Unicode Version
ရှင်ယောဟန်ဩဝါဒစာပထမစောင် ၅:၁၅
"ဆုတောင်းသမျှသောစကားတို့ကို နားထောင်တော်မူသည်ကို ငါတို့သိလျှင်၊ အထံတော်၌ တောင်းသောဆုတို့ကို ရမည်ဟုသိရကြ၏။"
ဆုတောင်းခြင်းက တကယ်အလုပ်ဖြစ်ရဲ့လားလို့ သင်စဉ်းစားဖူးပါသလား။ တစ်စုံတစ်ခုအတွက် သင်ဆုတောင်းနေပြီး စာတန်က "ဤအရာကအချိန်ဖြုန်းတီးခြင်းဖြစ်တယ်၊ မေ့လိုက်ပါ။ သင့်ကိုယ်သင် ဘာထင်နေတာလဲ ၊သင်ဘာလုပ်နေတယ်ဆိုတာကို သင်စဉ်းစားမိသလား။ ဘုရားက နားမထောင်ပါဘူး။ အချိန်မဖြုန်းပါနဲ့" လို့ သင့်ကို တီးတိုးပြောလာပါမည်။
ဘုရားသခင်ထိန်းချုပ်ထားတဲ့အတွက်ကြောင့် ဆုတောင်းခြင်းက အလုပ်ဖြစ်ပါတယ်။ အားလုံးသောအံ့သြဘွယ်နိမိတ်၏ အခြေခံသဘောမှာ ဘုရားသခင်၏ အချုပ်အခြာအာဏာဖြစ်ပါတယ်။ ဘာကြောင့်များ တစ်ယောက်အတွက် မလုပ်ဆောင်ဘဲ နောက်တစ်ယောက်တွက် လုပ်နေရတာလဲ။ အကြောင်းမှာ ဘုရားသခင် ထိန်းချုပ်ထားလို့ ဖြစ်ပါတယ်။ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ကောင်းမြတ်ခြင်းကို ကျွန်ုပ်တို့ ကိုးစားယုံကြည်ရပါမည်။
ဧဖက်ဩဝါဒစာ ၃:၂၀-၂၁ တွင် ဆိုထားသည်မှာ
"ငါတို့၌ ပြုပြင်သောတန်ခိုးတော်အတိုင်း၊ ငါတို့ တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုခြင်းငှာ တတ်နိုင်တော်မူသော ဘုရားသခင်သည်၊-ယေရှုခရစ်အားဖြင့် အသင်းတော်၌ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။"
ဘုရားလုပ်ဆောင်နိုင်သမျှအရာတို့ကို ဆုတောင်းခြင်းက လုပ်ဆောင်နိုင်ပါတယ်။ သူ၏အရင်းအမြစ်ကို သင်ရရှိပိုင်ဆိုင်နိုင်ပါတယ်။ ဓမ္မသစ်ကျမ်း၌ အကြိမ် ၁၀ တိုင် "တောင်းပါ" ဟုဆိုပါတယ်။ ၎င်းက ကျွန်ုပ်တို့၏ ထိန်းချုပ်မှုထက် ကျော်လွန်သောအရာတွေသည် ဘုရားလက်တော်၌ လွှတ်ထွက်မသွားကြောင်းကို သိဖို့ရန် တိုက်တွန်းနှိုးဆော်ခြင်းဖြစ်ပါတယ်။ အခြေအနေကို ကျွန်ုပ်မပြောင်းလဲနိုင်ပါသော်လည်း ၎င်းကို ဘုရားပြောင်းလဲပေးနိုင်ဖို့ရန် ကျွန်ုပ်ဆုတောင်းနိုင်ပါတယ်။
