Unicode Version
ရောမဩဝါဒစာ ၈:၆ “သခင်၊ ကျွန်တော်၏ ငယ်သားတယောက်သည်
လက်ခြေသေသည်အနာနှင့် ပြင်းစွာခံရ၍ အိမ်တွင် တုံးလုံးနေပါသည်ဟု တောင်းပန်လေ၏”
သင်ပြောနေသောအရာကို အမြဲတမ်း မလုပ်ဆောင်သော သင်၏စိတ်ကို သင်သတိထားမိပါသလား။
တစ်ခါတစ်ရံမှာ
သင်၏ စိတ်တွင် ၎င်း၏ကိုယ်ပိုင်စိတ်ရှိနေတတ်ပါတယ်။ တစ်ခါတစ်ရံတွင်လည်း သင်မရည်ရွယ် သော
အရာကို သင့်စိတ်က လမ်းညွှန်မှု ပြုနေပါတယ်။ သင်ဆုတောင်းဖို့ လိုအပ်တဲ့အခါ သင့်အတွေးတွေက
လမ်းလွှဲသွားပါတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တစိမ့်စိမ့် တွေးမြင်တဲ့အခါမှာ
သင်၏ အတွေးတွေ သည်လည်း လှည့်လည်သွားလာချင်နေပါတယ်။
သမ္မာကျမ်းစာက
ဆိုထားသည်မှာ ဤကဲ့သို့ ဖြစ်လာလျှင် သင်၏အကြံအစည်တိုင်းကို ဆုပ်ကိုင်ဆွဲဆောင်ထားဖို့
လိုအပ်ပါတယ်။ ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၁၀:၅ “ထိုလက်နက်အားဖြင့်
လူတို့၏အကြံအစည်တို့ကို၎င်း၊ ဘုရားသခင်ကိုသိသောပညာကို တားဆီးသော မာန်မာနရှိသမျှတို့ကို၎င်း၊
နှိမ့်ချမှောက်လှန်၍၊ ခပ်သိမ်းသောစိတ် တို့ကို ဘမ်းသွားချုပ်ထားလျက်၊ ခရစ်တော်၏ စကားကို
နားထောင်စေကြ၏။ ”
ဘယ်လို
အဓိပ္ပါယ်လဲ။ ဂရိစကားအရ ဤကျမ်းပိုဒ်ကို အကျဉ်းသားကဲ့သို့ တွေးမြင်ခြင်းကို ဆိုလိုပါသည်။
၎င်းတို့ကို သင်အောင်နိုင်ပြီး ထိန်းချုပ်မှုအောက် ရောက်စေပါတယ်။
သန့်ရှင်းသော
ဝိညာဉ်တော်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်သူတိုင်းက လက်နက်တန်ဆာပလာအဖြစ်
အသုံးပြုတဲ့ အချိန်မှာ ၎င်းအောင်နိုင်ခြင်းက ဖြစ်နိုင်ပါလိမ့်မည်။
ပထမဉီးစွာ
သင့်အထဲ၌ရှိသော ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်ကိုသင်အမှတ်ရနေဖို့ လိုအပ်ပါတယ်။
သန့်ရှင်းသော ဝိညာဉ်တော်မပါလျှင် သင်ဘာကိုမှ မခုခံနိုင်ပါ။ ရောမဩဝါဒစာ ၈:၆ “သခင်၊ ကျွန်တော်၏ ငယ်သားတယောက်သည် လက်ခြေသေသည်အနာနှင့် ပြင်းစွာခံရ၍
အိမ်တွင် တုံးလုံးနေပါသည်ဟု တောင်းပန်လေ၏”
သန့်ရှင်းသော
ဝိညာဉ်တော်မပါလျှင် သင်၏ ဗီဇအပြစ်တွေက သင်၏ စိတ်ကို ထိန်းချုပ်ပြီး မှားယွင်းသော လမ်းကို
