ကပ်ရောဂါ Covid-19 ရှိသော်ငြားလည်း ခရစ္စမတ်ကတော့ သတင်းကောင်းကို ယူဆောင်စဲဖြစ်ပါတယ်။ | Despite COVID-19, Christmas Still Brings Good News

 Unicode Version

ကပ်ရောဂါ Covid-19 ရှိသော်ငြားလည်း ခရစ္စမတ်ကတော့ သတင်းကောင်းကို ယူဆောင်စဲဖြစ်ပါတယ်။


ရှင်မဿဲခရစ်ဝင်ကျမ်း ၁:၂၃ “ဗျာဒိတ်တော်အချက်ဟူမူကားကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ ၍ သားယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရကြလတံ့ဟုလာသတည်း။ ဧမာနွေ လ အနက်ကား ငါတို့နှင့်အတူ ရှိတော်မူသောဘုရားသခင်ဟု ဆိုလိုသတည်း။”

 

Covide-19 ကပ်ရောဂါကြောင့် ဤ ခရစ္စမတ်သည် ကျွန်ုပ်တို့၏ ဘဝသက်တမ်းအတွင်း မကြုံစဖူး ထူးခြား ပါတယ်။ “ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် အတူရှိခြင်း” ဆိုတဲ့ သိရှိခြင်းသည် ကျွန်ုပ်တို့၏ အပြစ်တွေ ကနေ ကျွန်ုပ်တို့ကို ကယ်တင်ပြီး ကောင်းကင်နိုင်ငံဝင်ရောက်ဖို့ရန် ဖြစ်ပါတယ်။

 

ခရစ္စမတ်ကို ထူးခြားသော ပုံစံဖြင့် ကျွန်ုပ်တို့ ဆင်နွှဲကောင်းဆင်နွဲနိုင်ပါမည်။ သို့ပေမဲ့လည်း ဆင်နွှဲနိုင်စဲ ဖြစ်ပါတယ်။

ကျေးဇူးတင်စရာ ကောင်းသော အရာများစွာဖြင့် ကျွန်ုပ်တို့ ဤခရစ္စမတ်ကို ကုန်ဆုံးနိုင်ပါတယ်။ ပြီးတော့ သင့်အသက်တာ၏ အသေးစိပ် အချက်အလက်တွေကို ဂရုစိုက်တဲ့ စကြာဝဋာကြီးကို ဖန်ဆင်းသော ဘုရားသခင်အား အံ့ဩချီးမွမ်းနိုင်ပါတယ်။ ဤအားလပ်ရက် ကာလမှာ သင်ရင်ဆိုင်တွေ့ကြုံရနိုင်မည့် စိတ်ဖိစီးမှုတွေ၊ စိတ်အလိုမကျမှုတွေနှင့် ကောင်းကိုက်စရာတွေကိုလည်း ဘုရားသခင် ဂရုပြုတော်မူပါသည်။

 

ယေရမိအနာဂတ္တိကျမ်း ၂၉:၁၁ “တဖန်မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ကိုအကျိုးနည်းစေခြင်းငှာ ကြံစည်သော အကြံမဟုတ်ဘဲ၊ သင်တို့သည် မြော်လင့်သော အကျိုးကိုရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှာသာ၊ သင်တို့အဘို့ ကြံစည်သော အကြံတို့ကို ငါသိ၏။

 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ က တမန်တော်တို့အားဖြင့် ဖော်ပြခဲ့သော ဝမ်းမြောက်ဖွယ်သတင်းကောင်းသည် ယနေ့တိုင် သတင်းကောင်းဖြစ်စဲဖြစ်ပြီး ထာဝရ ဝမ်းမြောက်ပျော်ရွှင်ခြင်း၏ အရင်းအမြစ်ဖြစ်စဲ ဖြစ်ပါတယ်။

 

