Unicode Version
ရှင်ယောဟန်ခရစ်ဝင် ၁၆:၉
"ငါ့ကို မယုံကြည်ကြသောကြောင့် ဒုစရိုက်အပြစ်ကို ဖော်ပြမည်။"
အပြစ်ဒုစရိုက်တိုင်း၏ အမြစ်မှာ အနည်းဆုံးတော့ ဘုရားသခင်နဲ့ ပတ်သက်ပြီး တဒင်္ဂသံသယ ရှိခြင်းဖြစ်ပါတယ်။
သခင်ယေရှုက သူဘယ်သူ ဖြစ်ကြောင်း (သို့) သူပြောတဲ့အတိုင်း လုပ်ဆောင်မည်ကို သင်မယုံကြည်ခြင်းသည် အပြစ်အားလုံး၏ အရင်းအမြစ်ဖြစ်ပါတယ်။ ဘုရားသခင်ကို သင်သံသယဝင်တဲ့အခါမှာ သင်သိဖို့ရန် အကူအညီဖြစ်နိုင်သည့် တစ်ချို့သောစိတ်ခံစားချက်ကို ရှာဖွေနိုင်ပါတယ်။ သင်သည်းခံမှု မရှိတော့တဲ့အခါ ဘုရားသခင်၏ ပြီးပြည့်စုံတဲ့အချိန်ကာလမှာ သင်၏သံသယကို ဖော်ပြပါတယ်။ သင့်အသက်တာအတွက် ဘုရားသခင်ဆီမှာ အစီအစဉ်ရှိပါတယ်။ သို့ပေမယ့် သူဘယ်တော့မှ အလျင်လိုမည် မဟုတ်ပါ။ ၎င်းသည် သင်၏ကိုယ်ပိုင်အကြံအစည် ရှိထားသောကာလမှာ အရာရာဖြစ်ပျက်ဖို့ရန် အလိုဆန္ဒရှိတဲ့အခါ
မေ့သွားဖို့လွယ်ကူစေပါတယ်။ ဒါကြောင့် ဘုရားသခင်ကို စောင့်ဆိုင်းမည်အစား သင်၏အစီအစဉ်ဖြင့် လုပ်ဆောင်မှုပြုပါတယ်။
သင်၌ခါးသီးမှုတွေ ၊မကျေမချမ်းမှုတွေ ဖြစ်လာတဲ့အခါမှာ ဘုရားသခင်၏ ဉာဏ်အမြော်အမြင်ကို သင်သံသယရှိကြောင်း ဖော်ပြပါတယ်။ ဘုရားသခင်သည် ဉာဏ်ပညာနဲ့ပြည့်စုံပြီး ကောင်းမြတ်၏၊ ချစ်ခြင်းမေတ္တာ လည်း ဖြစ်၏။ သို့ပေမယ့် အရာရာအတိုင်း သင်၏အလို (သို့) အကြံအစည်အတိုင်း မဖြစ်လာဘူးဆိုလျှင် ဘုရားသခင် တစ်နည်းနည်းဖြင့် အလုပ်ရှုပ်နေသည်ဟု သင်တွေးထင်ပါသည်။ ပြီးတော့ အဆိုးထဲကမှ အကျိုးကို သူယူဆောင်လာနိုင်သည်ကို သင်မယုံကြည်တော့ပါ။
မိမိကိုယ်ကို အပြစ်ရှိခြင်းတွင် တည်နေခြင်းသည် ဘုရားသခင်၏ ခွင့်လွှတ်မှုကို မယုံကြည်သောကြောင့်ဖြစ်ပါတယ်။ သခင်ယေရှုနောက် လိုက်တဲ့သူတွေ ဘယ်လောက်ကြာအောင် ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ ခံစားသင့်ပါသနည်း။ တစ်စက္ကန့် လောက်ပါ။ ၎င်းသည် အပြစ်ရှိခြင်းကို ဘယ်လောက်ယူဆောင်ခြင်းဖြစ်ပါတယ်။ အပြစ်ရှိခြင်းကို ဆက်လက်သယ်ဆောင်နေမည်ဆိုလျှင် သင့်ကိုယ်သင် ခွင့်မလွတ်နိုင်ကြောင်းကို ဆိုလိုခြင်းဖြစ်ပြီး ဘုရားသခင်သင့်ကို ခွင့်လွှတ်တယ်ဆိုတာကို သင်မယုံကြည်လို့ဖြစ်ပါတယ်။