အမြဲတမ်းဉီးတည်စေတဲ့အတွက်ကြောင့် သင့်အသက်တာတွင် သခင်ယေရှုကို သင်လိုအပ်နေခြင်း ဖြစ်ပါတယ်။
သို့ပေမဲ့ သန့်ရှင်းသော ဝိညာဉ်တော်သင့်ကို ထိန်းချုပ်ပါလျှင် သင်၏အတွေးတိုင်းကို ကိုင်တွယ်နိုင်ဖို့
လိုအပ်သော တန်ခိုးကို ရပါမည်။
ဒုတိယအနေဖြင့်
နှုတ်ကပတ်တော်ကို သင်လိုအပ်ပါတယ်။ သခင်ခရစ်တော် ဆိုထားသည်မှာ ရှင်ယောဟန်ခရစ်ဝင် ၈:၃၁-၃၂ “ထိုအခါယေရှုက၊ သင်တို့သည် ငါ၏ဒေသနာ၌
တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။ သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို
လွှတ်လိမ့်မည်ဟု၊ ယုံကြည်သော ယုဒ လူတို့အား မိန့်တော်မူ၏။”
ဤကျမ်းပိုဒ်၏
ဒုတိယပိုင်းကို ကိုးကားတာကို လူတွေ ကြိုက်နှစ်သက်ပါတယ်။ တကယ်တော့ တက္ကသိုလ် အဆောက်အဉီးတွေမှာ
တပ်ဆင်ထားပါတယ်။ သို့ပေမဲ့ လူတစ်ချို့က နှုတ်ကပတ်တော်ကို လေ့လာဖို့ ၊ နာခံဖို့ လိုအပ်တယ်လို့
ပြောနေတဲ့ ပထမပိုင်းအပိုဒ်ကို ကိုးကားပါတယ်။ ဘုရားသခင်၏ သမ္မာတရားမပါဘဲ လွှတ်လပ်ခြင်းကို
လူတွေ အလိုရှိကြပါတယ်။
တကယ်တော့
သမ္မာတရားမရှိဘဲ လွှတ်မြောက်ခြင်းမရှိပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်မပါလျှင် ဘယ်အရာမှ
မမှန်ကန်ပါ။ အသက်တာအတွက် လိုအပ်သော လမ်းညွှန်မှုကို ဘုရားက ပေးပါတယ်။ သမ္မာကျမ်းစာက
ပြောသော စကားလုံးတိုင်းကို သင်ယုံကြည်နိုင်ပါတယ်။ သမ္မာတရားကို ပိုမိုသိကျွမ်းပြီး
သင်၏ စိတ်နှလုံးသို့ ဖြည့်သွင်းပါလျှင် သင့်စိတ်သွားချင်သည့် နေရာသို့ သင့်အတွေးတွေက
တိုက်ရိုက်ရောက်ရှိဖို့ လွယ်ကူစေပါလိမ့်မည်။
ဆင်ခြင်ရန်
-
သင်သည် မည်သည့်အချိန်တွင် အများအားဖြင့်အတွေးတစ်ခုကို ထိန်းချုပ်ရန် လိုအပ်ပါသနည်း။
-
ဘုရားသခင်၏ တန်ခိုးတော်ကို လိုချင်ပါလျှင် သန့်ရှင်းသော ဝိညာဉ်တော်အား ထိန်းချုပ်မှုအောက်
အပ်နှံရမည်ဟု သင်မည်သို့ ခံစားရသနည်း။
-
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နာခံရန် ဆိုတဲ့ ဘုရား၏ မိန့်မှာချက်ကို ဘာကြောင့် လူတွေ
လစ်လျူရှုသည်ဟု ထင်မြင်ပါသနည်း။ အမှန်တရားမပါဘဲ လွှတ်မြောက်ခြင်းကို လူတွေ ဘာကြောင့်
လိုချင်သနည်း။
