You can trust God in everything

 Unicode Version 


ဆာ​လံ​ကျမ်း ၃၃:၄

"အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ဖြောင့်​မတ်​ပေ၏။ စီ​ရင်​တော်​မူ​သ​မျှ​သော အ​မှု​တို့​သည်​လည်း သ​စ္စာ​တ​ရား​နှင့် ညီ​ကြ၏။"


အသက်တာဆိုင်ရာ အကောင်းဆုံးသောမေးခွန်းတစ်ခုက "သင်မည်သူ့ကို ယုံကြည်ဖို့ရှိသနည်း" ဤမေးခွန်းတွင် သင်အဖြေပေးသည့်ပုံစံက သင်ပျော်ရွှင်နေလား (သို့) ဝမ်းနည်းနေလား (သို့) အောင်မြင်နေလား (သို့) ကျရှုံးနေလား နှင့် တစုံတစ်ယောက်ကို အသက်တာအတွက်ဖန်တီးပေးနေသလား (သို့) ဖြုန်းတီးနေလားဆိုတဲ့အရာတွေကို အဆုံးအဖြတ်ပေးပါလိမ့်မည်။ 

သင့်အတွေးထဲမှာ ဘယ်သူကအမြဲတမ်း စိတ်ဝင်စားမှု အကောင်းဆုံး ဖြစ်ပါသလဲ။ သင့်အသက်တာအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်ကို ပြုဖို့ရန် ဘယ်သူအကူညီပေးမည်နည်း။ အထင်ကရရွေးချယ်စရာပေါ် သင်ယုံကြည်ပါသလား။ ၎င်းက ကောင်းသော စိတ်ကူးမဟုတ်နိုင်ပါ။ အစဉ်မပြတ်ပြောင်းလဲပါတယ်။ နောက်ဆုံးပေါ်တွေဖြင့် ခေတ်ရှေ့ပြေးနေတဲ့ နာမည်ကျော်ကြားသူတွေကို သင်ယုံကြည်သင့်ပါသလား။ ခေတ်ရှေ့ပြေး မှုတွေကပြောင်းလဲပါတယ်။ ပေါ်ပင်အရာတွေက မှေးမှိန်ပါတယ်။ လူမှုကွန်ယက်ပေါ်ကနေ သင်ဖတ်ရှုရသောအရာပေါ် အခြေခံပြီး ဘဝအတွက်အရေးပါတဲ့ဆုံးဖြတ်ချက် ပြုပါမည်လား ။ အွန်လိုင်းပေါ်ကအရာတွေက ယုံကြည်ဖို့အမှန်တကယ်မထိုက်တန် (သို့) အားကိုးလို့မရနိုင်ဘူးလို့ မဆိုလို့ပါ။

သင့်ကိုသင်နှင့်ပတ်သက်ပြီး ဘယ်လို့ယုံကြည်ပါသနည်း။ တစ်ချို့အမှန်တရား နှင့် ကျွန်ုပ်တို့၏ခံစားမှုတွေက လိမ်ညာနိုင်ပါတယ်။ သမ္မာကျမ်းစာကဆိုထားသည်မှာ

ယေ​ရ​မိ​အ​နာ​ဂ​တ္တိ​ကျမ်း ၁၇:၉

"စိတ်​နှ​လုံး​သည် ခပ်​သိမ်း​သော အ​ရာ​ထက် စဉ်း​လဲ​တတ်၏။ အ​လွန်​ယို​ယွင်း​သော သ​ဘော​ရှိ​၏။ စိတ်​နှ​လုံး​သ​ဘော​ကို အ​ဘယ်​သူ​သိ​နိုင်​သ​နည်း။"

စိတ်ခံစားမှုအားဖြင့် ကျွန်ုပ်တို့အသက်ရှင် နေထိုင်ပါလျှင် ကျွန်ုပ်တို့၏ပြောင်းလဲနေတဲ့ စိတ်အနေအထားအားဖြင့် သော်လည်း​ကောင်း၊ တစ်ခြား​သောသူတို့၏ အလွယ်တကူကြိုးကိုင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။


