Results of an "I centered life"

 Unicode Version 

ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ ၃:၁၆

"အ​ကြောင်း​မူ​ကား၊ ဂုဏ်​ပြိုင်​ခြင်း၊ ရန်​တွေ့​ခြင်း​ရှိ​လျှင်၊ မ​ငြိမ်​မ​ဝပ်​ရုန်း​ရင်း​ခတ်​ခြင်း၊ ဆိုး​ညစ်​စွာ ပြု​မူ​ခြင်း အ​မျိုး​မျိုး​ရှိ​တတ်၏။"

"ကျွန်ုပ်အသက်တာရှိ အရာမှန်သမျှအားလုံး ကျွန်ုပ်သည်သာ အဓိက ပဓာနကျပါတယ်" လို့ဆိုခြင်းက အပြစ်ဒုစရိုက်ဖြစ်ပါတယ်။

"ငါ" ဆိုတဲ့အရာအတွက် ကျွန်ုပ်တို့မှာ ပြသနာရှိပါတယ်။ "ငါ့နည်းလမ်းအတိုင်းလိုချင်တယ် ၊ ငါ့အတွက်ငါလုပ်မယ်၊ ငါ့ကိုယ်ငါ အရင်ဂရုစိုက်ရမယ်၊  တခြားသူတွေအတွက် ငါ့မှာအချိန်မရှိပါ ၊ ငါသည် အရေးကြီးဆုံးအရာဖြစ်တယ်။"

ကြီးလာတဲ့အခါမှာ အပြစ်ရှိတဲ့ SIN အလယ်က "I" ဆိုတဲ့ "ငါ" ကို ညွှန်ပြခြင်းအားဖြင့် ငါဆိုတဲ့အရာကို အာရုံစိုက်ခြင်း ​ အန္တရာယ်ကို  ကျွ​န်ုပ် အဖေ သင်ပေးခဲ့ပါတယ်။


မိမိကိုယ်ကို ဦးထိပ်ထားခြင်းက အပြစ်ဒုစရိုက်၏ အမြစ်မှာရှိပါတယ်။  pride. ၏ အလယ်စာလုံး ဖြစ်တဲ့"I" သည်လည်း  "ငါ"ဆိုတဲ့အရာ ဖြစ်ပေါ်ပါတယ်။ ဤသို့သောအရာတွေ ဘယ်မှာရှိသေးလဲ။ ပြစ်မှုချိုးဖောက်ကျူးလွန်မှုတိုင်းသည် မိမိကိုယ်ကို ဦးစားပေးလို့ဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် ယနေ့လူမှု့ပြဿနာများစွာတို့သည် (၃)မျိုးသောအရာဖြစ်တဲ့ ငါဆိုတဲ့ "I" ကို အလယ်ဗဟိုထားတဲ့ လူမျိုးကြီးဝါဒီ၊ ကျားမခွဲခြားဆက်ဆံခြင်း ၊လူမျိုးခွဲခြားဆက်ဆံရေးဝါဒ တွေကြောင့်ဖြစ်ပါတယ်။ ဤအရာတွေက ငါကနှင့်ထက်တော်တယ်၊ တတ်တယ်၊ ပိုကောင်းတယ် ဆိုတဲ့အတွေးခေါ်ကြောင့် ပျက်ပြားစေတာဖြစ်ပါတယ်။


အသက်တာကို ငါဆိုတဲ့အရာပေါ့ အာရုံစိုက်အသက်ရှင်တဲ့အခါမှာ တခြားသော "ငါ" ဗဟိုပြုသည့် အပြစ်ဒုစရိုက်တွေ မည်သို့ဖြစ်ပေါ်စေပါသနည်း။ သင်စတင်ပြီး ညည်းညူခြင်း နှင့် ဝေဖန်ခြင်း ပြုပြီးနောက် ငြူစူတဲ့သဘော ၊ လှည့်ဖျားခြင်း ၊ရန်လိုခြင်း၊ မငဲ့ညှာခြင်းတွေသည် သူ့တစ်ပါးအတွက်မဟုတ်တော့ဘဲ သင့်ကိုယ်သင်အတွက် ကျေးဇူးပြုချင်လို့ဖြစ်ပါတယ်။ 

အသက်တာတွင် မိမိအတွက်သာ ဗဟိုပြုအသက်ရှင်ခြင်းအကျိုးက မည်သို့နည်း။ အပြစ်ရှိခြင်း ၊အဆိုးမြင်ခြင်း ၊ရန်လိုခြင်း ၊အချည်းနှီးဖြစ်စေခြင်း အားလုံးသည် ငါဆိုတဲ့အရာကို အလယ်ဗဟိုတွင် ထားရှိလို့ဖြစ်ပါတယ်။

ငါဆိုတဲ့အရာပေါ် အသက်ရှင်နေတဲ့အသက်တာအတွက် ဘယ်အရာက ဖြေဆေးရှိမည်နည်း။ သင်၏အာရုံကို ပြောင်းလဲဖို့ လိုပါတယ်။ 

သင်သည်ဘုရားသခင်အတွက် ဖန်ဆင်းခြင်းခံရပါတယ်။ သင့်အသက်တာကို ဘုရားရှင်ထံ အာရုံစိုက်မှသာ ငြိမ်သက်ခြင်းနှင့် ရည်ရွယ်ချက်ကို ရှာတွေ့ပါလိမ့်မည်။ 

ဟေ​ရှာ​ယ​အ​နာ​ဂ​တ္တိ​ကျမ်း ၂၆:၃

"သ​စ္စာ​စောင့်၍ ဖြောင့်​မတ်​သော​လူ​မျိုး​ဝင်​ပါ​စေ။ စိတ်​နှ​လုံး​တည်​ကြည်​သော​သူ​သည် ကိုယ်​တော်၌ ခို​လှုံ​သော​ကြောင့်၊ ငြိမ်​သက်​ခြင်း​သက်​သက်​ရှိ​မည့်​အ​ကြောင်း စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။"

ဆင်ခြင်ရန်

- သင့်၏ အတွေး ပန်းတိုင်နှင့်အချိန်ဇယားတို့ပေါ် မည်သည့်အရာကအဓိကဖြစ်နေသည်ကို အချိန်ယူလျက်ဆန်းစစ်ပါ။

- တစ်ကိုယ်ကောင်းဆန်ခြင်းက သင့်အသက်တာနှင့် တခြားသူတွေပေါ် မည်သို့သက်ရောက်မှုရှိပါသနည်း။

- ဘုရားသခင်ပေါ် အာရုံစိုက်နိုင်မည့် လက်တွေ့ကျသောနည်းလမ်းတချို့က မည်သို့နည်း။