ကျရှုံးမှုဆိုင်ရာ ကြောက်ရွံ့ခြင်းတွေက သင့်အား နောက်ပြန်မလှည့်စေပါနှင့်။ | Don’t Let the Fear of Failure Hold You Back

 Unicode Version

ကျရှုံးမှုဆိုင်ရာ ကြောက်ရွံ့ခြင်းတွေက သင့်အား နောက်ပြန်မလှည့်စေပါနှင့်။


တိမောသေ ဩဝါဒစာ ဒုတိယစောင် ၁:၇ “သင်တို့အတွက်ကြောင့်ငါတို့သည် မရွေ့နိုင်သော မြော်လင့်ခြင်းရှိ၏။ သင်တို့သည် ဆင်းရဲခြင်း ကိုဆက်ဆံသကဲ့သို့၊ ထိုနည်းတူသက်သာခြင်းကို ဆက်ဆံကြ၏ ဟုငါတို့သည်သိကြ၏။”

ကျွန်တော်နှင့် Kay တို့ လက်ထပ်ပြီး သုံးလအကြာ ကျွန်တော်၏ ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာတို့ ဆေးရုံတွင် လုံးဝကို ကျိုးပဲ့ပျက်စီးခဲ့ရပါတယ်။ ကျရှုံးခြင်းဆိုင်ရာ ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နေခဲ့ပါတယ်။ အသက် ၂၁ နှစ်မှာပင် ဘဝ ဆုံးပြီးလို့ ကျွန်တော်ထင်ခဲ့ပါတယ်။ ဆေးရုံမှာရှိတဲ့ စိတ်ရောဂါ အထူးကု ဆရာဝန်က အချိန်တစ်ခု ယူဖို့ လိုအပ်တယ် လို့ ပြောခဲ့ပါတယ်။

ဒါကြောင့် northern California မှာရှိတဲ့ ကျွန်တော့၏ မိဘအိမ်ကို သွားခဲ့ပါတယ်။ လုံးဝကျရှုံးသွားသလို ဆက်လက်ခံစားရခဲ့တဲ့ နေရာပေါ့။ အရာရာတိုင်းကို ကျွန်တော် မကိုင်တွယ်နိုင်တော့ဘူးလို့ တွေးထင်ခဲ့ပါတယ်။ အရာရာတိုင်းက ကျွန်တော်ကို စိတ်ဓါတ်ကျစေတယ် ၊ ရူးသွပ်စေခဲ့ပါတယ်။

 

ကျရှုံးမှုတွေ၏ စိတ်ခံစားချက်မှ အားလုံးသော စိတ်ပင်ပန်းမှုတွေကြောင့် မကောင်းတဲ့စိတ်တွေ၊ ဆိုးယုတ်မှုတွေကို ရရှိခံစားရတယ်လို့ တစ်ညမှာ ကျွန်တော် အိမ်မက် မက်ပါတယ်။ ချွေးဇောကပ်ပြီး နိုးထခဲ့တယ်။ အိပ်ယာထက်မှာ လဲလျောင်းလျက် အသက်ရှူသံ မြန်ဆန်နေခဲ့ပါတယ်။ ထိုအချိန်တွင် ဖုန်းသံမြည်လာခဲ့ပါတယ်။ ကျွန်တော့အမေ ဖုန်းကိုင်လိုက်ပါတယ်။ ဖုန်းထဲက ယောကျ်ားတစ်ယောက်က “Rick Warren ရဲ့ အိမ်ကလားခင်ဗျား၊ သူနဲ့ ပြောလို့ရမလား” လို့မေးပါတယ်။

 

