သင်၏ ဘောင်အတွင်း (အကန့်အသတ်) မည်သို့စိုးရိမ်သောက ကင်းဝေးဖို့ရန် လေ့လာပါ။ | Learn to Relax in Your Limitations

 Unicode Version

သင်၏ ဘောင်အတွင်း (အကန့်အသတ်) မည်သို့စိုးရိမ်သောက ကင်းဝေးဖို့ရန် လေ့လာပါ။

ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၄:၇ “သို့သော်လည်း တန်ခိုးတော်၏ဂုဏ်သရေသည် ငါတို့နှင့်မဆိုင်၊ ဘုရားသခင်နှင့်ဆိုင်မည်အကြောင်း၊ ထိုဘဏ္ဍာသည်မြေအိုးထဲမှာ ထည့်ထားလျက်ငါတို့၌ရှိ၏။ 

လူသားတွေ လုပ်နိုင်တာထက်ပိုပြီး  လူစွမ်းကောင်းတစ်ဉီးအဖြစ် သင်ကြိုးစားတဲ့အခါမှာ အမြဲတမ်း သင်စိတ်ဓါတ် ကျသွားမှာ ဖြစ်ပါတယ်။  သင့်ကိုယ်တိုင်နှင့် သင်နှင့်ပတ်သက်ပြီး လက်တွေ့ကျတဲ့ အမြင်တွေ ပိုပြီးရှိိဖို့ လိုအပ်ပါတယ်။ လူတိုင်း၏ ပြသနာတွေကို သင်မဖြေရှင်းနိုင်ပါ။ တစ်နေရာမှာ တစ်ကြိမ်ထက်ပိုပြီး သင် ရှိမနေနိုင်ပါ။ သင်လုပ်ချင်သော အရာမှန်သမျှကို သင်မလုပ်နိုင်ပါ။ သင်၌မရှိသော ငွေကို သင်မသုံးဖြုန်းနိုင်ပါ။

သင်၏ ဘောင်အတွင်း (အကန့်အသတ်)  စိုးရိမ်မှုကင်းစွာဖြင့် အေးဆေးစွာရှိဖို့ရန် လေ့လာဖို့ လိုပါတယ်။ သင်၌ ရှိသော အသက်တာဘောင်ထက် ကျော်လွန်ပြီး အသက်ရှင်တဲ့အချိန်တိုင်းတွင် သင်စိတ်ဓါတ် ကျလာပါလိမ့်မည်။ သင်၏ အချိန်ဇယားကို ပြည့်စုံစေခြင်းထက် ဖြည့်ဆည်းဖို့က ပိုလွယ်ကူပါတယ်။ “အထွက်” ထက် “အဝင်” က ပိုပြီးလွယ်ကူပါတယ်။ ကတိကို တည်ခြင်းထက် ကတိပေးတာက ပိုပြီး လွယ်ကူပါတယ်။ အကြွေးကင်းခြင်း ထက် အကြွေးတင်ခြင်းက ပိုပြီးလွယ်ကူပါတယ်။

 

အလွန်အကျွံပြုခြင်းအတွက် သင်၏ ခန္ဓာကနေ မကြာခဏဆိုသလို လက္ခဏာ ပြပါတယ်။ ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၄:၇ “သို့သော်လည်း တန်ခိုးတော်၏ဂုဏ်သရေသည် ငါတို့နှင့်မဆိုင်၊ ဘုရားသခင်နှင့်ဆိုင် မည်အကြောင်း၊ ထိုဘဏ္ဍာသည်မြေအိုးထဲမှာ ထည့်ထားလျက်ငါတို့၌ရှိ၏။  တစ်နည်းအားဖြင့် သင်၏ ဘောင် (အကန့်အသတ်)ကို သင်သိရှိရပါမည်။ အလွန်အကျွံပြုတဲ့အခါ သင်၏ သတိပေး လက္ခဏာတို့ကို သင်သတိမူမိ ဖို့ရန် နှင့် ဘုရားသခင်သည်သာ တန်ခိုးရှင်ဖြစ်ပြီး သင်က ဖန်ဆင်းထားခြင်း ခံရသူဆိုတာကို သင်အမှတ်ရနေဖို့ လိုအပ်ပါတယ်။