ကောင်းကင်တမန်တွေက လုကာခရစ်ဝင်ကျမ်း ၂:၁၀-၁၂ “ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက် ဝမ်း သာစရာသိတင်းကို ငါသည်သင်တို့အား ကြားပြော ရ၏။ ယနေ့တွင် ဒါဝိဒ်မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလို ငှါ ဘွားမြင်ခြင်းကို ခံတော်မူပြီ။ သင်တို့သည် အဘယ်နိမိတ်ဖြင့် သိရမည်နည်းဟူမူကား၊ သူငယ်သည်အဝတ်နှင့် ပတ်ရစ်၍ နွားစာ ခွက်၌ သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်ဟု ဆိုပြီးလျှင်”

 

ကပ်ရောဂါ ၊ အခြေအနေတွေပေါ် ပဓာနမထားဘဲ ဤခရစ္စမတ်က ကျွန်ုပ်တို့ တကယ့်ကို စစ်မှန်သော ဝမ်းမြောက်ပျော်ရွှင်စွာ အကြောင်းရင်း (၃) ရပ်ကြောင့် ဆင်နွှဲနိုင်စဲပါတယ်။

 

(၁) ဘုရားသခင် သင့်ကိုချစ်တယ်။

ချစ်ခြင်းမေတ္တာဆိုတဲ့ အထူးတာဝန်တစ်ရပ်အတွက် သခင်ယေရှုကို ဘုရားသခင် စေလွှတ်ခဲ့ပါတယ်. တကယ်တော့ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တယ်လို့ သမ္မာကျမ်းစာက ဆိုပါတယ်။ စကြာတဋာ တစ်ခုလုံးကို ဖန်ဆင်းခဲ့တယ်။ လူသားမျိုးနွယ်တို့ပြင် သင့်ကိုပါ ဖန်ဆင်းခဲ့ပါတယ်။ ဒါကြောင့် သူသင့်ကို ချစ်နိုင်ပါတယ်။

သင့်အား ချစ်ဖို့ရန် ဘုရားသခင် ဖန်ဆင်းခဲ့ပါတယ်။ သူ၏ ချစ်ခြင်းက သင်၏လုပ်ဆောင်မှုပေါ်မတည်ပါဘူး။ သူဖြစ်သည်အတိုင်း သင့်ကိုချစ်သောသူဖြစ်ပါတယ်။ သမ္မာကျမ်းစာက ဆိုထားသည်မှာ “ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌ ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာရှိစေသတည်းဟုဘုရားသခင်ကို ချီးမွမ်း၍မြွက်ဆိုကြ၏။ ” ရှင်လုကာခရစ်ဝင်ကျမ်း ၂: ၁၄

ဤအကြောင်းသည်လည်း သခင်ယေရှု၏ မွေးနေ့တော်ကို ဝမ်းမြောက်ခြင်းဖြင့် ကျင်းပဖို့ရန် အကြောင်းရင်းဖြစ်ပါတယ်။

(၂) ဘုရားသခင်သည် သင်နှင့်အတူရှိသည်။

သခင်ယေရှုသည် ကျွန်ုပ်တို့နှင့်အတူရှိတယ်လို့ သမ္မာကျမ်းစာက ဆိုပါတယ်။ သူသည် ကျွန်ုပ်တို့အထဲ၌ အသက်ရှင်ဖို့ရန် ရောက်လာသော ဘုရားရှင်ဖြစ်ပါတယ်။ “ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် အတူရှိခြင်း” သည် တကယ့်ကို သခင်ယေရှုဖြစ်ပါတယ်။ ယနေ့တိုင် ကျွန်ုပ်တို့နှင့် အတူရှိတော်မူသည်။ သခင်ယေရှု၏ တည်ရှိခြင်းကို ကျွန်ုပ်တို့ မခံစားရနိုင်ပေမဲ့ ထိုစစ်မှန်မှုကို ကျွန်ုပ်တို့အား သူမလျော့နည်းစေခဲ့ပါ။ သင့်အသက်တာတွင် စွန့်ပစ်ခံရတယ်လို့ ခံစားရနိုင်ပေမဲ့ ဘုရားသခင် သင့်ကို ဘယ်တော့မှ မစွန့်ပစ်ပါဘူး။

