How to surrender to God’s will when you are in pain

 Unicode Version 

ရှင်​မာ​ကု​ခ​ရစ်​ဝင် ၁၄:၃၆

"ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို တတ်​နိုင်​တော်​မူ၏။ ဤ​ခွက်​ကို အ​ကျွန်ုပ်​မှ လွှဲ​တော်​မူ​ပါ။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​လို​ရှိ​သည်​အ​တိုင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကိုယ်​တော်​အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟူ၍ ထို​အ​ချိန် နာ​ရီ​သည် မိ​မိ​နှင့် လွန်​သွား​နိုင်​လျှင် လွန်​သွား​ပါ​မည်​အ​ကြောင်း ဆု​တောင်း​တော်​မူ​ပြီး​မှ၊"


သခင်ယေရှု၏စိတ်ကို ရရှိခြင်းဆိုသည်မှာ  သင်၌နာကျင်ခြင်းရှိသည့်အချိန်ဖြစ်စေ၊ ​ခက်ခဲခြင်းအချိန်၌ဖြစ်စေ၊ မဖြစ်နိုင်သောအချိန်ဖြစ်စေ  ဘုရားသခင်၏အလိုတော်ကို သင်လုပ်ဆောင်ချင်စိတ်ရှိခြင်းကိုဆိုလိုပါသည်။

ကားတိုင်ဆီမသွားခင်ညမှာ အခြေခံဥပမာကို ကျွန်ုပ်တို့အား သခင်ယေ ရှုပေးခဲ့ပါတယ်။

ဂေသရှေမန်ဥယျာဥ်တွင် နက်ဖြန်နေ့၌ ရင်ဆိုင်ရမည့် မချိမဆန့်ဝေဒနါကို ယေရှုသိနေခဲ့ပါတယ်။ 

ကျွနုပ်​တို့၏အပြစ်နှင့် အရှက်တရားတို့ ယူဆောင်သွားခဲ့ပြီး အဖဘုရားရှင် နှင့်ခွဲခွါရခြင်း၏ ဝိညာဉ်ပိုင်းနာကျင်မှုနဲ့ စိတ်လှုပ်ရှားမှု၊ ခန္ဓာပိုင်းနာကျင်မှုတို့ကို ခံစားခဲ့ရပါတယ်။ 

ဤအခြေအနေ၌ပင်လျင် သခင်ယေရှု ဆုတောင်းခဲ့ပါတယ်။ "ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို တတ်​နိုင်​တော်​မူ၏။ ဤ​ခွက်​ကို အ​ကျွန်ုပ်​မှ လွှဲ​တော်​မူ​ပါ။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​လို​ရှိ​သည်​အ​တိုင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကိုယ်​တော်​အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟူ၍ ထို​အ​ချိန် နာ​ရီ​သည် မိ​မိ​နှင့် လွန်​သွား​နိုင်​လျှင် လွန်​သွား​ပါ​မည်​အ​ကြောင်း ဆု​တောင်း​တော်​မူ​ပြီး​မှ၊" ရှင်​မာ​ကု​ခ​ရစ်​ဝင် ၁၄:၃၆


ဂေသရှေမန်ဥယျာဥ်တွင် ဤအရာကား နာကျင်မှုဖြစ်သည့်တိုင် သူ၏သဘောအတိုင်းမဟုတ် အဖဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ချင်သည်ဟုပြောခဲ့ပါတယ်။

သင်နာကျင်ခံစားရတဲ့အချိန်တွေတိုင်းမှာ ယေရှု ဂေသရှေမန်ဥယျာဉ်၌ တောင်းခဲ့သည့်အတိုင်းဆုတောင်းပါ။ ၎င်းကိုလုပ်ဆောင်ဖို့ရန် (၃) ပိုင်းရှိပါတယ်။ ပထမတစ်ပိုင်းက ယုံကြည်ခြင်းဖြစ်ပါတယ်။ ဘုရားသခင်၌ သူ့အခြေအနေကို ပြောင်းလဲဖို့ရန် တန်ခိုးရှိတယ်ဆိုတာကို သခင်ယေရှု ယုံကြည်ခဲ့ပါတယ်။ သင်သည်လည်း ထိုနည်းတူ ဆုတောင်းနိုင်ပါတယ်။ ဘယ်လိုအခြေအနေမျိုးကိုမဆို သင်သည် ယခုရင်ဆိုင်ဖြတ်ကျော်ရပါစေ ယုံကြည်ခြင်း၌ သင်စတင် ဆုတောင်းနိုင် ပါတယ်။  "အဖဘုရား ဤအရာကိုပြောင်းလဲစေမည့် တန်ခိုးတော် ရှိကြောင်းကို ကျွန်ုပ်သိပါ၏"။


