Unicode Version
၎င်းက သင်နှင့်ပတ်သက်ပြီး မဟုတ်ပါ။
ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၄:၅ “ငါတို့သည်ကိုယ်အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ် သည် သခင်ဖြစ်တော်မူကြောင်း ကို၎င်း၊ ငါတို့သည်ယေရှုအတွက် သင်တို့၏ ကျွန်ဖြစ်ကြောင်းကို၎င်း ဟောပြော ကြ၏။”
ကိုယ့်ကိုယ်ကို
အာရုံစိုက်တဲ့ အသက်တာရှိလေလေ စိတ်ဓါတ်ကျသွားရဖို့သာ ဖြစ်လာပါမည်။ ၎င်းက သင်အကြောင်းမဟုတ်ဘူးဆိုတာကို
အချိန်တိုင်းတွင် သင်မေ့သွားခဲ့ပါလျှင် မာနထောင်လွှားခြင်း (သို့) ကြောက်ရွံ့ခြင်း
(သို့) ခါးသီးခြင်းတွေ ဖြစ်လာပါမည်။ ထိုခံစားမှုတွေကို သင့်ကို စိတ်ဓါတ်ကျဆင်းမှုဆီ
အမြဲတမ်း ခေါ်ဆောင်သွားခြင်းသည် ထိုအရာတွေက သင့်ကိုယ်သင် အာရုံထားစေတဲ့အတွက်ကြောင့်
ဖြစ်ပါတယ်။
ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၄:၅ “ငါတို့သည်ကိုယ်အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ် သည် သခင်ဖြစ်တော်မူကြောင်း ကို၎င်း၊ ငါတို့သည်ယေရှုအတွက် သင်တို့၏ ကျွန်ဖြစ်ကြောင်းကို၎င်း ဟောပြော ကြ၏။”
ဤကမ္ဘာကြီးသို့
ဘုရားသင့်ကို ထားရှိလိုက်ခြင်းသည် သင့်အတွက် ၊ သင့်အကြောင်းနှင့် ပတ်သက်ခြင်း မဟုတ်ပါ။
သင့်အားဖြင့် ၎င်းလောကကြီးဆီ သူပေးချင်သော သတင်းစကား ရှိပါတယ်။ သို့ပေမဲ့ သင့်အသက်တာ၏
သတင်းစကားသည် သင့်အကြောင်းမဟုတ်ပါ။ သခင်ခရစ်တော်အကြောင်းသာ ဖြစ်ပါတယ်။
သင့်အကြောင်းမဟုတ်ပါ “It’s not about you” ဆိုတဲ့ စကားလုံး (၄) လုံးကို ကျွန်ုပ်ရွေးချယ်ထားပါတယ်။ ၎င်းကို
ယနေ့ကမ္ဘာကြီးဆီ သင်ပေးနိုင်တဲ့ အများသုံး ယဉ်ကျေးမှု သတင်းစကားဖြစ်တဲ့ အသက်တာကို မောင်းနှင်စေသော
ရည်ရွယ်ချက်ကို စတင်ဖို့ဖြစ်ပါတယ်။ လူမှုကွန်ယက် ဆိုင်ရာ သီချင်းတွေ ၊ ဗီဒီယို ၊ ဂိမ်း
၊ ဇာတ်လမ်းပုံပြင် တွေနှင့် အသိပေးကြေငြာမှု အရာမှန်သမျှတို့သည် မိမိကိုယ်ကိုသာ အာရုံပြုခြင်း
၊ ဉီးစားပေခြင်းနှင့် ပတ်သက်သောအရာတွေကိုသာ တွေးမြင်ဖို့ ဖော်ပြ ပြောဆိုနေကြပါတယ်။
တစ်ခါတစ်ရံတွင်
စာအုပ်ထဲတွင် ထိုအကြောင်းအရာတွေကို ထည့်သွင်းချင်စိတ်မရှိပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်၏
ကျန်ရှိသော အသက်တာတစ်လျှောက် ထိုစာပိုဒ်လေးပေါ် အစဉ်မပြတ် မိမိကိုယ်ကို စမ်းသပ်ထင်မြင်
