Unicode Version
သင်၏ အနက်ရှိုင်းဆုံးသော နာကျင်မှုကို အကောင်းဆုံး အသုံးပြုခြင်း။
ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၁: ၄-၅ “ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော် အားဖြင့် ကိုယ်တိုင် သက်သာခြင်းရှိသကဲ့သို့၊ ဆင်းရဲခြင်း အမျိုးမျိုးကို ခံရသောသူတို့ အားသက်သာ စေနိုင်မည်အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရား သခင်သည် ငါတို့အားသက်သာစေတော်မူ၏။ အဘယ်သို့နည်းဟူမူကား၊ ခရစ်တော်ကြောင့် ငါတို့ခံရသော ဆင်းရဲခြင်းသည် အလွန်များပြားသည် နည်းတူ၊ ခရစ်တော်၏ကျေးဇူး အားဖြင့် ငါတို့ခံရသော သက်သာခြင်းသည် အလွန်များပြား၏။”
ဒုက္ခဆင်းရဲ၊ နာကျင်မှုတွေကို သင်ရင်ဆိုင်ဖြတ်သန်းရချိန်တွေမှာ သင့်ကိုယ်သင် (သို့) တခြားသောသူတွေပေါ်
အာရုံပြုဖို့ရန် သင်ရွေးချယ်နိုင်ပါတယ်။ နာကျင်ခံစားနေရသော တခြားလူတွေပေါ် အာရုံစိုက်ခြင်းကို
သင်ရွေးချယ်ပါလျှင် ပေးဆပ်ခြင်း ဒုက္ခဝေဒနာလို့ ခေါ်ပါတယ်။ ၎င်းသည် သင်၏ နာကျင်မှုအတွက်
အမြင့်ဆုံးနှင့် အကောင်းဆုံး အသုံးပြုခြင်း ဖြစ်ပါတယ်။
သင်ဖြတ်သန်းသော
နာကျင်မှုမျိုးက မည်သည့် နာကျင်မှုမျိုးဖြစ်ပါစေ အရေးမကြီးပါ။ သခင်ယေရှုက သင်၏ နာကျင်မှုတွေကို
ပြန်လည် ပေးဆပ်ချင်ပါသည်။ ၎င်းကို အလဟဿ မဖြစ်ဖို့ရန် အလိုတော်ရှိပါသည်။ သခင်ယေရှုသည်
တခြားသူတွေကို ကူညီဖို့ရန် ထိုနာကျင်မှုတွေကို အသုံးပြုချင်ပါသည်။
ကောရိန္သုဩဝါဒစာ ဒုတိယစောင်
၁:၄-၅ “ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော် အားဖြင့် ကိုယ်တိုင် သက်သာခြင်းရှိသကဲ့သို့၊
ဆင်းရဲခြင်း အမျိုးမျိုးကို ခံရသောသူတို့ အားသက်သာ စေနိုင်မည်အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို့၌
ဘုရား သခင်သည် ငါတို့အားသက်သာစေတော်မူ၏။ အဘယ်သို့နည်းဟူမူကား၊ ခရစ်တော်ကြောင့်
ငါတို့ခံရသော ဆင်းရဲခြင်းသည် အလွန်များပြားသည် နည်းတူ၊ ခရစ်တော်၏ကျေးဇူး အားဖြင့် ငါတို့ခံရသော
သက်သာခြင်းသည် အလွန်များပြား၏။”
စစ်မှုရေးရာအတွက်
ရုန်းကန်ခဲ့ရဖူးသော သူတို့ထက် ရုန်းကန်နေရသောသူတို့ကို ကူညီဖို့ရန် မည်သူက ပိုသင့်
