တရားမျှတသော ဘုရားသခင် ၊ ချစ်ခြင်းမေတ္တာရှိသော ဘုရားသခင် | God of Love, God of Justice

 Unicode Version

တရားမျှတသော ဘုရားသခင် ၊ ချစ်ခြင်းမေတ္တာရှိသော ဘုရားသခင်


ရောမဩဝါဒစာ ၁၂:၁၉ “ချစ်သူတို့၊ သူတပါးသည်သင်တို့ကို ပြစ်မှားလျှင်၊ ကိုယ်တိုင် အပြစ်ပြန်၍ မတုံ့ကြနှင့်။ အမျက်တော်ကို အခွင့်ပေးကြလော့။ ကျမ်းစာလာသည်ကား၊ ငါသည် အပြစ်တရားကို စီရင်ပိုင်၏။ အပြစ်နှင့် အလျောက် ငါဆပ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

 

ဘဝအသက်တာတွေက မတရားပါဘူး။ ဘုရားသခင်ကလည်း ထိုသို့ ဘယ်တော့မှ မဆိုပါ။

လောကမှာ အပြစ်တရားကြောင့် အသက်တာ မတရားမှုတွေ ဖြစ်နေပါတယ်။ အရာရာကို ပြန်လည်တည့်မတ်ဖို့ရန် သခင်ခရစ်တော် ကြွဆင်းလာခဲ့ပါတယ်။ တစ်နေ့တွင်လည်း သူပြန်လာပါလိမ့်မည်။ သို့ပေမဲ့ ယခုအချိန်တွင် မတရားသောသူတွေမှာ ကြီးပွား အောင်မြင်ကြပါတယ်။ တစ်ခါတစ်ရံတွင် ဖြောင့်မတ်သော ၊ အပြစ်ကင်း သောသူတွေမှာ နာကျင်မှု တွေ ခံစားကြရပါတယ်။

 

သင်၏ လူမျိုး ၊ ဓလေ့ထုံးစံ ၊ ဘာသာစကား (သို့) လိင်တို့ပေါ် ဆန့်ကျင်ပြီး ဝေဖန်စီရင်ခံခဲ့ရဖူးတဲ့အခါဖြစ်စေ ၊ စော်ကား ခံခဲ့ရဖူးတဲ့အခါဖြစ်စေ ၊ မတရားမှု (သို့) မုန်းတီးမှုတွေ ရင်ဆိုင်ခဲ့ရသည်ဖြစ်စေ ထိုအရာတွေသည် ကျွန်ုပ်၏ စိတ်နှလုံးကို နာကျင်စေပါတယ်။ သင်၏ နာကျင်မှုတွေအတွက်လည်း ကျွန်ုပ်ဝမ်းနည်းကြေကွဲရပါတယ်။

 

မတရားမှုတွေကို ပြင်ဆင်နိုင်ဖို့ကို ကျွန်ုပ်တို့ အတတ်နိုင်ဆုံးအရာတွေကို လုပ်ဆောင်သင့်ပါတယ်။ သို့ပေမဲ့ ထိုအရာနှင့်ပတ်သက်ပြီး ခံစားရခြင်းထက် ပိုပြီးအရေးကြီးတဲ့အရာ ရှိပါတယ်။ ၎င်းသည် ဘုရားသခင် မည်သို့ ခံစားသော နည်းလမ်းဖြစ်ပါတယ်။ သင့်အသက်တာရှိ နာကျင်မှုတိုင်းကို ဘုရားသခင် မြင်ပါတယ်။ ကျွန်ုပ်တို့၏ မတရားခံစားရမှုတွေကိုလည်း သူဝမ်းနည်းကြေကွဲပါတယ်။

 

“သင်၏ သားသေဆုံးတုန်းက ဘုရားသခင် ဘယ်ရောက်နေခဲ့လဲ” လို့ ကျွန်ုပ်ကို လူတစ်ဉီးက မေးခဲ့ပါတယ်။ ဘုရားသခင်သည် သူ၏သားတော် ယေရှုကားတိုင်တင်ချိန်တုန်းက နေခဲ့တဲ့ နေရမှာတင် ရှိနေပါတယ်။ လူတွေ၏ လူမဆန်မှုတွေပေါ်မှာ ဝမ်းနည်းနေရပါတယ်။