ယူဆချက် မရှိလို့ဖြစ်ပါတယ်။ ထိုအရာကို တစ်နေ့ကို အကြိမ် ၂၀ ဝန်ခံရပါတယ်။ တစ်စုံတစ်ဉီးက
ကျွန်ုပ်ကို ချီးမွမ်းတဲ့အခါ ၊ ဝေဖန်တဲ့အခါ ၊ နားလည်မှုလွှဲသည့်အခါ (သို့) ကျွန်ုပ်နှင့်
သဘောမတူညီသည့်အခါ တွေမှာ ကျွန်ုပ်ကိုယ်ကျွန်ုပ် “It’s not about me.” လို့သတိပြန်ပေးရပါတယ်။
ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကိုကိုယ်
အာရုံစိုက်လိုက်တဲ့အခါမှာ စိတ်ဓါတ်ကျသွားဖို့သာ ရှိပါတယ်။
၎င်းအစား တမန်တော်ရှင်ပေါလုက ယနေ့ကျမ်းပိုဒ်တွင် ဆိုထာသည်မှာ “ငါတို့သည်ယေရှုအတွက် သင်တို့၏ ကျွန်ဖြစ်ကြောင်း” ဆိုထားပါတယ်။
ဆိုလိုသည်မှာ ကျွန်ုပ်တို့အတွက် သခင်ခရစ်တော် လုပ်ဆောင်ပေးခဲ့တဲ့ အတွက်ကြောင့် တခြားသူတွေကို
ဝန်ဆောင်ပေးဖို့ရန် ကျွန်ုပ်တို့အား လှုံ့ဆော်ပေးခြင်း ဖြစ်ပါတယ်။
သင်လုပ်ဆောင်နေသောအရာတွေထက်
သင်လုပ်ဆောင်နေသောအရာကို
ဘာကြောင့် လုပ်ဆောင်နေသလဲ ဆိုတာကို ဘုရားသခင် အမြဲတမ်းပိုပြီး စိတ်ဝင်စားပါတယ်။ သင့်နှလုံးသား၏ စိတ်ပါဝင်စားမှုကိုသာ
သူအလေး ထားပါတယ်။ တစ်စုံတစ်ခုကို လုပ်ဆောင်နေခြင်းသည် သင်မည်မျှကြာအောင် လုပ်ဆောင်မလဲ
ဆိုတာကို အမြဲတမ်းဖော်ပြပါတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်မှန်းချက်တွေအားဖြင့် စိတ်ပါနေတယ်ဆိုလျှင်
၎င်းက ဘယ်တော့မှ ကောင်းဖို့ မလုံလောက်ပါဘူး။ နောက်ဆုံးမှာ သင်စိတ်ဓါတ်ကျပြီး လက်လွှတ်သွားရပါမည်။
သို့ပေမဲ့
ဧဝံဂေလိတရားကို တိုးတက်စေပြီး သခင်ယေရှု၏ဘုန်းတော်ကို ထင်ရှားစေသော လှုံ့ဆော်မှုတစ်ခုခုကို
သင်၌ရှိတယ်ဆိုလျှင် ၎င်းကို သင်ဖြတ်သန်းကြည့်ရှုရန် လိုအပ်သည့် အားပေးမှုကို ရရှိပါလိမ့်မည်။
ဆင်ခြင်ရန်
-
သခင်ခရစ်တော်နည်းတူ နှိမ့်ချသော အသက်တာဖြင့် တခြားသူများအား အမှုထမ်းရွက်ဖို့ရန် သင်နှင့်
အရင်းနှီးဆုံးလူများက မည်ကဲ့သို့ အားပေးလှုံ့ဆော်ပေးပါသနည်း။
-
သခင်ခရစ်တော်၏ ချစ်ခြင်းမေတ္တာသည် သင့်ကိုယ်သင်ထက် တခြားသူတွေပေါ် ပို၍ စဉ်းစာဖို့ရန်
မည်ကဲ့သို့ လှုံ့ဆော်ပါသနည်း။
- သင့်တော်သာ လှုံ့ဆော်မှုရရှိတဲ့အခါမှာ ဘုရားသခင်သင့်အား မည်ကဲ့သို့ အားပေးလှုံ့ဆော်ပါသနည်း။
----------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်