Unicode Version
ကောရိန္သုဩဝါဒစာဒုတိယစောင် ၂:၁၀-၁၁
"အကြင်သူ၏အပြစ်ကို သင်တို့သည် လွှတ်၏၊ ထိုသူ၏အပြစ်ကို ငါသည်လည်း လွှတ်၏၊၊ အကြောင်းမူကား၊ ငါသည် တစ်စုံတစ်ယောက်သောသူ၏ အပြစ်ကို လွှတ်ဖူးလျှင်၊ သင်တို့ကိုထောက်၍ ခရစ်တော်၏အခွင့်နှင့် လွှတ်ဖူး၏။- သို့မဟုတ်လျှင်၊ စာတန်သည် ငါတို့ကိုနိုင်မည်ဟု စိုးရိမ်စရာရှိ၏။ သူ၏အကြံအစည်များကို ငါတို့သိကြ၏။"
စုံစမ်းနှောင့်ယှက်ခြင်းက ဘယ်လိုတွေ လုပ်ဆောင်တတ်သလဲဆိုတာကို သင်နားမလည်ပါလျှင် ၎င်းကိုသင့်ခုခံနိုင်မည်မဟုတ်ပါ။
စာတန်နှင့်ပတ်သက်ပြီး ကျွန်ုပ်တို့ပြောနိုင်တဲ့ တခုတည်းသော ကောင်းတဲ့အရာက စာတန်၌အသစ်သော စိတ်ကူး အတွေးခေါ်တွေ မရှိတာဖြစ်ပါတယ်။ လူသားတွေ ဖန်တီးခဲ့တဲ့အရာပေါ်မှာပဲ တူညီတဲ့စုံစမ်းနှောက်ယှက်ခြင်းကို ထပ်ခါထပ်ခါ စာတန်ကအသုံးပြုပါတယ်။ အာဒံနဲ့ဧဝပေါ် အသုံးပြုခဲ့တဲ့ နည်းဗျူဟာအတိုင်း ယနေ့တွင် စာတန်အသုံးပြုစဲ ဖြစ်ပါတယ်။
ဧဒင်ဥယျာဉ် ရှိ အကောင်းအဆိုး သိကျွမ်းခြင်း အပင်ကလွဲပြီး ကျန်သောအရာတွေကို စားနိုင်ကြောင်း အာဒံနှင့်ဧဝကို ဘုရားသခင် ရှင်းလင်းစွာ ပြောထားခဲ့ပါတယ်။ ဧဝကို စာတန်စုံစမ်းတဲ့အခါမှာ "ဤအရာကိုမစားနဲ့လို့ ဘုရားသခင်သင့်ကို တကယ်ပြောတာလား" လို့ သူမကိုမေးခဲ့ပါတယ်။ ပြီးနောက် "စမ်းကြည့်ပါ ၊မသေပါဘူး ၊သင်ကိုယ်တိုင်ဘုရားလို ဖြစ်မှာ" လို့ ဆက်ပြောပါတယ်။
သင့် အသက်တာနေရက်တိုင်းတွင် ဤပုံစံအတိုင်းစာတန်က အသုံးပြုနေပါတယ်။ ပထမဦးစွာ သင့်ထဲကို မှားယွင်းတဲ့ဆန္ဒတွေဖြစ်တဲ့ မနာလိုမှု ၊ တပ်မက်မှု (သို့) သည်းမခံနိုင်မှုကနေ စတင်ပါတယ်။ (သို့) မှန်ကန်တဲ့ဆန္ဒဖြစ်တယ် အစားအသောက် (သို့) လိင်(သို့) မေတ္တာ ရှိခြင်းကနေ စတင်နိုင်ပေမယ့် မဟုတ်တဲ့အချိန်မှာ မှားယွင်းတဲ့နည်းလမ်းတွေအားဖြင့် ဖြည့်ဆည်းဖို့ရန် စုံစမ်းခြင်းတွေရှိနေပါတယ်။ လိုအင်မှန်သမျှကို စာတန်ကယူဆောင်ပြီး ဖျက်လိုဖျက်ဆီးလုပ်နိုင်ပါတယ်။
"အဲဒါကို ဘုရားသခင် တကယ်ပြောတာလား" လို့ တီးတိုးသံဖြစ် ဘုရား၏နှုတ်ကပတ်တော်ကို သင်သံသယဝင်ဖို့ အကြောင်းဖြစ်စေပါတယ်။ သင်လက်ခံဖို့ရန် အားနည်းခြင်းဖြစ်တဲ့အရာကို စာတန်သိပါတယ်။ သင်၏သံသယမျိုးစေ့ကို အသုံးချပြီး၎င်းကိုလိမ်လည်မှုအဖြစ် ကြီးထွားစေပါတယ်။ အပြစ်တရားတိုင်း၏နောက်ကွယ်တွင် သင်ယုံကြည်ဖို့ရန် ရွေးချယ်သော လိမ်လည်မှုရှိပါတယ်။ သင့်အသက်တာတွင် မည်သည့်နေရာမှာ ကျရှုံးနိုင်ဖို့ရှိတယ်ဆိုတဲ့အရာကို စာတန်သိပါတယ်။ ပြီးတော့ သင်၏သံသယကို လိမ်လည်လှည့်စားခြင်းအဖြစ်သို့ ပြောင်းလဲရန် သူအာရုံစိုက်ပါတယ်။