 

ဘုရားသခင်ကို သိရှိခြင်းသည် အနာဂတ်တွင် ရောက်ရှိလာမည့်၊ ဖြစ်ပျက်လာမည့်အရာတို့နှင့် ပတ်သက်ပြီး စိုးရိမ်စရာ (သို့) ထိတ်လန့်စရာ မလိုဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ အရာရာကို ထိန်းချုပ်သော ဘုရားသခင်ကို သိကျွမ်းခြင်းသည် သင့်၏ ကြောက်စိတ်တို့ကို ဖယ်ရှားစေပါလိမ့်မည်။ ဘုရားသခင် အနားမှာရှိလျှင် ကြောက်စိတ် တွေ မလိုတော့ပေ။

ဤအကြောင်းရင်းသည်လည်း သခင်ယေရှု၏ မွေးနေ့တော်ကို ကျင်းပနိုင်စဲ အကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်။

 

(၃) ဘုရားသခင်သည် သင့်အတွက်ဖြစ်ပါတယ်။

သင့်ဘက်တွင် ဘုရားသခင်ရှိပါတယ်။ သခင်ယေရှုဆိုထားသည်မှာ “လောကီသားတို့အားအပြစ်စီရင်ခြင်းငှါ၊ ဘုရားသခင်သည်သားတော်ကို ဤလောကသို့ စေလွှတ်တော် မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော် အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ် တော်မူ၏။” ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၃ :၁၇

 

လူတော်တော်များများ မိမိကိုယ်ကို အပြစ်ရှိခြင်းကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ကြပါတယ်။ သို့ပေမဲ့ သခင်ယေရှုသည် ဤကမ္ဘာကြီးကို ရွေးနုတ်ဖို့ရန် လာခဲ့သည့်လို့ သမ္မာကျမ်းစာက ဆိုပါတယ်။ ကျွန်ုပ်တို့ကို ကယ်တင်ဖို့ရန် လာခြင်းသည် သတင်းကောင်းဖြစ်ပါတယ်။ ဤအရာသည် သခင်ယေရှု၏ မွေးနေ့တော်ကို ဝမ်းမြောက်စွာဖြင့် ကျင်းပနိုင်စဲ အကြောင်းရင်း ဖြစ်ပါတယ်။

 

ဘုရားသခင် ပြောသော “ငါသည် သင့်ကို ချစ်သည်။ သင်နှင့်အတူရှိသည်။ သင့်အတွက်ဖြစ်သည်” ဆိုသော စကားကြောင့် လူသားအားလုံးအတွက် ဤသတင်းကောင်းသည် တကယ့်ကို ကြီးမြတ်တဲ့ ဝမ်းမြောက်စရာ သတင်း ဖြစ်ပါတယ်။

 

ဆင်ခြင်ရန်

- ခရစ္စမတ်သည် ဆင်ယင်ကျင်းပခြင်း (သို့) လုပ်ဆောင်ခြင်းအမှု တွေထက်ပိုကြောင်းကို သင်ပြောနိုင်ပါသလား။ သင်၏စိတ်ဖိစီးမှု အကြောင်းရင်းတွေကို မည်ကဲ့သို့ လျော့ချပြီး ဝမ်းမြောက်ရွှင်လန်းစွာ ဆင်နွှဲမှုကို တိုးမြှင့်စေမည်နည်း။

- ခရစ္စမတ်ကာလတွင် မည်သို့သောအရာအတွက် ပြင်ဆင်မှုတွေကို သင်အများဆုံး အချိန်ပေးဖြစ်ပါသနည်း။

