What happens when you do what you know is wrong
Unicode Version 
သု​တ္တံ​ကျမ်း ၁၀:၉ တွင် သမ္မာကျမ်းစာက ဆိုထားသည်မှာ "ဖြောင့်​မတ်​ခြင်း​လမ်း​သို့ လိုက်​သော​သူ​သည် အ​နင်း​မှန်​လိမ့်​မည်။ ကောက်​သော​လမ်း​သို့ လိုက်​သော​သူ​မူ​ကား၊ သ​ဘော​ထင်​ရှား​လိမ့်​မည်။" သင် ရှာဖွေတွေ့ရှိပါလိမ့်မည်။ ဒါကြောင့်ဆုံးဖြတ်ချက်ချတဲ့အခါ သမ္မာဓိစမ်းသပ်မှုတွေကို သင့်လိုအပ်ပါတယ်။
သင်၏ စိတ်နှလုံးထဲကအရာနှင့် သင်၏ အသက်တာရှိအရာတို့ ထပ်တူနေကြောင်းကို (အပြင်သဏ္ဍာန် ၊  အတွင်းသဏ္ဍာန်တို့ကို) ဆန်းစစ်ခြင်းသည် သမာဓိ ဖြင့်စမ်းသပ်မှု​ဖြစ်ပါတယ်။ " ကျွန်ုပ်ပြု​သော ဤ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး လူတိုင်းသိစေဖို့ရန် ကျွန်ုပ်အလိုရှိနေမလား" လို့ သင့်ကိုယ်သင်​မေး လိုက်ပါ။ သင်သမာသမတ်ဖြစ်မဖြစ်အချိန်ကျရောက်လာတဲ့အခါမှာ သင်သူတစ်ပါးကိုအရူးလုပ်နိုင်ပေမယ့် သင့်ကိုယ်သင်တော့ အရူးလုပ်လို့မရခြင်းက အမှန်တရားဖြစ်ပါတယ်။ သင်၏အသိတရား (ကောင်းကျိုးဆိုးပြစ်ကို ခွဲခြားသိမြင်ခြင်း) ကို သင်ချိုးဖောက်ပါလျှင် ၎င်းအတွက်တော့ သင်ပေးဆပ်ရပါမည်။
တစ်ခါတစ်ရံ၌ မှားယွင်းသည့်အရာ လုပ်ဆောင်ဖို့ရန်ရှိနေခြင်းတွေကို ကျနော်တို့သိကြပါတယ်။ ထိုအရာတွေကို မလုပ်သင့်ကြောင်းလည်းသိကြပါတယ်။ သို့​ပေမယ့် စိတ်ထဲကို ဤအတွေးတွေက ရောက်လာပါတယ်။ "မှားယွင်းနေတဲ့အရာကို ကျွန်ုပ်လုပ်ဆောင်နေပေမယ့်လည်း ဆက်လုပ်သွားမည်။ ဘာ​ကြောင့်လဲဆိုတော့ ဘုရားသခင်သည် ခွင့်လွှတ်သော ဘုရားဖြစ်တဲ့အတွက်ကြောင့် ဖြစ်တယ်"
တစုံတခုကို ဘုရားသခင်က မှားယွင်းတယ်၊ သင့်အသက်တာအတွက် အကျိုးဆက်မရှိဘူးလို့ ဆိုတဲ့အရာကို သင်လုပ်ဆောင်နိုင်တယ်လို့ထင်မြင်ပါသလား။ သင့်ကိုပျော်ရွှင်စရာတွေကနေ ဘုရားကကင်းဝေးစေချင်တာမဟုတ်ပါ။ သင်ကိုချစ်သောကြောင့် ထိုကဲ့သို့သောဆုံးဖြတ်ချက်တွေကို သင့်အား မပြုစေလိုပါ။ ဆုံးဖြတ်ချက်တွေတိုင်းမှာ အကျိုးဆက်တွေရှိတယ်ဆိုတာကို ဘုရားသခင်သိပါတယ်။ ဆိုးမိုက်တဲ့ဆုံးဖြတ်ချက်တွေတိုင်းက အသက်တာတွင် အမာရွတ်ကျန်ရှိစေတယ်ဆိုတာလည်း ဘုရားသခင်သိပါတယ်။ သင့်အတွက် အကောင်းဆုံးကိုသာ သူအလိုတော်ရှိပါတယ်။
ဤသို့ဆိုလျှင် ကျွန်ုပ်တို့ မှားယွင်းမှုပြုခြင်းတွေထက် ဘုရားသခင်က ခွင့်မလွှတ်ဘူးဆိုတဲ့ဓိပ္ပာယ်လား။ သူခွင့်လွှတ်ပါတယ်။  ခွင့်လွှတ်ပြီး ကောင်းကြီးပေးတဲ့ဘုရားဖြစ်ပါတယ်။ သို့ပေမယ့် ဤခွင့်လွှတ်ခြင်းတွေက သင်ပြုသော ဆိုးမိုက်တဲ့ဆုံးဖြတ်ချက်တွေမှ ဖြစ်ပေါ်လာသောနာကျင်မှုနဲ့ အကျိုးဆက်တွေကိုတော့ မလွှတ်မြောက်စေပါ။ ဝမ်းနည်းခြင်းတွေ ရှိနေပေမယ့်လည်း ခွင့်လွှတ်ခြင်းခံရပြီဖြစ်ပါတယ်။ နာကျင်မှုတွေရင်ဆိုင်နေရလည်း ခွင့်လွှတ်ခြင်းခဲ့ရပါပြီ။ ကျိုးပဲ့သွားသော ပေါင်းသင်းဆက်ဆံရေးရှိနေစဲသော်လည်း သင်ခွင့်လွှတ်ခြင်းခဲ့ရပြီဖြစ်သည်။
ဘုရားသခင်သင့်ကို ဖန်ဆင်းခဲ့ပြီး သင်၏အသက်တာကိုရည်ရွယ်ချက်ရှိရှိ ပြည့်ဝစွာအသက်ရှင်ဖို့ရန်အတွက် လိုအပ်သော အရာတွေကို သူသိပါတယ်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ပြီး မည်သို့သောခြေလှမ်းတွေဖြင့် လမ်းညွှန်မလဲဆိုတာစောင့်ကြည့်လိုက်ပါ။ 
ဆင်ခြင်ရန်
- မှန်ကန်သော အရာလုပ်ဆောင်ရန် သင်သိပေမဲ့ မလုပ်ဆောင်တဲ့အခါ သင်၏ သမာဓိကို မည်ကဲ့သို့ သက်ရောက်မှု ရှိစေပါသနည်း။
- ယှဉ်ပြိုင်မှုတွေနဲ့ ဂိမ်းတွေသည် သမာဓိဖြစ်မဖြစ် ချိန်ဆတဲ့အချိန် ဘာကြောင့်များ အလွန်အန္တရာယ်ရှိပါသနည်း။ ရောမ ၁၄:၁၄ က မည်သို့ သက်ဆိုင်ပါသနည်း။
------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်