တော်မည်နည်း။ မူးယစ်ဆေးစွဲမှုကနေ ပြန်လည် နာလန်ထူလာခဲ့သူထက် မူယစ်ဆေးစွဲခြင်းကို နာလန်ထူနေသူ
တစ်ဉီးကို ကူညီဖို့ရန် မည်သူက ပိုသင့်တော်မည်နည်း။ နာတာရှည်ရောဂါ ခံစားခံရသူနှင့် ခံစားနေရသူတို့တွင်
ကူညီဖို့ရန် မည်သူက ပိုသင့်တော်မည်နည်း။
သင်၏
အကြီးမားဆုံးသော အမှုတော်သည် သင်၏ အနက်ရှိုင်းဆုံး နာကျင်မှုမှ ဖြစ်ပေါ်လာပါလိမ့်မည်။
သင်က ဘုရားသခင်နှင့် တခြားသူတို့ပေါ် ရိုးသားဖြောင့်မတ်ပါလျှင် သင်မည်သည့်အရာကိုမဆို
ရင်ဆိုင်ရပါစေ သင်၏ရင်ဆိုင်ရမှုတွေသည် သင်၏ အမှုတော်သာ ဖြစ်လာပါလိမ့်မည်။
သင်၏
စွမ်းပကား ၊ ခွန်အားတို့ ဝေမျှခြင်းသည် သင့်အား တစ်စုံတစ်ယောက်ဆီ ရင်းနှီးစေသော ခံစားချက်မျိုးကို
မပေးပါဘူး။ သို့ပေမဲ့ သင်၏ တွေ့ကြုံရမှုတို့ကို ဘုရားသခင်ထံ
အပ်နှံဖို့ရန် ဖြစ်စေပြီး ဘုရား၏ ခွန်အားတို့ဖြင့် ဉီးတည်စေတဲ့အခါ သူတစ်ပါးတို့နှင့်
မထင်ထားတာထက်ကို ပိုပြီး နက်ရှိုင်းစွာ ဆက်သွယ်မှု ဖြစ်စေလာပါမည်။ ဘာကြောင့်လဲ။
ဘာကြောင့်လဲဆိုတော့ စိတ်နှလုံး ကျိုးပဲ့ကြေမွသူတစ်ဉီး အနေဖြင့် တခြားသော စိတ်နှလုံး
ကျိုးပဲ့ သူကို ဘုရားသခင် ဘယ်လိုပြန်လည်သင့်မြတ်စေတယ်ဆိုတာကို မျှဝေတဲ့အခါမှာ သင်၌ရှိသော
သာမာန်အရာ ကိုသာ ဝေမျှရုံသက်သက်မဟုတ်တော့ပါ။ သခင်ခရစ်တော်အားဖြင့် ရွေးနုတ်ခြင်းကို
တခြားသူတွေပါ ရရှိနိုင်ဖို့ရန် မျှော်လင့်ခြင်းကို သင်ဝေမျှခြင်း ဖြစ်ပါတယ်။
သင်၏နာကျင်မှုကို
ဝေမျှခြင်းက သင်နှင့် လူတွေကို သခင်ခရစ်တော်၌ ကြီးထွားလာဖို့ရန် အကူအညီဖြစ် စေပါတယ်။
သင်၏ နာကျင်မှုကို အသုံးပြုပြီး တခြားသူတွေကို ဝန်ဆောင်ခြင်းက အမှုတော်ထမ်းရွက်ခြင်း
အသွင်သဏ္ဍာန် ဖြစ်ပါတယ်။
ဆင်ခြင်ရန်
-
သင်ခံစားရသော အကြီးမားဆုံး နာကျင်မှုကို စဉ်းစားကြည့်ပါ။ ဘုရားသခင်သည် ထိုအရာဖြင့်
သင်၏ အသက်တာနှင့် တခြားသူတွေ၏ အသက်တာကို ကောင်းကောင်း အသုံးချနိုင်သည်ဟု သင်ထင်မြင်ပါသလား။
ဘာကြောင့်လဲ။
-
သင်၏ ခွန်းအား ၊ စွမ်းပကားတွေထက် သင်၏ ရုန်းကန်ရမှုတွေကို ဝေမျှခြင်းက ဘာကြောင့်များ
တစ်စုံတစ် ယောက်နှင့် ပိုပြီး နက်ရှိုင်းစွာ ရင်းနှီးစေပါသနည်း။
-
သာသနာအတွက် ဘုရားသခင်သင့်အား အသုံးပြုဖို့ရန် မည်သို့ သင်အလိုရှိပါသနည်း။ သင်၏ ဆင်းရဲဒုက္ခတွေအားဖြင့်