- စစ်မှန်စွာဖြင့် ခရစ္စမတ်ကို ဆင်ယင်ကျင်းပနိုင်ဖို့ရန် သင်၏စိတ်နှလုံးကို ပြင်ဆင်ဖို့ရန် ဘုရားရှင် မည်သို့ အလိုတော်ရှိကြောင်း သင်ထင်မြင်ပါသနည်း။

- ဤခရစ္စမတ်တွင် သင်ကျေးဇူးတင်နိုင်စရာတွေကို စာရင်းပြုစုပါ။


-----------------------------------------------------------------------

Zawgyi Version

ကပ္ေရာဂါ Covid-19 ရွိေသာ္ျငားလည္း ခရစၥမတ္ကေတာ့ သတင္းေကာင္းကို ယူေဆာင္စဲျဖစ္ပါတယ္။


ရွင္မႆဲခရစ္ဝင္က်မ္း ၁:၂၃ “ဗ်ာဒိတ္ေတာ္အခ်က္ဟူမူကားၾကည့္ရႈေလာ့။ သတို႔သမီးကညာသည္ ပဋိသေႏၶစြဲယူ ၍ သားေယာက္်ားကို ဘြားျမင္လတံ့။ ထိုသားကို ဧမာေႏြလအမည္ျဖင့္ မွည့္ရၾကလတံ့ဟုလာသတည္း။ ဧမာေႏြ လ အနက္ကား ငါတို႔ႏွင့္အတူ ရွိေတာ္မူေသာဘုရားသခင္ဟု ဆိုလိုသတည္း။”


Covide-19 ကပ္ေရာဂါေၾကာင့္ ဤ ခရစၥမတ္သည္ ကြၽႏ္ုပ္တို႔၏ ဘဝသက္တမ္းအတြင္း မႀကဳံစဖူး ထူးျခား ပါတယ္။ “ဘုရားသခင္သည္ ကြၽႏ္ုပ္တို႔ႏွင့္ အတူရွိျခင္း” ဆိုတဲ့ သိရွိျခင္းသည္ ကြၽႏ္ုပ္တို႔၏ အျပစ္ေတြ ကေန ကြၽႏ္ုပ္တို႔ကို ကယ္တင္ၿပီး ေကာင္းကင္ႏိုင္ငံဝင္ေရာက္ဖို႔ရန္ ျဖစ္ပါတယ္။ 


ခရစၥမတ္ကို ထူးျခားေသာ ပုံစံျဖင့္ ကြၽႏ္ုပ္တို႔ ဆင္ႏႊဲေကာင္းဆင္ႏြဲႏိုင္ပါမည္။ သို႔ေပမဲ့လည္း ဆင္ႏႊဲႏိုင္စဲ ျဖစ္ပါတယ္။

ေက်းဇူးတင္စရာ ေကာင္းေသာ အရာမ်ားစြာျဖင့္ ကြၽႏ္ုပ္တို႔ ဤခရစၥမတ္ကို ကုန္ဆုံးႏိုင္ပါတယ္။ ၿပီးေတာ့ သင့္အသက္တာ၏ အေသးစိပ္ အခ်က္အလက္ေတြကို ဂ႐ုစိုက္တဲ့ စၾကာဝဋာႀကီးကို ဖန္ဆင္းေသာ ဘုရားသခင္အား အံ့ဩခ်ီးမြမ္းႏိုင္ပါတယ္။ ဤအားလပ္ရက္ ကာလမွာ သင္ရင္ဆိုင္ေတြ႕ႀကဳံရႏိုင္မည့္ စိတ္ဖိစီးမႈေတြ၊ စိတ္အလိုမက်မႈေတြႏွင့္ ေကာင္းကိုက္စရာေတြကိုလည္း ဘုရားသခင္ ဂ႐ုျပဳေတာ္မူပါသည္။ 


