Sin is the opposite of God

 Unicode Version 

ဆာ​လံ​ကျမ်း ၁၁၁:၇

"လက်​တော်​နှင့်​ပြု​သော​အ​မှု​တို့​သည် သ​စ္စာ​နှင့်​လည်း​ကောင်း၊ တ​ရား​နှင့်​လည်း​ကောင်း ယှဉ်​ကြ၏။ ပ​ညတ်​တော်​အ​လုံး​စုံ​တို့​သည် ဖောက်​ပြန်​ခြင်း​သ​ဘော​နှင့် ကင်း​လွတ်​ကြ၏။"


"အပြစ်တရား" ဆိုတာ ဘာလဲလို့ သင်လူတွေကိုမေးတဲ့အခါမှာ ကွဲပြားကျယ်ပြန့်သော အဖြေများကို သင်ရရှိပါလိမ့်မည်။ ပြစ်မှုကျူးလွန်ခြင်းကအစ အမေများနေ့မှာ အမေ့ကိုခေါ်ဆိုဖို့ မေ့နေခြင်းတွေ အပါအဝင်ဖြစ်ပါတယ်။ အပြစ် တရားကို မကောင်းမှုဒုစရိုက်၊ ဆိုးသောအမူအကျင့် ၊ အပြုအမူအဖြစ် လူတွေ အချိန်တော်တော်များများ တွေးမြင်ကြပါတယ်။ သင်၏ ဆိုးတဲ့အပြုအမူတွေကလည်း မကြာမကြာအပြစ်ကို ဖော်ပြပါတယ်။ သို့ပေမယ့် ဘုရားသခင်က ကျွန်ုပ်တို့၏အပြုအမူထက် ကျွန်ုပ်တို့၏စိတ်အတွေးကို ပိုပြီးအာရုံစိုက်တယ်လို့ သမ္မာကျမ်းစာကဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ၎င်းသည် မကောင်းသောအတွေးတွေက မကောင်းသောအပြုအမူဆီ ဦးတည်စေလို့ဖြစ်ပါတယ်။


ဤသို့ဆိုလျှင် အပြစ်တရားက ဘာလဲ။ အပြစ်တရားဆိုတာ ဘုရားသခင်နှင့် ဆန့်ကျင်တာ ဖြစ်ပါတယ်။ သမ္မာ ကျမ်းစာတွင် ဆိုထားသည်မှာ ဆာ​လံ​ကျမ်း ၁၁၁:၇

"လက်​တော်​နှင့်​ပြု​သော​အ​မှု​တို့​သည် သ​စ္စာ​နှင့်​လည်း​ကောင်း၊ တ​ရား​နှင့်​လည်း​ကောင်း ယှဉ်​ကြ၏။ ပ​ညတ်​တော်​အ​လုံး​စုံ​တို့​သည် ဖောက်​ပြန်​ခြင်း​သ​ဘော​နှင့် ကင်း​လွတ်​ကြ၏။"


ဆာ​လံ​ကျမ်း ၁၄၅:၉

"ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ချင်​သော​သ​ဘော​ရှိ၍၊ ဖန်​ဆင်း​တော်​မူ​သ​မျှ​တို့​ကို သ​နား​စုံ​မက်​တော်​မူ၏။"



တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် ၄:၄-၅

"ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သ​မျှ​သည် သုံး​စ​ရာ​ကောင်း၏။ ကျေး​ဇူး​တော်​ကို သိ​သော​စိတ်​နှင့်​ခံ​ယူ​လျှင်၊ အ​ဘယ်​အ​ရာ​ကို​မျှ မ​ပယ်​မ​ရှောင်​ရ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​အား​ဖြင့်​လည်း​ကောင်း၊ ဆု​တောင်း​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ အ​ရာ​ရာ​တို့​သည် စင်​ကြယ်​လျက်​ရှိ​ကြ၏။"


ဥပမာအနေဖြင့် မူးယစ်ဆေးကို ဆေးအဖြစ်အသုံးပြုတဲ့အခါ မှန်ကန်သောလမ်းဖြစ်စေပြီး သက်သာရာရခြင်း ၊အနာရောဂါကုသခြင်းတွေမှာ အကူအညီဖြစ်စေနိုင်ပါတယ်။ သို့ပေမယ့် ၎င်းကို တလွဲအသုံးပြုတဲ့အခါ တစ်စုံတစ်ရာကောင်းနေတဲ့အရာက အန္တရာယ်ရှိတဲ့အရာတခုခုအဖြစ် ပြောင်းလဲသွားပါတယ်။ ငွေကြေးဆိုတာ အကောင်း (သို့) အဆိုးဖြစ်ပါတယ်။ သို့ပေမယ့် အံ့သြရလောက်တဲ့ ဆိုယုတ်မှုအတွက်လည်းအသုံးပြုနိုင်ပါတယ်။ 

သင်၏မကောင်းမှုဒုစရိုက် ပြုခြင်းအရာတွေကနေ လှည့်ပြန်ပြီး ဘုရားသခင်ထံသို့ သစ္စာဖြင့်စတင်လျှောက်လှမ်းဖို့ရန် ဘုရားသခင် သင့်အား မျှော်လင့် ပါတယ်။ 

ယုံကြည်ခြင်း၏အစိတ်အပိုင်းတခုမှာ ဘုရားသခင်သည်သင်၏ အကောင်းဆုံးသောအကျိုးကို စိတ်ထဲတွင်ထားရှိကြောင်းကို ယုံကြည်ခြင်းဖြစ်ပါတယ်။ ဘုရားသခင်က ဘယ်လိုလဲဆိုတာကို သင်သိစရာမလိုပါ။ ဘုရားသခင်သည် အပြစ်မရှိ၊ ပြီးပြည့်စုံသောသူဖြစ်ကြောင်း သမ္မာကျမ်းစာက ရှင်းလင်းစွာဖော်ပြထားပါတယ်။

ဤကမ္ဘာလောကမှာ သင်ပြီးပြည့်စုံဖို့ရန် ဘယ်တော့မှမဖြစ်လာနိုင်သော်လည်း သခင်ခရစ်တော်နှင့် သဏ္ဍာန်တူ ပိုပြီးဖြစ်လာနိုင်ပါတယ်။ ၎င်းသည် အပြစ်​​က

နေ လှည့်ပြန်ဖို့စတင်ပြီး ဘုရားကိုကိုင်းရှိုင်းရာနှင့် ကောင်းသောအရာတွေကို လိုက်လျှောက်အသက်ရှင်ဖို့ရန် နေ့စဉ်ရွေးချယ်မှု ပြုခြင်းဖြစ်ပါတယ်။

ဆင်ခြင်ရန်

- သင့်အသက်တာ၏ရည်ရွယ်ချက်က သခင်ခရစ်တော်နှင့် ပို၍တူရန်ဖြစ်ပါက ထိုပန်းတိုင်ကို ပိုမိုအာရုံစိုက်နိုင်ဖို့ရန် သင်၏ဦးစားပေးအရာ တို့ကို မည်သို့ပြောင်းလဲနိုင်မည်နည်း။

- ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိရှိခြင်းက မကောင်းမှုဒုစရိုက်ကို ရှောင်ရန်မည်သို့ အကူအညီဖြစ်စေပါသနည်း။

- ဘုရားသခင်နှင့်ပိုတူလာဖို့ရန် မည်သည့်ကရိယာတချို့တို့ကို အကူအညီဖြစ်စေဖို့ရန် ဘုရားအသုံးပြုပါသနည်း။