Unicode Version
ရောမဩဝါဒစာ ၁၄:၇
"ငါတို့တွင် အဘယ်သူမျှ ကိုယ်အဖို့အလိုငှာ အသက်မရှင်။ အဘယ်သူမျှ ကိုယ်အဖို့အလိုငှာ မသေ။"
အပြစ်ဒုစရိုက်သည် လျှို့ဝှက်ကောင်း လျှို့ဝှက်နေပေမယ့်လည်း ဘယ်တော့မှသီးသန့် ဖြစ်မနေပါ။ ၎င်းသည် မြေကြီးပေါ်မှာဖြစ်စေ ၊ တရားစီရင်ရာနေ့၌ဖြစ်စေ ထွက်ပေါ်လာပါမယ်။ ၎င်းကို သိရှိလာကြပါမည်။
တောလည်ရာကျမ်း ၃၂:၂၃ တွင် ကြောက်စရာကောင်းသောကျမ်းပိုဒ်တခုဖြစ်တဲ့ "ထိုသို့မပြုလျှင်မူကား၊ သင်တို့သည် ထာဝရဘုရားကို ပြစ်မှားခြင်းရှိသည်အတိုင်း၊ ထိုအပြစ်သည် သင်တို့ကို လိုက်၍မီလိမ့်မည်။"
အပြစ်ဒုစရိုက်က ဘာလို့သီးသန့်ရှိမနေခြင်းသည် သင်ပြုသမျှသောအရာတွေကို ဘာတွေဖြစ်မလဲ သင်မသိသည့်တိုင် သင်လုပ်သမျှသောအဆိုးအကောင်းတွေက တခြားသူတွေပေါ် အကျိုးသက်ရောက်လို့ဖြစ်ပါတယ်။
သင်နှင့်နီးစပ်သူတစ်ဦးသည် တစ်ညလုံးမကောင်းသော အရာတစ်ချို့ကို လုပ်ဆောင်ခဲ့ပြီး သင့်ကိုမနက်ပိုင်းတွေ့ပါလျှင် သူတခုခု ဖြစ်ပျက်ခဲ့ကြောင်းကို သင်သတိပြုမိ ပါလိမ့်မည်။ ဘာဖြစ်ခဲ့တယ်ဆိုတာ သင်မသိပေမဲ့လဲ သူတို့ရဲ့အပြုမူတွေမှာ သူတို့ရဲ့ ဒုစရိုက်အပြစ်၏ ရလဒ်က သိသာထင်ရှား ပါလိမ့်မည်။ လူအနည်းငယ်လောက်သာ ဘာမှမဖြစ်သကဲ့သို့ ပြုမူနိုင် ပါလိမ့်မည်။
အပြစ်ဒုစရိုက်ကြီးကြီးမားမား လုပ်စရာတောင်မလိုပါ။ ပျက်ကွက်မှု တစ်ခုသည်လည်း အပြစ်ဒုစရိုက်ဖြစ်နိုင်ပါတယ်။ ဘုရားသခင်နဲ့ စိတ်ငြိမ်ချိန် (quiet time) ကို ပုံမှန်လုပ်ဆောင်ပြီးနောက် ရက်အနည်းငယ်လောက် ဘုရားမျက်မှောက်တော် ကနေ ဝေးကွာသွားခြင်းသည် လူတွေနဲ့အခြေအနေတို့ပေါ် သင်တုန့်ပြန်သော ခြားနားချက်တွေဖြစ်လာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားနဲ့မချိတ်ဆက်တဲ့အခါမှာ အပြစ်ဒုစရိုက်ကို တိုက်ခိုက်ဖို့ရန် သင်၌ဝိညာဉ်ရေးရာတန်ခိုး မရှိလို့ဖြစ်ပါတယ်။
ရောမဩဝါဒစာ ၁၄:၇ တွင်သမ္မာကျမ်းစာဆိုထားသည်မှာ "ငါတို့တွင် အဘယ်သူမျှ ကိုယ်အဖို့အလိုငှာ အသက်မရှင်။ အဘယ်သူမျှ ကိုယ်အဖို့အလိုငှာ မသေ။"
" ငါ့ဘာသာ ငါ့ဘာလုပ်လုပ် မင်းတို့အပူမပါဘူး" လို့ လူတော်တော်များများ ပြောပါလိမ့်မည်။ ငါဘယ်သူ့ကိုမှ မထိခိုက်သရွေ့ ဘာကြောင့်ဂရုစိုက်ရမှာလဲ" သို့ပေမယ့် သင်သူတစ်ပါးကိုထိခိုက်မိပါတယ်။ လူတွေနဲ့ဆက်သွယ်မှုရှိအောင် ဘုရားကဖန်ဆင်းထားတဲ့အတွက် ကျွန်ုပ်တို့လုပ်ဆောင် ပြောဆိုတာတွေက သူတပါးကိုအမြဲတမ်း သက်ရောက်မှုရှိပါတယ်။
သင် နားမလည်နိုင်သည့်နည်းလမ်းဖြင့် အပြစ်ဒုစရိုက်က သင့်ဆီ သက်ရောက်ပါတယ်။ ပြီးတော့ သင်၏အပြုအမူကလည်း သူတပါးကိုအကျိုးသက်ရောက်စေပါတယ်။ အပြစ် ဒုစရိုက်လုပ်ဆောင်နေတဲ့အခါ ၎င်းသည် သင့်အားဘုရားသခင်၏ တန်ခိုးတော့မှ ဖြတ်တောက်ပေးပြီ သင်၏အလားအလာရှိသမျှနှင့် ကင်းဝေးစေပါတယ်။ သင်၏ တတ်နိုင်ခြင်းနှင့် သင်ရရှိနိုင်သောအကျိုးရလဒ်တို့ကိုပါ ကန့်သတ်လိုက်ပါတယ်။
သင်သည် ဘုရားသခင်ပေးသော အကောင်းဆုံးအရာအတွက် ရှိမနေတဲ့အခါမှာ မည်သည့်အရာက သင် နှင့် တခြားသူတွေအတွက် ဆုံးရှုံးမှု ဖြစ်တယ်လို့ စဉ်းစားဖို့ရန်က ဝမ်းနည်းစရာမဟုတ်လား။ အပြစ်ဒုစရိုက်ကို ကျော်လွှားရန်နှင့် တခြားသူတို့ကို နာကျင်စေသည့်အပြစ်တို့ကို ကျော်လွှားရန်က ဝန်ခံခြင်းဖြစ်ပါတယ်။
ဆင်ခြင်ရန်
- သင်၌ အပြစ်ဝန်မခံသော ဒုစရိုက် ရှိတဲ့အခါ သင်မည်သို့ထူးခြားစွာ ပြုမူတွေးခေါ်ပါသနည်း။
- အပြစ် ဝန်ခံခြင်း က သခင်ယေရှုနှင့် မည်သို့ပိုမိုနီးကပ်စေပါသနည်း။
- သင်အသက်တာရှိ မည်သို့သော်အပြစ်ကို ဝန်ခံဖို့ရှိပါသနည်း။ ၎င်းကတစ်ခြားသူတွေကို ထိခိုက်နိုင်တယ်လို့ သင်မည်သို့ထင်မြင်ပါသနည်း။