Unicode Version
ဝေဖန်စီရင်ခြင်းမပြုခင်မှာ မေတ္တာဖြင့် နားထောင်လိုက်ပါ။
ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၇:၅၁ “ငါတို့တရားသည် လူကိုမစစ်၊ သူ့အမှုကို
မသိမှီကပင် ရှေ့မဆွက ဆုံးဖြတ်တတ်သလောဟုဆိုလျှင်၊ သူတို့က၊
သင်သည်လည်း ဂါလိလဲပြည်သားဖြစ်သလော။ စစ်ဦးလော့၊ ဂါလိလဲပြည်၌ အဘယ် ပရောဖက်မျှမပေါ်ထွန်းသည်ကိုမှတ်လော့ဟု
ဆိုကြပြီးမှ၊ ၅၃ထိုသူအပေါင်းတို့သည် မိမိတို့အိမ်သို့သွားကြ၏။”
သနားခြင်း
ဂရုဏာ ၊ ရိုးသားမှု ၊ တရားမျှတမှု ၊ စိတ်ရင်းအတိုင်း နားဆင်ဖို့ရန် သင်ကြိုးစားတဲ့အခါမှာ
ဝေဖန်စီရင်ဖို့ရန် ခက်ခဲသွားပါမည်။ ရှင်ယာကုပ်ဩဝါဒစာ ၁:၁၉
“ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသော သူတို့သည် နားကြားခြင်းငှါ လျင်မြန်ကြစေ။ စကား
ပြောခြင်းငှါ၎င်း၊ အမျက်ထွက်ခြင်းငှါ၎င်း နှေးကြစေ။” ဝေဖန်စီရင်ခြင်း မပြုမီ
အရင်ဆုံး နားထောင်ပါ။
တစ်ကြိမ်တွင်
ဖာရိရှဲတို့သည် ယေရှုအား စကားမပြောစေခြင်း (သို့) မိမိကိုယ်ကို မရှင်းပြစေဘဲ တရားစီရင်ဖို့ရန်
ကြိုးစားခဲ့ပါတယ်။ ယေရှုဘက်က အကြောင်းတရားတို့ကို သူတို့ နားမထောင်ချင်ကြပါ။ သို့သော်
နိကောဒင်ဆိုတဲ့ ဖာရိရှဲတစ်ယောက်က ဆိုသည်မှာ ““ငါတို့တရားသည်
လူကိုမစစ်၊ သူ့အမှုကို မသိမှီကပင် ရှေ့မဆွက ဆုံးဖြတ်တတ်သလောဟုဆိုလျှင်၊ ……”
သင်၏
သားသမီး ၊ ဇနီး /ခင်ပွန်း ၊ အိမ်နီးချင်း ၊ သင်နှင့်မတည့်သောသူတို့၏ ပြောစကားတွေကို
နားဆင်ခြင်း မရှိဘဲ သင် ဘယ်နှစ်ကြိမ်လောက် စစ်ကြောစီရင် ပြီးပြီလဲ။ သခင်ယေရှုကို ဖာရိရှဲတို့
ဆက်ဆံပြောဆိုခဲ့သလို သင်သည်လည်း ထိုနည်းအတိုင်း တစ်စုံတစ်ဉီးကို ဆက်ဆံခဲ့တယ်လို့ သင့်ကိုယ်သင်
တွေ့မြင်ပါသလား။
တစ်စုံတစ်ယောက်ကို
စစ်ကြောစီရင်ဖို့ရန် တိုက်တွန်းခြင်း သင်ခံစားရချိန်မှာ ရပ်တန့်ပြီး ခေတ္တငြိမ်သက်နေပါ။
ဝင်သက်ကို လိုအပ်လျှင် ထိန်းထားပါ။ ၎င်းသည် သင်မပြောဆိုခင်မှာ နားထောင်ဖို့ရန်အတွက်
ဖြစ်စေပါတယ်။ သင်ဉီးစွာ နားဆင်ခြင်းမပြုပါလျှင် သူတစ်ပါးကို ဝေဖန်စီရင်ခြင်းဆိုင်ရာ
အပြစ်တရားကို သင်ကျူးလွန်လိုက်ခြင်း ဖြစ်ပါတယ်။
တစ်ဉီးတစ်ယောက်၏
အသက်တာတွင် အလင်းပြဖို့ရန် တစ်စုံတစ်ရာ လိုအပ်တယ်လို့ သင်ထင်မြင်ပါသလား။ ထိုအရာက ဖော်ပြဖို့ရန်
သင်မဖြစ်နိုင်ပါ။ ဘုရားသခင် ရှိပါတယ်။ သင်၏ အလုပ်က ဉီးစွာနားထောင်ဖို့ ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်၏
ရုန်းကန်ရင်ဆိုင်ရမှုကို မစစ်ကြောခင်မှာ နားလည်ဖို့ရန် ကြိုးစားပါ။
သခင်ယေရှုပြောထားသည်မှာ
“သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ရမည်အကြောင်း
သူတပါး၏ အမှု၌ စစ်ကြော ဆုံးဖြတ်ခြင်းကို မပြုကြနှင့်။ ၂သင်တို့သည် အကြင်တရားအတိုင်း သူတပါးကိုစီရင်ကြ၏ ထိုတရားအတိုင်းစီရင်ခြင်းကို ခံရကြမည်။
အကြင်ချိန်၊ တင်းပမာဏနှင့် သူတပါးအား ပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။”
ရှင်မဿဲခရစ်ဝင်ကျမ်း ၇:၅၁
သူတစ်ပါးတို့
သင့်အားပြုစေလိုသည့်အတိုင်း ပြုပါ။ ချစ်ခြင်းမေတ္တာဖြင့် နားဆင်ပါ။ ပြီးတော့ ဘုရားသခင်အား
စီရင်ခွင့်ပေးလိုက်ပါ။
ဆင်ခြင်ရန်
-
လူတွေကို စီရင်တဲ့အရာမှာ ဘုရားထက် ပိုပြီးတတ်နိုင်တယ်လို့ လူတော်တော်များများ ယုံကြည်ကြတယ်လို့
သင်ဘာကြောင့် ထင်မြင်ပါသနည်း။
-
သင်ချစ်မြတ်နိုးရသူအား မဝေဖန်ခင်မှာ သူတို့တွေကို နားထောင်ခြင်းအရာက သူတိုကို စစ်မှန်သော
နားလည်မှု ရရှိဖို့ရန် မည်ကဲ့သို့ အကူအညီပေးပါသနည်း။
-
နားထောင်တတ်သောသူ ဖြစ်လာစေရန် သင်၏ ပြောဆိုနေသော စကားတွင် သင်လေ့ကျင့်နိုင်သည့် အရာတစ်ခုကား
အဘယ်သို့နည်း။
----------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်