တစ်စုံတစ်ယောက် (သို့) တစုံတခုဆီ သင်၏အသက်တာနှင့် အနာဂတ်ကို အပ်နှံဖို့ရှိပါလျှင် သင်၏စိတ်နှလုံးကို အကောင်းဆုံးစိတ်ဝင်စားနိုင်မည့်သူ ၊ အရာရာသိနားလည်သူ ၊ ပြီးပြည့်စုံပြီး သင့်ကိုဘယ်တော့မှာမလိမ်ညာသောသူ တစ်ဦးဦးကိုရွေးချယ်တာ ပိုကောင်းပါတယ်။ ၎င်းအတွက် သင်၏ရွေးချယ်မှုက ဘုရားသခင်ဆီဖြစ်ပါတယ်။


ဘယ်သူတစ်ဦးမှာ သင့်ကို အမှန်တရားတွေ အမြဲတမ်းပြောဖို့ မရှိပါ။ ၎င်းကို သူတို့ပုံဖော်ပြီး စစ်ထုတ်ပါလိမ့်မည်။ ကြားလို့ကောင်းတဲ့အရာအဖြစ် ပြုပါမည်။ သင်ကြားဖို့လိုအပ်တဲ့အရာကို သူတို့ပြောမှာ မဟုတ်ပါ။ သို့ပေမယ့် အမှန်တရားကို သင်ကြားရဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်ကိုလွှတ်မြောက်စေတာ သမ္မာတရားဖြစ်ပါတယ်။ သင့်ကိုသင် လိမ်ညာခြင်း ၊ တခြားသူတွေပေါ် လိမ်ညာခြင်း၊ ကမ္ဘာကြီးပေါ်လိမ်ညာခြင်းတွေက သင့်ဘဝအသက်တာကို ဘယ်လိုချည်နှောင် ထားပါသနည်း။

လွတ်မြောက်ဖို့ရန် သင်၌သမ္မာတရားရှိရပါမည်။ ကျွန်တော်အကြိမ်ပေါင်းများစွာ ပြောခဲ့သလို သမ္မာတရားကသင့်ကို လွှတ်စေမည်။ သို့ပေမဲ့ ပထမတော့၎င်းသည် သင့်ကိုစိတ်ဆင်းရဲစေပါမည်။ သမာတရားကို သင်မနှစ်သက်ပါ။ ချို့တဲ့နေတဲ့ဆုံးဖြတ်ချက်တွေအားဖြင့် အသက်တာကိုပြဿနာ အများဆုံးယူဆောင်လာမည်ကို ကျွန်ုပ်တို့မကြားချင်ကြပါ။ ကျွန်ုပ်တို့၏ ကိုင်တွယ်ရခက်မှုနှင့် အတ္တတွေ မလုံခြုံခြင်းတွေက ကျွန်ုပ်တို့၏အသက်တာတွင် စိတ်ဖိစီးမှုဖြစ်စေပါတယ်။ သို့ပေမဲ့ ၎င်းသည် အမှန်တရားဖြစ်ပါတယ်။

ဆာ​လံ​ကျမ်း ၃၃:၄

"အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ဖြောင့်​မတ်​ပေ၏။ စီ​ရင်​တော်​မူ​သ​မျှ​သော အ​မှု​တို့​သည်​လည်း သ​စ္စာ​တ​ရား​နှင့် ညီ​ကြ၏။"

သင်ယုံကြည်သည်ဖြစ်စေ (သို့) မယုံကြည်သည်ဖြစ်စေ ဘုရားသခင်ပြောခဲ့ပါတယ်၊ ဖြေရှင်းပေးခဲ့ပါတယ်။ အမှားအမှန်အတွက် သဏ္ဍာန်ဖော်မည့် သင်၏ရွေးချယ်မှုကို ဘုရားသခင် မစောင့်ဆိုင်းပါ။ ဘုရားက ထိုအရာကိုပြောတယ်ဆိုရင် မှန်ကန်လို့ဖြစ်ပါတယ်။ ဘုရားသခင်ကို သင့်ယုံကြည်နိုင်ပါတယ်။

ဆင်​ခြင်ရန်

- ယနေ့တွင် မည်သည့်အရာက သင့်အား ဘုရားကို ယုံကြည်စေပါတယ်။

- ဘုရား၏သမ္မာတရားအစား မီဒီယာမှတခြားသူတွေဆီက ကြားရတဲ့လိမ်ညာမှုတွေကို ယုံကြည်ဖို့ရန် ဘာကြောင့်များ မကြာမကြာဆိုသလို လွယ်ကူပါသနည်း။

- ဘုရား၏နှုတ်ကပတ်တော်အားလုံး မှန်ကန်တယ်လို့သင်လက်ခံပါသလား ဘာကြောင့်နည်း (သို့) ဘာကြောင့်မဟုတ်သနည်း။