ကျွန်တော်ဖုန်းကိုင်လိုက်တဲ့အခါ ထိုသူက “Rick .. ခင်ဗျားကျွန်ုပ်ကို သိမှာမဟုတ်ပါဘူး။ မတွေ့ဖူးခဲ့ကြပါဘူး။ ဤဖုန်းနံပါတ်ကို ဘယ်ကရလဲဆိုတာကလဲ အရေးမကြီးပါဘူး။ သို့ပေမဲ့ ငါက San Diego မှာနေပါတယ်။ ဘုရားသခင်က ငါ့ကို ခေါ်ပြီး သင့်အား ပေးဖို့ အချက်ကိုဖော်ပြခဲ့ပါတယ်။ “သင်တို့အတွက်ကြောင့်ငါတို့သည် မရွေ့နိုင်သော မြော်လင့်ခြင်းရှိ၏။ သင်တို့သည် ဆင်းရဲခြင်းကို ဆက်ဆံသကဲ့သို့၊ ထိုနည်းတူသက်သာခြင်းကို ဆက်ဆံကြ၏ ဟုငါတို့သည်သိကြ၏။” တိမောသေ ဩဝါဒစာ ဒုတိယစောင် ၁:၇

“ဒါကြောင့် Rick ရေ..သခင်ယေရှုခရစ်၌ ရှိသော မှန်ကန်မှုတွေသည် သင်၌ရှိပါသည်” လို့ပြောပြီး ဖုန်းချလိုက်ပါတယ်။

 

ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ဘုရားသခင် အသုံးပြုတယ်ဆိုတာကို သင်မထင်မိပါဘူး။ သို့ပေမဲ့ အသုံးပြုပါတယ်။ ကောင်းကင်တမန်တို့ ဖြစ်နိုင်ပေမဲ့လည်း မဖြစ်ခဲ့တာလဲ ရှိမည်။ ဘုရားသခင်က လူတစ်ဉီးကို ပြောဆိုဖို့ သတင်းပေးပြီး ထိုသူကလည်း နာခံခြင်းဖြင့် လုပ်ဆောင်မှု ပြုတာဖြစ်ကောင်းဖြစ်မည်။

 

ကျွန်တော့ကိုယ် ကျွန်တော် ကျရှုံးသူအဖြစ် ထင်မှတ်ခဲ့တဲ့အချိန်တွေက စိတ်ဓါတ်ကျဆင်းမှု ကာလအတွင်းမှာ ထိုကျမ်းပိုဒ်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ခဲ့ပါတယ်။ အသက်တာ အသစ်ကို စတင်ချိန်ထိတိုင်ပေါ့။ သို့ပေမဲ့ ဘုရားသခင်က အဲဒီအချိန်ကတည်းက ကျွန်တော်၏ အသက်တာ၌ပင် ပြီးမြောက်မှု မဖြစ်စေဘဲ ၊ ကျွန်တော်၏ အသက်တာမှ များစွာသော အရာတွေကို လုပ်ဆောင်ပြီးမြောက်စေခဲ့ပါတယ်။

ဘုရားသခင်သည် သင်၌လည်း မပြီးမြောက်စေပါ။ သင်မည်သို့ အသက်တာကို ဖြတ်သန်းခဲ့ရပါစေ အရေးမကြီးပါ။ သင်ဖြတ်သန်းခဲ့ရမည့် နာကျင်မှုဝေဒနာအားလုံးအတွက်တော့ ကျွန်တော်ဝမ်းနည်းပါတယ်။ သို့ပေမဲ့ ထိုကြောက်ရွံ့မှုတွေဖြင့် သင့်ကိုနောက်ပြန်လှည့်ဖို့ရန် ဆုပ်ကိုင်ခြင်းကို သင်ခွင့်မပြုပါနှင့်။ သင်လုပ်ဆောင်သမျှသော အရာတိုင်းတွင် ဘုရားသခင်ကို ယုံကြည်ဖို့ရန် သင့်ကိုယ်သင် တွန်းအားပေးပါ။ ပြီးနောက် ယုံကြည်ခြင်း နှင့် ချစ်ခြင်းမေတ္တာ၌ တည်နေပါ။