ေယရမိအနာဂတၱိက်မ္း ၂၉:၁၁ “တဖန္မိန္႔ေတာ္မူသည္ကား၊ ငါသည္ သင္တို႔ကိုအက်ိဳးနည္းေစျခင္းငွာ ႀကံစည္ေသာ အႀကံမဟုတ္ဘဲ၊ သင္တို႔သည္ ေျမာ္လင့္ေသာ အက်ိဳးကိုရမည္အေၾကာင္း၊ ၿငိမ္ဝပ္ေစျခင္းငွာသာ၊ သင္တို႔အဘို႔ ႀကံစည္ေသာ အႀကံတို႔ကို ငါသိ၏။”


လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀၀၀ က တမန္ေတာ္တို႔အားျဖင့္ ေဖာ္ျပခဲ့ေသာ ဝမ္းေျမာက္ဖြယ္သတင္းေကာင္းသည္ ယေန႔တိုင္ သတင္းေကာင္းျဖစ္စဲျဖစ္ၿပီး ထာဝရ ဝမ္းေျမာက္ေပ်ာ္႐ႊင္ျခင္း၏ အရင္းအျမစ္ျဖစ္စဲ ျဖစ္ပါတယ္။


ေကာင္းကင္တမန္ေတြက လုကာခရစ္ဝင္က်မ္း ၂:၁၀-၁၂ “ေကာင္းကင္တမန္ကလည္း၊ ေၾကာက္႐ြံ႕ျခင္းမရွိၾကႏွင့္။ လူအေပါင္းတို႔သည္ အလြန္ဝမ္းေျမာက္ ဝမ္း သာစရာသိတင္းကို ငါသည္သင္တို႔အား ၾကားေျပာ ရ၏။ ယေန႔တြင္ ဒါဝိဒ္ၿမိဳ႕၌ သခင္ခရစ္ေတာ္တည္းဟူေသာ ကယ္တင္ေသာအရွင္သည္ သင္တို႔အဘို႔အလို ငွါ ဘြားျမင္ျခင္းကို ခံေတာ္မူၿပီ။ သင္တို႔သည္ အဘယ္နိမိတ္ျဖင့္ သိရမည္နည္းဟူမူကား၊ သူငယ္သည္အဝတ္ႏွင့္ ပတ္ရစ္၍ ႏြားစာ ခြက္၌ သိပ္ထားလ်က္ရွိသည္ကို ေတြ႕ၾကလိမ့္မည္ဟု ဆိုၿပီးလွ်င္”


ကပ္ေရာဂါ ၊ အေျခအေနေတြေပၚ ပဓာနမထားဘဲ ဤခရစၥမတ္က ကြၽႏ္ုပ္တို႔ တကယ့္ကို စစ္မွန္ေသာ ဝမ္းေျမာက္ေပ်ာ္႐ႊင္စြာ အေၾကာင္းရင္း (၃) ရပ္ေၾကာင့္ ဆင္ႏႊဲႏိုင္စဲပါတယ္။


(၁) ဘုရားသခင္ သင့္ကိုခ်စ္တယ္။

ခ်စ္ျခင္းေမတၱာဆိုတဲ့ အထူးတာဝန္တစ္ရပ္အတြက္ သခင္ေယရႈကို ဘုရားသခင္ ေစလႊတ္ခဲ့ပါတယ္. တကယ္ေတာ့ ဘုရားသခင္သည္ ခ်စ္ျခင္းေမတၱာျဖစ္တယ္လို႔ သမၼာက်မ္းစာက ဆိုပါတယ္။ စၾကာတဋာ တစ္ခုလုံးကို ဖန္ဆင္းခဲ့တယ္။ လူသားမ်ိဳးႏြယ္တို႔ျပင္ သင့္ကိုပါ ဖန္ဆင္းခဲ့ပါတယ္။ ဒါေၾကာင့္ သူသင့္ကို ခ်စ္ႏိုင္ပါတယ္။