 

ဒါဆိုရင် ဘာကြောင့် ဘုရားသခင် ဤအမှုအရာတွေကို မရပ်တန့်စေခဲ့တာလဲ။ ဤကမ္ဘာပေါ်ရှိ မကောင်းမှု မှန်သမျှကို ဘုရားသခင် ရပ်တန့်စေနိုင်ပါတယ်။ သို့ပေမဲ့ ဤအချင်းအရာက ကျွန်ုပ်တို့ ရွေးချယ်ဖို့ရန်ရှိသော ကျွန်ုပ်တို့၏ လွှတ်လပ်မှုတွေကို ယူဆောင်သွားသလို ဖြစ်စေပါလိမ့်မည်။

 

ဖြစ်ပျက်နေမှုများမှာ နာကျင်မှုတွေကို ဘုရားသခင် မရပ်တန့်စေသော်လည်း မှတ်တမ်းတင်ထားပါတယ်။ ထိုအရာမကပါ။ မျက်ရည်တို့ကို ပုလင်းထဲ၌ သိုမှီးထားပါပြီ” ဆာလံ ၅၆:၈

သမ္မာကျမ်းစာက ဆိုထားသည်မှာ “ချစ်သူတို့၊ သူတပါးသည်သင်တို့ကို ပြစ်မှားလျှင်၊ ကိုယ်တိုင် အပြစ်ပြန်၍ မတုံ့ကြနှင့်။ အမျက်တော်ကို အခွင့်ပေးကြလော့။ ကျမ်းစာလာသည်ကား၊ ငါသည် အပြစ်တရားကို စီရင်ပိုင်၏။ အပြစ်နှင့် အလျောက် ငါဆပ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။” ရောမဩဝါဒစာ ၁၂:၁၉

 

ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တဲ့အတွက်ကြောင့် တရားမျှတသော ဘုရားဖြစ်ပါတယ်။ မိမိသားသမီးတို့ကို နာကျင်စေဖို့ရန် မကောင်းမှုကို ခွင့်ပြုထားပြီး တရားမျှတမှုကို မရှာဖွေစေခြင်းက ချစ်ခြင်းမေတ္တာ မမည်ပါဘူး။

ဘုရားသခင်သည် တရားမျှတမှုကို ရှာဖွေသည့်နည်းတူ သင်၏နာကျင်မှုတို့ကို အသက်တာတွင် ဆုပ်ကိုင်ထားပြီး အသက်ရှင် နေထိုင်ဖို့ မဟုတ်ပါ။ တကယ်တော့ မကျေမချမ်းဖြစ်ခြင်း ၊ လက်တုံ့ပြန်ခြင်း နှင့် လက်စားချေခြင်း တို့ပေါ်တွင် အသက်တာကို တစ်စက္ကန့်မျှပင် မဖြုန်းတီးဖို့ရန် ဘုရားသခင် အလိုတော်မရှိပါ။ ထိုအရာတွေအတွက် သင့်ကို ခါးသီးခြင်းအရာတွေဖြင့်သာ ပြည့်ဝစေပါလိမ့်မည်။ ၎င်းခါးသီးခြင်းတွေဖြင့် အသက်တာကို မဖြုန်းတီးပါနှင့်။

 

သင့်အား လွန်ခဲ့သော ၁၀ နှစ်ခန့်က နာကျင်စေသူကို ယနေ့တိုင် ဆက်လက်နာကျင်ဖို့ရန် တစ်ချို့သောသူတွေက ခွင့်ပြုထားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ၎င်းနာကျင်မှုတွေကို သင်သိုမှီးထားလို့ ဖြစ်ပါတယ်။ ထိုအရာက ရူးမိုက်ပါတယ်။ သင်က ထိုနာကျင်မှုကို လက်ကိုင်ထားမှသာ သူတို့ သင့်ကို နာကျင်စေနိုင်မှာ ဖြစ်ပါတယ်။ ထိုနာကျင်မှုတွေကို သင်လက်လွှတ်ရပါမည်။

 