ဆင်ခြင်ရန်

- မကျရှုံးဘူးလို့ သင်သိခဲ့မယ်ဆိုလျှင် စိတ်နှလုံးအကြွင်းမဲ့ဖြင့် လေ့လာလိုက်လျှောက်ဖို့ရန် မည်သည့် အိမ်မက်ကို ဘုရားသခင် ပေးခဲ့သနည်း။

- တိမောသေ ဩဝါဒစာ ဒုတိယစောင် ၁:၇ သည် သင်၏ အိမ်မက်ကို အကောင်အထည်ဖော်ခြင်း၌ ကျရှုံးမည်ကို ကြောက်ရွံခြင်းနှင့် မည်သို့ သက်ဆိုင်ပါသနည်း။ ယုံကြည်ခြင်း၌ မည်သို့ ရှေ့ဆက်နိုင်မည်နည်း။

- သင်၏ အတိတ်က ကျရှုံးမှုကို သင်၏ ရည်ရွယ်ချက် ဟန့်ထားဖို့ရန် သင်ခွင့်ပြုနေပါသလား။ ဘုရားသခင်သည် သင့်ကို ချစ်နေစဲဖြစ်ကြောင်းနှင့် သင်အသက်တာအားဖြင့် ဘုရား၏ရည်ရွယ်ရာတို့ကို သင်ဖြည့်ဆည်းဖို့ကို အလိုတော်ရှိကြောင်းကို သင်သိမြင်ဖို့ရန် အကူအညီပေးဖို့ ဘုရားသခင်အား တောင်းလျှောက်ပါ။


-----------------------------------------------------------------------

Zawgyi Version

က်ရႈံးမႈဆိုင္ရာ ေၾကာက္႐ြံ႕ျခင္းေတြက သင့္အား ေနာက္ျပန္မလွည့္ေစပါႏွင့္။


တိေမာေသ ဩဝါဒစာ ဒုတိယေစာင္ ၁:၇ “သင္တို႔အတြက္ေၾကာင့္ငါတို႔သည္ မေ႐ြ႕ႏိုင္ေသာ ေျမာ္လင့္ျခင္းရွိ၏။ သင္တို႔သည္ ဆင္းရဲျခင္း ကိုဆက္ဆံသကဲ့သို႔၊ ထိုနည္းတူသက္သာျခင္းကို ဆက္ဆံၾက၏ ဟုငါတို႔သည္သိၾက၏။”


ကြၽန္ေတာ္ႏွင့္ Kay တို႔ လက္ထပ္ၿပီး သုံးလအၾကာ ကြၽန္ေတာ္၏ ခႏၶာႏွင့္ စိတ္ပိုင္းဆိုင္ရာတို႔ ေဆး႐ုံတြင္ လုံးဝကို က်ိဳးပဲ့ပ်က္စီးခဲ့ရပါတယ္။ က်ရႈံးျခင္းဆိုင္ရာ ေၾကာက္႐ြံ႕မႈတို႔ျဖင့္ ျပည့္ေနခဲ့ပါတယ္။ အသက္ ၂၁ ႏွစ္မွာပင္ ဘဝ ဆုံးၿပီးလို႔ ကြၽန္ေတာ္ထင္ခဲ့ပါတယ္။ ေဆး႐ုံမွာရွိတဲ့ စိတ္ေရာဂါ အထူးကု ဆရာဝန္က အခ်ိန္တစ္ခု ယူဖို႔ လိုအပ္တယ္ လို႔ ေျပာခဲ့ပါတယ္။

ဒါေၾကာင့္ northern California မွာရွိတဲ့ ကြၽန္ေတာ့၏ မိဘအိမ္ကို သြားခဲ့ပါတယ္။ လုံးဝက်ရႈံးသြားသလို ဆက္လက္ခံစားရခဲ့တဲ့ ေနရာေပါ့။ အရာရာတိုင္းကို ကြၽန္ေတာ္ မကိုင္တြယ္ႏိုင္ေတာ့ဘူးလို႔ ေတြးထင္ခဲ့ပါတယ္။ အရာရာတိုင္းက ကြၽန္ေတာ္ကို စိတ္ဓါတ္က်ေစတယ္ ၊ ႐ူးသြပ္ေစခဲ့ပါတယ္။