သင့္အား ခ်စ္ဖို႔ရန္ ဘုရားသခင္ ဖန္ဆင္းခဲ့ပါတယ္။ သူ၏ ခ်စ္ျခင္းက သင္၏လုပ္ေဆာင္မႈေပၚမတည္ပါဘူး။ သူျဖစ္သည္အတိုင္း သင့္ကိုခ်စ္ေသာသူျဖစ္ပါတယ္။ သမၼာက်မ္းစာက ဆိုထားသည္မွာ “ေကာင္းကင္ဘဝဂ္ဝယ္ ဘုရားသခင္သည္ ဘုန္းႀကီးေတာ္မူေစသတည္း။ ေျမႀကီးေပၚ၌ ၿငိမ္သက္ျခင္း ရွိေစသတည္း။ လူတို႔အား ေမတၱာက႐ုဏာရွိေစသတည္းဟုဘုရားသခင္ကို ခ်ီးမြမ္း၍ႁမြက္ဆိုၾက၏။ ” ရွင္လုကာခရစ္ဝင္က်မ္း ၂: ၁၄

ဤအေၾကာင္းသည္လည္း သခင္ေယရႈ၏ ေမြးေန႔ေတာ္ကို ဝမ္းေျမာက္ျခင္းျဖင့္ က်င္းပဖို႔ရန္ အေၾကာင္းရင္းျဖစ္ပါတယ္။

(၂) ဘုရားသခင္သည္ သင္ႏွင့္အတူရွိသည္။

သခင္ေယရႈသည္ ကြၽႏ္ုပ္တို႔ႏွင့္အတူရွိတယ္လို႔ သမၼာက်မ္းစာက ဆိုပါတယ္။ သူသည္ ကြၽႏ္ုပ္တို႔အထဲ၌ အသက္ရွင္ဖို႔ရန္ ေရာက္လာေသာ ဘုရားရွင္ျဖစ္ပါတယ္။ “ဘုရားသခင္သည္ ကြၽႏ္ုပ္တို႔ႏွင့္ အတူရွိျခင္း” သည္ တကယ့္ကို သခင္ေယရႈျဖစ္ပါတယ္။ ယေန႔တိုင္ ကြၽႏ္ုပ္တို႔ႏွင့္ အတူရွိေတာ္မူသည္။ သခင္ေယရႈ၏ တည္ရွိျခင္းကို ကြၽႏ္ုပ္တို႔ မခံစားရႏိုင္ေပမဲ့ ထိုစစ္မွန္မႈကို ကြၽႏ္ုပ္တို႔အား သူမေလ်ာ့နည္းေစခဲ့ပါ။ သင့္အသက္တာတြင္ စြန႔္ပစ္ခံရတယ္လို႔ ခံစားရႏိုင္ေပမဲ့ ဘုရားသခင္ သင့္ကို ဘယ္ေတာ့မွ မစြန႔္ပစ္ပါဘူး။


ဘုရားသခင္ကို သိရွိျခင္းသည္ အနာဂတ္တြင္ ေရာက္ရွိလာမည့္၊ ျဖစ္ပ်က္လာမည့္အရာတို႔ႏွင့္ ပတ္သက္ၿပီး စိုးရိမ္စရာ (သို႔) ထိတ္လန႔္စရာ မလိုဘူးဆိုတဲ့ အဓိပၸါယ္ျဖစ္ပါတယ္။ အရာရာကို ထိန္းခ်ဳပ္ေသာ ဘုရားသခင္ကို သိကြၽမ္းျခင္းသည္ သင့္၏ ေၾကာက္စိတ္တို႔ကို ဖယ္ရွားေစပါလိမ့္မည္။ ဘုရားသခင္ အနားမွာရွိလွ်င္ ေၾကာက္စိတ္ ေတြ မလိုေတာ့ေပ။

ဤအေၾကာင္းရင္းသည္လည္း သခင္ေယရႈ၏ ေမြးေန႔ေတာ္ကို က်င္းပႏိုင္စဲ အေၾကာင္းရင္းတစ္ရပ္ျဖစ္ပါတယ္။


