Unicode Version
ရှင်ယောဟန်ခရစ်ဝင်ကျမ်း
၁၆: ၃၂ “သင်တို့သည် ကွဲပြား၍ ငါ့ကိုတကိုယ်တည်းနေစေခြင်းငှါ စွန်ပစ်လျက်၊ အသီးသီးမိမိသို့နေရာသို့
ပြေးသွားမည့်အချိန်ကာလသည် လာ၍ယခုပင်ရောက်ပေ၏။ သို့သော်လည်း ငါသည်တကိုယ်တည်းနေသည် မဟုတ်။
ခမည်းတော်သည်ငါနှင့်အတူရှိတော်မူ၏။”
၎င်းကို
သခင်ယေရှု၏ အသက်တာမှာ ကျွန်ုပ်တို့ တွေ့မြင်ရပါမည်။ သခင်ယေရှုသည် အဖဘုရားသခင်၏ လက်ခံခြင်းနှင့်
ဆက်သွယ်နေထိုင်ပြီး ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်ရှင်ပါတယ်။ ဘယ်လောက်ပင် သူ မအားလပ်နေပါစေ
အဖဘုရားရှင်နှင့် ဆက်သွယ်မှုရှိနေခဲ့ပါတယ်။ သခင်ယေရှုဆိုထားသည်မှာ “”ရှင်ယောဟန်ခရစ်ဝင်ကျမ်း
၁၆: ၃၂ “သင်တို့သည် ကွဲပြား၍ ငါ့ကိုတကိုယ်တည်းနေစေခြင်းငှါ စွန်ပစ်လျက်၊ အသီးသီးမိမိသို့နေရာသို့
ပြေးသွားမည့်အချိန်ကာလသည် လာ၍ယခုပင်ရောက်ပေ၏။ သို့သော်လည်း ငါသည်တကိုယ်တည်းနေသည် မဟုတ်။
ခမည်းတော်သည်ငါနှင့်အတူရှိတော်မူ၏။”
ဒါကြောင့်
အထီးကျန်မှုအတွက် အကောင်းဆုံးဖြေဆေးကတော့သခင်ယေရှုလို တွေးခေါ်စဉ်းစားသည့် အတိုင်း
ဖြစ်ပါတယ်။ သင်၌ သခင်ယေရှု၏စိတ်ကို ရရှိသည့်အခါ “ငါတစ်ယောက်တည်းမဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့
အဖဘုရားငါနှင့်အတူရှိလို့ဖြစ်တယ်” လို့သင်ပြောဖို့ရှိပါတယ်။ ငါတတ်စွမ်းပါပြီ။ ငါသခင်ယေရှုနည်းတူ
ဖြစ်လာပါ ပြီ။ ဘုရားသခင်၏ အစဉ်ဂရုစိုက်မှုကို သတိမမူ ၊ သခင်ယေရှု၏စိတ်နှင့်အတူ အသက်မရှင်ခြင်း၏
ရလဒ်ကတော့ မကြာခဏဆိုသလို ကျွန်ုပ်တို့ အထီးကျန်တယ်လို့ ခံစားရပါတယ်။
ဘုရားသခင်၏
အစဉ်မပြတ် ဂရုစိုက်မှုကို အမြဲတမ်း မည်သို့ သင်သတိမူမိပါသနည်း။ တစ်နည်းအားဖြင့် ဆုတောင်းခြင်းကဘဲ သတိမူမိမှာ ဖြစ်ပါတယ်။
သခင်ယေရှုသည် ဆုတောင်းခြင်းအမှုကို နေ့စဉ်ပြုသော အမူကျင့်အဖြစ် လုပ်ဆောင်ခဲ့ပါတယ်။
ရှင်လုကာခရစ်ဝင်
၅:၁၆ “ကိုယ်တော်သည် တောအရပ်သို့ကြွ၍ ဆုတောင်းလေ့ရှိတော်မူ၏။”
ဤကျမ်းပိုဒ်ကို
သတိထားကြည့်ပါ။ အမြဲလိုလို သခင်ယေရှုသည် ဆုတောင်းမှု ပြုနိုင်ဖို့ရန် သီးသန့်ခွဲထွက်ပါတယ်။
သခင်ယေရှု၏စိတ်ကို ရရှိချင်ပါလျှင် ဆုတောင်းခြင်းကို မကြာခဏ လုပ်ရုံနှင့် မရနိုင်ပါ။
ယေရှု၏ ဆုတောင်းခြင်းအသက်တာက အစဉ်မပတ် ဖြစ်ပါတယ်။ အဖဘုရားသခင် နှင့် နှီးဖို့ရန် ဆုတောင်းခြင်းကို
ဉီးစားပေးပြီး လုပ်ဆောင်ခဲ့ပါတယ်။ အလေ့အထဖြစ်ပါတယ်။
တခြားအရာတေွကို
ရပ်တန့်ပြီး တရက်တာအတွင်း ဆုတောင်းပါသလား။ ဤအလေ့အထကို ဖွံ့ဖြိုးတိုးတက်စေပါလျှင် သင်၏နေ့ရက်တွေ
