Unicode Version
ရောမဩဝါဒစာ ၆:၂၃
"အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။"
ကျေးဇူးတော်ဆိုတာ လက်ဆောင်ပေးကမ်းမှုတွေကို ဆက်လက်တည်စေခြင်းဖြစ်တယ်လို့ သင်ပြောနိုင်ပါတယ်။ သခင်ခရစ်တော်နှင့် သူ၏ချစ်ခြင်းမေတ္တာ၊ ကျေးဇူးတော်ကို သင်ရရှိလာတဲ့အခါမှာ ထိုအရာတွေကပိုပြီး ကောင်းမွန်လာစေပါတယ်။ ၎င်းကို ထာဝရကာလသို့တိုင် သင်ဆက်ပြီး ရရှိနိုင်ပါတယ်။ အကောင်းဆုံးတွေ လာရပါဉီးမည်။
ကောင်းကင်ပုံကဘာနဲ့တူသနည်း။ ထာဝရဘုရားကိုသိတဲ့ သင်ချစ်ရသော သူတွေနဲ့ ပြန်တွေ့ဆုံရတာဖြစ်ပါတယ်။ သင်၏ယုံကြည်ခြင်းအတွက် ဆုချခံရပါမည်။ သင်လုပ်ဆောင် ဖို့ရန် မြတ်နိုးသောအလုပ်နေရာကိုလည်း ခွဲခန့်ပေးအပ်ခြင်းခံရပါမည်။ နာကျင်ခြင်း ၊စိတ်ဓာတ်ကျခြင်း ၊မျှော်လင့်ချက်ပျက်သုန်း ခြင်း၊ သိမ်ငယ်ခြင်းနဲ့ အပြစ်ရှိခြင်းမှလွတ်ငြိမ်းသွားပါမည်။ နိစ္စထာဝရတွင် အဖွဲ့လိုက် ဝမ်းမြောက်ခြင်းရရှိပါမည်။ ဘယ်လောက်ကောင်းလိုက်မလဲ။
သို့ပေမယ့် တစ်ခုတော့ရှိပါတယ်။ ၎င်းကို သင်လက်ခံရရှိပါမည်။ သင်၏အိမ်ရှိစားပွဲပေါ် လက်ဆောင်တထုပ်ရောက်နေသည်ကို သင်အိမ်ပြန်တဲ့အခါတွေရှိပေမယ့် အဲဒီအထုပ်ကို နောင်နှစ်ထိတိုင် မဖွင့်ပဲထားခဲ့တယ်လို့ သင်တွေးထင်ကြည့်ပါ ။ သင်လက်မခံသရွေ့ လက်ဆောင်သည် တန်ဖိုးမဲ့နေပါမည်။ သခင်ယေရှုအားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို သင်လက်ခံရပါမည်။
သင့်အငြင်းပယ်ခံရတဲ့ အခြေအနေမို့ သင်ဆိုင်းငံ့နေတာဖြစ်ကောင်းဖြစ်မည်။ သင်၏မိဘ (သို့) ချစ်သူတို့၏ ငြင်းပယ်မှုကြောင့်လည်း သင့်ကိုထိခိုက်နာကျင်
ကောင်း နာကျင်နေမည်။ (သို့) ညီအစ်ကိုမောင်နှမ (သို့) အတန်းဖော် (သို့) သင့်ကိုစွန့်ခွာသွားသော သင်၏အရင် ခင်ပွန်း /ဇနီး ၏ နာကျင်စေသောပြောဆိုမှုတွေက ဒီနေ့ထိတိုင် သင့်အတွေးထဲရှိနေနိုင်မည်။
သို့ပေမယ့်သင့်ကိုဘယ်သောအခါမှ ပစ်ပယ်မသွားမည့်သူရှိပါတယ်။ သခင်ယေရှု ဖြစ်ပါတယ်။ "အိမ်ကိုလာပါ" လို့ သင့်ကိုပြောနေပါတယ်။ သင့်အသက်တာမှာ ထိခိုက်နာကျင်မှုတွေအားဖြင့် လျို့ဝှက်စွာလွှမ်းမိုးခြင်း ခံခဲ့ရပါသလား။ ယနေ့တွင် ထိုအရာတွေကို သင်ဖယ်ရှင်းနိုင်ပါပြီ။ ဘုရားသခင်၏ ကျေးဇူးတော်ကို သင်သဘောပေါက်နားလည်လာလေ ဘုရားသခင်အား ပိုပြီး သင် ချစ်မြတ်နိုးလာမည်ဖြစ်ပြီး သခင်ယေရှုနှင့် ပိုမိုသိကျွမ်းချင်စိတ် ပိုလာပါမည်။ ဘာကြောင့်လဲဆိုတော့ သင့်ကိုဤမျှလောက် ချစ်သောသူကို မချစ်ဖို့ဆိုတာ မဖြစ်နိုင်လို့ ဖြစ်ပါတယ်။
ဆင်ခြင်ရန်
- ဘုရားသခင်၏ ကျေးဇူးတော်သည် လက်ဆောင်တခုဖြစ်ကြောင်း သင်ဆင်ခြင်မိတဲ့အခါမှာ မည်သို့တုံ့ပြန်သင့်ပါသနည်း။
- သင်၏ အတိတ်မှ အပြစ်ရှိခြင်း (သို့) ရှက်ကြောက်ခြင်း (သို့) ခါးသီးမှုတွေက ဘုရား၏ကျေးဇူးကို လက်ခံခြင်းမှ သင့်အား တားဆီးနေပါသနည်း။ ၎င်းတို့ကို ဘုရားသခင်အား အပြည့်အဝ အပ်နှံလိုက်ပြီးလား။
-"အိမ်သို့ လာပါ" ဆိုတာ ဘာကို ဆိုလိုပါသနည်း။