-----------------------------------------------------------------------------------------------
Zawgyi Version
ေရာမဩဝါဒစာ ၈:၆ “သခင္၊ ကြၽန္ေတာ္၏ ငယ္သားတေယာက္သည္ လက္ေျခေသသည္အနာႏွင့္ ျပင္းစြာခံရ၍ အိမ္တြင္ တုံးလုံးေနပါသည္ဟု ေတာင္းပန္ေလ၏”
သင္ေျပာေနေသာအရာကို အၿမဲတမ္း မလုပ္ေဆာင္ေသာ သင္၏စိတ္ကို သင္သတိထားမိပါသလား။
တစ္ခါတစ္ရံမွာ သင္၏ စိတ္တြင္ ၎၏ကိုယ္ပိုင္စိတ္ရွိေနတတ္ပါတယ္။ တစ္ခါတစ္ရံတြင္လည္း သင္မရည္႐ြယ္ ေသာ အရာကို သင့္စိတ္က လမ္းၫႊန္မႈ ျပဳေနပါတယ္။ သင္ဆုေတာင္းဖို႔ လိုအပ္တဲ့အခါ သင့္အေတြးေတြက လမ္းလႊဲသြားပါတယ္။ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ကို သင္တစိမ့္စိမ့္ ေတြးျမင္တဲ့အခါမွာ သင္၏ အေတြးေတြ သည္လည္း လွည့္လည္သြားလာခ်င္ေနပါတယ္။
သမၼာက်မ္းစာက ဆိုထားသည္မွာ ဤကဲ့သို႔ ျဖစ္လာလွ်င္ သင္၏အႀကံအစည္တိုင္းကို ဆုပ္ကိုင္ဆြဲေဆာင္ထားဖို႔ လိုအပ္ပါတယ္။ ေကာရိႏ္သဳဩဝါဒစာ ဒုတိယေစာင္ ၁၀:၅ “ထိုလက္နက္အားျဖင့္ လူတို႔၏အႀကံအစည္တို႔ကို၎၊ ဘုရားသခင္ကိုသိေသာပညာကို တားဆီးေသာ မာန္မာနရွိသမွ်တို႔ကို၎၊ ႏွိမ့္ခ်ေမွာက္လွန္၍၊ ခပ္သိမ္းေသာစိတ္ တို႔ကို ဘမ္းသြားခ်ဳပ္ထားလ်က္၊ ခရစ္ေတာ္၏ စကားကို နားေထာင္ေစၾက၏။ ”
ဘယ္လို အဓိပၸါယ္လဲ။ ဂရိစကားအရ ဤက်မ္းပိုဒ္ကို အက်ဥ္းသားကဲ့သို႔ ေတြးျမင္ျခင္းကို ဆိုလိုပါသည္။ ၎တို႔ကို သင္ေအာင္ႏိုင္ၿပီး ထိန္းခ်ဳပ္မႈေအာက္ ေရာက္ေစပါတယ္။
သန႔္ရွင္းေသာ ဝိညာဥ္ေတာ္ႏွင့္ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ကို ယုံၾကည္သူတိုင္းက လက္နက္တန္ဆာပလာအျဖစ္ အသုံးျပဳတဲ့ အခ်ိန္မွာ ၎ေအာင္ႏိုင္ျခင္းက ျဖစ္ႏိုင္ပါလိမ့္မည္။
ပထမဉီးစြာ သင့္အထဲ၌ရွိေသာ ဘုရားသခင္၏ သန႔္ရွင္းေသာဝိညာဥ္ေတာ္ကိုသင္အမွတ္ရေနဖို႔ လိုအပ္ပါတယ္။ သန႔္ရွင္းေသာ ဝိညာဥ္ေတာ္မပါလွ်င္ သင္ဘာကိုမွ မခုခံႏိုင္ပါ။ ေရာမဩဝါဒစာ ၈:၆ “သခင္၊ ကြၽန္ေတာ္၏ ငယ္သားတေယာက္သည္ လက္ေျခေသသည္အနာႏွင့္ ျပင္းစြာခံရ၍ အိမ္တြင္ တုံးလုံးေနပါသည္ဟု ေတာင္းပန္ေလ၏”