တခြားသူတွေကို ရွေးနုတ်ခြင်းရရှိဖို့ရန်အသုံးပြုဖို့ ဘုရားသခင်အား သင်တောင်း လျှောက်ပါသလား။
Zawgyi Version
သင္၏ အနက္ရႈိင္းဆုံးေသာ နာက်င္မႈကို အေကာင္းဆုံး အသုံးျပဳျခင္း။
ေကာရိႏ္သဳဩဝါဒစာ ဒုတိယေစာင္ ၁: ၄-၅ “ငါတို႔သည္ ဘုရားသခင္၏ ေက်းဇူးေတာ္ အားျဖင့္ ကိုယ္တိုင္ သက္သာျခင္းရွိသကဲ့သို႔၊ ဆင္းရဲျခင္း အမ်ိဳးမ်ိဳးကို ခံရေသာသူတို႔ အားသက္သာ ေစႏိုင္မည္အေၾကာင္း၊ ဆင္းရဲျခင္းအမ်ိဳးမ်ိဳးတို႔၌ ဘုရား သခင္သည္ ငါတို႔အားသက္သာေစေတာ္မူ၏။ အဘယ္သို႔နည္းဟူမူကား၊ ခရစ္ေတာ္ေၾကာင့္ ငါတို႔ခံရေသာ ဆင္းရဲျခင္းသည္ အလြန္မ်ားျပားသည္ နည္းတူ၊ ခရစ္ေတာ္၏ေက်းဇူး အားျဖင့္ ငါတို႔ခံရေသာ သက္သာျခင္းသည္ အလြန္မ်ားျပား၏။”
ဒုကၡဆင္းရဲ၊ နာက်င္မႈေတြကို သင္ရင္ဆိုင္ျဖတ္သန္းရခ်ိန္ေတြမွာ သင့္ကိုယ္သင္ (သို႔) တျခားေသာသူေတြေပၚ အာ႐ုံျပဳဖို႔ရန္ သင္ေ႐ြးခ်ယ္ႏိုင္ပါတယ္။ နာက်င္ခံစားေနရေသာ တျခားလူေတြေပၚ အာ႐ုံစိုက္ျခင္းကို သင္ေ႐ြးခ်ယ္ပါလွ်င္ ေပးဆပ္ျခင္း ဒုကၡေဝဒနာလို႔ ေခၚပါတယ္။ ၎သည္ သင္၏ နာက်င္မႈအတြက္ အျမင့္ဆုံးႏွင့္ အေကာင္းဆုံး အသုံးျပဳျခင္း ျဖစ္ပါတယ္။
သင္ျဖတ္သန္းေသာ နာက်င္မႈမ်ိဳးက မည္သည့္ နာက်င္မႈမ်ိဳးျဖစ္ပါေစ အေရးမႀကီးပါ။ သခင္ေယရႈက သင္၏ နာက်င္မႈေတြကို ျပန္လည္ ေပးဆပ္ခ်င္ပါသည္။ ၎ကို အလဟႆ မျဖစ္ဖို႔ရန္ အလိုေတာ္ရွိပါသည္။ သခင္ေယရႈသည္ တျခားသူေတြကို ကူညီဖို႔ရန္ ထိုနာက်င္မႈေတြကို အသုံးျပဳခ်င္ပါသည္။
ေကာရိႏ္သဳဩဝါဒစာ ဒုတိယေစာင္ ၁:၄-၅ “ငါတို႔သည္ ဘုရားသခင္၏ ေက်းဇူးေတာ္ အားျဖင့္ ကိုယ္တိုင္ သက္သာျခင္းရွိသကဲ့သို႔၊ ဆင္းရဲျခင္း အမ်ိဳးမ်ိဳးကို ခံရေသာသူတို႔ အားသက္သာ ေစႏိုင္မည္အေၾကာင္း၊ ဆင္းရဲျခင္းအမ်ိဳးမ်ိဳးတို႔၌ ဘုရား သခင္သည္ ငါတို႔အားသက္သာေစေတာ္မူ၏။ အဘယ္သို႔နည္းဟူမူကား၊ ခရစ္ေတာ္ေၾကာင့္ ငါတို႔ခံရေသာ ဆင္းရဲျခင္းသည္ အလြန္မ်ားျပားသည္ နည္းတူ၊ ခရစ္ေတာ္၏ေက်းဇူး အားျဖင့္ ငါတို႔ခံရေသာ သက္သာျခင္းသည္ အလြန္မ်ားျပား၏။”
စစ္မႈေရးရာအတြက္ ႐ုန္းကန္ခဲ့ရဖူးေသာ သူတို႔ထက္ ႐ုန္းကန္ေနရေသာသူတို႔ကို ကူညီဖို႔ရန္ မည္သူက ပိုသင့္ ေတာ္မည္နည္း။ မူးယစ္ေဆးစြဲမႈကေန ျပန္လည္ နာလန္ထူလာခဲ့သူထက္ မူယစ္ေဆးစြဲျခင္းကို နာလန္ထူေနသူ တစ္ဉီးကို ကူညီဖို႔ရန္ မည္သူက ပိုသင့္ေတာ္မည္နည္း။ နာတာရွည္ေရာဂါ ခံစားခံရသူႏွင့္ ခံစားေနရသူတို႔တြင္ ကူညီဖို႔ရန္ မည္သူက ပိုသင့္ေတာ္မည္နည္း။