တရားမျှတမှုအတွက် နှောင့်နှေးခြင်းသည် ငြင်းပယ်ခံရခြင်းမဟုတ်ပါ။ သင့်အား ပြုမူခဲ့သော လူတွေကို ဘုရားသခင် အလွန်သတိပြုပါတယ်။ ပြီးတော့ ပေးဆပ်ရမည့်နေ့ ရှိပါလိမ့်မည်။

ဘုရားသခင်အား သင်ယုံကြည်ပါသလား။ ယုံကြည်ပါလျှင် နာကျင်မှုတွေကို လက်လွှတ်လိုက်ပါ။

 

သင်၏ နာကျင်မှုတွေကို သခင်ခရစ်တော်ထံ အပ်နှံလိုက်ပြီး သူ့အားဖြေရှင်းခွင့်ပေးလိုက်ပါ။

 

ဆင်ခြင်ရန်

- သင် (သို့) ဘုရားသခင် - မည်သူပိုပြီး တရားမျှတမှု ရှိသနည်း။ ဘာကြောင့်နည်း။

- ဘုရားသခင်အား ရွေးချယ်ဖို့ရန် ကျွန်ုပ်တို့အား ဘုရားရှင် ဘာကြောင့် လွှတ်လပ်ခြင်းတွေ ပေးထားသည် လို့ထင်မြင်ပါသနည်း။

- ယနေ့တွင် ဘုရားသခင်ထံ အပ်နှံဖို့ရန် ရှိသောအရာတို့ကို့ သင်ဆုပ်ကိုင်ထားခြင်းသည် မည်သို့နာကျင်မှုတွေကို သင့်အား ဖြစ်စေပါသနည်း။


------------------------------------------------------------------------

Zawgyi Version

တရားမွ်တေသာ ဘုရားသခင္ ၊ ခ်စ္ျခင္းေမတၱာရွိေသာ ဘုရားသခင္


ေရာမဩဝါဒစာ ၁၂:၁၉ “ခ်စ္သူတို႔၊ သူတပါးသည္သင္တို႔ကို ျပစ္မွားလွ်င္၊ ကိုယ္တိုင္ အျပစ္ျပန္၍ မတုံ႔ၾကႏွင့္။ အမ်က္ေတာ္ကို အခြင့္ေပးၾကေလာ့။ က်မ္းစာလာသည္ကား၊ ငါသည္ အျပစ္တရားကို စီရင္ပိုင္၏။ အျပစ္ႏွင့္ အေလ်ာက္ ငါဆပ္ေပးမည္ဟု ထာဝရဘုရားမိန္႔ေတာ္မူ၏။”


ဘဝအသက္တာေတြက မတရားပါဘူး။ ဘုရားသခင္ကလည္း ထိုသို႔ ဘယ္ေတာ့မွ မဆိုပါ။

ေလာကမွာ အျပစ္တရားေၾကာင့္ အသက္တာ မတရားမႈေတြ ျဖစ္ေနပါတယ္။ အရာရာကို ျပန္လည္တည့္မတ္ဖို႔ရန္ သခင္ခရစ္ေတာ္ ႂကြဆင္းလာခဲ့ပါတယ္။ တစ္ေန႔တြင္လည္း သူျပန္လာပါလိမ့္မည္။ သို႔ေပမဲ့ ယခုအခ်ိန္တြင္ မတရားေသာသူေတြမွာ ႀကီးပြား ေအာင္ျမင္ၾကပါတယ္။ တစ္ခါတစ္ရံတြင္ ေျဖာင့္မတ္ေသာ ၊ အျပစ္ကင္း ေသာသူေတြမွာ နာက်င္မႈ ေတြ ခံစားၾကရပါတယ္။


သင္၏ လူမ်ိဳး ၊ ဓေလ့ထုံးစံ ၊ ဘာသာစကား (သို႔) လိင္တို႔ေပၚ ဆန႔္က်င္ၿပီး ေဝဖန္စီရင္ခံခဲ့ရဖူးတဲ့အခါျဖစ္ေစ ၊ ေစာ္ကား ခံခဲ့ရဖူးတဲ့အခါျဖစ္ေစ ၊ မတရားမႈ (သို႔) မုန္းတီးမႈေတြ ရင္ဆိုင္ခဲ့ရသည္ျဖစ္ေစ ထိုအရာေတြသည္ ကြၽႏ္ုပ္၏ စိတ္ႏွလုံးကို နာက်င္ေစပါတယ္။ သင္၏ နာက်င္မႈေတြအတြက္လည္း ကြၽႏ္ုပ္ဝမ္းနည္းေၾကကြဲရပါတယ္။