သန႔္ရွင္းေသာ ဝိညာဥ္ေတာ္မပါလွ်င္ သင္၏ ဗီဇအျပစ္ေတြက သင္၏ စိတ္ကို ထိန္းခ်ဳပ္ၿပီး မွားယြင္းေသာ လမ္းကို အၿမဲတမ္းဉီးတည္ေစတဲ့အတြက္ေၾကာင့္ သင့္အသက္တာတြင္ သခင္ေယရႈကို သင္လိုအပ္ေနျခင္း ျဖစ္ပါတယ္။ သို႔ေပမဲ့ သန႔္ရွင္းေသာ ဝိညာဥ္ေတာ္သင့္ကို ထိန္းခ်ဳပ္ပါလွ်င္ သင္၏အေတြးတိုင္းကို ကိုင္တြယ္ႏိုင္ဖို႔ လိုအပ္ေသာ တန္ခိုးကို ရပါမည္။
ဒုတိယအေနျဖင့္ ႏႈတ္ကပတ္ေတာ္ကို သင္လိုအပ္ပါတယ္။ သခင္ခရစ္ေတာ္ ဆိုထားသည္မွာ ရွင္ေယာဟန္ခရစ္ဝင္ ၈:၃၁-၃၂ “ထိုအခါေယရႈက၊ သင္တို႔သည္ ငါ၏ေဒသနာ၌ တည္လွ်င္ ငါ့တပည့္အမွန္ျဖစ္ၾက၏။ သမၼာတရားကိုလည္း သိၾကသျဖင့္၊ ထိုတရားသည္ သင္တို႔ကို လႊတ္လိမ့္မည္ဟု၊ ယုံၾကည္ေသာ ယုဒ လူတို႔အား မိန္႔ေတာ္မူ၏။”
ဤက်မ္းပိုဒ္၏ ဒုတိယပိုင္းကို ကိုးကားတာကို လူေတြ ႀကိဳက္ႏွစ္သက္ပါတယ္။ တကယ္ေတာ့ တကၠသိုလ္ အေဆာက္အဉီးေတြမွာ တပ္ဆင္ထားပါတယ္။ သို႔ေပမဲ့ လူတစ္ခ်ိဳ႕က ႏႈတ္ကပတ္ေတာ္ကို ေလ့လာဖို႔ ၊ နာခံဖို႔ လိုအပ္တယ္လို႔ ေျပာေနတဲ့ ပထမပိုင္းအပိုဒ္ကို ကိုးကားပါတယ္။ ဘုရားသခင္၏ သမၼာတရားမပါဘဲ လႊတ္လပ္ျခင္းကို လူေတြ အလိုရွိၾကပါတယ္။
တကယ္ေတာ့ သမၼာတရားမရွိဘဲ လႊတ္ေျမာက္ျခင္းမရွိပါ။ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္မပါလွ်င္ ဘယ္အရာမွ မမွန္ကန္ပါ။ အသက္တာအတြက္ လိုအပ္ေသာ လမ္းၫႊန္မႈကို ဘုရားက ေပးပါတယ္။ သမၼာက်မ္းစာက ေျပာေသာ စကားလုံးတိုင္းကို သင္ယုံၾကည္ႏိုင္ပါတယ္။ သမၼာတရားကို ပိုမိုသိကြၽမ္းၿပီး သင္၏ စိတ္ႏွလုံးသို႔ ျဖည့္သြင္းပါလွ်င္ သင့္စိတ္သြားခ်င္သည့္ ေနရာသို႔ သင့္အေတြးေတြက တိုက္႐ိုက္ေရာက္ရွိဖို႔ လြယ္ကူေစပါလိမ့္မည္။
ဆင္ျခင္ရန္
- သင္သည္ မည္သည့္အခ်ိန္တြင္ အမ်ားအားျဖင့္အေတြးတစ္ခုကို ထိန္းခ်ဳပ္ရန္ လိုအပ္ပါသနည္း။
- ဘုရားသခင္၏ တန္ခိုးေတာ္ကို လိုခ်င္ပါလွ်င္ သန႔္ရွင္းေသာ ဝိညာဥ္ေတာ္အား ထိန္းခ်ဳပ္မႈေအာက္ အပ္ႏွံရမည္ဟု သင္မည္သို႔ ခံစားရသနည္း။
- ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ကို နာခံရန္ ဆိုတဲ့ ဘုရား၏ မိန႔္မွာခ်က္ကို ဘာေၾကာင့္ လူေတြ လစ္လ်ဴရႈသည္ဟု ထင္ျမင္ပါသနည္း။ အမွန္တရားမပါဘဲ လႊတ္ေျမာက္ျခင္းကို လူေတြ ဘာေၾကာင့္ လိုခ်င္သနည္း။