က်ရႈံးမႈေတြ၏ စိတ္ခံစားခ်က္မွ အားလုံးေသာ စိတ္ပင္ပန္းမႈေတြေၾကာင့္ မေကာင္းတဲ့စိတ္ေတြ၊ ဆိုးယုတ္မႈေတြကို ရရွိခံစားရတယ္လို႔ တစ္ညမွာ ကြၽန္ေတာ္ အိမ္မက္ မက္ပါတယ္။ ေခြၽးေဇာကပ္ၿပီး ႏိုးထခဲ့တယ္။ အိပ္ယာထက္မွာ လဲေလ်ာင္းလ်က္ အသက္ရႉသံ ျမန္ဆန္ေနခဲ့ပါတယ္။ ထိုအခ်ိန္တြင္ ဖုန္းသံျမည္လာခဲ့ပါတယ္။ ကြၽန္ေတာ့အေမ ဖုန္းကိုင္လိုက္ပါတယ္။ ဖုန္းထဲက ေယာက်္ားတစ္ေယာက္က “Rick Warren ရဲ႕ အိမ္ကလားခင္ဗ်ား၊ သူနဲ႔ ေျပာလို႔ရမလား” လို႔ေမးပါတယ္။


ကြၽန္ေတာ္ဖုန္းကိုင္လိုက္တဲ့အခါ ထိုသူက “Rick .. ခင္ဗ်ားကြၽႏ္ုပ္ကို သိမွာမဟုတ္ပါဘူး။ မေတြ႕ဖူးခဲ့ၾကပါဘူး။ ဤဖုန္းနံပါတ္ကို ဘယ္ကရလဲဆိုတာကလဲ အေရးမႀကီးပါဘူး။ သို႔ေပမဲ့ ငါက San Diego မွာေနပါတယ္။ ဘုရားသခင္က ငါ့ကို ေခၚၿပီး သင့္အား ေပးဖို႔ အခ်က္ကိုေဖာ္ျပခဲ့ပါတယ္။ “သင္တို႔အတြက္ေၾကာင့္ငါတို႔သည္ မေ႐ြ႕ႏိုင္ေသာ ေျမာ္လင့္ျခင္းရွိ၏။ သင္တို႔သည္ ဆင္းရဲျခင္းကို ဆက္ဆံသကဲ့သို႔၊ ထိုနည္းတူသက္သာျခင္းကို ဆက္ဆံၾက၏ ဟုငါတို႔သည္သိၾက၏။” တိေမာေသ ဩဝါဒစာ ဒုတိယေစာင္ ၁:၇

“ဒါေၾကာင့္ Rick ေရ..သခင္ေယရႈခရစ္၌ ရွိေသာ မွန္ကန္မႈေတြသည္ သင္၌ရွိပါသည္” လို႔ေျပာၿပီး ဖုန္းခ်လိုက္ပါတယ္။


ထိုကဲ့သို႔ေသာ ပုဂၢိဳလ္မ်ိဳးကို ဘုရားသခင္ အသုံးျပဳတယ္ဆိုတာကို သင္မထင္မိပါဘူး။ သို႔ေပမဲ့ အသုံးျပဳပါတယ္။ ေကာင္းကင္တမန္တို႔ ျဖစ္ႏိုင္ေပမဲ့လည္း မျဖစ္ခဲ့တာလဲ ရွိမည္။ ဘုရားသခင္က လူတစ္ဉီးကို ေျပာဆိုဖို႔ သတင္းေပးၿပီး ထိုသူကလည္း နာခံျခင္းျဖင့္ လုပ္ေဆာင္မႈ ျပဳတာျဖစ္ေကာင္းျဖစ္မည္။


