမ့္မည္။ 


ဖိလိပၸိ ဩဝါဒစာ ၄:၁၇ ၊ ၁၉ တြင္ တမန္ေတာ္ရွင္ေပါလု ဆိုထားသည္မွာ “ထိုသို႔ငါဆိုေသာ္၊ အလႉကို ရွာသည္မဟုတ္၊ သင္တို႔၌ ႂကြယ္ဝေသာအက်ိဳးကို ရွာ၏။ ငါ၏ဘုရားသခင္သည္ ဘုန္းအာႏုေဘာ္၌ စံပယ္ေတာ္ မူေသာ စည္းစိမ္ရွိသည္အတိုင္း၊ သင္တို႔အလို ရွိသမွ်တို႔ကို ေယရႈခရစ္အားျဖင့္ ျပည့္စုံေစ ေတာ္မူလိမ့္မည္။” 


သင္၏ လိုအင္ေတြအားလုံးကို မဟုတ္ဘဲ သင္၏ လိုအပ္ခ်က္အားလုံးတို႔ကို ျဖည့္ဆည္းဖို႔ရန္ ဘုရားသခင္ ကတိေပးထားပါတယ္။ သင္အမွန္တကယ္ လိုအပ္ေသာအရာႏွင့္ လိုအပ္သည္ဟု သင္ထင္ျမင္ေသာအရာတို႔ ၾကားတြင္ ျခားနားခ်က္ရွိပါတယ္။ ထိုျခားနားခ်က္ေတြကို  ဘုရားသခင္ သိထားပါတယ္။ ေက်းဇူးတင္ရပါတယ္။ သင့္အား ဘုရားေမတၱာေတာ္ထားရွိတယ္။ ဘယ္အရာကိုမွလည္း မလစ္ဟင္းရေလေအာင္ ေသခ်ာဖို႔ရန္လည္း သူအလိုေတာ္ရွိပါတယ္။ စိတ္ပိုင္းဆိုင္ရာ ၊ ခႏၶာပိုင္းဆိုင္ရာ ၊ ဝိညာဥ္ပိုင္းဆိုင္ရာ အားလုံးကိုေပါ့။ သို႔ေပမဲ့ ဘုရားသခင္သည္ ရက္ေရာေပးကမ္းသူ ျဖစ္သည္အေလွ်ာက္ သင့္ကိုလည္း ထိုနည္းတူ ျဖစ္ဖို႔ ေသခ်ာသင္ ယူဖို႔ရန္လည္ အလိုေတာ္ရွိပါတယ္။ 


ေကာရိႏ္သဳဩဝါဒစာ ဒုတိယေစာင္ ၉:၇ တြင္ ဆိုထားသည္မွာ “လူတိုင္း ကိုယ္အလိုအေလွ်ာက္လႉရ၏။ ႏွေျမာေသာစိတ္ႏွင့္ မလႉရ၊ မလႉဘဲ မေနရဟု စိတ္ထင္ႏွင့္ မလႉရ၊ အေၾကာင္းမူကား၊ ေစတနာစိတ္ႏွင့္လႉေသာ သူကိုသာ ဘုရားသခင္ႏွစ္သက္ေတာ္မူ၏။”


မည္သည့္အရာကို ေပးဖို႔ရန္ ဘယ္သူကမွ သင္ကို ေျပာဖို႔မသင့္ပါ။ ဘယ္လို ရက္ေရာမလဲဆိုတာက သင္၏ ဆုံးျဖတ္ခ်က္သာ ျဖစ္ပါတယ္။ သင္ေပးကမ္းခ်င္ေသာ စိတ္ဆႏၵကို ဘုရားသခင္ ႏွစ္သက္ပါသည္။ 

