Unicode Version
ရှင်မဿဲခရစ်ဝင် ၂၄:၁၂
"မတရားသောအမှုတို့သည် များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။"
"သမ္မာကျမ်းစာတွင် မည်သည့်ပညတ်ချက်က အရေးကြီးဆုံးဖြစ်သနည်း" လို့တစုံတယောက်က သခင်ခရစ်တော်ကို မေးခဲ့ပါတယ်။ သခင်ခရစ်တော်က ဖြေကြားခဲ့သည့် အကြောင်း(၂) ခုရှိပါတယ်။
"သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။ ကိုယ်နှင့်စပ်ဆိုင်သော သူကို ကိုယ်နှင့်အမျှ ချစ်လော့။"
ဤအရာတွေက ဘုရားသခင်၏ အရေးကြီးသော ပညတ်ဖြစ်တယ်ဆိုလျှင် ဆန့်ကျင်ဘက်က ထာဝရဘုရားနှင့် သင်နှင့်စပ်ဆိုင်သောသူတို့ကို မချစ်ခြင်းက အပြစ်ဖြစ်ပါတယ်။ ဒုစရိုက် အပြစ်ဆိုတာ အမြဲတမ်းချစ်ခြင်းမေတ္တာ မရှိပါဘူး။
ရှင်မဿဲခရစ်ဝင် ၂၄:၁၂
"မတရားသောအမှုတို့သည် များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။"
၎င်းကိုသင်သတိထားမိပါသလား။ ယေဘုယျအားဖြင့် လူတွေသည် ယခင်ကထက် ပိုပြီးဝေဖန်လာကြတာဘာကြောင့်လဲ။ အကြောင်းရင်းမှာ အပြစ်တရားတိုးပွားလာသည်နှင့်အမျှ ချစ်ခြင်းမေတ္တာ လျော့နည်းသွားလို့ဖြစ်ပါတယ်။
အပြစ်ဒုစရိုက်တို့သည် အကူအညီမဖြစ် ၊အကျိုးမရှိ၊ ကျန်းမာရေးနှင့်မညီညွှတ် ၊အသိဉာဏ်မဲ့ ၊ယုံကြည်စရာမရှိဘဲ အမြဲတမ်း တစ်ကိုယ်ကောင်းဆန်ပါတယ်။
မိမိအကျိုးအတွက် တစ်စုံတစ်ခုကို အမှန်တကယ်လုပ်ဆောင်နေတဲ့အခါမှာ တခြားသူတို့ အကျိုးအတွက်ပါလို့ မကြာမကြာ ကျနော်တို့ပြောကြပါတယ် သမ္မာကျမ်းစာက ဆိုထားသည်မှာ
"အကြောင်းမူကား၊ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင်၊ မငြိမ်မဝပ်ရုန်းရင်းခတ်ခြင်း၊ ဆိုးညစ်စွာ ပြုမူခြင်း အမျိုးမျိုးရှိတတ်၏။-"ရှင်ယာကုပ်ဩဝါဒစာ ၃:၁၆
အပြစ်အားလုံးတို့၏ အရင်းအမြစ်က ကိုယ်ကျိုးရှာခြင်းဖြစ်ပါတယ်။
ဘုရားသခင်အတွက်နှင့် ဘုရားအားဖြင့် သင်ဖန်ဆင်းခံခဲ့ရပါတယ်။ ၎င်းကို သင်ယုံကြည်ပြီး နားလည်သရွေ့ ဘဝအသက်တာက အဓိပ္ပါယ်မဲ့ခြင်းမျိုး ဘယ်တော့မှမဖြစ်စေပါ။ မိမိအသက်တာကိုရှေးရှုပြီး သူတစ်ပါးတို့ကိုဘေးချိတ်ထားဖို့ ဘုရားသခင်သင့်အား ဖန်ဆင်းခဲ့တာမဟုတ်ပါ။ ဘုရားကိုသိဖို့ရန်၊ ဝမ်းမြောက်ခြင်း နှင့်အတူ သူနှင့်မိတ်သဟာရပြုဖို့ရန်၊ အလိုတော်ထမ်းရွက်ရန် သင့်အသက်တာဗဟိုတွင် သူအား ထားရှိဖို့ရန် သင့်အားဖန်ဆင်းထားခြင်းဖြစ်ပါတယ်။
သင်၏မောင်းနှင်ရာသင်္ဘော (သို့) စီးပွားရေး (သို့) အားကစား (သို့) တခြားသောသူတစ်ဦးတို့ဖြင့် သင်၏အသက်တာကို တည်ဆောက်သောအရာတို့သည် သင်၏ဘုရားသခင်ကဲ့သို့ ကိုးကွယ်ရာဖြစ်နေပါတယ်။
သင်၏အသက်တာဗဟိုတွင် ဘုရားကိုသာ အဓိကဖြစ်စေဖို့ရန် ဘုရားအလိုတော်ရှိပေမဲ့ အပြစ်ဒုစရိုက်ကတော့ သင့်ကိုအမြဲတမ်း နောက်သို့ ဆွဲနေပါလိမ့်မည်။ ချစ်ခြင်းမေတ္တာကို ရွေးချယ်ပါ။ ချစ်ခြင်းမေတ္တာ ပိုများသည့်အချိန်တိုင်းတွင် တစ်ကိုယ်ကောင်း ဆန်မှုသည် ကြီးထွားလာမည်မဟုတ်ပါ။
ဆင်ခြင်ရန်
- ဘုရားသခင်အား သင်ကိုးကွယ်ပါသလား (သို့) သင့်အသက်တာတွင် တခြားသောကိုးကွယ်ရာ တို့ကိုသာ ဦးစားပေးဖြစ်ပါသလား။
- သင်၏အကိုးကွယ်ဆုံးအရာကို တခြားသူတွေမည်သို့ပြောမည်နည်း။
- ဘုရား၏ရည်ရွယ်ချက်အတိုင်း သင့်ကိုဖန်ဆင်းတယ်ဆိုတာကို သိရှိခြင်းက စိတ်လှုပ်ရှားခြင်း (သို့) စိတ်ချမ်းသာခြင်းတွေ တွေ့ကြုံရပါသလား။ ဘာကြောင့်နည်း။