ဒုတိယအ​​ဖြင့် အဖဘုရားသခင်ထံ သူ၏အကူအညီအတွက် တောင်းလျှောက်ပါ။ သင့်လျော်သောဆုတောင်းချက်မှာ " အဖဘုရား အကူအညီအတွက်ကျွန်ုပ်တောင်းလျှောက်ပါ၏။ ယခုကျွန်ုပ်တွင် နာကျင်မှုများစွာရှိနေပါ၏။ သက်သာရာတချို့လိုအပ်ပါသည်။ အံ့သြဘွယ်အမှုအရာပြုဖို့ရန်အတွက် ကျွန်ုပ်တောင်းလျှောက်ပါ၏။ အခြေအနေကိုပြောင်းလဲပေးနိုင်သော တန်ခိုးကြောင်းကို သိပါသည်။ ၎င်းကိုအဖဘုရားရှင် လုပ်ဆောင်ပေးဖို့ရန်အတွက် တောင်းလျှောက်ပါ၏။"


တတိယဆုတောင်း ချက်အပိုင်းကတော့ အပ်နှံဖို့ရန်ဖြစ်ပြီး ၎င်းသည် သခင်ယေရှု၏စိတ်ကို ရရှိဖို့ရန် သင်ယူလေ့လာသော သော့ချက်ဖြစ်ပါတယ်။ သခင်ယေရှု တောင်းလျှောက်ခဲ့သလို တောင်းလျှောက်လိုက်ပါ "အဖဘုရား ကျွန်ုပ်၏နာကျင်မှုတွေကို ဖယ်ရှားပေးဖို့ရန် တောင်းလျှောက်ပါသော်လည်း အဖဘုရားထံ ကျွနုပ်အပ်နှံပါ၏။ သက်သာရာရခြင်းမက အရာအားလုံးတို့ထက် ကျွန်ုပ်၏အလိုအတိုင်းမဖြစ်စေဘဲ အဖဘုရား၏အလိုတော်အတိုင်းဖြစ်စေချင်ပါသည်။

သင်၏အလိုအပ်ဆုံးအချိန်နာရီတွင် ၎င်းကိုအဖဘုရားထံ ပြောဆိုရန် သင့်အဆင်သင့်ဖြစ်ပါသလား။ ဤကဲ့သို့လုပ်ဆောင်ခြင်းသည် သင်၏ဝိညာဉ်ရေးရာ ကြံ့ခိုင်မှုကိုဖေါ်ပြခြင်းဖြစ်ပြီး သင်၏ပြဿနာကို အသုံးပြုပြီးအကျိုးရှိသောအရာဖြစ်စေမည့်အကြောင်း နှင့် သင့်အတွက်ဘုရားသခင်ဆက်လက်စောင့်ရှောက်မည်ကိုယုံကြည်ခြင်းဖြစ်ပါတယ်။

ဆင်ခြင်ရန်

- မနက်ဖြန်တွင် သင့်အသက်တာအကြီးမားဆုံးရင်ဆိုင်ရမှု တစ်ခုကို ရင်ဆိုင်ဖို့​ရန်သိရှိခဲ့ပါလျှင် ဘုရားရှင်ထံ ယနေ့တွင် မည်ကဲ့သို့ ဆုတောင်းပါမည်နည်း။

- သင်၏ အဆိုးဆုံးအခြေအနေကို ပြောင်းလဲစေဖို့ရန် ဘုရားသခင်၌ တန်ခိုးရှိကြောင်းကို သင်ယုံကြည်ပါသလား။ သင်ယုံကြည်သော အရာပေါ် သင်၏ဆုတောင်းက မည့်သို့သက်ရောက်မှုရှိပါသနည်း။

- ဘုရားသခင်ထံ မည်သို့အပ်နှံဖို့ရန်အတွက် သခင်ယေရှု၏ မည်ကဲ့သို့သောနည်းလမ်းက ကျွန်ုပ်တို့အတွက် စံနမူနာဖြစ်စေပါသနည်း။

———————————————————