ကြၽန္ေတာ့ကိုယ္ ကြၽန္ေတာ္ က်ရႈံးသူအျဖစ္ ထင္မွတ္ခဲ့တဲ့အခ်ိန္ေတြက စိတ္ဓါတ္က်ဆင္းမႈ ကာလအတြင္းမွာ ထိုက်မ္းပိုဒ္ကို စြဲစြဲၿမဲၿမဲ ဆုပ္ကိုင္ခဲ့ပါတယ္။ အသက္တာ အသစ္ကို စတင္ခ်ိန္ထိတိုင္ေပါ့။ သို႔ေပမဲ့ ဘုရားသခင္က အဲဒီအခ်ိန္ကတည္းက ကြၽန္ေတာ္၏ အသက္တာ၌ပင္ ၿပီးေျမာက္မႈ မျဖစ္ေစဘဲကြၽန္ေတာ္၏ အသက္တာမွ မ်ားစြာေသာ အရာေတြကို လုပ္ေဆာင္ၿပီးေျမာက္ေစခဲ့ပါတယ္။ 

ဘုရားသခင္သည္ သင္၌လည္း မၿပီးေျမာက္ေစပါ။ သင္မည္သို႔ အသက္တာကို ျဖတ္သန္းခဲ့ရပါေစ အေရးမႀကီးပါ။ သင္ျဖတ္သန္းခဲ့ရမည့္ နာက်င္မႈေဝဒနာအားလုံးအတြက္ေတာ့ ကြၽန္ေတာ္ဝမ္းနည္းပါတယ္။ သို႔ေပမဲ့ ထိုေၾကာက္႐ြံ႕မႈေတြျဖင့္ သင့္ကိုေနာက္ျပန္လွည့္ဖို႔ရန္ ဆုပ္ကိုင္ျခင္းကို သင္ခြင့္မျပဳပါႏွင့္။ 

သင္လုပ္ေဆာင္သမွ်ေသာ အရာတိုင္းတြင္ ဘုရားသခင္ကို ယုံၾကည္ဖို႔ရန္ သင့္ကိုယ္သင္ တြန္းအားေပးပါ။ ၿပီးေနာက္ ယုံၾကည္ျခင္း ႏွင့္ ခ်စ္ျခင္းေမတၱာ၌ တည္ေနပါ။

ဆင္ျခင္ရန္

- မက်ရႈံးဘူးလို႔ သင္သိခဲ့မယ္ဆိုလွ်င္ စိတ္ႏွလုံးအႂကြင္းမဲ့ျဖင့္ ေလ့လာလိုက္ေလွ်ာက္ဖို႔ရန္ မည္သည့္ အိမ္မက္ကို ဘုရားသခင္ ေပးခဲ့သနည္း။

- တိေမာေသ ဩဝါဒစာ ဒုတိယေစာင္ ၁:၇ သည္ သင္၏ အိမ္မက္ကို အေကာင္အထည္ေဖာ္ျခင္း၌ က်ရႈံးမည္ကို ေၾကာက္႐ြံျခင္းႏွင့္ မည္သို႔ သက္ဆိုင္ပါသနည္း။ ယုံၾကည္ျခင္း၌ မည္သို႔ ေရွ႕ဆက္ႏိုင္မည္နည္း။

- သင္၏ အတိတ္က က်ရႈံးမႈကို သင္၏ ရည္႐ြယ္ခ်က္ ဟန႔္ထားဖို႔ရန္ သင္ခြင့္ျပဳေနပါသလား။ ဘုရားသခင္သည္ သင့္ကို ခ်စ္ေနစဲျဖစ္ေၾကာင္းႏွင့္ သင္အသက္တာအားျဖင့္ ဘုရား၏ရည္႐ြယ္ရာတို႔ကို သင္ျဖည့္ဆည္းဖို႔ကို အလိုေတာ္ရွိေၾကာင္းကို သင္သိျမင္ဖို႔ရန္ အကူအညီေပးဖို႔ ဘုရားသခင္အား ေတာင္းေလွ်ာက္ပါ။