 

ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် မြေအိုးနှင့်တူပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟိုနေရာ ဒီနေရာတွေမှာ ကျဆင်းမှု တွေကြောင့် အနည်းငယ်တော့ အက်ကွဲကြပါတယ်။ သို့ပေမဲ့ အားနည်းလွန်းသော လူသားတွေကို ဘုရားက သူ၏ အကြီးမြတ်ဆုံးသော ဆုကျေးဇူးတော်ဖြင့် သွန်းလောင်းလျက် “ဘုရားသာလျှင် တတ်နိုင်သည်။ တန်ခိုးတော်အား ဖြင့် ဖြစ်နိုင်ပါသည်” ဟု ပြောဆိုနိုင်သော အခွင့်အရေးကိုလည်း ပေးပါတယ်။

 

သမိုင်းတစ်လျှောက်တွင် ဘုရားသခင်သည် သူ၏ ဘုန်းတော်ကို ထင်ရှားစေဖို့ရန် ချို့ယွင်းသော တူရိယာတို့ကို အသုံးပြုပါတယ်။ စုံလင်သော သူတို့ကိုသာ အသုံးပြုပါလျှင် ဘာမှ ဖြစ်မြောက်မည် မဟုတ်ပါ။

အားနည်းချက်တွေကို ဖုံးကွယ်ခြင်းက အကောင်းဆုံးလို့ သင်ထင်ကောင်းထင်ပါမည်။ သို့ပေမဲ့ ထိုအရာတို့ကို သင့်အသက်တာအတွက် ဘုရား အသုံးပြုချင်ပါသည်။ သို့ပေမဲ့ ပထမတော့ သင်၏ ဘောင် (အကန့်အသတ်) ကို သိရှိပြီး လေးစားရပါမည်။ ပြီးတော့ သင့်အသက်တာအတွက် ဘုရား၏ အလိုတော်ရှိရာကို သင်၏ အကြံအစည် ဖြင့် မဟုတ်ဘဲ ဘုရား၏ တန်ခိုးတော်ဖြင့် ပြီးမြောက်စေဖို့ရန်  ဘုရားသခင်အား ယုံကြည်ပါ။

 

ဆင်ခြင်ရန်

- လူသားတွေ လုပ်နိုင်တာထက်ကို သင့်အသက်တာအတွက် ပိုပြီး ပြီးမြောက်ဖို့ရန် ကြိုးစားပါသလား။ သင်၏ ခန္ဓာနှင့် ဝိညာဉ်ရေးရာ ရလဒ်က မည်သို့ရှိမည်နည်း။

- ဘုရားသခင်က သင်၏ နားနည်းချက်များကို မည်သို့သော နည်းလမ်းဖြင့် သင်၏ ဝိညာဉ်ရေးရာကြီးထွားလာ စေဖို့ရန် ကိုယ်တော်နည်းတူ ဖြစ်လာစေဖို့ရန် မြင်ပါသနည်း။

- ဘယ်နေရာမှ သင့်ကိုယ်သင် လွန်ကဲတယ်ထင်ပါသနည်း။  သင်၏ ဘောင် (အကန့်အသတ်) များကို မည်ကဲ့သို့ အသိအမှတ်ပြုပြီး လက်တွေ့ကျသော မျှော်လင့်ချက်များကို ရှေ့ဆက်ထားနိုင်မည်နည်း။


