Unicode Version
ကောလောသဲဩဝါဒစာ ၃:၂
"မြေကြီးပေါ်မှာရှိသော အရာတို့ကို စွဲလမ်းသောစိတ် မရှိကြနှင့်။ အထက်အရာတို့ကိုသာ စိတ်စွဲလမ်းခြင်း ရှိကြလော့။"
သင်၏စိတ်ကို ဘုရားသခင်၏ သမ္မာတရားပေါ် အာရုံထားတဲ့အခါမှာ စစ်မှန်သောလွှတ်မြောက်ခြင်းဖြစ်စေပါတယ် ။ သို့ပေမယ့် လွှတ်လပ်ခြင်းကို တွေ့ကြုံခံစားရနိုင်စေရန် မှန်ကန်သောအရာပေါ် သင်၏စိတ်ကို မည်ကဲ့သို့ အာရုံပြုနိုင်မည်နည်း။ သင်၏စိတ်ကို စီမံရေးအတွက် အကြီးမားဆုံးခြားနားမှုတွေ ပြုနိုင်မည့်အရာ (၃) မျိုးကို ဖော်ပြလိုက်ပါတယ်။
(၁) ပထမဦးစွာသခင်ခရစ်တော်အကြောင်းစဉ်းစားပါ။
ဟေဗြဲဩဝါဒစာ ၁၂:၃ ဖော်ပြထားသည်မှာ
"အပြစ်ရှိသောသူတို့လက်တွင်၊ ထိုမျှလောက်ကြီးစွာသော ဆီးတားနှောင့်ယှက်ခြင်းကို ခံတော်မူသောသခင်ကို ထောက်ရှုဆင်ခြင်သောအားဖြင့်၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်အံ့သောငှာ ကြိုးစားကြလော့။"
ဆက်လက်ရှင်သန်နေထိုင်ဖို့ရန် မည်သည့်အရာကသင့်ကို စွမ်းအားပေးပါသနည်း။ သခင်ခရစ်တော်အကြောင်းသင် စဉ်းစားတယ်။ သမ္မာကျမ်းစာက ပြောသော သခင်ခရစ်တော်အကြောင်းကို သင်၏စိတ်တွင်သိုမှီးပြီး ဘုရားသခင်အား ကျေနပ်စေမည့် အသက်တာအတွက် သခင်ခရစ်တော်ပေးသော မည်သို့အသက်ရှင်ရမည့် သာဓကတို့ကို သိုမှီးပါ။
(၂) ဒုတိယအနေဖြင့် တခြားသူတွေအတွက်စဉ်းစားပါ
ဟေဗြဲဩဝါဒစာ ၁၀:၂၄
"ထိုမှတစ်ပါး မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှာလည်းကောင်း၊ တိုက်တွန်း နှိုးဆော်ရသောအခွင့်ကို ရှာ၍၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြကုန်အံ့။"
ဤကမ္ဘာလောကမှာရှိတဲ့ လူအများစုတို့သည် မိမိကိုယ်ကိုဦးစားပေးမည့် အရာတွေကိုသာ စဉ်းစားကြပါတယ်။ ဒါကြောင့် မိမိအတွက်ထက် သူတပါးတို့အတွက် လုပ်ဆောင်သောသူတွေမှာ အလင်းဖြစ်စေပါတယ်။ ထွန်းလင်းတောက်ပကြပါတယ်။ တခြားသူတွေ လိုအပ်သောအရာနှင့် သင်မည်သို့ကူညီနိုင်မလဲဆိုတဲ့ အကြောင်းကို သင်စဉ်းစားဖို့ရွေးချယ်တဲ့အခါ သင်၏ပြဿနာတွေက သင့်ကို ကျဆုံးစေဖို့ရန် ခက်ခဲသွားတယ်ဆိုတာ သင်တွေ့ရှိလာပါလိမ့်မယ်။
(၃) တတိယအနေဖြင့် ကောလောသဲဩဝါဒစာ
၃:၂ တွင်ဖော်ပြထားသည်မှာ
"မြေကြီးပေါ်မှာရှိသော အရာတို့ကို စွဲလမ်းသောစိတ် မရှိကြနှင့်။ အထက်အရာတို့ကိုသာ စိတ်စွဲလမ်းခြင်း ရှိကြလော့။"
ယနေ့တွင် သင်စိုးရိမ်ခဲ့ရသော မည်သည့်အရာကိုမဆို နောက်ထပ် (၅) နှစ်အကြာမှာ ဘာမှအရေးမပါတာတွေ ဖြစ်နိုင်ပါတယ်။ နိစ္စထာဂရအတွက်လည်း ဤစိုးရိမ်စရာတွေက အရေးမကြီးပါ။
ယနေ့တွင် မည်သို့သောအခြေနေကို သင်ရင်ဆိုင်ရပါစေ ရပ်တန့်ပြီး သင်စဉ်းစားနေသောအရာ အကြောင်းကိုသာ စဉ်းစားလိုက်ပါ။ ပြီးတော့ သခင်ခရစ်တော်ကိုအာရုံစိုက်ဖို့ရန် ရွေးချယ်ပါ။ တခြားသူတွေနဲ့ နှင့် နိစ္စထာဝရရှိ သင်၏အိမ်ကို အာရုံစိုက်ဖို့ရန် ရွေးချယ်ပါ။ ၎င်းသည် သင့်ကိုယ်သင်အာရုံစိုက်ခြင်းအရာမှ ကင်းဝေးစေပြီး ၎င်းသည် သင့်အားအသက်ရှင်စေလိုသော ဘုရား၏အလိုတော်ဖြစ်ပါတယ်။ ၎င်းသည် သင်၏အသက်တာကို ပြောင်းလဲပေးပါလိမ့်မည်။
ဆင်ခြင်ရန်
- တခြားသော သူတွေ၏ လိုအပ်ချက်ကို စဉ်းစားပေးခြင်းက သင်၏အသက်တာပေါ် ရှုမြင်သောအမြင်ကို မှန်ကန်ကြောင်းဆိုခြင်းကား မည်သို့နည်း။
- သခင်ခရစ်တော်က ဘယ်သူလဲ ၊ သင့်အတွက်သူဘာလုပ်ပေးခဲ့သလဲဆိုတဲ့ အမှန်တရားတွေက ယနေ့တွင် သင့်အား အာရုံပြုဖို့ရန် လိုအပ်စေပါသနည်း။
- သင်၏အကြီးမားဆုံးအခက်အခဲကို ထာဝရ အလင်းအားဖြင့် သင်တွေးခေါ်လိုက်တဲ့အရာက သင့်အားမည်သို့ ပြောင်းလဲစေပါသနည်း။