သင့်ကိုယ်သင် အားနည်းတယ် ၊ချို့ယွင်းတယ်လို့ ခံစားရတဲ့အခါမှာ ဘုရားသခင်၏တန်ခိုးတော်ကို သင်သံသယရှိကြောင်း ဖော်ပြပါတယ်။ သင်၏
အားနည်းချက်တွေကနေ ဘုရားသခင်၏ဘုန်းတော် ထင်ရှားမည့်အရာဖြစ်တယ်လို့ ဘုရားသခင်ဆိုပါတယ်။ သို့ပေမယ့် ၎င်းကို သင်မယုံတဲ့အခါမှာ တန်ခိုးတော်က သင့်ဆီကနေ ရသင့်တယ်လို့ သင်တွေးမြင်ကြောင်းကို ဖော်ပြပါတယ်။ ထိုသို့စဉ်းစားပါလျှင် စိတ်ပျက်ခြင်းကိုသာ သင်အမြဲလည်းရရှိစေပါမည်။
ကြောက်ရွံ့ခြင်း၊ စိတ်မရှည်ခြင်း ၊နာကျည်းခြင်း အပြစ်ရှိသည်ဟုခံစားခြင်းနှင့် အရည်အသွေးမပြည့်မီခြင်း စသောခံစားချက်များကို သင်ပြောင်းလဲချင်ပါသလား။ ထိုအခါ သင်၏သံသယစိတ်တို့ကို စတင်သံသယဖြစ်ရန် လိုအပ်ပါတယ်။
ဘုရားသခင်၏ နုတ်ကပတ်တော်ကို သင်ယုံကြည်ပါလျှင် ဘုရားသခင်အကြောင်းကို ပြောဆိုသည့်အရာ၊ သင့်အားဂရုစိုက်ကြောင်းနှင့် သင့်အပေါ်ခံစားကြောင်းကို သင်ယုံကြည်နိုင်ပါတယ်။ ဘုရားသခင်သည် မိမိ၏ကတိတော်များကို စောင့်ထိန်းကြောင်း၊ ပြီးပြည့်စုံသောအချိန်ကာလရှိကြောင်း ၊ ဉာဏ်ပညာဖြစ်ကြောင်း ၊သင့်အားခွင့်လွှတ်ကြောင်းနှင့် သင့်အားဖြင့်တန်ခိုးတော်ပြည့်ဝစွာ လုပ်ဆောင်ကြောင်း တို့ကို သင်ယုံကြည်နိုင်ပါတယ်။
ဆင်ခြင်ရန်
- သင်သံသယစိတ် ဝင်တဲ့အခါမှာ ဘုရား၏နုတ်ကပတ်တော်ဖြင့် သင့်ကိုယ်သင်မည်သို့ သတိပေးနိုင်ပါသနည်း။
- မကြာသေးခင် ကာလများတွင် ဘုရားသခင်နှင့်ပတ်သက်၍ သင်၏သံသယစိတ်များ တိုးပွားလာပါသလား (သို့)လျော့ကျသွားပါသလား။ သင်ဘာကြောင့် ဤသို့ထင်မြင်ပါသနည်း။
- သင်၏အကြီးမားဆုံး ရုန်းကန်မှုက ဘာလဲ။ ၎င်းကသင်၏ မယုံကြည်မှုနှင့်ပတ်သက်ပြီး မည်သို့ဖော်ပြပါသနည်း။