---------------------------------------------------------------------------

Zawgyi Version

သင္၏ ေဘာင္အတြင္း (အကန႔္အသတ္) မည္သို႔စိုးရိမ္ေသာက ကင္းေဝးဖို႔ရန္ ေလ့လာပါ။


ေကာရိႏ္သဳဩဝါဒစာ ဒုတိယေစာင္ ၄:၇ “သို႔ေသာ္လည္း တန္ခိုးေတာ္၏ဂုဏ္သေရသည္ ငါတို႔ႏွင့္မဆိုင္၊ ဘုရားသခင္ႏွင့္ဆိုင္မည္အေၾကာင္း၊ ထိုဘ႑ာသည္ေျမအိုးထဲမွာ ထည့္ထားလ်က္ငါတို႔၌ရွိ၏။ ”


လူသားေတြ လုပ္ႏိုင္တာထက္ပိုၿပီး  လူစြမ္းေကာင္းတစ္ဉီးအျဖစ္ သင္ႀကိဳးစားတဲ့အခါမွာ အၿမဲတမ္း သင္စိတ္ဓါတ္ က်သြားမွာ ျဖစ္ပါတယ္။  သင့္ကိုယ္တိုင္ႏွင့္ သင္ႏွင့္ပတ္သက္ၿပီး လက္ေတြ႕က်တဲ့ အျမင္ေတြ ပိုၿပီးရွိိဖို႔ လိုအပ္ပါတယ္။ လူတိုင္း၏ ျပသနာေတြကို သင္မေျဖရွင္းႏိုင္ပါ။ တစ္ေနရာမွာ တစ္ႀကိမ္ထက္ပိုၿပီး သင္ ရွိမေနႏိုင္ပါ။ သင္လုပ္ခ်င္ေသာ အရာမွန္သမွ်ကို သင္မလုပ္ႏိုင္ပါ။ သင္၌မရွိေသာ ေငြကို သင္မသုံးျဖဳန္းႏိုင္ပါ။


သင္၏ ေဘာင္အတြင္း (အကန႔္အသတ္)  စိုးရိမ္မႈကင္းစြာျဖင့္ ေအးေဆးစြာရွိဖို႔ရန္ ေလ့လာဖို႔ လိုပါတယ္။ သင္၌ ရွိေသာ အသက္တာေဘာင္ထက္ ေက်ာ္လြန္ၿပီး အသက္ရွင္တဲ့အခ်ိန္တိုင္းတြင္ သင္စိတ္ဓါတ္ က်လာပါလိမ့္မည္။ သင္၏ အခ်ိန္ဇယားကို ျပည့္စုံေစျခင္းထက္ ျဖည့္ဆည္းဖို႔က ပိုလြယ္ကူပါတယ္။ “အထြက္” ထက္ “အဝင္” က ပိုၿပီးလြယ္ကူပါတယ္။ ကတိကို တည္ျခင္းထက္ ကတိေပးတာက ပိုၿပီး လြယ္ကူပါတယ္။ အေႂကြးကင္းျခင္း ထက္ အေႂကြးတင္ျခင္းက ပိုၿပီးလြယ္ကူပါတယ္။


အလြန္အကြၽံျပဳျခင္းအတြက္ သင္၏ ခႏၶာကေန မၾကာခဏဆိုသလို လကၡဏာ ျပပါတယ္။ ေကာရိႏ္သဳဩဝါဒစာ ဒုတိယေစာင္ ၄:၇ “သို႔ေသာ္လည္း တန္ခိုးေတာ္၏ဂုဏ္သေရသည္ ငါတို႔ႏွင့္မဆိုင္၊ ဘုရားသခင္ႏွင့္ဆိုင္ မည္အေၾကာင္း၊ ထိုဘ႑ာသည္ေျမအိုးထဲမွာ ထည့္ထားလ်က္ငါတို႔၌ရွိ၏။ ” တစ္နည္းအားျဖင့္ သင္၏ ေဘာင္ (အကန႔္အသတ္)ကို သင္သိရွိရပါမည္။ အလြန္အကြၽံျပဳတဲ့အခါ သင္၏ သတိေပး လကၡဏာတို႔ကို သင္သတိမူမိ ဖို႔ရန္ ႏွင့္ ဘုရားသခင္သည္သာ တန္ခိုးရွင္ျဖစ္ၿပီး သင္က ဖန္ဆင္းထားျခင္း ခံရသူဆိုတာကို သင္အမွတ္ရေနဖို႔ လိုအပ္ပါတယ္။ 