“ရင္ထဲ ထိရွတဲ့အထိ ေပးကမ္းပါ”လို႔ လူေတြ ေျပာဆိုၾကပါတယ္။ မဟုတ္ပါ။ စိတ္ထဲမွာ ေကာင္းေသာ ခံစားခ်က္မ်ိဳးရွိသည္အထိ ေပးပါ။ ဝမ္းေျမာက္ျခင္းေတြ ရရွိလာသည္ထိ ေပးကမ္းပါ။ ဝန္ေလးေနလွ်င္ မေပးပါ ႏွင့္။ ဖိအားေပးမႈေၾကာင့္လည္း မေပးပါႏွင့္။ ဘုရားသခင္က ေစတနာစိတ္ႏွင့္ ေပးလႉေသာသူကို ခ်စ္ပါတယ္။

၎သည္ အဆိုျဖစ္တယ္။ ယခုတြင္ ကတိေတာ္ကို ၾကည့္လိုက္ပါ။ ေကာရိႏ္သဳဩဝါဒစာ ဒုတိယေစာင္ ၉:၈ “က်မ္းစာလာသည္ကား၊ သူသည္စြန္႔ႀကဲၿပီ၊ ဆင္းရဲေသာသူတို႔အား ေပးကမ္းၿပီ။ သူ၏ေျဖာင့္မတ္ျခင္းသည္ အစဥ္အၿမဲတည္တတ္၏ဟုလာသည္ႏွင့္အညီ၊ သင္တို႔သည္အရာရာ၌ သုံးေလာက္ေသာဥစၥာအမ်ိဳးမ်ိဳးႏွင့္ အစဥ္ရွိ ၍၊ ေကာင္းေသာ အက်င့္အမ်ိဳးမ်ိဳးႏွင့္ထူးသျဖင့္ျပည့္စုံမည္ အေၾကာင္း၊ အမ်ိဳးစုံေသာမဂၤလာေက်းဇူးႏွင့္ အထူး သျဖင့္ ျပည့္စုံေစျခင္းငွါ ဘုရားသခင္တတ္ႏိုင္ေတာ္မူ၏”


ဘုရားသခင္သည္ ဤကတိေတာ္တြင္ သူ႔အတြက္ မည္သည့္အေပးအယူမ်ိဳးကိုမွ ခြင့္မျပဳထားပါ။ ထိုသို႔ျပဳဖို႔ လည္းမရွိပါ။ သင္လိုအပ္ေသာအရာမ်ားစြာတို႔ကို သူေပးစြမ္းႏိုင္ပါသည္။ သင္၏ စိတ္ႏွလုံးကေန ဝမ္းေျမာက္ စြာျဖင့္ ေပးကမ္းဖို႔ ၊ ရက္ေရာဖို႔ရန္ႏွင့္ ပင္ကိုယ္သေဘာေဆာင္ျခင္းေတြကို ျမင္ရဖို႔ရန္ ေစာင့္ဆိုင္း ေနပါသည္။


ဆင္ျခင္ရန္

- ေပးကမ္းျခင္းတြင္ ရက္ေရာမႈႏွင့္ စြန႔္လႊတ္အနစ္နာခံမႈတို႔ျဖစ္ေစျခင္းက သင့္အတြက္ မည္သည့္ျမင္မ်ိဳး ျဖစ္မည္နည္း။

- ရက္ေရာစြာ ေပးကမ္းျခင္းမွ သင္ရရွိေသာ ဝမ္းေျမာက္မႈတစ္ခ်ိဳ႕ကို ေဖာ္ျပေပးပါ။ ထိုအရာက ဘာေၾကာင့္ ဝမ္းေျမာက္မႈေတြ ယူေဆာင္လာတယ္လို႔ သင္ထင္ျမင္ပါသနည္း။

- သင့္အားဘုရားသခင္ ေထာက္ပံ့ဖို႔ရန္ လိုအပ္ေသာအရာက မည္သို႔နည္း။ ထိုအရာကို ဘုရားသခင္ ပြားမ်ားေစႏိုင္ဖို႔ရန္ သင္မည္သို႔ ထိုအရာမ်ိဳးကို ပိုၿပီးေပးကမ္းႏိုင္မည္နည္း။