မတရားမႈေတြကို ျပင္ဆင္ႏိုင္ဖို႔ကို ကြၽႏ္ုပ္တို႔ အတတ္ႏိုင္ဆုံးအရာေတြကို လုပ္ေဆာင္သင့္ပါတယ္။ သို႔ေပမဲ့ ထိုအရာႏွင့္ပတ္သက္ၿပီး ခံစားရျခင္းထက္ ပိုၿပီးအေရးႀကီးတဲ့အရာ ရွိပါတယ္။ ၎သည္ ဘုရားသခင္ မည္သို႔ ခံစားေသာ နည္းလမ္းျဖစ္ပါတယ္။ သင့္အသက္တာရွိ နာက်င္မႈတိုင္းကို ဘုရားသခင္ ျမင္ပါတယ္။ ကြၽႏ္ုပ္တို႔၏ မတရားခံစားရမႈေတြကိုလည္း သူဝမ္းနည္းေၾကကြဲပါတယ္။


သင္၏ သားေသဆုံးတုန္းက ဘုရားသခင္ ဘယ္ေရာက္ေနခဲ့လဲ” လို႔ ကြၽႏ္ုပ္ကို လူတစ္ဉီးက ေမးခဲ့ပါတယ္။ ဘုရားသခင္သည္ သူ၏သားေတာ္ ေယရႈကားတိုင္တင္ခ်ိန္တုန္းက ေနခဲ့တဲ့ ေနရမွာတင္ ရွိေနပါတယ္။ လူေတြ၏ လူမဆန္မႈေတြေပၚမွာ ဝမ္းနည္းေနရပါတယ္။


ဒါဆိုရင္ ဘာေၾကာင့္ ဘုရားသခင္ ဤအမႈအရာေတြကို မရပ္တန႔္ေစခဲ့တာလဲ။ ဤကမာၻေပၚရွိ မေကာင္းမႈ မွန္သမွ်ကို ဘုရားသခင္ ရပ္တန႔္ေစႏိုင္ပါတယ္။ သို႔ေပမဲ့ ဤအခ်င္းအရာက ကြၽႏ္ုပ္တို႔ ေ႐ြးခ်ယ္ဖို႔ရန္ရွိေသာ ကြၽႏ္ုပ္တို႔၏ လႊတ္လပ္မႈေတြကို ယူေဆာင္သြားသလို ျဖစ္ေစပါလိမ့္မည္။


ျဖစ္ပ်က္ေနမႈမ်ားမွာ နာက်င္မႈေတြကို ဘုရားသခင္ မရပ္တန႔္ေစေသာ္လည္း မွတ္တမ္းတင္ထားပါတယ္။ ထိုအရာမကပါ။ မ်က္ရည္တို႔ကို ပုလင္းထဲ၌ သိုမွီးထားပါၿပီ” ဆာလံ ၅၆:၈

သမၼာက်မ္းစာက ဆိုထားသည္မွာ “ခ်စ္သူတို႔၊ သူတပါးသည္သင္တို႔ကို ျပစ္မွားလွ်င္၊ ကိုယ္တိုင္ အျပစ္ျပန္၍ မတုံ႔ၾကႏွင့္။ အမ်က္ေတာ္ကို အခြင့္ေပးၾကေလာ့။ က်မ္းစာလာသည္ကား၊ ငါသည္ အျပစ္တရားကို စီရင္ပိုင္၏။ အျပစ္ႏွင့္ အေလ်ာက္ ငါဆပ္ေပးမည္ဟု ထာဝရဘုရားမိန္႔ေတာ္မူ၏။” ေရာမဩဝါဒစာ ၁၂:၁၉