ကြၽႏ္ုပ္တို႔၏ ခႏၶာကိုယ္သည္ ေျမအိုးႏွင့္တူပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဟိုေနရာ ဒီေနရာေတြမွာ က်ဆင္းမႈ ေတြေၾကာင့္ အနည္းငယ္ေတာ့ အက္ကြဲၾကပါတယ္။ သို႔ေပမဲ့ အားနည္းလြန္းေသာ လူသားေတြကို ဘုရားက သူ၏ အႀကီးျမတ္ဆုံးေသာ ဆုေက်းဇူးေတာ္ျဖင့္ သြန္းေလာင္းလ်က္ “ဘုရားသာလွ်င္ တတ္ႏိုင္သည္။ တန္ခိုးေတာ္အား ျဖင့္ ျဖစ္ႏိုင္ပါသည္” ဟု ေျပာဆိုႏိုင္ေသာ အခြင့္အေရးကိုလည္း ေပးပါတယ္။


သမိုင္းတစ္ေလွ်ာက္တြင္ ဘုရားသခင္သည္ သူ၏ ဘုန္းေတာ္ကို ထင္ရွားေစဖို႔ရန္ ခ်ိဳ႕ယြင္းေသာ တူရိယာတို႔ကို အသုံးျပဳပါတယ္။ စုံလင္ေသာ သူတို႔ကိုသာ အသုံးျပဳပါလွ်င္ ဘာမွ ျဖစ္ေျမာက္မည္ မဟုတ္ပါ။ 

အားနည္းခ်က္ေတြကို ဖုံးကြယ္ျခင္းက အေကာင္းဆုံးလို႔ သင္ထင္ေကာင္းထင္ပါမည္။ သို႔ေပမဲ့ ထိုအရာတို႔ကို သင့္အသက္တာအတြက္ ဘုရား အသုံးျပဳခ်င္ပါသည္။ သို႔ေပမဲ့ ပထမေတာ့ သင္၏ ေဘာင္ (အကန႔္အသတ္) ကို သိရွိၿပီး ေလးစားရပါမည္။ ၿပီးေတာ့ သင့္အသက္တာအတြက္ ဘုရား၏ အလိုေတာ္ရွိရာကို သင္၏ အႀကံအစည္ ျဖင့္ မဟုတ္ဘဲ ဘုရား၏ တန္ခိုးေတာ္ျဖင့္ ၿပီးေျမာက္ေစဖို႔ရန္  ဘုရားသခင္အား ယုံၾကည္ပါ။


ဆင္ျခင္ရန္

- လူသားေတြ လုပ္ႏိုင္တာထက္ကို သင့္အသက္တာအတြက္ ပိုၿပီး ၿပီးေျမာက္ဖို႔ရန္ ႀကိဳးစားပါသလား။ သင္၏ ခႏၶာႏွင့္ ဝိညာဥ္ေရးရာ ရလဒ္က မည္သို႔ရွိမည္နည္း။

- ဘုရားသခင္က သင္၏ နားနည္းခ်က္မ်ားကို မည္သို႔ေသာ နည္းလမ္းျဖင့္ သင္၏ ဝိညာဥ္ေရးရာႀကီးထြားလာ ေစဖို႔ရန္ ကိုယ္ေတာ္နည္းတူ ျဖစ္လာေစဖို႔ရန္ ျမင္ပါသနည္း။

- ဘယ္ေနရာမွ သင့္ကိုယ္သင္ လြန္ကဲတယ္ထင္ပါသနည္း။  သင္၏ ေဘာင္ (အကန႔္အသတ္) မ်ားကို မည္ကဲ့သို႔ အသိအမွတ္ျပဳၿပီး လက္ေတြ႕က်ေသာ ေမွ်ာ္လင့္ခ်က္မ်ားကို ေရွ႕ဆက္ထားႏိုင္မည္နည္း။