Unicode Version
တမန်တော်ဝတ္တု
၃:၁၉ “ထိုကြောင့်ထာဝရဘုရားထံတော်မှ ချမ်းဧသောအချိန်ကာလသည် ရောက်လာ၍၊ သင်တို့အဘို့အလိုငှါ
ခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှတ်တော်မူမည်အကြောင်း၊ သင်တို့ အပြစ်များကို
ပြေစေခြင်းငှါ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။ ”
“နောင်တရသည်” ဆိုခြင်းမှာ တစ်နေရာရာကနေ အပျက်သဘောဆောင်တဲ့ စကားလုံး ဖြစ်လာခဲ့ပါတယ်။
လူတွေ
၎င်းစကားလုံးကို ကြားရတဲ့အခါမှာ တစ်ဉီးဉီးက လမ်းဒေါင့် တစ်နေရာမှာ ဆိုင်းပုဒ်ကိုင်ထားပြီး
နောက်ဆုံးသော ကာလနီးပြီးဖြစ်တဲ့ အတွက်ကြောင့် “လှည့်ပြန်မလား (သို့) အလောင်ခံမလား” လို့ သူတိုကို ပြောနေတယ် လို့ထင်မြင်ကြပါတယ်။
သို့ပေမဲ့
နောင်တရခြင်း၏ အဓိပ္ပါယ်မှာ လောကအယူအဆအရတော့ လုံးဝမှားယွင်းနေပါတယ်။ တကယ်တော့ နောင်တရခြင်းဆိုသည်မှာ အပြောင်းအလဲဖြစ်တဲ့အရာ
ဖြစ်ပါတယ်။ “နောင်တရခြင်း” ဆိုတဲ့ စကားလုံးက သင်၏ စိတ်ကို ပြောင်းလဲခြင်းကို ဆိုလိုတာဖြစ်ပါတယ်။
မကောင်းတဲ့ အကျင့်စရိုက်ကို ရပ်တန့်ပစ်လိုက်တာက နောင်တရဲ့ ရလဒ်မဟုတ်ပါဘူး။ အဓိပ္ပါယ်က
သင်စဉ်းစားတွေးခေါ်နေတဲ့ နည်းလမ်းကို ယခုတွင် တခြားသော နည်းဖြင့် တွေးခေါ်ခြင်းကို
ဆိုလိုပါသည်။
သင်တွေးနေကျ မိမိကိုယ်ကို အပြစ်ရှိခြင်းကို ယခုတွင် ခွင့်လွှတ်ခံရတယ်လို့
တွေးမြင်ခြင်းဖြစ်ပါတယ်။ စိတ်မရှည်ခြင်း နှင့် စိတ်ဓါတ်ကျခြင်းကနေ ယခုတွင် ငြိမ်သက်ခြင်းကို
သင်တွေးခေါ်သည်။ တကိုယ်ကောင်း ဆန်ခြင်းအတွေးကနေ ယခုတွင် သူတစ်ပါးအတွက် တွေးခေါ်ခြင်းဖြစ်တယ်။
ရည်မှန်းချက်ကြီးမားခြင်းကနေ သူတစ်ပါးအတွက် ဘယ်လိုအသုံးတော်ခံမလဲ ဆိုတဲ့ တွေးခေါ်ခြင်း
၊ ဘုရားသခင်သည် တကယ်ဘဲ ချစ်ခြင်းမေတ္တာ ရှင် အဖဘုရားဖြစ်တယ်လို့ တွေးမြင်လာပါသည်။ ဘုရားသခင်
သင့်ကို မြင်သည့်အတိုင်း သင့်ကိုယ်သင် တန်ဖိုးရှိခြင်း ၊ မျှော်လင့်ခြင်းများနှင့်အတူ
တွေးမြင်လာခြင်းဖြစ်သည်။ အသက်တာမှာ တကယ့်ကို အဓိပ္ပါယ်ရှိတဲ့ အရာတွေ အကြောင်းကို သင်တွေးမြင်လာပါတယ်။
နောင်တရခြင်းဆိုသည်မှာ
သခင်ယေရှုတွေးမြင်သလိုမျိုး ကိုက်ညီဖို့ရန် သင့်အသက်တာကို စတင် တွေးမြင်ခြင်း ဖြစ်ပါတယ်။
နောင်တရပြီး အမှောင်ကနေ အလင်းဆီသို့ လှည့်ပြန်တဲ့အခါ သင်လုပ်ချင်တဲ့အရာတွေကို လုပ်ဆောင်ဖို့ရန်
မဟုတ်တော့ဘဲ အရေးကြီးသော အရာကိုသာ လုပ်ဆောင်ဖို့ ဖြစ်လာပါတယ်။ ဘာကြောင့် လဲဆိုတော့