စာတန်၏လိမ်လည်မှု့ကို သင်ယုံကြည်တဲ့အခါမှာ "ဘုရားပြုပေးတာထက် ဘယ်အရာကပိုပြီး ပျော်ရွှင်စေတယ်ဆိုတာ ကျွန်ုပ်သိပါတယ်"လို့ သင်ပြောပါမည်။ သင်၏မှားယွင်းတဲ့ဆန္ဒကို သင်တရားဝင်ဖြစ်စေလိုက်ပါတယ်။ သဘာဝကျစေလိုက်ပါတယ်။ ဤအရာက မဆိုးမိုက်ပါဘူးလို့ သင့်ကိုယ်သင်စည်းရုံးသိမ်းသွင်းပါတယ်။ ဤသို့ဖြင့် သင်မနာခံခြင်း၌ ကျရှုံးသွားပါတယ်။
သမ္မာကျမ်းစာတွင်ပြောထားသည်မှာ "အကြင်သူ၏အပြစ်ကို သင်တို့သည် လွှတ်၏၊ ထိုသူ၏အပြစ်ကို ငါသည်လည်း လွှတ်၏၊၊ အကြောင်းမူကား၊ ငါသည် တစ်စုံတစ်ယောက်သောသူ၏ အပြစ်ကို လွှတ်ဖူးလျှင်၊ သင်တို့ကိုထောက်၍ ခရစ်တော်၏အခွင့်နှင့် လွှတ်ဖူး၏။- သို့မဟုတ်လျှင်၊ စာတန်သည် ငါတို့ကိုနိုင်မည်ဟု စိုးရိမ်စရာရှိ၏။ သူ၏အကြံအစည်များကို ငါတို့သိကြ၏။"
ကောရိန္သုဩဝါဒစာဒုတိယစောင် ၂:၁၀-၁၁
စာတန် ဘယ်လိုအလုပ်လုပ်သလဲ ဆိုတဲ့အရာပေါ် သင့်အား မသိနားမလည်ဖို့ရန် ဘုရားအလိုတော်မရှိပါ။ ဘာကြောင့်လဲဆိုတော့ စာတန်၏နည်းဗျူဟာကို သင်နားလည်တဲ့အခါ စာတန်သည် သူ၏အကြံ အစည်နှင့်အတူ လာနေသည်ကိုသင်မြင်နိုင်ပါသည်။ သော့ချက်က သင်၏သွေးဆောင်ခံရမှုတွေကို တွန်းလှန်ရန်မဟုတ်ဘဲ ၊စာတန်၏ကြိုတင်ခန့်မှန်းနိုင်သော ပုံစံများကို သင်မည်သို့တုန့်ပြန်ရမည်ကို သိရှိခြင်း ဖြစ်ပါတယ်။
ဆင်ခြင်ရန်
- သင်၏အသက်တာတွင် မည်သည့်နေရာ၌ သွေးဆောင်မှု ခံရနိုင်ပါသနည်း။
- သင်၏အသက်တာတွင် စာတန်မည်သို့ ကြိုးစားလုပ်ကိုင်ကြောင်း သင်သိသည်နှင့်တပြိုင်နက် စာတန်ကိုခုခံတွန်းလှန်ရန် လက်တွေ့ကျသောကာကွယ်မှုများကို သင်မည်သို့တည်ဆောက်နိုင်မည်နည်း။အ တတ်နိုင်ဆုံး တိတိကျကျပြောပေးပါ။
- ဘုရား၏နှုတ်ကပတ်တော်ကို သံသယဝင်ဖို့ရန် စာတန်သင့်အားစုံစမ်းတဲ့အခါမှာ မည်ကဲ့သို့တုံ့ပြန်ဖို့ရန် ဘုရားအလိုတော်ရှိတယ်လို့ သင်ထင်မြင်ပါသနည်း။ ဘုရား၏သမ္မာတရားဖြင့် သင့်ကိုယ်သင်
သတိပေးဖို့ရန် မည်သို့သောကျမ်းချက်ဖြင့် စာတန်ကိုပြန်လည်အထောက်ထားပေးနိုင်မည်နည်း။