သင္၏ အႀကီးမားဆုံးေသာ အမႈေတာ္သည္ သင္၏ အနက္ရႈိင္းဆုံး နာက်င္မႈမွ ျဖစ္ေပၚလာပါလိမ့္မည္။ သင္က ဘုရားသခင္ႏွင့္ တျခားသူတို႔ေပၚ ႐ိုးသားေျဖာင့္မတ္ပါလွ်င္ သင္မည္သည့္အရာကိုမဆို ရင္ဆိုင္ရပါေစ သင္၏ရင္ဆိုင္ရမႈေတြသည္ သင္၏ အမႈေတာ္သာ ျဖစ္လာပါလိမ့္မည္။
သင္၏ စြမ္းပကား ၊ ခြန္အားတို႔ ေဝမွ်ျခင္းသည္ သင့္အား တစ္စုံတစ္ေယာက္ဆီ ရင္းႏွီးေစေသာ ခံစားခ်က္မ်ိဳးကို မေပးပါဘူး။ သို႔ေပမဲ့ သင္၏ ေတြ႕ႀကဳံရမႈတို႔ကို ဘုရားသခင္ထံ အပ္ႏွံဖို႔ရန္ ျဖစ္ေစၿပီး ဘုရား၏ ခြန္အားတို႔ျဖင့္ ဉီးတည္ေစတဲ့အခါ သူတစ္ပါးတို႔ႏွင့္ မထင္ထားတာထက္ကို ပိုၿပီး နက္ရႈိင္းစြာ ဆက္သြယ္မႈ ျဖစ္ေစလာပါမည္။ ဘာေၾကာင့္လဲ။ ဘာေၾကာင့္လဲဆိုေတာ့ စိတ္ႏွလုံး က်ိဳးပဲ့ေၾကမြသူတစ္ဉီး အေနျဖင့္ တျခားေသာ စိတ္ႏွလုံး က်ိဳးပဲ့ သူကို ဘုရားသခင္ ဘယ္လိုျပန္လည္သင့္ျမတ္ေစတယ္ဆိုတာကို မွ်ေဝတဲ့အခါမွာ သင္၌ရွိေသာ သာမာန္အရာ ကိုသာ ေဝမွ်႐ုံသက္သက္မဟုတ္ေတာ့ပါ။ သခင္ခရစ္ေတာ္အားျဖင့္ ေ႐ြးႏုတ္ျခင္းကို တျခားသူေတြပါ ရရွိႏိုင္ဖို႔ရန္ ေမွ်ာ္လင့္ျခင္းကို သင္ေဝမွ်ျခင္း ျဖစ္ပါတယ္။
သင္၏နာက်င္မႈကို ေဝမွ်ျခင္းက သင္ႏွင့္ လူေတြကို သခင္ခရစ္ေတာ္၌ ႀကီးထြားလာဖို႔ရန္ အကူအညီျဖစ္ ေစပါတယ္။ သင္၏ နာက်င္မႈကို အသုံးျပဳၿပီး တျခားသူေတြကို ဝန္ေဆာင္ျခင္းက အမႈေတာ္ထမ္း႐ြက္ျခင္း အသြင္သ႑ာန္ ျဖစ္ပါတယ္။
ဆင္ျခင္ရန္
- သင္ခံစားရေသာ အႀကီးမားဆုံး နာက်င္မႈကို စဥ္းစားၾကည့္ပါ။ ဘုရားသခင္သည္ ထိုအရာျဖင့္ သင္၏ အသက္တာႏွင့္ တျခားသူေတြ၏ အသက္တာကို ေကာင္းေကာင္း အသုံးခ်ႏိုင္သည္ဟု သင္ထင္ျမင္ပါသလား။ ဘာေၾကာင့္လဲ။
- သင္၏ ခြန္းအား ၊ စြမ္းပကားေတြထက္ သင္၏ ႐ုန္းကန္ရမႈေတြကို ေဝမွ်ျခင္းက ဘာေၾကာင့္မ်ား တစ္စုံတစ္ ေယာက္ႏွင့္ ပိုၿပီး နက္ရႈိင္းစြာ ရင္းႏွီးေစပါသနည္း။
- သာသနာအတြက္ ဘုရားသခင္သင့္အား အသုံးျပဳဖို႔ရန္ မည္သို႔ သင္အလိုရွိပါသနည္း။ သင္၏ ဆင္းရဲဒုကၡေတြအားျဖင့္ တျခားသူေတြကို ေ႐ြးႏုတ္ျခင္းရရွိဖို႔ရန္အသုံးျပဳဖို႔ ဘုရားသခင္အား သင္ေတာင္း ေလွ်ာက္ပါသလား။