သင်၏အတွေးအခေါ်တွေက အရေးကြီးသော အရာတွေပေါ်မှာ ဖြစ်တည်နေလို့ ဖြစ်ပါတယ်။ ၎င်းသည် ကမ္ဘာပေါ်တွင်
အပြုသဘောဆောင်သော ပြောင်းလဲမှုဖြစ်ပါတယ်။
အသစ်တစ်ဖန် အားသစ်လောင်း ဆန်းသစ်မှုတစ်ချို့ သင်လိုအပ်နေပါသလား။ အသက်တာ၏
ဆုံးရှုံးခြင်း (သို့) ကျရှုံးခြင်းတွေကနေ ပြန်လည် လန်းဆန်းပြီး နာကျင်မှုများမှ ပြန်လည်
နာလန်ထူချင်ပါသလား။ ထိုသို့ဆိုလျှင် သင်နောင်တရဖို့သာ လိုပါတယ်။ နောင်တရပါလျှင် ဘုရားသခင်
မျက်မှောက်တော်သို့ ဝင်ရောက်လာမည် ဖြစ်ပြီး စစ်မှန်သော ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းကို
ခံစားရပါလိမ့်မည်။
ဆင်ခြင်ရန်
-
နောင်တရခြင်း၏ အယူအဆကို ဘာကြောင့် လူတွေ မကြိုက်ဘူးလို့ သင်ထင်မြင်ပါသနည်း။ ၎င်းနောင်တရခြင်းက
သူတို့၏ အသက်တာကို ဘယ်လိုအဓိပ္ပါယ်ရှိလိမ့်မည်လို့ သူတို့ တွေးမြင်ပါသနည်း။
-
ဘုရားသခင်၏ မျက်မှောက်တော်၌ ရှိခြင်းသည် မည်သို့သော အသစ်တဖန် လန်းဆန်းမှုမျိုး ဖြစ်စေပါသနည်း။
-
တမန်တော် ၃:၁၉ ကိုဖတ်ရှုပါ။ နောင်တရခြင်းတွင် ဘုရားထံ လှည့်ပြန်ခြင်းဖြစ်ခြင်းက ဘာကြောင့်
ပါဝင်ပါသနည်း။
------------------------------------------------------------------------------------------------
Zawgyi Version
တမန္ေတာ္ဝတၱဳ ၃:၁၉ “ထိုေၾကာင့္ထာဝရဘုရားထံေတာ္မွ ခ်မ္းဧေသာအခ်ိန္ကာလသည္ ေရာက္လာ၍၊ သင္တို႔အဘို႔အလိုငွါ ခန္႔ထားေတာ္မူႏွင့္ေသာ ေယရႈခရစ္ကို ေစလႊတ္ေတာ္မူမည္အေၾကာင္း၊ သင္တို႔ အျပစ္မ်ားကို ေျပေစျခင္းငွါ ေနာင္တရ၍ စိတ္ေျပာင္းလဲျခင္းသို႔ ေရာက္ၾကေလာ့။ ”
“ေနာင္တရသည္” ဆိုျခင္းမွာ တစ္ေနရာရာကေန အပ်က္သေဘာေဆာင္တဲ့ စကားလုံး ျဖစ္လာခဲ့ပါတယ္။
လူေတြ ၎စကားလုံးကို ၾကားရတဲ့အခါမွာ တစ္ဉီးဉီးက လမ္းေဒါင့္ တစ္ေနရာမွာ ဆိုင္းပုဒ္ကိုင္ထားၿပီး ေနာက္ဆုံးေသာ ကာလနီးၿပီးျဖစ္တဲ့ အတြက္ေၾကာင့္ “လွည့္ျပန္မလား (သို႔) အေလာင္ခံမလား” လို႔ သူတိုကို ေျပာေနတယ္ လို႔ထင္ျမင္ၾကပါတယ္။
သို႔ေပမဲ့ ေနာင္တရျခင္း၏ အဓိပၸါယ္မွာ ေလာကအယူအဆအရေတာ့ လုံးဝမွားယြင္းေနပါတယ္။ တကယ္ေတာ့ ေနာင္တရျခင္းဆိုသည္မွာ အေျပာင္းအလဲျဖစ္တဲ့အရာ ျဖစ္ပါတယ္။ “ေနာင္တရျခင္း” ဆိုတဲ့ စကားလုံးက သင္၏ စိတ္ကို ေျပာင္းလဲျခင္းကို ဆိုလိုတာျဖစ္ပါတယ္။ မေကာင္းတဲ့ အက်င့္စ႐ိုက္ကို ရပ္တန႔္ပစ္လိုက္တာက ေနာင္တရဲ႕ ရလဒ္မဟုတ္ပါဘူး။ အဓိပၸါယ္က သင္စဥ္းစားေတြးေခၚေနတဲ့ နည္းလမ္းကို ယခုတြင္ တျခားေသာ နည္းျဖင့္ ေတြးေခၚျခင္းကို ဆိုလိုပါသည္။
