What it mean to have holy spirt power

Unicode Version 

 

ရော​မ​ဩ​ဝါ​ဒ​စာ ၈:၂

"ယေ​ရှု​ခ​ရစ်၌​တည်၍ အ​သက်​ရှင်​စေ​သော ဝိ​ညာဉ်​တော်၏​တ​ရား​သည် အ​ပြစ်​တ​ရား၏ လက်​မှ​လည်း​ကောင်း၊ သေ​ခြင်း​တ​ရား၏​လက်​မှ​လည်း​ကောင်း၊ ငါ့​ကို​ကယ်​လွှတ်​ပြီ။"

အပြစ်တရားကို ထပ်တလဲလဲလုပ်ဖို့ရန် ကျနော်တို့ တစ်ယောက်မျှ ခံနိုင်ရည် မရှိပါဘူး။ တချို့လူတွေက အမျက်ဒေါသဖြင့် ရုန်းကန်နေရချိန်မှာ တချို့မှာ စိုးရိမ်ခြင်း (သို့) အတင်းပြောခြင်း ​ (သို့ ) တပ်မက်ခြင်းတွေနဲ့ နပန်းလုံးနေကြပါတယ်။ အ​ပြစ် ဆက်တိုက်ပြုခြင်းကနေ မည်ကဲ့သို့ သင်လွတ်မြောက်မည်နည်း။


သင့်အတွက်သခင်ယေရှု လုပ်ဆောင်ခဲ့ပြီးတဲ့အရာကို သင်နားလည်ပါတယ်။ ကားတိုင်ထက်မှာ သင့်အပြစ်၏အဖိုးအခကို ပေးဆပ်ခဲ့တဲ့အတွက်ကြောင့် ၎င်းအပြစ်တွေအတွက် သင်ပေးဆပ်ဖို့ မလိုအပ်တော့ပါ။ သင်းဝန်မခံသေးသောအပြစ်အပါအဝင် သင့်အပြစ်အားလုံး တို့ကို ကားတိုင်ထက်တွင် ပေးဆပ်ခဲ့ပြီးဖြစ်ပါတယ်။ 


သို့​ပေမယ့် သင်၏အပြစ်အတွက်သာ သခင်ယေရှု ဆပ်ခဲ့တာမဟုတ်ပါ။ သင့်အသက်တာရှိ အပြစ်တန်ခိုးကို ချိုးဖျက်ဖို့ရန်ပါ သူပေးဆပ်ခဲ့ပြီးဖြစ်ပါတယ်။ ယခုတွင် သင်၌အရင်က မရှိခဲ့ဘူးသော အပြစ်ကို ငြင်းဆန်သောတန်ခိုးကို သင်ပိုင်ဆိုင်ပါပြီ။ ၎င်းသည် စိတ်ဆန္ဒတန်ခိုးထက် များစွာပိုသော သန့်ရှင်းသောဝိညာဉ်တော် ဖြစ်ပါတယ်။


ရော​မ​ဩ​ဝါ​ဒ​စာ ၈:၂ တွင် သမ္မာကျမ်းစာက ဆိုထားသည်မှာ "ယေ​ရှု​ခ​ရစ်၌​တည်၍ အ​သက်​ရှင်​စေ​သော ဝိ​ညာဉ်​တော်၏​တ​ရား​သည် အ​ပြစ်​တ​ရား၏ လက်​မှ​လည်း​ကောင်း၊ သေ​ခြင်း​တ​ရား၏​လက်​မှ​လည်း​ကောင်း၊ ငါ့​ကို​ကယ်​လွှတ်​ပြီ။"