ဘုရားသခင္သည္ ခ်စ္ျခင္းေမတၱာျဖစ္တဲ့အတြက္ေၾကာင့္ တရားမွ်တေသာ ဘုရားျဖစ္ပါတယ္။ မိမိသားသမီးတို႔ကို နာက်င္ေစဖို႔ရန္ မေကာင္းမႈကို ခြင့္ျပဳထားၿပီး တရားမွ်တမႈကို မရွာေဖြေစျခင္းက ခ်စ္ျခင္းေမတၱာ မမည္ပါဘူး။

ဘုရားသခင္သည္ တရားမွ်တမႈကို ရွာေဖြသည့္နည္းတူ သင္၏နာက်င္မႈတို႔ကို အသက္တာတြင္ ဆုပ္ကိုင္ထားၿပီး အသက္ရွင္ ေနထိုင္ဖို႔ မဟုတ္ပါ။ တကယ္ေတာ့ မေက်မခ်မ္းျဖစ္ျခင္း ၊ လက္တုံ႔ျပန္ျခင္း ႏွင့္ လက္စားေခ်ျခင္း တို႔ေပၚတြင္ အသက္တာကို တစ္စကၠန႔္မွ်ပင္ မျဖဳန္းတီးဖို႔ရန္ ဘုရားသခင္ အလိုေတာ္မရွိပါ။ ထိုအရာေတြအတြက္ သင့္ကို ခါးသီးျခင္းအရာေတြျဖင့္သာ ျပည့္ဝေစပါလိမ့္မည္။ ၎ခါးသီးျခင္းေတြျဖင့္ အသက္တာကို မျဖဳန္းတီးပါႏွင့္။


သင့္အား လြန္ခဲ့ေသာ ၁၀ ႏွစ္ခန႔္က နာက်င္ေစသူကို ယေန႔တိုင္ ဆက္လက္နာက်င္ဖို႔ရန္ တစ္ခ်ိဳ႕ေသာသူေတြက ခြင့္ျပဳထားၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ၎နာက်င္မႈေတြကို သင္သိုမွီးထားလို႔ ျဖစ္ပါတယ္။ ထိုအရာက ႐ူးမိုက္ပါတယ္။ သင္က ထိုနာက်င္မႈကို လက္ကိုင္ထားမွသာ သူတို႔ သင့္ကို နာက်င္ေစႏိုင္မွာ ျဖစ္ပါတယ္။ ထိုနာက်င္မႈေတြကို သင္လက္လႊတ္ရပါမည္။


တရားမွ်တမႈအတြက္ ေႏွာင့္ေႏွးျခင္းသည္ ျငင္းပယ္ခံရျခင္းမဟုတ္ပါ။ သင့္အား ျပဳမူခဲ့ေသာ လူေတြကို ဘုရားသခင္ အလြန္သတိျပဳပါတယ္။ ၿပီးေတာ့ ေပးဆပ္ရမည့္ေန႔ ရွိပါလိမ့္မည္။

ဘုရားသခင္အား သင္ယုံၾကည္ပါသလား။ ယုံၾကည္ပါလွ်င္ နာက်င္မႈေတြကို လက္လႊတ္လိုက္ပါ။ 


သင္၏ နာက်င္မႈေတြကို သခင္ခရစ္ေတာ္ထံ အပ္ႏွံလိုက္ၿပီး သူ႔အားေျဖရွင္းခြင့္ေပးလိုက္ပါ။


ဆင္ျခင္ရန္

- သင္ (သို႔) ဘုရားသခင္ - မည္သူပိုၿပီး တရားမွ်တမႈ ရွိသနည္း။ ဘာေၾကာင့္နည္း။

- ဘုရားသခင္အား ေ႐ြးခ်ယ္ဖို႔ရန္ ကြၽႏ္ုပ္တို႔အား ဘုရားရွင္ ဘာေၾကာင့္ လႊတ္လပ္ျခင္းေတြ ေပးထားသည္ လို႔ထင္ျမင္ပါသနည္း။

- ယေန႔တြင္ ဘုရားသခင္ထံ အပ္ႏွံဖို႔ရန္ ရွိေသာအရာတို႔ကို႔ သင္ဆုပ္ကိုင္ထားျခင္းသည္ မည္သို႔နာက်င္မႈေတြကို သင့္အား ျဖစ္ေစပါသနည္း။