သင္ေတြးေနက် မိမိကိုယ္ကို အျပစ္ရွိျခင္းကို ယခုတြင္ ခြင့္လႊတ္ခံရတယ္လို႔ ေတြးျမင္ျခင္းျဖစ္ပါတယ္။ စိတ္မရွည္ျခင္း ႏွင့္ စိတ္ဓါတ္က်ျခင္းကေန ယခုတြင္ ၿငိမ္သက္ျခင္းကို သင္ေတြးေခၚသည္။ တကိုယ္ေကာင္း ဆန္ျခင္းအေတြးကေန ယခုတြင္ သူတစ္ပါးအတြက္ ေတြးေခၚျခင္းျဖစ္တယ္။ ရည္မွန္းခ်က္ႀကီးမားျခင္းကေန သူတစ္ပါးအတြက္ ဘယ္လိုအသုံးေတာ္ခံမလဲ ဆိုတဲ့ ေတြးေခၚျခင္း ၊ ဘုရားသခင္သည္ တကယ္ဘဲ ခ်စ္ျခင္းေမတၱာ ရွင္ အဖဘုရားျဖစ္တယ္လို႔ ေတြးျမင္လာပါသည္။ ဘုရားသခင္ သင့္ကို ျမင္သည့္အတိုင္း သင့္ကိုယ္သင္ တန္ဖိုးရွိျခင္း ၊ ေမွ်ာ္လင့္ျခင္းမ်ားႏွင့္အတူ ေတြးျမင္လာျခင္းျဖစ္သည္။ အသက္တာမွာ တကယ့္ကို အဓိပၸါယ္ရွိတဲ့ အရာေတြ အေၾကာင္းကို သင္ေတြးျမင္လာပါတယ္။
ေနာင္တရျခင္းဆိုသည္မွာ သခင္ေယရႈေတြးျမင္သလိုမ်ိဳး ကိုက္ညီဖို႔ရန္ သင့္အသက္တာကို စတင္ ေတြးျမင္ျခင္း ျဖစ္ပါတယ္။ ေနာင္တရၿပီး အေမွာင္ကေန အလင္းဆီသို႔ လွည့္ျပန္တဲ့အခါ သင္လုပ္ခ်င္တဲ့အရာေတြကို လုပ္ေဆာင္ဖို႔ရန္ မဟုတ္ေတာ့ဘဲ အေရးႀကီးေသာ အရာကိုသာ လုပ္ေဆာင္ဖို႔ ျဖစ္လာပါတယ္။ ဘာေၾကာင့္ လဲဆိုေတာ့ သင္၏အေတြးအေခၚေတြက အေရးႀကီးေသာ အရာေတြေပၚမွာ ျဖစ္တည္ေနလို႔ ျဖစ္ပါတယ္။ ၎သည္ ကမာၻေပၚတြင္ အျပဳသေဘာေဆာင္ေသာ ေျပာင္းလဲမႈျဖစ္ပါတယ္။
အသစ္တစ္ဖန္ အားသစ္ေလာင္း ဆန္းသစ္မႈတစ္ခ်ိဳ႕ သင္လိုအပ္ေနပါသလား။ အသက္တာ၏ ဆုံးရႈံးျခင္း (သို႔) က်ရႈံးျခင္းေတြကေန ျပန္လည္ လန္းဆန္းၿပီး နာက်င္မႈမ်ားမွ ျပန္လည္ နာလန္ထူခ်င္ပါသလား။ ထိုသို႔ဆိုလွ်င္ သင္ေနာင္တရဖို႔သာ လိုပါတယ္။ ေနာင္တရပါလွ်င္ ဘုရားသခင္ မ်က္ေမွာက္ေတာ္သို႔ ဝင္ေရာက္လာမည္ ျဖစ္ၿပီး စစ္မွန္ေသာ ဝမ္းေျမာက္ျခင္းႏွင့္ ၿငိမ္သက္ျခင္းကို ခံစားရပါလိမ့္မည္။
ဆင္ျခင္ရန္
- ေနာင္တရျခင္း၏ အယူအဆကို ဘာေၾကာင့္ လူေတြ မႀကိဳက္ဘူးလို႔ သင္ထင္ျမင္ပါသနည္း။ ၎ေနာင္တရျခင္းက သူတို႔၏ အသက္တာကို ဘယ္လိုအဓိပၸါယ္ရွိလိမ့္မည္လို႔ သူတို႔ ေတြးျမင္ပါသနည္း။
- ဘုရားသခင္၏ မ်က္ေမွာက္ေတာ္၌ ရွိျခင္းသည္ မည္သို႔ေသာ အသစ္တဖန္ လန္းဆန္းမႈမ်ိဳး ျဖစ္ေစပါသနည္း။
- တမန္ေတာ္ ၃:၁၉ ကိုဖတ္ရႈပါ။ ေနာင္တရျခင္းတြင္ ဘုရားထံ လွည့္ျပန္ျခင္းျဖစ္ျခင္းက ဘာေၾကာင့္ ပါဝင္ပါသနည္း။