Unicode Version
ရှင်ယောဟန်ခရစ်ဝင် ၈:၃၂
"သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု၊ ယုံကြည်သော ယုဒလူတို့အား မိန့်တော်မူ၏။"
မှန်ကန်ပါတယ်ဆိုတဲ့ များစွာသောအရာတွေက သင့်ကိုလွှတ်မြောက်ခြင်း မဖြစ်စေပါဘူး။ ကွန်ပြူတာတလုံးကို ဘယ်လိုစီစဉ်ရသလဲဆိုတာ သင်လေ့လာနိုင်ပေမယ့် သင့်ကို လွှတ်လပ်ခြင်းတွေ မဖြစ်စေပါဘူး။ ကိုယ့်ကိုယ်ကိုအကူအညီဖြစ်စေတဲ့ စာအုပ်တို့ကိုဖတ်နိုင်သော်လည်း သင့်ကိုလွှတ်မြောက်ခြင်း မဖြစ်စေပါဘူး။
သင့်ကိုလွှတ်မြောက်ခြင်းဖြစ်စေမည့် တစ်ခုတည်းသော အမှန်တရားမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်ပါတယ်။
ရှင်ယောဟန်ခရစ်ဝင် ၈:၃၂
"သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု၊ ယုံကြည်သော ယုဒလူတို့အား မိန့်တော်မူ၏။"
ဤကျမ်းပိုဒ်ကို လူတော်တော်များများ ကိုးကားနိုင်ပါတယ်။ သို့ပေမဲ့ ၎င်းသည် ကျမ်းစာကပြောသောအရာ (သို့) ကျမ်းစာက လာကြောင်းကိုတောင် လူတိုင်း အသိမှတ်မပြုပါဘူး။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိရှိခြင်းက တခုတည်းသောလွှတ်မြောက်ခြင်း နည်းလမ်းဖြစ်တယ်ဆိုလျှင် သစ်အသက်တာဦးစားပေးအရာအဖြစ် သမ္မာကျမ်းစာကိုဖတ်ရှုပြီး လေ့လာမှုပြုဖို့ရန် လို့ပါတယ်။ ဘုရားသခင်၏နှုတ်ကပတ်တော် အမှန်တရားဖြင့်သင်၏အတွေးတွေကို ဖြည့်ရပါမည်။
ဘုရားသခင်၏နှုတ်ကပတ်တော်သည် မည်မျှအရေးကြီးကြောင်းကို ရှေ့ဣသရေလ ဘုရင် ဒါဝိဒ်မင်းကြီးနားလည် သဘောပေါက်ခဲ့ပါတယ်။ ဝရမ်းပြေးဖြစ်ခဲ့ပြီး များစွာသောရန်သူတွေရှိခဲ့တဲ့အချိန်ကာလ သူ၌ရှိခဲ့ပါတယ်။ အသက်အတွက်ပြေးလွှားခဲ့ရပြီး ဂူထဲမှာပုန်းနေခဲ့ရပါတယ်။ သို့
ပေမယ့်ဘယ်လိုပဲဖြစ်နေပါစေ သူ့ကိုယ်သူ ဘုရား၏ နှုတ်ကပတ်တော်နှင့် ပြည့်နေစေခဲ့ပါတယ်။
ယခုအချိန်တွင် ဒါဝိဒ်မင်းကြီးရေးခဲ့တဲ့ ဆာလံကျမ်းတွင် ဖော်ပြထားသည်မှာ "ကိုယ်တော်၏တရားကို အကျွန်ုပ်သည် အလွန် နှစ်သက်ပါ၏။ တစ်နေ့လုံး ဆင်ခြင်အောက်မေ့လျက် နေပါ၏။" ဆာလံကျမ်း ၁၁၉:၉၇
လောကအရာတွေကိုသင်ကြည့်လိုက်တဲ့အခါ စိတ်ဓာတ်ကျစရာတွေဖြစ်စေဖို့ လွယ်ကူပါတယ်။ radio ကပြောနေတဲ့အရာ (သို့) သတင်းကြည့်ခြင်းတွေဖြင့် သင့်ကိုယ်သင်ဖြည့်ဆည်းနေတယ်ဆိုလျှင် သင်စိတ်ဓာတ်ကျရပါမည်။ မျှော်လင့်ခြင်း ကင်းမဲ့သွားတယ်လို့ ခံစားရပါမယ်။ သို့ပေမဲ့ ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် သင့်ကိုယ်သင် ပြည့်ဝစေတဲ့အခါ ရန်သူလက်က ထွက်ပြေးရခြင်းနှင့် ကပ်ဘေးဒုက္ခအချိန်မှာတောင် သင့်အသက်တောင်ပေါ် ရှုမြင်သော အမြင်တွေ ပိုမိုကောင်းမွန်လာပြီး များစွာသော မျှော်လင့်ချက်တို့ကို ရရှိခံစားရပါမယ်။
ဆာလံကျမ်း ၁၁၉:၉၇
"ကိုယ်တော်၏တရားကို အကျွန်ုပ်သည် အလွန် နှစ်သက်ပါ၏။ တစ်နေ့လုံး ဆင်ခြင်အောက်မေ့လျက် နေပါ၏။"
တနေကုန် ဘုရားနှုတ်ကပတ်တော်အကြောင်း လေ့လာစဉ်းစားဖို့ ကြိုးစားတဲ့အခါမှာ စိတ်ပျက်အားလျော့ခြင်းတွေ ရှိနေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဤအရာကလူတိုင်းအတွက် သဘာဝမဆန်စေပါဘူး။ တစ်ရက်တွင် တကြိမ်ကလေး ဘုရား၏နှုတ်ကပတ်တော်အကြောင်း စဉ်းစားဖို့ရန် သင်ရုန်းကန်ရနိုင်ပေမယ့် တစ်နေရာရာမှာ သင်စတင်နိုင်ပါတယ်။
သင်၏နေ့ရက်ကို ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် အစပြုဖို့ရန် ကြိုးစားပါ။ မနက်ပိုင်းမှာနုတ်ကပတ်တော် ကို ဆယ်မိနစ် အချိန်ယူပြီး ဖတ်ရှုပါ။ ပြီးနောက် သင်ဖတ်သောကျမ်းပိုဒ်နှင့် ပတ်သက်ပြီးတစ်ရက်တာလုံး သင်ပြန်စဉ်းစားနိုင်ပါတယ်။ သင်အခက်အခဲဖြစ်ချိန်၌ လိုအပ်သောကျမ်းပိုဒ်ကိုသတိရဖို့ရန် သန့်ရှင်းသော ဝိညာဉ်တော်က အမှတ်ရစေဖို့ ကူညီပေးပါလိမ့်မည်။
ဆင်ခြင်ရန်
- ဘုရားသခင်၏ နှုတ်ကပတ်တော် သိရှိခြင်းက သင့်ကိုလွှတ်မြောက်ခြင်း မည်သို့ပေးပါသနည်း။
- မနက်ပိုင်းကျမ်းစာ ဆယ်မိနစ်ဖတ်ဖို့ရန် သင်မည်သို့သောပြုနေကျ ဆယ်မိနစ်အရာကို လက်လွှတ်နိုင်ပါမည်နည်း။
- "ဘုရားသခင်၏ နုတ်ကပတ်တော်ဖြင့် သင်၏စိတ်ကိုဖြည့်သွင်းပါ" ဆိုတာ မည်သို့သောအဓိပ္ပါယ်နည်း။ တခြားမည်သို့သောအကောင်း (သို့) အဆိုးအရာဖြင့်
သင်၏စိတ်ကို ဖြည့်ဆည်းပါသလား။