ဘုရားသခင်သည် နတ်ဘုရားမဟုတ်ပါ။ သင်ဆုတောင်းချက်ထဲ ထည့်သွင်းရုံနဲ့ လိုချင်တာ ရယူလို့မရပါ။ ဆုတောင်းချက်တိုင်းကသာ အဖြေရမည်ဆိုလျှင် ကျွန်ုပ်တို့တွေ ပျက်စီးသောကောင်ဆိုးလေးတွေဖြစ်ပါလိမ့်မယ်။ သင်၏ သားသမီးများ တောင်းသမျှအားလုံးကို သင်ပေးပါသလား။ မပေးဘူးလို့ကျွန်တော်ထင်ပါတယ်။ သူတို့လေးတွေအတွက်အကောင်းဆုံးသောအရာကို သင်သိပါတယ်။ ပိုပြီးကောင်းပြီး ကြီးတဲ့သူတို့လေးတွေရဲ့ ရုပ်ပုံတွေကို သင်မြင်နိုင်ပါတယ်။ အဲဒီလို သင်မြင်နိုင်ပါလျှင် ဘုရားကရော ဘယ်လောက်တောင် ပိုပြီးမြင်နိုင်မလဲ။
တခါတရံမှာ ခရစ်ယာန်တို့က သဘောထားကွဲလွဲစွာ ဆုတောင်းကြပါတယ်။ ခရစ်ကတ်ပွဲမှ မတူညီသော အသင်းအတွက် ခရစ်ယာန် နှစ်ဦးဆုတောင်းပါလျှင် မည်သူကို ဘုရားက အဖြေပေးမည်နည်း။ ဘုရားသခင်သည် တချိန်တည်းတွင် ဆုတောင်းချက်တိုင်းကို မဖြေပါ။ သို့ပေမယ့် တကယ်စစ်မှန်တဲ့ အကြောင်းရင်းကဒီမှာပါ-
အကောင်းဆုံးအရာကို သင်မသိပေမဲ့ ဘုရားသခင်သိပါတယ် သင်လုပ်နိုင်တယ်လို့ သင်ထင်မြင်ခြင်းသည် မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲနေလို့ဖြစ်ပါတယ် သမ္မာကျမ်းစာကဆိုထားသည်မှာ
ရှင်ယောဟန်ဩဝါဒစာပထမစောင် ၅:၁၄
"ငါတို့သည် ဘုရားသခင့်အထံတော်၌ ရဲရင့်ခြင်းအကြောင်းဟူမူကား၊ ငါတို့သည် အလိုတော်နှင့်အညီ တစ်စုံတစ်ခုသောဆုကို တောင်းလျှင်၊ ဘုရားသခင်သည် နားထောင်တော်မူ၏။"
ဤကျမ်းပိုဒ်ကိုကြည့်ပါ "အလိုတော်အတိုင်း"။ ဤကဲ့သို့သော သဘောထားဆိုင်ရာ ဆုတောင်းချက်ကိုလိုအပ်ပါတယ်။
" အဖဘုရား ဤအရာကား ကျွန်ုပ်၏တောင်းလျှောက်သော ဆုတောင်းချက်ဖြစ်ပါတယ်။ သို့ပေမယ့် သခင့်အလိုတော်အတိုင်းဖြစ်စေပါ။ ၎င်းသည် ယေရှုဆုတောင်းခဲ့သော ဆုတောင်းဖြစ်ပါတယ်။
"အို အဘ၊ အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်မှ လွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။"
ရှင်လုကာခရစ်ဝင် ၂၂:၄၂
ဆင်ခြင်ရန်
- ဘုရားသခင်သည် ကောင်းမြတ်ကြောင်းနှင့် အချုပ်အခြာဖြစ်ကြောင်း ဘာကြောင့်များအရေးကြီးပါသနည်း။
- ဘုရားသခင်လုပ်ဆောင် နိုင်သမျှကို ဆုတောင်းခြင်းက ပြုနိုင်သည်။ ဘုရားသခင်၏အချုပ်အခြာအာဏာနဲ့ပတ်သက်ပြီး သင်ယုံကြည်သောအရာပေါ် သင်၏ဆုတောင်းက မည်သို့ သက်ရောက်စေပါသနည်း။
- သင်၏စိတ်သဘောနှင့် ဘုရားအလိုတော် ယုံကြည်ကြောင်းကို ဘုရားသခင်အား မည်သို့သင်ဖော်ပြနိုင်ပါသနည်း။