မှာ ကောင်းကောင်းဖြတ်သန်းသွားရမယ်လို့ သင်ထင်မြင်ပါသလား။ သခင်ယေရှုက သူ၏နေ့ရက်တွေမှာ
ခွဲထွက်ပြီး ဆုတောင်းဖို့ လိုအပ်တယ်လို့ တွေးမြင်ပါလျှင် ကျွန်ုပ်တို့ကရော ထိုသို့ပြုဖို့
ဘယ်လောက်တောင် ပိုပြီး လိုအပ်ကြောင်းကို တွေးမြင်ရပါမည်။
ဘုရားသခင်နှင့်
စကားပြောဖို့ရန် အချိန်မယူဘူးဆိုလျှင် ဘုရားသခင်ထံမှ ကောင်းချီးကို သင်လက်လွှတ် သွားပါတယ်။
ဘုရားသခင်အတွက် အလွန်မအားမလပ်ဖြစ်ခြင်းအတွက်ကလည်း သင့်အတွက် ဘုရားရဲ့ အလိုတော် မဟုတ်ပါဘူး။
တကယ်တော့ အချိန်ခဏယူလျက် ဆုတောင်းခြင်းက သင့်အသက်တာ အစိတ်အပိုင်း အားလုံးတို့ကို ပြီးမြောက်စေပါလိမ့်မည်။
ဤသို့ ဖြစ်လိမ့်မည်ဟု ထင်မြင်စရာ မရှိပါ။ တခြားသောအရာတွေကို ရပ်တန့်ပြီး
အမြဲဆုတောင်းနေမယ်ဆိုလျှင် အလုပ်ဘယ်လို ပိုပြီး ပြီးမြောက်နိုင်မှာလဲ။ သင်ပိုပြီး အာရုံစိုက်ဖို့
ဖြစ်ပါတယ်။ သင်၌ ဘုရားရှင် ရည်ရွယ်ထားသောအရာပေါ် ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်၏
သန့်ရှင်းသော ဝိညာဉ်တော် သင့်အား သတိပေးလမ်းပြမှု ပြုဖို့ရန် အချိန်ယူခြင်းကြောင့်
သင်၏ စိတ်နှလုံးနှင့် အတွေးများထဲမှာ ဘယ်အရာက အရေးကြီးသလဲဆိုတာကို အာရုံစူးစိုက်နိုင်စွမ်းတွေ
ရှိလာပါလိမ့်မည်။
သခင်ယေရှုက
သူဘယ်သူဖြစ်တယ်။ သူ့ပေါ် ဘုရားရှင်၏ ရည်ရွယ်ရာက ဘာဖြစ်တယ်ဆိုတာကို သိခဲ့ပါတယ်။ သူအမြဲတမ်း
ဘုရားသခင်၏ မျက်မှောက်တော်ကို အမြဲ သတိမူပါတယ်။ သင်က သခင်ယေရှု၏စိတ်ကို ရတယ်ဆိုလျှင်
၎င်းအရာတို့ကိုလည်း ရရှိမည်ဖြစ်ပြီး ဘုရားသခင် သင်နှင့်အတူ ရှိကြောင်းကို သင်အမြဲတမ်း
သတိမူမိပါလိမ့်မည်။
ဆင်ခြင်ရန်
-
တစ်နေ့တာ ဆုတောင်းခြင်းပြုဖို့ရန် သင့်အတွက် အစီအစဉ်တစ်ချို့ရှိကောင်းရှိပါမည်။ သင်၏
အချိန်ရရှိဖို့ရန် သင်၏ အချိန်ဇယားတို့ကို မည်ကဲ့သို့ လုပ်ဆောင်နိုင်ပါမည်နည်း။
-
ဆုတောင်းခြင်းအတွက် အချိန်ပိုပေးနိုင်ဖို့ရန် သင်၏ စိတ်နေသဘောထားကို မည်သို့ ပြောင်းလဲနိုင်မည်နည်း။
-
သခင်ယေရှု၏ စိတ်ကို သင်၌ ဖွံ့ဖြိုးတိုးတက်ဖို့ရန် လုပ်ဆောင်သော ဆုတောင်းခြင်း အလေ့အထကို
မည်သုကူညီပေးနိုင်မည်နည်း။ ဘုရားသခင်ထံ ဆုတောင်းခြင်းက အချိန်ဇယားလိုပါသလား (သို့)
အကြာကြီးဖြစ်သင့်ပါသလား။ ဘာကြောင့်လဲ (သို့) ဘာကြောင့်မဟုတ်သလဲ။
-----------------------------------------------------------------------------------------------------
Zawgyi Version
သခင်ယေရှု၏စိတ်ကို ရရှိခြင်းသည် ဘုရားသခင် သင်နှင့်အတူ အမြဲတမ်းရှိကြောင်းကို သတိမူမိခြင်းဖြစ်ပါတယ်။
ဆင်ခြင်ရန်