(၃) ဘုရားသခင္သည္ သင့္အတြက္ျဖစ္ပါတယ္။

သင့္ဘက္တြင္ ဘုရားသခင္ရွိပါတယ္။ သခင္ေယရႈဆိုထားသည္မွာ “ေလာကီသားတို႔အားအျပစ္စီရင္ျခင္းငွါ၊ ဘုရားသခင္သည္သားေတာ္ကို ဤေလာကသို႔ ေစလႊတ္ေတာ္ မူသည္မဟုတ္။ ေလာကီသားတို႔သည္ ကိုယ္ေတာ္ အားျဖင့္ ကယ္တင္ျခင္းသို႔ေရာက္မည္အေၾကာင္း ေစလႊတ္ ေတာ္မူ၏။” ရွင္ေယာဟန္ခရစ္ဝင္က်မ္း ၃ :၁၇


လူေတာ္ေတာ္မ်ားမ်ား မိမိကိုယ္ကို အျပစ္ရွိျခင္းေၾကာင့္ ဘုရားသခင္ကို ေၾကာက္႐ြံ႕ၾကပါတယ္။ သို႔ေပမဲ့ သခင္ေယရႈသည္ ဤကမာၻႀကီးကို ေ႐ြးႏုတ္ဖို႔ရန္ လာခဲ့သည့္လို႔ သမၼာက်မ္းစာက ဆိုပါတယ္။ ကြၽႏ္ုပ္တို႔ကို ကယ္တင္ဖို႔ရန္ လာျခင္းသည္ သတင္းေကာင္းျဖစ္ပါတယ္။ ဤအရာသည္ သခင္ေယရႈ၏ ေမြးေန႔ေတာ္ကို ဝမ္းေျမာက္စြာျဖင့္ က်င္းပႏိုင္စဲ အေၾကာင္းရင္း ျဖစ္ပါတယ္။


ဘုရားသခင္ ေျပာေသာ “ငါသည္ သင့္ကို ခ်စ္သည္။ သင္ႏွင့္အတူရွိသည္။ သင့္အတြက္ျဖစ္သည္” ဆိုေသာ စကားေၾကာင့္ လူသားအားလုံးအတြက္ ဤသတင္းေကာင္းသည္ တကယ့္ကို ႀကီးျမတ္တဲ့ ဝမ္းေျမာက္စရာ သတင္း ျဖစ္ပါတယ္။


ဆင္ျခင္ရန္

- ခရစၥမတ္သည္ ဆင္ယင္က်င္းပျခင္း (သို႔) လုပ္ေဆာင္ျခင္းအမႈ ေတြထက္ပိုေၾကာင္းကို သင္ေျပာႏိုင္ပါသလား။ သင္၏စိတ္ဖိစီးမႈ အေၾကာင္းရင္းေတြကို မည္ကဲ့သို႔ ေလ်ာ့ခ်ၿပီး ဝမ္းေျမာက္႐ႊင္လန္းစြာ ဆင္ႏႊဲမႈကို တိုးျမႇင့္ေစမည္နည္း။

- ခရစၥမတ္ကာလတြင္ မည္သို႔ေသာအရာအတြက္ ျပင္ဆင္မႈေတြကို သင္အမ်ားဆုံး အခ်ိန္ေပးျဖစ္ပါသနည္း။

- စစ္မွန္စြာျဖင့္ ခရစၥမတ္ကို ဆင္ယင္က်င္းပႏိုင္ဖို႔ရန္ သင္၏စိတ္ႏွလုံးကို ျပင္ဆင္ဖို႔ရန္ ဘုရားရွင္ မည္သို႔ အလိုေတာ္ရွိေၾကာင္း သင္ထင္ျမင္ပါသနည္း။

- ဤခရစၥမတ္တြင္ သင္ေက်းဇူးတင္ႏိုင္စရာေတြကို စာရင္းျပဳစုပါ။