သင်လုပ်ဆောင်နေသော အရာသည် သင့်အသက်တာအတွက် အကောင်းဆုံး အသုံးပြုမှု ဖြစ်ပါသလား။ | Is What You’re Doing the Best Use of Your Life?
Unicode Version
သင်လုပ်ဆောင်နေသော အရာသည် သင့်အသက်တာအတွက် အကောင်းဆုံး အသုံးပြုမှု ဖြစ်ပါသလား။
ဧဖက်ဩဝါဒစာ ၅:၁၅-၁၇ “ထိုကြောင့် ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည် အကြောင်း သတိပြုကြ လော့။ ယခု နေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနှုတ်ကြ လော့။ ထိုကြောင့် သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏ အလိုတော်ရှိရာကို ပိုင်းခြင်း၍ သိသောသူ ဖြစ်ကြ လော့။”
သင့်အသက်တာကို အကျိုးသက်ရောက်မှုတစ်ခု ပြုချင်ပါလျှင် တစ်ခုလုပ်ဆောင်ဖို့တော့ ရှိပါတယ်။ သင်၏ အချိန်ကို ထိန်းချုပ်ဖို့ဖြစ်ပါတယ်။ သင်၏ အချိန်သည် သင်၏ ဘဝအသက်တာဖြစ်ပါတယ်။ သင့်အချိန်ကို ထိန်းချုပ်စီမံဖို့ရန် လေ့လာမှု မပြုပါလျှင် သင့်အသက်တာ၏ အမွေကို ကန့်သတ်သွားပါလိမ့်မည်။
ကျွန်ုပ်တို့အားလုံး
အပတ်စဉ်တိုင်းမှာ တူညီတဲ့ အချိန် ၁၆၈ နာရီရှိကြပါတယ်။ ကျွန်ုပ်တို့အား ဤကမ္ဘာပေါ်မှာ
တိကျသေချာတဲ့ နေ့ရက်တွေဖြင့် ခွဲခန့်ချမှတ်ခံထားရပါတယ်။ ထိုအချိန်တွေကို သင်ဗြုန်းတီးပါလျှင်
၎င်းကိုလွှင့်ပစ်လိုက်သလို ဖြစ်ပါမည်။ ဘာဖြစ်လို့လဲဆိုတော့ သင်၏ အချိန်က သင်၏ အသက်တာဖြစ်ပါတယ်။
“ဤအရာက ကျွန်ုပ်အသက်တာနှင့် ကျွန်ုပ် အချိန်တွေအတွက် အကောင်းဆုံး အသုံးပြုမှု ဖြစ်ပါသလား”
လို့ မေးမြန်းခြင်းကို ရပ်တန့်ဖြစ်ဖို့ဘဲ ရှိပါတော့တယ်။
အရာအားလုံးတို့အတွက်
သင့်မှာ အချိန်မရှိပါ။ သတင်းကောင်းက ဘုရားသခင်သည်လည်း အရာအားလုံးကို သင်လုပ်ဆောင်ဖို့ရန်
မမျှော်လင့်ထားပါ။ ဒါကြောင့် ထိုအရာနှင့်ပတ်သက်ပြီး မိမိ၌ တာဝန်ရှိတယ်လို့ မခံစားပါနှင့်။
ပထမဉီးဆုံး အနေဖြင့် လုပ်ဆောင်ရမည့် တန်ဖိုးရှိသော အရာ အနည်းငယ်သာ ရှိပါတယ်။
အသက်တာအတွက် အရေးပါသောအရာ နှင့် အသေးအဖွဲအရာတို့ကို ထက်မြက်သော လူတွေက
ခန့်မှန်းတွက်ဆ ကြပါတယ်။ အသေးအဖွဲတွေ လုပ်ဆောင်ခြင်းအရာထက် အရေးကြီးသော အရာကို လုပ်ဆောင်ခြင်းတွေကို
အချိန်ပိုယူပါတယ်။ အသက်တာမှာ အသေးအဖွဲကိစ္စတွေကို ဖယ်ထုတ်လို့မရနိုင်ပေမဲ့ လျော့ချလို့တော့ ရနိုင်ပါ
တယ်။
ဤအရာက
နားထောင်ရတာ လွယ်ကူပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရလျှင် အသက်တာအတွက် အလွယ်ကူဆုံး အရာနှင့်
အကောင်းဆုံးအရာ ကြားက ရွေးချယ်မှုပြုဖို့ရန် မကြာခဏ ဆိုသလို ခက်ခဲပါတယ်။ အထူးသဖြင့်
သင်ပင်ပန်းနေတဲ့အချိန်တွေမှာ အကောင်းဆုံးသောအရာထက် အလွယ်ကူဆုံးအရာကိုသာ လုပ်ဆောင်ချင်ကြ
ပါတယ်။ ဒါကြောင့် သင့်အသက်တာတွင် တစ်စုံတစ်ခုကို လုပ်ဆောင်ရဖို့ ရှိပါလျှင် လေ့လာဖို့ရန်
အချိန်ယူရခြင်း ဖြစ်ပါတယ်။
သင်အနားယူမထားဘူးဆိုလျှင်
“ကျွန်ုပ် အလွယ်ကူဆုံးအရာအစား မှန်ကန်သောအရာကို လုပ်တော့မည်” ဟု ပြောရန် စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ ခွန်အား မရှိတော့ပါ။
သင့်အသက်တာကို
မဗြုန်းတီးပါနှင့်။ ဒုတိယအကောင်းဆုံးအတွက်လည်း မဖြစ်စေပါနှင့်။ ဖြစ်သလို အသက်တာ ကို
မဖြတ်သန်းလိုက်ပါနဲ့။ သက်တောင့်သက်သာလေး နေဖို့အတွက် ဖန်ဆင်းထားခံရတာ မဟုတ်ပါဘူး။ ရည်ရွယ်ချက်
နှင့် သာသာနာအတွက် သင့်ကို ဖန်ဆင်းထားခြင်းဖြစ်ပါတယ်။ ၎င်းသည် “ကျွန်ုပ်အသက်တာအ တွက်
အကောင်းဆုံးအသုံးပြုမှုဖြစ်ပါရဲ့လား” လို့ မေးနေခြင်းဖြင့် စတင်ပါတယ်။
ဆင်ခြင်ရန်
-
သင်၏ အချိန်အများစုက မည်သည့်အရာတွေကို နေရာယူထားပါသနည်း။
-
ထိုအရာတွေကို သင့်အသက်တာ အတွက် ရည်ရွယ်ရာတို့ကို မည်မျှအကူအညီဖြစ်စေပါသနည်း။
-
ပိုပြီးတော့ အနားယူနိုင်ဖို့ရန်အတွက် သင်၏ အချိန်ဇယား နှင့် ဉီးစားပေးအစီအစဉ်များတွင်
မည်သည့်အရာကို သင်ပြောင်းလဲနိုင်ပါမည်နည်း။
---------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်