သင်ကခရစ်ယာန်တစ်ဦးဖြစ်ပါလျှင် အပြစ်အတွက် သခင်ယေရှု အသေခံပြီး ပေးဆပ်ခဲ့တာကို သင်သိပါတယ်။ ၎င်းသည် သတင်းကောင်းဖြစ်ပြီး အကယ်၍ နေရာတိုင်းရောက်ရှိမည်ဆိုလျှင် ကမ္ဘာတွင် အကောင်းဆုံး သတင်းကောင်း ဖြစ်နေပါမည်။ သို့ပေမယ့် သခင်ယေရှု ကားတိုင်ထက် အသေခံစဉ်မှာ ကျွန်ုပ်တို့၏အပြစ်ဟောင်း စိတ်သဘောကို ယူဆောင်သွားခဲ့ပြီး အသစ်သောစိတ်သဘောကား အပြစ်ထပ်ခါထပ်ခါလုပ်ဆောင်ခြင်းအသက်တာမှာ ရှင်သန်စရာမလိုတော့ပေ။

ရော​မ​ဩ​ဝါ​ဒ​စာ ၆:၆

"ထို​မှ​တစ်​ပါး၊ ငါ​တို့၏​လူ​ဟောင်း​သည် ထို​သ​ခင်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​သတ်​ခြင်း​ကို​ခံ​ပြီ​ဟု ငါ​တို့​သိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် နောက်​မှ အ​ပြစ်​တ​ရား၏​အ​စေ​ကို မ​ခံ​စေ​ခြင်း​ငှာ၊ အ​ပြစ်​တ​ရား၏​ကိုယ်​ကို ဖျက်​ဆီး​မည်​အ​ကြောင်း​တည်း။"


အပြစ်မရှိတော့ခြင်းတွင် သင့်အသက်တာအတွက် တန်ခိုးတစ်စုံတရာ ပိုင်ဆိုင်ပါသည်။ သေနေသောခန္ဓာကိုယ်ကို အပြစ်သွေးဆောင်လို့မရပါ။ ၎င်းဟောင်းသောစိတ်သဘောကို အပြစ်မသွေးအောင်နိုင်တော့ခြင်းသည် သခင်ယေရှုနဲ့အတူ သေခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ သခင်ယေရှု၌ ​ရှိသော အသစ်သောအသက်တာကို သင်ဝေဌခံရပြီး ဖြစ်တဲ့အတွက် သင်ယုံကြည်စိတ်ချနိုင်ပါပြီ။


သင့်အသက်တာရှိ အပြစ်၏တန်ခိုးကို ချေဖျက်ဖို့ရန် သင်၏စိတ်စွမ်းအားတွေက ဘယ်တော့မှမလုံလောက်ပါ။ သို့ပေမယ့် သခင်ယေရှုကို ကျေးဇူးတင်ပါ။ သန့်ရှင်းသောဝိညာဉ်တော်၌ရှိသော တန်ခိုးဖြင့် သွေး

ဆောင်မူများကို တွန်းလှန်ရန်၊ အပြစ်နှင့်သေခြင်း၏ဆိုးကျိုးများကို ချေဖျက်ရန် လုံလောက်သောတန်ခိုး သင်၌ရှိပါသည်။

ဆင်ခြင်ရန်


- သင်သည်ခရစ်ယာန်တဦး ဖြစ်လာပြီးနောက်ပိုင်းမှာ ပင်လျှင် မည်သို့သောအပြစ်ကို ထပ်ခါထပ်ခါ လုပ်ဆောင်ခြင်းအား ဆက်လက်တည်ရှိနေပါသနည်း

- သွေးဆောင်မှုကိုရင်ဆိုင်ရသောအခါ သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးကို သင်မည်သို့ ရရှိနိုင်သနည်း။

- ကျွန်ုပ်တို့၏ဇာတိပကတိဟောင်းသည် သခင်ယေရှုနှင့်အတူ လက်ဝါးကားတိုင်တွင် အသေခံထားရသော်လည်း ကျွန်ုပ်တို့က မည်သို့သောနည်းလမ်းဖြင့်"အပြစ်တရား၏ကျွန်" အဖြစ် အသက်ရှင်နေကြပါသနည်း။